𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐊𝗼

  • Home
  • Myanmar
  • Yangon
  • 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐊𝗼

𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐊𝗼 အနာဂတ်လူငယ်များအတွက် စာပေဗဟုသုတများရရှိစေရန်ရည်ရွယ်၍ .....🤲🤲🤲ပေးသောလက်တစ်စုံဖြစ်ရပါလို၏.....

26/06/2024
 #နှစ်လိုဖွယ်ကောင်းတဲ့လူတွေရဲ့အမူအကျင့်(၉)ခု          သင် လူတစ်ယောက် (ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်) ကို မြင်တာနဲ့ ခင...
23/03/2024

#နှစ်လိုဖွယ်ကောင်းတဲ့လူတွေရဲ့အမူအကျင့်(၉)ခု

သင် လူတစ်ယောက် (ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်) ကို မြင်တာနဲ့ ခင်တွယ်သွားတယ်။ ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ သူ့အနားမှာ နေချင်တယ်။ သူနဲ့ စကားတွေ အများကြီး ပြောချင်တယ်။ သူ့မှာ တခြားသူတွေမှာ မရှိသော ထူးခြားတဲ့ အရည်အချင်းတွေရှိနေတယ်လို့ ထင်မိတယ်။
တကယ်တော့ ထူးခြားတဲ့ အရည်အချင်းတွေ မဟုတ်ပါဘူး။ မသိသာတဲ့ အမူအကျင့် ၉ ခုပါ။ အဲဒါတွေက -

၁။ စစ်မှန်သော စိတ်ဝင်စားမှုရှိခြင်း

တစ်စုံတစ်ယောက်ဟာ သင်စကားပြောရင် အလွန်စိတ်ဝင်စားတယ်။ သင့်ကို မေးခွန်းတွေမေးတယ်။ သူ တကယ်သိချင်လို့ မေးတာပါ။
သူ စပ်စုတာ မဟုတ်ပါဘူး။ သင်ပြောတာတွေဟာ အရေးကြီးတယ်ထင်လို့ သင်ပြောတာကို တန်ဖိုးထားတာပါ။ သင်ပြောတာကို လေးစားတန်ဖိုးထားတတ်သူကို သင်လည်း ပြန်ခင်တွယ်မိတာ သဘာဝကျပါတယ်။
နှစ်လိုဖွယ်ကောင်းသူတွေဟာ ဒီအချက်ကို သဘောပေါက်ကြတယ်။ ဒါကြောင့်လည်း သူတို့ဟာ စကားပြောသူတိုင်းကို လေးစားတန်ဖိုးထားကြောင်း ပြကြတယ်။
တစ်ခု သတိပေးချင်ပါတယ်။ လူတစ်ယောက်စကားပြောတာကို စိတ်ဝင်စားကြောင်း ပြတာဟာ အစစ်အမှန်ဖြစ်ဖို့ လိုပါတယ်။ ဟန်ဆောင်စိတ်ဝင်စားရင် လူတွေ ချက်ချင်း ရိပ်မိပါတယ်။
ဒါကြောင့် လူတွေနဲ့ စကားပြောရင် ဟန်ဆောင်ခေါင်ညိတ်တာ မလုပ်ဘဲ တကယ်အာရုံစိုက်နားထောင်ပါ။ သူ့အပေါ် စစ်မှန်သော စိတ်ဝင်စားမှုရှိပါ။

၂။ စာနာတတ်ခြင်း

သူတို့ဟာ တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်ပြီး မျှဝေခံစားတတ်ကြတယ်။
ကျွန်တော် တစ်ခါမှာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် စိတ်ဆင်းရဲနေတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးသူငယ်ချင်းတစ်ယောက်ဟာ ကျွန်တော့်အနားမှာ နေပြီး ကျွန်တော်ပြောတဲ့ စကားတွေကို သေသေချာချာ နားထောင်ပေးတယ်။
သူဟာ ကျွန်တော့်ကို အကြံပေးခြင်း သို့မဟုတ် ဘာလုပ်သင့်တယ်လို့ တိုက်တွန်းခြင်း တစ်ခုမှ မလုပ်ဘူး။ ကျွန်တော့်ခံစားချက်ကို အသိအမှတ်ပြုတယ်။ သူ အဲဒီလို လုပ်လိုက်တာ ကျွန်တော့်ရဲ့ စိတ်ဆင်းရဲမှုကို သက်သာပြေလျော့သွားစေပါတယ်။
သူအဲဒီလို လုပ်ပေးတာဟာ ကျွန်တော်တစ်ယောက်တည်း ကြိတ်ခံစားနေရတာထက် အများကြီး အထောက်အကူပေးပါတယ်။ ကျွန်တော် သူ့ကို ပိုပြီး လေးစားသလို ပိုပြီး ခင်တွယ်သွားတယ်။ သူလုပ်ပေးတာလေးဟာ ဘာမှမဟုတ်ပေမယ့် ကျွန်တော့်ဘဝအတွက်အတွက်တော့ အလွန်အရေးပါတဲ့ ကူညီမှုပါ။
သူတစ်ပါးရဲ့ခံစားချက်ကို စာနာခြင်းဆိုတာ အလွန်စွမ်းအားကြီးတဲ့ လုပ်ဆောင်မှုပါ။ နောက်တစ်ခါ စိတ်ဆင်းရဲနေသူတစ်ယောက်ကို တွေ့ရင် အကြံပေးမယ့်အစား စာနာမှုပြပါ။ သူခံစားချက်ကို နားလည်ပေးပါ။

၃။ အကောင်းမြင်စိတ်ရှိခြင်း

လူတွေဟာ အကောင်းမြင်တတ်သူတွေကို သဘောကျကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ကြည့်ရတာ စိတ်ချမ်းသာစရာ ကောင်းလို့ပါ။
ဒီလိုပြောလို့ အကောင်းမြင်တတ်သူတွေဟာ အမြဲတမ်း ပျော်နေကြတယ်။ စိတ်မဆင်းရဲတဲ့နေ့ မရှိဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ သူတို့ဟာ အကောင်းတွေကိုပဲ အာရုံစိုက်တယ်။ အဆိုးထဲက အကောင်းကို ရှာတတ်ကြတယ်။ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံတွေ့နေလည်း အကောင်းကို မြင်အောင်ကြည့်ကြတယ်။ သူ့ရဲ့အကောင်းမြင်မှုက ပတ်ဝန်းကျင်က လူတွေဆီ ကူးစက်တယ်။
ဒါပေမဲ့ တစ်ခုသတိရပါ။ အကောင်းမြင်ခြင်းဟာ ဟန်ဆောင်တာ မဟုတ်ဘဲ အစစ်အမှန်ဖြစ်ရပါမယ်။ အစစ်အမှန်မဟုတ်ရင် အနီးက လူတွေ သိကြပါတယ်။

၄။ လေးစားသမှုရှိခြင်း

ကျွန်တော့်ရဲ့အတွေ့အကြုံအရ နှစ်လိုဖွယ်ကောင်းသူတွေဟာ တခြားသူတွေအပေါ် အစဉ်အမြဲ လေးစားသမှုရှိကြပါတယ်။
လေးစားသမှုရှိခြင်းဆိုတာ လူတိုင်းနဲ့ သဘောတူတာ၊ ပဋိပက္ခမဖြစ်အောင် ရှောင်တာ မဟုတ်ပါဘူး။ တခြားသူတွေနဲ့ အမြင်သဘောထားကွဲတာကို အသိအမှတ်ပြုခြင်းဖြစ်ပြီး သဘောထားကွဲလွဲမှုကို အေးအေးချမ်းချမ်း ရင့်ကျက်စွာ ဖြေရှင်းပေးခြင်းဖြစ်ပါတယ်။
လူတွေဟာ လေးစားမှုခံရရင် သူတို့လည်း အပြန်အလှန် လေးစားလာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ဆက်ဆံရတဲ့ လူတိုင်းကို လေးစားကြောင်းပြဖို့ မမေ့ပါနဲ့။

၅။ စစ်မှန်မှုရှိခြင်း

နှစ်လိုဖွယ်ကောင်းသူတွေဟာ တပါးသူတစ်ယောက်ရဲ့ပုံစံကို အတုခိုးတာ မလုပ်ဘဲ သူ့ရဲ့ပင်ကိုသဘာဝအတိုင်း နေထိုင်ပြုမူတတ်ကြတယ်။ သူတို့ရဲ့ အပြုအမူတွေဟာ ရိုးသားအပြစ်ကင်းစင်ပြီး ဟန်ဆောင်မှုကင်းကြတယ်။
ဟန်ဆောင်ပြီး မူယာမာယာများတဲ့ ဒီလောကကြီးမှာ စစ်မှန်ခြင်းဟာ ပေါ်လွင်ထင်ရှားတယ်။ စစ်မှန်စွာ ပြုမူခြင်းဟာ တခြားသူတွေကို ဆွဲဆောင်နိုင်ရုံမကဘဲ မိမိကိုယ်မိမိ ယုံကြည်မှုဖြစ်လာစေတယ်။
စစ်မှန်စွာ ပြုမူတတ်ဖို့ တကယ်တမ်းကျတော့ မလွယ်ပါဘူး။ ဒါပေမဲ့ အဲဒါကို ပြုမူမယ်ဆိုရင် အလွန်စွမ်းအားကြီးတယ်ဆိုတာ မမေ့ပါနဲ့။

၆။ ကြင်နာစိတ်ရှိခြင်း

နှစ်လိုဖွယ်ကောင်းသူတွေဟာ လိုအပ်ရင် တခြားသူတွေကို တုံ့ပြန်မှုကို မျှော်လင့်ချက်မထားဘဲ ကူညီတတ်တယ်။ ငွေကြေးနဲ့ မကူညီနိုင်လည်း စကားနဲ့ နှစ်သိမ့်အားပေးတတ်ကြတယ်။
လူတစ်ယောက်အပေါ် ကြင်နာစိတ်ထားရင် သေးသေးလေးပဲဖြစ်ဖြစ် အဲဒီလူကို အားတက်စေပါတယ်။ စိတ်ဓာတ်တက်စေပါတယ်။ မိမိရဲ့ကြင်နာစိတ်က တခြားသူတွေကိုလည်း ကြင်နာစိတ်ဖြစ်ပေါ်စေပါတယ်။
ကြင်နာမှုခေါင်းပါးတဲ့ ဒီကမ္ဘာကြီးမှာ ကြင်နာစိတ်ထားခြင်းဖြင့် တခြားသူတွေနဲ့ မတူဘဲ ကွဲပြားခြားနားသူတစ်ယောက်ဖြစ်ပါစေ။
ကြင်နာစိတ်ထားလိုက်လို့ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကုန်မသွားပါဘူး။ ဒါပေမဲ့ ကြင်နာစိတ်နည်းခံရသူအတွက်တော့ အလွန်အားတက်သွားရပါတယ်။

၇။ နှိမ့်ချမှုရှိခြင်း

နှိမ့်ချခြင်းနဲ့ ပတ်သက်လို့ မယုံကြည်နိုင်လောက်တဲ့ နှစ်သက်စရာတစ်ခုရှိပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက် အောင်မြင်မှုတွေရော ကျရှုံးမှုတွေပါ ကြုံတွေ့ခဲ့ရတယ်။ အောင်မြင်မှုရတဲ့အခါ စိတ်ကျေနပ်ပျော်ရွှင်မူရတယ်။
ကျရှုံးမှုနဲ့ ကြုံတွေ့တဲ့အခါမှာလည်း စိတ်ကို ကြံ့ကြံ့ခံထားတယ်။
ပင်ကိုသဘာဝအားဖြင့် နှစ်လိုဖွယ်ကောင်းသူတွေမှာ နှိမ့်ချခြင်းဆိုတဲ့ အကျင့်တစ်ခုရှိတယ်။
နှစ်လိုဖွယ်ကောင်းသူတွေဟာ သူတို့မှာ အရည်အချင်းတွေရှိမှန်းသိပေမယ့် ကြွားခြင်း သို့မဟုတ် ကိုယ်ရည်သွေးခြင်း အလျဉ်းမရှိကြဘူး။ သူတို့ အောင်မြင်မှုရရင်လည်း လူအမြင်ကပ်အောင် လျှောက်ပြောမနေတတ်ကြဘူး။ သူတို့ အမှားလုပ်မိရင်လည်း ဝန်ခံကြတယ်။
သင် အောင်မြင်မှုရရင် သင့်ကိုယ်သင် ဂုဏ်ပြုရင်း နှိမ့်နှိမ့်ချချ နေဖို့ မမေ့ပါနဲ့။

၈။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း

နှစ်လိုဖွယ်ကောင်းသူဟာ ပြုပြင်ပြောင်းလဲတတ်တယ်။ သူတို့မျှော်လင့်ထားတာ ဖြစ်မလာရင်လည်း စိတ်ဓာတ်မကျဘဲ အကောင်းမြင်စိတ်ထားတယ်။ အတွေးသစ် အမြင်သစ်တွေကို လက်ကမ်းကြိုတယ်။
ခုလိုပြောလို့ သူတို့ဟာ သဘောလွယ်သူ သို့မဟုတ် စိတ်ပျော့ညံ့သူတွေ မဟုတ်ကြပါဘူး။
သူတို့ရဲ့ ယုံကြည်ချက်အပေါ် အခိုင်အမာ ရပ်တည်ကြတယ်။ ဒါပေမဲ့ သူတို့ကို ချဉ်းကပ်ဖို့ မခက်ပါဘူး။
နှိမ့်ချမှုရှိခြင်းဟာ ဘဝမှာ အောင်မြင်မှုရစေမယ့် အကျင့်တစ်ခုမို့ အမြဲကျင့်သုံးနိုင်ဖို့ ကြိုးစားပါ။

၉။ တစ်မတ်တည်းရှိခြင်း

နှစ်လိုဖွယ်ကောင်းသူတွေဟာ အားကိုးရသူတွေ၊ ယုံကြည်စိတ်ချရသူတွေဖြစ်ကြတယ်။ သူတို့ဟာ လိုအပ်တဲ့အချိန်မှာ အရန်သင့်ဖြစ်နေကြတယ်သင်ပြောတာနဲ့ လုပ်တာ ညီရင် သင့်အနားက လူတွေဟာ လုံခြုံစိတ်ချမှုခံစားရပြီး နေရတာ သက်သောင့်သက်သာရှိကြမယ်။
လူတွေနဲ့ ဆက်ဆံရာမှာ တစ်သမတ်တည်းဖြစ်နိုင်အောင် ကြိုးစားပါ။ ဆိုလိုတာက သင်နဲ့ရင်းနှီးသူကို ဆက်ဆံရင် တစ်မျိုး၊ မရင်းနှီးသူကို ဆက်ဆံရင် တစ်မျိုး မဖြစ်စေဘဲ ဘက်လိုက်မှုကင်းပါစေ။

#𝐂𝐫𝐞𝐝𝐢𝐭 𝐭𝗼 𝗼𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫 𝐰𝐢𝐭𝐡 𝐫𝐞𝐬𝐩𝐞𝐜𝐭.......✍️✍️✍️✍️✍️

#𝐂𝐫𝐞𝐝𝐢𝐭 𝐭𝗼 𝐩𝐡𝗼𝐭𝗼.....📸📸📸📸📸

#မေတ္တာဖြင့်ပြန်လည်မျှဝေပေးပါသည်

#𝐊𝐲𝐚𝐰𝐓𝐡𝐞𝐭𝐊𝗼(အညတရကောင်လေး)..........✍️✍️✍️✍️✍️
🧠🧠🧠စိတ်ခွန်အားဖြစ်စေသော📖📖📖စာပေများနှင့်🧠🧠🧠ဗဟုသုတရရှိစေသော📖📖📖စာပေများဖတ်ရှူ့လိုပါက 𝐀𝐂𝐂...... 𝐅𝗼𝐥𝐥𝗼𝐰𝐢𝐧𝐠 & 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားပေးပါနော်.......👇👇👇👇👇
https://www.facebook.com/profile.php?id=100095314172885&mibextid=ZbWKwL

17/01/2024

သူတစ်ပါးကို တစ်ခုခုပေးနိုင်ဖို့အတွက် အရင်ဆုံး ကိုယ့်ဆီမှာ တစ်ခုခု ရှိနေအောင် လုပ်ရတယ်။ ထမင်းငတ်နေတဲ့ ကလေးတစ်ယောက်ကို ကျွေးမွေးဖို့ဆိုရင် ကိုယ်လည်း ငတ်နေလို့ မဖြစ်ဘူး။ ရေနစ်နေတဲ့သူကို ကယ်မယ်ဆို ကိုယ်ကအရင် ရေကူးတတ်နေမှ ဖြစ်မယ်။ ကိုယ်မှ ပညာတတ်မထားဘဲ သူများကို ပညာမျှဝေချင်လို့ မရဘူး။

ဒီအတွက် ကိုယ့်ကိုယ်ကိုယ် အရင်ဖြည့်ပါ။ ခွက်လွတ်ကြီးနဲ့ တခြားခွက်တွေထဲ ရေလိုက်ထည့်ပေးနေလို့ မရဘူးဆိုတာ သိစေချင်ပါတယ်။

Learn with PT
15 Jan 2024

 #စိတ်ဓာတ်နဲ့စေတနာမမွဲပါစေနဲ့~~~~~~~~~~~~~~~~~~~~~ #တစ်ချို့က လူမွဲတာလည်းမပြောနဲ့ စိတ်ဓာတ်နဲ့ စေတနာပါ မွဲနေတာကို တွေ့ရတတ...
17/01/2024

#စိတ်ဓာတ်နဲ့စေတနာမမွဲပါစေနဲ့
~~~~~~~~~~~~~~~~~~~~~
#တစ်ချို့က လူမွဲတာလည်းမပြောနဲ့ စိတ်ဓာတ်နဲ့ စေတနာပါ မွဲနေတာကို တွေ့ရတတ်ပါတယ်။ မရှိလို့ အခကြေးငွေယူပြီး သူများခိုင်းတာကို လုပ်ရတယ်။ ဒါပေမယ့် အလုပ်ကို တန်ဘိုးမထား၊ အချိန်မှန်၊ အချီန်မီ မလာ၊ ပြီးစလွယ် ဖြစ်သလိုလုပ် ပြီးရင်လစ်ရင်လစ်သလို လုပ်သွားတာလည်း ရှိသေးတယ်ဆိုပဲ။ အဲလိုဆိုတော့ ဒီလိုလူတွေရဲ့ဘဝ အထက်တန်းရဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။

#အမှန်တော့ အတိတ်ကံ အကျိုးပေး မကောင်းလို့ မွဲနေပေမယ့် ဒီဘဝမှာ စိတ်ကောင်း စေတနာကောင်းလေးသာ ထားပြီးလုပ်မယ်ဆိုရင် ပန်းရံလုပ်ရင်း၊ လက်သမားလုပ်ရင်း ဆေးသုတ်ရင်း၊ စျေးရောင်းရင်း၊ ကိုယ့်အသက်မွေးဝမ်းရေးကိစ္စကို လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ်နေတာပါ။ ကိုယ့်လက်ရာလေးကို ကောင်းစေချင်တာ၊ အလုပ်ကို သေသေသပ်သပ် သန့်သန့်ရှင်းရှင်း လုပ်တာ၊ ကိုယ်ရောင်းတဲ့ ပစ္စည်းဝတ္ထုကို ကောင်းမွန်သန့်ရှင်းစေတာ၊ အရသာရှိပြီး ရောဂါကင်းစေချင်တာ စတာတွေဟာ စိတ်ကောင်းစေတနာကောင်းလေးတွေရဲ့ သဘောပါပဲ။ ဒီသဘောလေးတွေနဲ့သာ လုပ်နိုင်ကြမယ်ဆိုရင် နေရာတိုင်းမှာ၊ အချိန်တိုင်းမှာ၊ လူတိုင်းမှာ ကုသိုလ်ရှိနေတာပါ။ စီးပွားရှာရင်း ကုသိုလ်ဖြစ်နေတာပါ။

#ဒါကြောင့် "မရှိလို့ခိုး၊ ခိုးလို့မရှိ" မဖြစ်ရလေအောင် လူမွဲပေမယ့် ကုသိုလ်မမွဲဖို့ ရိုးသားပြီးအပြစ်ကင်းတဲ့ အလုပ်တွေမှာ စိတ်ဓာတ်နဲ့စေတနာကောင်းပါတွဲပြီးလုပ်ကြရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့ စေတနာကောင်း တွဲနေတဲ့သူဟာ လူမွဲပေမယ့် ကုသိုလ်မမွဲတဲ့သူပါ။

#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ🙏🙏🙏🙏🙏
to photo 📸
#ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏🙏🙏

 #ကိုယ်လျှောက်မဲ့လမ်းကလမ်းမပျောက်ဖို့တော့အရေးကြီးတယ်ကြုံလာရတဲ့ ဘဝအခြေအနေပေါ်မှာကိုယ့်ထူး ကိုယ်ချွန်ပြီး ရပ်တည်နေကြတဲ့ လူ...
17/01/2024

#ကိုယ်လျှောက်မဲ့လမ်းကလမ်းမပျောက်ဖို့တော့အရေးကြီးတယ်

ကြုံလာရတဲ့ ဘဝအခြေအနေပေါ်မှာ
ကိုယ့်ထူး ကိုယ်ချွန်ပြီး
ရပ်တည်နေကြတဲ့ လူငယ်တွေက
ပင်ပန်းဒဏ်ကို ခါးစည်းခံရပေမယ့်
ဘဝကို အလျော့မပေးတဲ့သူတွေပါ. . .။

နွေးထွေးမှု မရှိတဲ့ ရပ်ဝန်းတွေကနေ
ကြိုးစား ရပ်တည်နေကြရပေမယ့်
သူတို့ လက်မလျော့ကြဘူး . .။

ခွန်အားတစ်ခု ဖြစ်မနေခဲ့တဲ့ ရပ်ဝန်းထဲကနေ
ဘဝကို မထိခိုက်စေဖို့ နဲ့ ယိုင်လဲမသွားစေဖို့
ဘဝကို ကိုယ်တိုင် တည်ဆောက်ကြရတယ် . . .။

ကိုယ့် ဘဝ ကိုယ့်ရွေးချယ်မှုဖြစ်တာကြောင့်
ဘာကိုမဆို ဆုံးဖြတ်တဲ့အခါ
ငါ့တက်လမ်းအတွက် လိုအပ်လား ၊
ငါ့ဘဝအတွက် အခွင့်အရေးဖြစ်နိုင်လား ဆိုတာကို
တွေးတောကြရတယ် ..။

အများသိအောင်သာ ရင်မဖွင့်တတ်ကြတာ ။

ဖိအားတွေ ၊ သိမ်ငယ်ရတာတွေ ၊
ဒဏ်ရာတွေကို ဖုံးကွယ်ပြီး
ငါကြိုးစားမှ ဖြစ်မှာဆိုတဲ့စိတ်နဲ့သာ
ရပ်တည်နေကြတယ် . . . ။

အဆင်ပြေလား မေးကြည့်
ရှိုက်ကြီးတငင်ငင် ငိုမယ့် ကလေးငယ်တွေပါ ။

10/01/2024

Address

Yangon

Alerts

Be the first to know and let us send you an email when 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐊𝗼 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐊𝗼:

Share