Travelholics

Travelholics To Live is to travel

ကလောမှာရှိတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်☘️ကလောမြို့ရောက်ရင်ဒီကော်ဖီဆိုင်ကိုပါဝင်လည်ကြည့်နော်🍀ဒီကော်ဖီဆိုင်ရဲ့နာမည်ကN-32 Coff...
26/11/2024

ကလော
မှာရှိတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်☘️

ကလောမြို့ရောက်ရင်
ဒီကော်ဖီဆိုင်ကိုပါဝင်လည်ကြည့်နော်🍀

ဒီကော်ဖီဆိုင်ရဲ့နာမည်က
N-32 Coffee House Kalaw
ကော်ဖီဆိုင်ပါ ☕☘️

ကော်ဖီလဲအကြိုက်တွေ့စေမယ် ဓာတ်ဖ-မ်းလို့လည်းလှတဲ့ဆိုင်လေးပါ🌾

တမူထူးခြားတဲ့ဆိုင်ရဲ့ဒီဇိုင်းနဲ့
ဆိုင်ကနေ တောင်တန်းတွေကိုရှုစားရင်းကော်ဖီပူပူလေးတစ်ခွက်နဲ့အလိုက်ဖက်ဆုံးပဲ🍀အေးအေးဆေးဆေးနဲ့ကော်ဖီသောက်ရင်းနဲ့ထိုင်လို့ကောင်းတဲ့ဆိုင်လေးပါ☘️

ကလောရောက်ရင် ဒီကော်ဖီဆိုင်လှလှလေးကို ဝင်ထိုင်ခဲ့ဦးနော်😍

တည်နေရာ-မြတော်ဝင် ဟိုတယ်ရှေ့၊နီးဘုရားလမ်းဆုံအနီး၊ကလောမြို့

Crd to Popular Paoh Stars
📷-Aung Soe Win

မန္တလေး-ပြင်ဦးလွင်လမ်း(၁၆)မိုင်တိုးဂိတ်အကျော်ကစပ်စုစိန် Farmstead❤️🏝️တိတ်ဆိတ်ငြိမ်သက်မှုများနဲ့ Privateကျကျအေးအေးဆေးဆေး...
01/11/2024

မန္တလေး-ပြင်ဦးလွင်လမ်း
(၁၆)မိုင်တိုးဂိတ်အကျော်က

စပ်စုစိန် Farmstead❤️

🏝️တိတ်ဆိတ်ငြိမ်သက်မှုများနဲ့ Privateကျကျအေးအေးဆေးဆေး အနားယူ၊ အပန်းဖြေချင်သူများအတွက် အကောင်းဆုံးနေရာလေးတခုပါ😍

🏞️မြစ်ကမ်းပေါ်မှာ စားပြီးသောက်ပြီးလို့ မြစ်ထဲလေညှင်းခံထွက်ချင်ရင် 12ယောက်စီး၊ 20ယောက်စီး မော်တော်ဘုတ်တွေငှားစီးနိုင်သလို လေညှင်းခံရတာအားမရလို့ မြစ်ရေချိုးချင်သူများ/မြစ်ရေစိမ်ချင် သူများအတွက် 🦺Life Jacket တွေနဲ့အတူ ရေကူးနိုင်ပါတယ်✌️

ရေမကူးတတ်လို့စိတ်ပူစရာမလိုဘူးနော် ရေထဲဆင်းတဲလူတိုင်းLife Jacket မဖြစ်မနေဝတ်ရတဲ့အပြင် ရေကူးကျွမ်းကျင်ပြီးရေကြောကျွမ်းကျင်တဲ့ရွာခံ security guard တွေကမျက်ခြေမပြတ်စောင့်ကြည့်ကူညီနေတာပါရေကြောက်တတ်ပါတယ်ဆိုတဲ့တချို့တောင်ရေကူးတတ်သွားကြတယ်☺️

Booking System နဲ့သွားတာပါနော်☺️

ဝင်ကြေးက ဘယ်လိုယူတာလဲ။ ဘာတွေရမှာလဲ🏞️
Booking တင်တာနဲ့ ဘယ်လို Package အမျိုးအစားနဲ့
လာရောက်အနားယူအပန်း​ဖြေချင်လဲဆိုတာ မေးပါတယ်နော်😍

📌လမ်းညွန်း👇

၁၆မိုင် တိုးဂိတ် ကျော်ရင်
ရဲရွာရေအားလျှပ်စစ်စက်ရုံသို့ သွားတဲ့ကွန်ကရစ်လမ်းအတိုင်း မောင်းလာခဲ့ပါ(၃)မိုင်ကျော်လာရင် သစ္စာစိန်စီခြံကိုကျော်လာပြီး
ရှေ့သို့လမ်း၂ကွေ့ထိဆက်လက် မောင်းလာခဲ့ပါလမ်းရဲ့ ညာဘက်အခြမ်းမှာUMG စိုက်ပျိုးရေးခြံအမှတ်( ၅)အစိမ်းရောင် ဆိုင်းဘုတ်တွေ့ရင်ညာဘက် ကွေ့ခဲ့ပြီး လမ်းခွဲ ၂ခုနဲ့ အဝါရောင်
ဆိုင်းဘုတ်တွေ့ပါလိမ့်မယ်။ ဆိုင်းဘုတ်များအတိုင်း
ဘယ်ဘက်လမ်းအတိုင်း ၅မိနစ်ခန့် ဆက်လက်၍စပ်စုစိန် စိုက်ပျိုးရေးခြံ ဆိုတဲ့ ဆိုင်းဘုတ်မတွေ့
မခြင်း ဝင်ခဲ့ပေးပါနော် တွေ့ပြီဆိုတာနဲ့စပ်စုစိန်ရောက်ပါပြီနော်😍

Paoh Stars
📷-စပ်စုစိန်
Photo Crd

မြင်းမထိက လိမ္မော်ခြံ🍊ဒီအချိန် ကလောကို သွားတဲ့သူတွေ သွားချင်ရင် သွားလို့ရအောင် ရောက်ဖူးခဲ့တဲ့ နေရာတစ်ခုကို ပြန်ပြီးမျှဝေ...
25/10/2024

မြင်းမထိက လိမ္မော်ခြံ🍊

ဒီအချိန် ကလောကို သွားတဲ့သူတွေ သွားချင်ရင် သွားလို့ရအောင် ရောက်ဖူးခဲ့တဲ့ နေရာတစ်ခုကို ပြန်ပြီးမျှဝေပေးပါမယ်နော်🍀

အောင်ပန်း ပင်လောင်းလမ်းရဲ့ ညာဖက် လမ်းမကြီးရဲ့ဘေးမှာရှိတဲဲ့ လိမ္မော်သီးခြံ🍊

ဒီချိန်လိမ္မော်သီး သီးချိန်မို့ လိမ္မော်ပင်တွေနဲ့ အမှတ်တရ ဓာတ်ပုံရို.က်ချင်ရင်တော့ ဝင်ကြေးတစ်ဦးကို(၅၀၀)ကျပ် ပေးပြီး အထဲကို ဝင်လို့ ရပါတယ်🍊🍊🍊

🍊အသီးကကိုယ်တိုင်ခူးလို့မရဘူးနော်🥰အသီးတွေမကြွေကြဖို့ဂရုစိုက်ပြီးပုံရို၊က်ခဲ့ကြပါနော်😍

Crd to Popular Paoh Stars

ရန်ကုန်နဲ့သိပ်မဝေးတဲ့ဒီနေရာလေးမှာ🍀နီးနီးနားနားပဲသွားချင်တယ်ဆိုတဲ့သူတွေအတွက်☘️ရန်ကုန်ကနေသိပ်မဝေးတဲ့ တစ်ညအိပ်ခရီးသွားပြီးသ...
13/10/2024

ရန်ကုန်နဲ့သိပ်မဝေးတဲ့
ဒီနေရာလေးမှာ🍀

နီးနီးနားနားပဲသွားချင်တယ်ဆိုတဲ့သူတွေအတွက်☘️

ရန်ကုန်ကနေသိပ်မဝေးတဲ့ တစ်ညအိပ်ခရီးသွားပြီးသဘာဝအရသာကြိုက်တဲ့ ဘဝတူတွေအတွက်
ပဲခူးလေယာဥ်ကွင်းနားက Zalataw Glamping Resort ⛺

Day Tripလေးလဲသွားချင်တယ်ခရီးအဝေးကြီးလည်းမသွားချင်ဘူးဆိုရင် Zalataw Glamping ressort ကိုသွားကြည့်ပါနော်⛺

ပဲခူးမြို့ရှောင်လမ်းဘက်ကသွားလို့ရတယ် အဝင်မြေနီလမ်းလေးကနည်းနည်းတော့ဝေးတယ်ဆိုပေမယ့် Zalataw Glamping ressort ရောက်ရင်တော့ အမောပြေမှာ အသေအချာပါပဲ

ကိုယ်နေတဲ့ Tentရှေ့မှာပဲ ရေကူးကန်အသေးစားလေး
မျက်နှာချင်းဆိုင် view ကဆိုရင်လဲ အရမ်းလှတဲ့ဆည်ကြီးနဲ့အေးအေးဆေးဆေး အနားယူလို့တကယ်ကောင်းတဲ့နေရာလေးတစ်နေရာ🍀

⛺တဲတိုင်းမှာ သီးသန့် အိမ်သာ၊ ရေချိုးခန်း၊ ကိုယ်ပိုင် ရေကူးကန် ပါပါတယ်

😍 မြင်းစီး၊ လှေစီး၊ ဖောင်စီး၊ စက်ဘီး၊ ရေကူးကန်၊ Obstacle Park, Zip-Line, Trampoline, Table Tennis, Basketball၊ ကြက်တောင်ရိုက်၊ မြားပစ်၊ ငါးမျှား၊ မီးပုံပွဲ ( အားလုံး FREE )

Crd to Paoh Stars

မန္တလေးမှာချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်☕️ဆိုင်အပြင်ဆင်လေးတွေသဘောကျလိုက်တာ❤️ကော်ဖီချစ်သူတွေအတွက်အကြိုက်တွေ့စေမယ...
30/09/2024

မန္တလေးမှာချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်☕️

ဆိုင်အပြင်ဆင်လေးတွေသဘောကျလိုက်တာ❤️

ကော်ဖီချစ်သူတွေအတွက်အကြိုက်တွေ့စေမယ့် ORLA Coffee 40ဆိုင်🍀

Coffee ဆိုင်လည်းလှသလိုပုံလှလှရို.က်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတဲ့နေရာလေး🍀

ဒီကော်ဖီဆိုင်ဖွင့်တာရက်ပိုင်းပဲရှိပါသေးတယ်နော်🍀

ORLA coffee 40
📍လိပ်စာ လမ်း40 62(B)လမ်း ထောင့် မန္တလေး

Crd to Paoh Stars

ရှမ်းပြည်နယ်တောင်ပိုင်း☘️သင်မရောက်ဖူးသေးတဲ့နေရာတစ်ချို့☘️ရှမ်းပြည်နယ်- Shan State🏞️🏞️တောင်တန်းအလှအပ၊မိုးရာသီရောက်ရင်အလှအ...
25/09/2024

ရှမ်းပြည်နယ်တောင်ပိုင်း☘️
သင်မရောက်ဖူးသေးတဲ့နေရာတစ်ချို့☘️

ရှမ်းပြည်နယ်- Shan State🏞️

🏞️တောင်တန်းအလှအပ၊မိုးရာသီရောက်ရင်အလှအပတစ်မျိုး၊နွေရာသီရောက်ပြန်တော့လည်းနွေရာသီအလျှောက်အလှတရား၊ဆောင်းရာသီရောက်ပြန်တော့လည်းအေးအေးလေးနဲ့နေလို့ကောင်းတဲ့မြို့တော်လေးပါ

Crd to Popular Paoh Stars

ပုဂံ🍂မင်းမပါလည်း ပုဂံကလှနေမှာပဲ🍂ပုံတစ်ပုံချင်းစီအောက်မှာ နေလေးတွေတပ်ပေးထားတယ်နော်🍁Crd to Popular  Paoh Stars📷-Kaung Myat...
19/09/2024

ပုဂံ🍂

မင်းမပါလည်း ပုဂံကလှနေမှာပဲ🍂

ပုံတစ်ပုံချင်းစီအောက်မှာ နေလေးတွေတပ်ပေးထားတယ်နော်🍁

Crd to Popular Paoh Stars
📷-Kaung Myat(ဓာတ်ပုံ)

ဘားအံသွားရင် သွားဖို့နေရာ​တွေမေ့ကျန်ခဲ့မယ်​နော်☘️မိုးရာသီအရမ်းလှတဲ့ ဘားအံ ☘️လက်လှမ်းမှီသ​လောက် စုစည်း​ဖော်ပြ​ပေးလိုက်တယ်...
12/09/2024

ဘားအံသွားရင် သွားဖို့နေရာ​တွေ
မေ့ကျန်ခဲ့မယ်​နော်☘️

မိုးရာသီအရမ်းလှတဲ့ ဘားအံ ☘️

လက်လှမ်းမှီသ​လောက် စုစည်း​ဖော်ပြ​ပေးလိုက်တယ်နော်🍀

ကျန်ခဲ့တဲ့နေရာလေးတွေလည်းပြောပေးသွားကြပါဦးနော်

Crd to Popular Paoh Stars
မူရင်းဓာတ်ပုံပိုင်ရှင်များ ​လေးစားစွာဖြင့် 🙏

ကလောရောက်ရင်ဒီနေရာဝင်လည်ဖို့မမေ့နဲ့နော်🌼အခုဆိုမာရီဂိုးပန်းခင်းတွေဝါဝါထိန်ပွင့်ကုန်ပြီနော်🌼ကလောမြို့က အဖေ့ခြံပန်းပျိုးဥယျ...
06/09/2024

ကလောရောက်ရင်
ဒီနေရာဝင်လည်ဖို့မမေ့နဲ့နော်🌼

အခုဆိုမာရီဂိုးပန်းခင်းတွေ
ဝါဝါထိန်ပွင့်ကုန်ပြီနော်🌼

ကလောမြို့က အဖေ့ခြံပန်းပျိုး
ဥယျဉ်ထဲက မယ်ရီဂိုးပန်းခင်းပါ
ဝင်ကြေး တစ်ယောက် (၁၀၀၀)ကျပ်🌼

လှလိုက်တဲ့မာရီဂိုးပန်းခင်း🌼

Crd to Popular Paoh Stars
Tin soe Aung(ဓာတ်ပုံ)
မိတ်ကပ်- မဖူး
Model - Moe Thet

ပဲခူးတိုင်းဒေသကြီး❤️Bago Yoma Eco Resort❤️🌳မြန်မာနိုင်ငံရဲ့ ကျွန်းသစ်အများဆုံးရှိရာအရပ်အိုအေစစ်လေး🌳ဘယ်ကြည့်ကြည့် ကျွန်းပ...
28/08/2024

ပဲခူးတိုင်းဒေသကြီး❤️

Bago Yoma Eco Resort❤️

🌳မြန်မာနိုင်ငံရဲ့ ကျွန်းသစ်အများဆုံးရှိရာအရပ်အိုအေစစ်လေး🌳

ဘယ်ကြည့်ကြည့် ကျွန်းပင်တွေကိုမြင်ရတဲ့ Bago Yoma Eco Resort

🌲ပဲခူးရိုးမဆိုတော့ ဘာတွေ ထူးခြား လဲဆိုတော့သူက မြန်မာနိုင်ငံရဲ့ ကျွန်းသစ်အများဆုံး စိုက်ပျိုးရာ ကျွန်းသစ်တောကြီးပေါ့လေ.... ပဲခူးရိုးမ အကြောင်းပြောရရင် ပဲခူးရိုးမ တောင်တန်းဆိုတာ မြောက်မှ တောင် ဧရာဝတီမြစ်နဲ့ စစ်တောင်းမြစ်အကြားက စီးဆင်းနေသော တောင်တန်းကို ခေါ်တာပါ☺️

⭕️နောက်ပြီး ဒီထဲကိုလာလို့ရှိရင် စိတ်တော့အင်မတန် အေးချမ်းပြီး Relax ဖြစ်မှာ အသေအချာပဲ.. ဒီမှာ လိုင်းမမိဘူး.. wifi ကတော့ စားသောက်ခန်းနဲ့ ဧည့်ကြိုခန်းပဲမိတယ်အခုနောက်ပိုင်း အခန်းထ​ဲထိလည်းWifiရနေပါပြီ နောက်ပြီး တကယ့် သဘာဝကျွန်းသစ်တောထဲမှာ နေရတဲ့ ဖီလင်ကို အပြည့်အဝ ခံစားရလို့ပဲ

Resort မှာဘာ Activities တွေရှိလဲသိချင်တဲ့သူများအတွက် resort လေးမှာလုပ်လို့ရမယ့် activities လေးတွေကို ပြောပြပေးမယ်နော်😊

1️⃣Trekking Tour 🤼👯
သဘာဝတောတောင်ရှုခင်းများကြည့်ရှုနိုင်မယ့်trekking tour လေးကို (2hrs)soft trekking လေးဖြစ်တဲ့ Sai Kya view point trekking ကနေစပြီး (5hrs) trekking လေးဖြစ်တဲ့ Trekking in the Yoma Forest စတဲ့ full day trekking လေးတွေလုပ်လို့ရပါတယ်။

2️⃣Biking 🚵🚴‍♀️
စက်ဘီးစီးချင်ကြတဲ့ ဧည့်သည်တော်များအတွက်လဲ resort အနီးတစ်ဝိုက်ပတ်ဝန်းကျင်လေးတွေကိုMountain Bike လေးနဲ့ အလွယ်တစ်ကူသွားရောက်လေ့လာလို့ရပါတယ်။

3️⃣Driving Tour with Tractor 🚜🚜
Trekking လည်းသွားချင် လမ်းလည်း အရမ်းမလျှောက်နိုင်တဲ့ ခရီးသွားချစ်သူများတွက် resort လေးက tractor ကားလေးနဲ့ပဲခူးရိုးမတစ်ခွင်လည်ပတ်ကြည့်ရှုနိုင်ပါတယ်။

4️⃣Bird Watching Tour🦅🦜
ဆောင်းတွင်းလေးမှာတော့ ငှက်ကြည့်ခရီးစဉ်လေးကိုပဲခူးရိုးမအတွင်းကငှက်မျိုးစိတ်မျိုးစုံကို သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

5️⃣Elephant showering 🐘🐘
ရိုးမကဆင်လေး၂ကောင်ကိုလဲ အစာကျွေးရေချိုးပေးလို့လဲရပါတယ်

6️⃣Sightseeing Tour to Cowshed🐂🐂
Resortလေးထဲက နွားခြံလေးကိုလည်း နွားလေးတွေအစာကျွေးနိုင်သလိုရနွားနို့ကြိုက်သူများအနေနဲ့ သဘာဝနွားနို့စစ်စစ်လေးလည်းသောက်လို့ရပါသေးတယ်နော်။

7️⃣Teak plantation Study Tour🌲🌲
သစ်ပင်စိုက်တာဝါသနာပါသူများအနေနဲ့လည်း အမှတ်တရအပင်လေးကိုမိမိတို့နှစ်သက်ရာနာမည်လေးနဲ့အမှတ်တရစိုက်ပျိုးထားနိုင်ပါတယ်။

8️⃣Trekking Tour to Waterfall 💦💦
မိုးတွင်းလေးမှာ ဆိုရင်တော့ပဲခူးရိုးမအတွင်းကသဘာဝရေတံခွန်လေးတွေဖြစ်တဲ့ Chin Ye waterfallနှင့် Kayinmathe waterfall တွေကိုသွားရောက်လည်ပတ်နိုင်ပါတယ်။

☘️Green Zone☘️
ပဲခူးရိုးမထဲက တောတောင်ရေမြေ သဘာဝအလှတရားတို့လွမ်းခြုံထားတဲ့ resort လေးရဲ့ စိမ်းလန်းစိုပြေလှပနေတဲ့ အချိန်လေးမှာ လာရောက်အနားယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🥰

လိပ်စာ-၄၃ မိုင်၊ ပေါက်ခေါင်း အုတ်တွင်းရိုးမဖြတ်လမ်း၊ တောင်န၀င်းကြိုးဝိုင်းသစ်တော၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်ခရိုင်၊ ပဲခူးတိုင်း။

Crd to Popular Paoh Stars

ပုပ္ပါးတောင်🍀စကားဝါပန်းတို့ပွင့်လန်းရာမြေ🌼ပုဂံရောက်တဲ့အခါ ပုပ္ပါးစျေးတန်းကိုရောက်ခဲ့သေးလား🍀  Paoh StarsKoHtetBaganTaxi(ဓ...
20/08/2024

ပုပ္ပါးတောင်🍀
စကားဝါပန်းတို့ပွင့်လန်းရာမြေ🌼

ပုဂံရောက်တဲ့အခါ ပုပ္ပါးစျေးတန်းကိုရောက်ခဲ့သေးလား🍀

Paoh Stars
KoHtetBaganTaxi(ဓာတ်ပုံ)

Address

No, 176, Zeyar 15th Street, South Okkalapa
Yangon

Telephone

09264274662

Website

Alerts

Be the first to know and let us send you an email when Travelholics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travelholics:

Share