Eipont Health & Beauty Center

Eipont Health & Beauty Center ကံဆင့်ကံမြင့်လာဘ်ပွင့်သဘာဝတရော်ခေါင်းလျှော်ရည်ပင်ရင်း🌿🌿
လက်လီလက်ကားနယ်အစုံပို့ပေးနေပါပြီ
လက်တွဲလိုသူ အားပေးလိုသူများ
CBမှဆက်သွယ်နိုင်ပါတယ်ရှင့်😊

04/11/2025
မိတ်ဆွေကောင်းဆိုတာရွှေထက်တန်ဖိုးရှိပါတယ်…ရွှေက ပျက်စီးရင် အရည်ကျိုပြန်လုပ်လို့ရပေမယ့် မိတ်ဆွေ့ရင်း ပျက်စီးသွားရင် ပြန်ဖြ...
04/11/2025

မိတ်ဆွေကောင်းဆိုတာရွှေထက်တန်ဖိုးရှိပါတယ်…

ရွှေက ပျက်စီးရင် အရည်ကျိုပြန်လုပ်လို့ရပေမယ့် မိတ်ဆွေ့ရင်း ပျက်စီးသွားရင် ပြန်ဖြည့်ဖို့ မလွယ်ကူပါဘူး...

ဒါကြောင့်...
တစ်ခါတလေ ငါမှန်တယ်လို့ ထင်ရင်တောင်
ငါ့စကားတစ်ခွန်းကြောင့် မိတ်ဆွေ့ရင်း မပျက်စီးအောင် တစ်ခါတစ်ရံ နားလည်မှုပေးဖို့ လိုပါတယ်…

မိတ်ဆွေကောင်းရဲ့ အရေးပါမှုကို
📌ငွေတွေနဲ့ တိုင်းတာလို့မရပါဘူး …
📌စိတ်နှလုံးအပြည့်အဝ ထားတတ်ဖို့ပဲ လိုပါတယ် ❤️

"မိတ်ဆွေကောင်းရခြင်းဟာ ဘဝရဲ့ အမွေအနှစ်တစ်ပါးပါ"

ဒါကြောင့် မိတ်ဆွေရင်းကို အမြဲတန်ဖိုးထားပါတယ်🙇‍♀️

#မိတ်ဆွေကောင်း
#ဘဝအတွေ့အကြုံ
#လူမှုဆက်ဆံရေး

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။ ကိုယ့်ထက်သာတဲ့သူကိုလည်းမနာလိုတဲ့စိတ် မရှိခဲ့ဘူး ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်းနို...
04/11/2025

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး

ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး

ကိုယ်ကတော့ သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး
ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာချင်းမရှိခဲ့တာတောင်
ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။

ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်။

သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား
ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...
စိတ်ထားတတ်ရင်မြတ်ပါတယ်လို့.. နော်

ပြုံးပြီး သည်းခံလိုက်တာက``ဝဋ် ‘’  ဆိုတဲ့ စကားလုံးကို ယုံကြည်ထားလို့ပဲ ။ကိုယ်က သူများကို ပါးစ ပ်စည်းမစောင့်ပဲ ထိခိုက်နစ်န...
04/11/2025

ပြုံးပြီး သည်းခံလိုက်တာက
``ဝဋ် ‘’
ဆိုတဲ့ စကားလုံးကို ယုံကြည်ထားလို့ပဲ ။

ကိုယ်က သူများကို
ပါးစ ပ်စည်းမစောင့်ပဲ ထိခိုက်နစ်နာအောင်ပြောရင်
ကိုယ်လည်း တစ်နေ့နေ့ကျ
ကိုယ်ပြောခဲ့တဲ့အတိုင်း ပြန်ပြောခံရမှာဘဲ ။

ကိုယ်က ကိုယ်ချင်းစာစိတ်မထားပဲ
သူများကို ထိခိုက်နစ်နာအောင်လုပ်ရင်
ကိုယ့်အလှည့်ကျ
ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ထက် ပိုပြီး ပြန်ခံရလိမ့်မယ် ။

အတင်းဖြူစင်ပြနေလည်း
ကိုယ့်စကားနဲ့ကိုယ့်လုပ်ရပ်က
ကိုယ့်နောက်ကပ်ပါပြီးသားပါ ။

ဘယ်သူ့ကိုမှ အမုန်းတရားတွေနဲ့ပြန်ပြီး
တုန့်ပြန်စရာမလိုဘူး
သူ့အ ကုသိုလ်နဲ့သူသွားလိမ့်မယ် ။

Credit

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့။ တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ။မင်း စိတ်ညစ်နေလား_?ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိ...
04/11/2025

မင်း လူတွေကို မလိုအပ်ပဲ
ရင်မဖွင့်မိစေနဲ့။ တစ်ယောက်ထဲလဲ
နေတတ်အောင်နေပါ။

မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး
ကိုယ့်ဖာသာကို ပြန်ထိန်းပါ။

ဘဝအတွက် လေ့လာသင်ယူပါ
စာများများဖတ်ပါ။ သူများကို သွား
ပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်
လိုက်ပါ။ ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီး
မျက်ရည်ကျအောင် လုပ်မဲ့သူပဲရှိတယ်။
ငိုစရာရှိတာ ကိုယ့်ဟာကို
ငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင်
စိတ်ပြေလက်ပျောက် ဖြစ်အောင်နေပါ။
သူများကို သွားပြောရင် မွန်းကြပ်တာ
ကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ
မင်းအပြစ်မဟုတ်ဘူး။ လူတိုင်းကျတတ်
တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ
မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့
ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက်
ဘယ်သူမှ မချစ်ဘူး။ ကိုယ့်အားကိုကိုး
ကိုယ့်သမိုင်းကိုယ်ရေးပါ။

မင်းမိဘက လွဲရင် မင်းကို ထိထိ
ရောက်ရောက် ကူညီမဲ့လူ ရှားတယ်။
မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ
ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့်
အဝ ပြန်ပီးကူညီလိုက်ပါ။

စာပေဖတ်ရန်ဂျိုင်း>>>https://t.me/SarpayChannell1

✅သတိပြု​သင့်တဲ့ အချက်များ ✅၁)ကျယ်လောင်စွာ ဟောက်ခြင်း-အောက်ဆီဂျင် စီးဆင်းမူ ပိတ်ဆို့နေခြင်းကို သင့်ခန္ဓာက သတိပေးနေတာ အိပ်...
04/11/2025

✅သတိပြု​သင့်တဲ့ အချက်များ ✅

၁)ကျယ်လောင်စွာ ဟောက်ခြင်း-အောက်ဆီဂျင် စီးဆင်းမူ ပိတ်ဆို့နေခြင်းကို သင့်ခန္ဓာက သတိပေးနေတာ အိပ်နေစဥ် အသက်ရှူ ကြပ်နေတာ သတိပေးနေပါတယိ

၂)နားထဲ့ အသံမြည်ခြင်း-အာရုံကြောယားယံခြင်း
အာရုံကြောပျက်စီးတော့မယ်ဆိုတာ သတိပေးနေတာ

၃)ကျယ်လောင်သော နှလုံးခုန်​ခြင်း-သွေးတိုး သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာ ပြသာနာဖြစ်နေပါပြီ

၄(အဆက်မပြတ်ဗိုက်နာခြင်း-အူလမ်းကြောင်း
မညီမျှခြင်းဘအစာမကြေခြင်း

၅)ညအချိန်သွားကြိတ်ခြင်း-!စိတ်ဖိစီးမူ စိုးရိမ်ပူပန်းမူ မေးရိုးပြသာနာဖြစ်နေတာပါ

✅စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းများအသိတစ်ခုတိုးပွားပါစေ

ချစ်တဲ့ကေခိုင်

#ကျန်းမာရေးဗဟုသုတရကြပါစေ
ေးပါတယ်ရှင့်

Life is Practice
25/10/2025

Life is Practice

ဒီအန်တီကတော့ဗျာ😂😂
25/10/2025

ဒီအန်တီကတော့ဗျာ😂😂

25/10/2025

Rudraksha ပုတီးတွေမှာ "မုခိ" (Mukhi) လို့ခေါ်တဲ့ ပုတီးလုံး မျက်နှာပြင်ပေါ်က သဘာဝအတိုင်း တွေ့ရတတ်တဲ့အကွဲကြောင်း အမြှောင်းလေးတွေကို သတိထားမိကြရဲ့လား။

💫 "မုခိ" (Mukhi) လို့ခေါ်တဲ့ အမြှောင်းလေးတွေက မြန်မာလို ဘာသာပြန်ကြည့်ရင်တော့ ပုတီးလုံးလေးတွေရဲ့ မျက်နှာလို့ အလွယ်ဆုံးမှတ်ယူနိုင်ပါတယ်။ Rudrasha ပုတီးတစ်လုံးချင်းစီတိုင်းမှာ ပါဝင်တဲ့ မုခိအရေအတွက် က (၁ ခုကနေ ၂၁ ခုအထိ) ရှိပြီး မုခိ အရေအတွက်ပေါ်မူတည်ကာ ပုတီးအမျိုးအစား၊ အစွမ်းသတ္တိနဲ့အကျိုးကျေးဇူးတွေကလည်း အနည်းငယ်စီ ကွဲပြားသွားပါတယ်။အများဆုံး တွေ့ရပြီး လူအများစု ဝတ်ဆင်ကြတဲ့ မုခိအရေအတွက်ကတော့ (၁) ခုမှ (၇) ခုအထိဖြစ်ပါတယ်။

✨Rudraksha များကို ဝတ်ဆင်အသုံးပြုရာမှာ ပုတီးရဲ့ စွမ်းအင်ကို အပြည့်အဝရရှိစေဖို့ လိုက်နာရမယ့် အချက်လေးတွေလည်းရှိပါသေးတယ်။အထူးသဖြင့် Rudrakshaပုတီးကို အမြဲတမ်း သန့်ရှင်းနေအောင်ထားရှိရပါတယ်။ ရေချိုးချိန်၊ အိပ်စက်ချိန်နှင့် အသားစားသုံးချိန်များတွင် ချွတ်ထားသင့်ပါတယ်။

✨Rudraksha ပုတီးကို မဝတ်ဆင်မီ သက်ဆိုင်ရာ ဆရာသခင်တွေ၊ Hindu God တွေရဲ့ မန္တန် (Mantra) တွေကို ရွတ်ဆိုပြီး စွမ်းအင်သွင်း (Energize) ပြီးမှ ဝတ်ဆင်သင့်ပါတယ်ရှင်။

💫အကယ်၍ ယခုမိမိတို့မှာ Rudraksha ပုတီးလေးတွေရှိနေရင်လည်း ပုတီးလုံးလေးတွေမှာ "မုခိ" (Mukhi) လို့ခေါ်တဲ့ ပုတီးလုံး မျက်နှာပြင်ပေါ်က သဘာဝအတိုင်း တွေ့ရတတ်တဲ့အကွဲကြောင်း အမြှောင်းမျက်နှာပြင်လေး ဘယ်နှခုပါလဲဆိုတာကို ကြည့်ကြည့်လိုက်ကြပါဦးနော်။

🍀Soul Family တို့အတွက် အကျိုးရှိစေဖို့ Soul Guidance မှ Spiritual နဲ့ ပတ်သက်ပြီး မျှဝေပေးတဲ့အကြောင်း အရာများကိုလွတ်လပ်စွာ share နိုင်ပါတယ်။ သို့သော် ဤစာတွင် ပါဝင်သော အကြောင်းအရာများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ ပိုစ့်တစ်ခုလုံးဖြစ်စေ၊ Soul Guidance by Dr Seinn မှ ဖန်တီးထားသော Creation ပုံများ၊ ကာတွန်းပုံရိပ်များကိုဖြစ်စေ ကူးယူဖော်ပြခြင်းများအား လုံးဝခွင့်မပြုပါရှင်။🍀


ုတီး

🌳 “သစ်တစ်ပင်ကောင်းရင် ဌက်တစ်သောင်းမက နားခိုလို့ရတယ်။”လူ့လောကရဲ့ ဒီစကားဟာ အပြည့်အဝအမှန်အကန်ပါ။တန်ဖိုးရှိတဲ့ လူတစ်ယောက်ရှိ...
25/10/2025

🌳 “သစ်တစ်ပင်ကောင်းရင် ဌက်တစ်သောင်းမက နားခိုလို့ရတယ်။”

လူ့လောကရဲ့ ဒီစကားဟာ အပြည့်အဝအမှန်အကန်ပါ။
တန်ဖိုးရှိတဲ့ လူတစ်ယောက်ရှိတဲ့ နေရာမှာ_
လူတစ်သောင်းမက စိတ်အေးချမ်းသာနိုင်ပါတယ်။

သစ်ပင်တစ်ပင်က သူ့အရိပ်နဲ့ သတ္တဝါများစွာ ကိုကာကွယ်ပေးနိုင်သလိုပဲ၊
တန်ဖိုးရှိတဲ့ လူတစ်ယောက်ကလည်း_
အသိပညာနဲ့ စာရိတ္တနဲ့ လူအများကြီးကို ချမ်းသာကြွယ်ဝ၊ အေးချမ်းစေနိုင်ပါတယ်။

🍃 တန်ဖိုးရှိတဲ့လူတစ်ယောက်က
သူ့အတွက်သာမကပါဘူး၊ မိသားစုထဲမှာလည်း အင်အားတစ်ရပ်ပါပဲ။
သူ့မိသားစုတစ်စု တန်ဖိုးရှိလာမယ်။
သူ့ရပ်ရွာတစ်ရွာ အေးချမ်းလာမယ်။
သူ့မြို့တစ်မြို့ တိုးတက်လာမယ်။
နောက်ဆုံး သူ့နိုင်ငံတော်ကြီးလည်း ကြွယ်ဝလာလိမ့်မယ်။

တန်ဖိုးရှိတဲ့လူတစ်ယောက်ဟာ
အခြားသူတွေအတွက် အသိပညာဖြန့်ဝေတတ်သူပါ။
သူသိတာမျှဝေတတ်သူ၊ မသိသူကို သွန်သင်တတ်သူပါ။
မသိတာကို မကဲ့ရဲ့၊ မချိုးနှိမ်ဘဲ လမ်းညွှန်တတ်သူပါ။

🌱 ထမင်းကျွေးတတ်သူဆိုတာ ဗဟုသုတ ပေးသူလည်းဖြစ်ပါတယ်။
အလုပ်ပေးတတ်သူဆိုတာ အနာဂတ်ပေးသူလည်း ဖြစ်ပါတယ်။
တန်ဖိုးရှိသူက ပေးကမ်းတတ်သူပါ။
ပေးခြင်းကမ်းဟာ သူ့ဘဝသက်တမ်းရဲ့အဓိကရှင်သန်ရာပါ။

အဲ့လိုလူတစ်ယောက်ရှိနေရာမှာ
အေးချမ်းမှုရှိတယ်။
ညှိနှိုင်းမှုရှိတယ်။
မတူညီတဲ့သဘောတွေပါ ပြန်ညှိပေးနိုင်ပါတယ်။

🌺 တန်ဖိုးရှိတဲ့လူတစ်ယောက်ဟာ
အမြဲသူ့အပင်အရိပ်နဲ့ အခြားသူတွေကို အေးချမ်းအောင်ထားနိုင်တယ်။
ကိုယ့်အတွက်သာမက၊ အခြားသူတွေအတွက်ပါ အသုံးဝင်သူပါ။

သစ်တစ်ပင်ကောင်း တစ်ပင်ရှိရင်
ဌက်တစ်သောင်းမက အကာအကွယ်ရနိုင်သလိုပဲ၊
တန်ဖိုးရှိတဲ့ လူတစ်ယောက်ရှိရင်လည်း_
လူတစ်သောင်းမက အေးချမ်းနိုင်ပါတယ်။

💫 တန်ဖိုးရှိသူဟာ
သူ့ဘဝနဲ့အတူ အခြားဘဝများကိုပါ တန်ဖိုးရှိအောင် ပြောင်းလဲနိုင်သူဖြစ်ပါတယ်။
သူ့အလုပ်က တန်ဖိုးရှိတယ်။
သူ့စကားက လမ်းညွှန်တယ်။
သူ့အပြုအမူက အတုယူစရာတစ်ခု ဖြစ်ပါတယ်။

တန်ဖိုးရှိသူဟာ
သူ့နယ်နမိတ်အတွင်းကိုသာမက_
သူ့နိုင်ငံတော်ကြီးအထိပါ အကျိုးသက်ရောက်နိုင်ပါတယ်။
အဲ့ဒီလူဟာ တန်ဖိုးကြီးတဲ့ သစ်ပင်တစ်ပင်လိုပါပဲ။

🌿 ဒါကြောင့်မို့ —
တစ်ခါတစ်လေ ကိုယ်တိုင်ကိုယ် စမ်းသပ်စူးစမ်းကြည့်ပါ။
ကိုယ်က သစ်ပင်ကောင်းတစ်ပင်ဖြစ်သလား။
မဟုတ်ရင် မျှဝေဖို့ စိတ်ရှိသလား။
အေးချမ်းမှုပေးဖို့ စိတ်ရှိသလား။

အဲ့ဒါမှသာ တန်ဖိုးရှိသူဖြစ်လာမှာပါ။
အခြားသူတွေကို ချမ်းသာအေးချမ်းစေချင်ရင်_
ပထမဆုံး ကိုယ်တိုင်က သစ်တစ်ပင်ကောင်းဖြစ်ဖို့ ကြိုးစားရမယ်။

🌸 သစ်ပင်ကောင်းဖြစ်ဖို့ဆိုတာက
သီးပွင့်ဖို့သက်သက် မျှော်လင့်ခြင်းမဟုတ်ပါဘူး။
အရိပ်ပေးဖို့အတွက်လည်း ရည်ရွယ်ချက်ထားရှိခြင်းပါ။

တန်ဖိုးရှိသူတစ်ယောက် ဖြစ်တာက သာမညအတွေးမဟုက်ပါဘူး။
အခြားသူတွေရဲ့ နားခိုအရိပ်ဖြစ်ပေးအတွက်ပါ စိတ်ရှိတာပါ။

✨ သစ်တစ်ပင်ကောင်းဖြစ်ဖို့ ကြိုးစားပါ။
ကိုယ်က တန်ဖိုးရှိသူဖြစ်လာတဲ့အခါကိရင်_
အခြားသူတစ်သောင်းအတွက် အေးချမ်းမှု ဖြစ်လာလိမ့်မယ်။ 🌳

🌿 တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာဖို့ အဆင့် (၅) ချက်။

၁။ အသိပညာဖြင့် မျှဝေပါ။
သိရုံသိနဲ့ မနေပါနဲ့။ မသိသူကို သင်ပေးပါ။
အသိပညာက ငွေမဖြစ်ပေမယ့် ဘဝတန်ဖိုးတွေဖန်တီးပေးတတ်ပါတယ်။

၂။ စာရိတ္တပညာနဲ့ အေးချမ်းပါစေ။
တန်ဖိုးရှိသူဆိုတာ စာတတ်ခြင်းနဲ့ပညာရှိတဲ့သူ မဟုတ်ပါဘူး။
သူ့လုပ်ရပ်နဲ့ သူ့စကားတွေကို လူတွေရဲ့အကြား တန်ဖိုးထားခံရသူပါ။

၃။ သက်မွေးမှုပညာနဲ့ လူ့သက်တမ်းကိုတိုးပါစေ။
အလုပ်လုပ်နိုင်တာက ဘဝရဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။
အလုပ်ပေးတတ်သူတော့ အသက်မွေးပေးသူဖြစ်ပါတယ်။

၄။ စိတ်ဓာတ်ကောင်းဖြင့် ခေါင်းဆောင်ပါ။
ခေါင်းဆောင်ဆိုတာ လူတော်တစ်ယောက်မဟုတ်ပါဘူး။
အခြားသူတွေရဲ့အောင်မြင်မှုကို လမ်းပြဝမ်းသာတတ်သူပါ။

၅။ အရိပ်ပေးဖို့ စိတ်ကူးရှိပါ။
သစ်တစ်ပင်ကောင်းလိုပဲ_
ကိုယ့်အရိပ်နဲ့ လူအများကြီးကို အေးချမ်းအောင်ထားနိုင်ပါတယ်။
ပေးကမ်းခြင်းက ကိုယ့်ရဲ့အင်အားဖြစ်လာအောင် ကြိုးစားပါ။

💫 တန်ဖိုးရှိသူတစ်ယောက်ဟာ
ပတ်ဝန်းကျင်လုံးကို ပြောင်းလဲနိုင်သူပါ။
သူ့အပြုအမူက သားသမီးတွေကို သင်ခန်းစာဖြစ်တယ်။
သူ့စကားက သူ့ရပ်ရွာအတွက် ဉာဏ်အဖြစ်ရှိပါတယ်။

တန်ဖိုးရှိသူတစ်ယောက်ရှိရာမှာ
အေးချမ်းမှု၊ သစ်ပင်အရိပ်လိုမျိုးလိုပါပဲ။
အဲ့လိုလူမျိုးတွေကို အားလုံးက လိုချင်နေသူတွေပါ။

🌺 ဒါကြောင့် မိမိအနေနဲ့
တခြားသူတွေကို ချမ်းသာအေးချမ်းစေချင်ရင်
ပထမဆုံး ကိုယ်တိုင်က သစ်တစ်ပင်ကောင်းဖြစ်ဖို့ ကြိုးစားပါ။

သစ်တစ်ပင်ကောင်းဖြစ်ဖို့ဆိုတာ
သီးပွင့်ဖို့ မျှော်လင့်ခြင်းသက်သက်မဟုတ်ပါဘူး။
အရိပ်ပေးနိုင်ဖို့ စိတ်ရှိခြင်းပါပဲ။

ချစ်ခြင်းများစွာဖြင့်။
Prof. Dr. Sai Naw Jar
"ငြိမ်းချမ်းသော ဘဝတစ်ခု တည်ဆောက်ခြင်း။"

Address

Hlaing

Telephone

+959944944465

Website

Alerts

Be the first to know and let us send you an email when Eipont Health & Beauty Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share