20/09/2025
Diesel Pickup Vs EV Pickup
Diesel Pickup နဲ့ EV Pickup တို့မှာ သယ်ဆောင်နိုင်စွမ်း၊ စွမ်းဆောင်ရည်နဲ့ စီးနင်းခံစားချက်အထိ ထင်ရှားတဲ့ ကွာခြားချက်တွေရှိပါတယ်။ Diesel Pickup များက torque အင်ဂျင်စွမ်းအားကြောင့် လုပ်ငန်းသယ်ယူခြင်း၊ တောင်တက်ခရီးများလို ပိုကြီးမားတဲ့ လမ်းကြောင်းတွေမှာ အားသာပြီး fuel station များစွာရှိတာကြောင့် အလွန်ရှည်လျားတဲ့ ခရီးတွေအတွက် အဆင်ပြေပါသည်။ ဒါပေမယ့် လောင်စာကုန်ကျစရိတ်မြင့်ခြင်းနဲ့ CO₂ ဓာတ်ငွေ့ထုတ်လွှတ်မှုကြောင့် ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုများပါတယ်။ အပြန်အလှန် EV Pickup များမှာ electric motor torque ကြောင့် acceleration မြန်ဆန်ချောမွေ့၊ engine parts မရှိတာကြောင့် maintenance နည်းပြီး လျှပ်စစ်အားသွင်းစရိတ်ချိုသာသော်လည်း battery range နှင့် charging station အရေအတွက်ပေါ်မူတည်ရခြင်းကြောင့် မြန်မာနိုင်ငံလို infrastructure နည်းတဲ့ နိုင်ငံတွေမှာ ခရီးရှည်သွားစဉ် အကန့်အသတ်ရှိနိုင်ပါတယ်။ ဒီလိုအားသာချက်နဲ့ အားနည်းချက်တွေကြားမှာ Diesel Pickup သည် လုပ်ငန်းသုံးနှင့် အကြမ်းလမ်းကြောင်းခရီးများအတွက် ယနေ့ထိ ဦးစားပေးအနေနဲ့ ရှိနေပြီး EV Pickup သည် ပတ်ဝန်းကျင်ထိန်းသိမ်းသူများနှင့် မြို့ပြအသုံးပြုသူများအတွက် အနာဂတ် ရွေးချယ်မှုဖြစ်လာနိုင်ပါတယ်။