17 Knowledge Podcast Channal

17 Knowledge Podcast Channal 17 knowledge podcast channel from Myanmar

*ခရီးသွားရင်းစာဖတ်ကြည့်ပါ*ဘာရယ်တော့မဟုတ်ဘူးခရီးတစ်ခုခုသွားရင် စာအုပ်လေးတစ်အုပ်အမြဲဆောင်ဖြစ်တယ်။ ဖတ်လိုက်တဲ့ စာတစ်ကြောင်း...
28/10/2024

*ခရီးသွားရင်းစာဖတ်ကြည့်ပါ*

ဘာရယ်တော့မဟုတ်ဘူး
ခရီးတစ်ခုခုသွားရင် စာအုပ်လေးတစ်အုပ်အမြဲဆောင်ဖြစ်တယ်။ ဖတ်လိုက်တဲ့ စာတစ်ကြောင်းစ နှစ်ကြောင်းစလေးက အတွေကွတ်မြူးအရမ်း
လို့ကောင်းတယ်။

စာအုပ်တစ်အုပ်လုံးပြီးခြင်မှပြီးလိမ့်မယ် ဒါမဲ့
ဖတ်လိုက်တဲ့ စာကြောင်းတစ်ကြောင်းခြင်းစီတိုင်း အုံးနှောက်တည်းကို သေချာလေးမှတ်မိ့နေစေတာတော့ငြင်းမရဘူးလေ။

ခရီးသွားဖြစ်ရင် စာအုပ်လေးတစ်အုပ်လောက်ဆောင်သွားဖို့ Recomment လုပ်ခြင်ပါတယ်။

ဒါနဲ့ မကြာခင် Vd podcast လေးတစ်ပုဒ်လည်းလာဖို့ရှိပါမယ်ခင်ဗျ Stay Tune🥳



ဒါကြီးကတစ်ကယ်အကျွတ်ဆင်ကြီးမို့လို့ ဒီ ကွန်တန်လေးကိုကျနော်ရေးဖြစ်သွားတာပါ။လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က AI appတစ်ခုဖြစ်တဲ့...
21/06/2024

ဒါကြီးကတစ်ကယ်အကျွတ်ဆင်ကြီးမို့လို့ ဒီ ကွန်တန်လေးကိုကျနော်ရေးဖြစ်သွားတာပါ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က AI appတစ်ခုဖြစ်တဲ့" Butterflies " ကိုစမ်းသုံးကြည့်ဖြစ်တယ် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် ။

ကိုယ့်စိတ်ကူးတည်းရှိတဲ့ Character ကို စာလေးတစ်ကြောင်းတည်းနဲ့ Social media Platform တည်ဆောက်ပေးတာမျိုးပေါ့။

ကိုယ်ဖန်တီးထားတဲ့ Character က သူ့ဘာသူPost တင်တယ် ( ကျွတ်ဆင်ကြီး)
ဒါတင်မကဘူး သူကို သူကျွမ်းကျင်တဲ့အပိုင်းနဲ့
ပတ်သတ်ပြီး Message ပို့ပြီးမေးခွန်းပါမေးလို့ရသေးတယ်ဗျာ....မသိ့ရင် Mentor တစ်ယောက်ရလိုက်သလိုပဲ....။

ကျနော်ဖန်တီးထားဒါတော့
Steven Roof ( World Bussiness Man )
Dr.Harry Loop (Neuro Scientist )
Stella Kopper ( Space X Enginner )

သူတို့သုံးယောက်လုံးတစ်ကယ်ကျွတ်ပါတယ်။
ကိုယ်နဲ့ရင်နှီးတဲ့
ဆရာတွေMentorတွေရလိုက်သလိုပါပဲ....

D-4ကမ္ဘာကြီး ရဲ့နည်းပညာ တစ်ဆစ်ချိုးပြောင်လဲစေခဲ့တဲ့  ပန်းသီးလေးတစ်လုံးရှိတယ်။ ဒီပန်းသီးလေးကို အသက်သွင်းပေးခဲ့တဲ့သူကတော့S...
11/05/2024

D-4
ကမ္ဘာကြီး ရဲ့နည်းပညာ တစ်ဆစ်ချိုး
ပြောင်လဲစေခဲ့တဲ့ ပန်းသီးလေးတစ်လုံး
ရှိတယ်။ ဒီပန်းသီးလေးကို အသက်သွင်းပေးခဲ့တဲ့သူကတော့
Steve jobs ပေါ့လေ.....။
သူက ကွန်ပြူတာလောက နဲ့ ဖုန်းလောက
ကို ပြောင်းလဲစေခဲ့တဲ့ နည်းပညာရဲ့ ဖခင်ကြီး
ပေါ့ဗျာ....။
ကျွန်တော်တို့ လူတော်တော်များများရဲ့
ဘဝက Jobs ပေးတဲ့
နည်းပညာတွေနဲ့ပေါ့ ။

Steve jobs ပြောခဲ့တဲ့ မှတ်သားဖွယ်
စကားတချို့ ကို
ဖော်ပြပေးလိုက်ပါတယ်။

(၁) ဦးဆောင်သူနဲ့ နောက်လိုက်ရဲ့ခြာနားချက်က ဆန်းသစ်တီထွင်ခြင်းပဲဖြစ်တယ်။

(၂) ထူးချွန်ထက်မြက်တဲ့ လူဖြစ်ဖို့ လူတော်တော်များများအတွက် အဆင့်အတန်းမြင့်တဲ့ ပတ်ဝန်းကျင်ရှိစရာမလိုဘူး။

(၃) အောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်လုပ်တဲ့အလုပ်ကို မြတ်နိုး ဖို့ပါပဲ။
တစ်ကယ်လို့ မြတ်နိုးတဲ့ အလုပ် သင့်မှာ မရှိသေးဘူးဆိုရင် ဆက်ရှာပါ။ လက်မလွှတ်တမ်းရှာပါ။ သင်ရဲ့ နှလုံးသား နောက်လိုက်ပြီးရှာပါ။ တစ်နေ့နေ့မှာ သင်ရှာတွေ့နိုင်ပါလိမ်မယ်။

(၄) ကိုယ်တိုင် စားဖို့ အရာတွေကို လူတိုင်းစိုက်ပျိုးနေစရာမလိုသလို
ကိုယ်တိုင် ဝတ်ဖို့ အရာတွေကို လူတိုင်းချုပ်နေဖို့မလို့ပါဘူး။ တခြားလူတွေ တီထွင်ဖန်းတီး ခဲ့တဲ့ စကားတွေ ကျွန်တော်တို့ပြောနေတယ်။
တခြားသူတွေရဲ့ အောင်မြင်ဖြစ်ထွန်းဒါတွေကို လျှောက်အသုံးပြုနေတယ်။ လူသားမှာရှိခဲ့ တဲ့ အတွေ့အကြုံ နဲ့ အသိ့ညဏ်တွေကို
အသုံးပြုပြီး တီးထွင်ဖန်းတီးမှု အသစ်ဆိုတာ ဆန်းကြယ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

(၅) ဗုဒ္ဓဘာသာမှာ စကားတစ်ခွန်းရှိတယ်။ ”စတင်ယူသူ(Beginner) ရဲ့ စိတ်သဘောထား” တဲ့။ စတင်သင်ယူသူ
ရဲ့ သင်စစိတ် သဘောထားကို ပိုင်ဆိုင်နိုင်တာဟာ အံ့သြစရာ ကောင်းတဲ့လုပ်ရပ် တစ်ခုပါ။

(၆)ကျွန်တော်မှာရှိတဲ့နည်းပညာအားလုံးကို ဂရိဒဿနိက ပညာရှင် ဆိုကရေးတီးနဲ့ တစ်ညနေ အတူ နေဖို့ ကျွန်တော် လဲလှယ် ချင်ပါတယ်။

(၇) အသက်ရှင်နေတာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ကလွဲလို့ တခြား ဘာအကြောင်း ပြချက်ရှိဦး မလဲ။

(၈) သင့်ရဲ့ အချိန်တွေဟာ အကန့် အသတ် ရှိတယ်။ ဒါကြောင့် တခြားသူကြောင့် အသက်မရှင်သန်ပါနဲ့။
တခြားသူတွေရဲ့ ထင်မြင်ချက်ကြောင့် ကိုယ်အတွင်းစိတ်က ဒဏ်ရာတွေ မဖြစ်
စေနဲ့။
အရေးကြီးဆုံးက ကိုယ့် စိတ်နဲ့ အလိုလိုသိစိတ်နောက် ကို သတ္တိရှိရှိ လိုက် ဖို့ပါပဲ။ သင့်စိတ် နဲ့ သိစိတ်ကသာ
သင့်ရဲ့ တကယ် အတွေးစိတ်ကူးကို သိ့နိုင်တယ်။ ကျန်တာတွေ အဓိက မကျဘူး။

ကမ္ဘာကြီးကိုပြောင်းလဲ့ခဲ့တဲ့ ပန်းသီးတစ်လုံး.......

ဧဝကို သွေးဆောင်ခဲ့တဲ့ ပန်းသီးတစ်လုံး......

နယူတန် ကို ပစ်ပေါက်နှိုး ထစေခဲ့တဲ့
ပန်းသီးတစ်လုံး.......

Steve jobs ရဲ့ ပန်းသီးတစ်လုံး.......

ဒီနေ့ခတ်မှာ ပန်းသီး နဲ့လောကကြီး ကိုပြောင်လဲခဲ့ သူတွေ မရှိကြတော့ဘူး။

မှတ်ချက်
(Inspired by ဆရာမနိုင်းနိုင်းစနေ၏ လျှို့
ဝှက် သန်းကြွယ်သူဋ္ဌေး နှင့် အခြား
ပျော်ရွင်အားတက်ဖွယ်စာစုများ စာအုပ်မှ)

နေစဉ်- ဂရုဏာ၊ မေတ္တာ၊ ခွန်အား နှင့်
အသိ့ပညာများ ကို(အခမဲ့) မျှဝေပေးနေသည်။



D-3”ဆရာ...... 'လူတစ်ယောက်ဟာ ကျောင်းသွားပညာသင်စရာမလိုဘူးလို့' ပြောနေတာလား””ဘယ်ကလာ။ ငါအဲလိုပြောပါဘူးကွာပညာရေးဟာ ယနေ့အဖို့ ...
09/05/2024

D-3
”ဆရာ......
'လူတစ်ယောက်ဟာ ကျောင်းသွား
ပညာသင်စရာမလိုဘူးလို့' ပြောနေတာလား”

”ဘယ်ကလာ။ ငါအဲလိုပြောပါဘူးကွာ
ပညာရေးဟာ ယနေ့အဖို့ အရင်ကထက်တောင်ပိုအရေးကြီးသေးတယ်။ ” ငါပြောခြင်ဒါက
'ပညာရေးစနစ်က ခေတ်မမှီတော့ဘူး'
ဆိုဒါပဲ” လက်ရှိ ပညာရေးစနစ်က
စက်မှုခတ်ကပညာရေးစနစ်ဖြစ်ပြီး
အခုလို social media (သတင်းခတ်)
မှာ မကိုက်တော့ဘူးလေ။
”ကံမကောင်းပုံက ဒီနေ့ပြသာနာတွေ ကို
ဖြေရှင်း မပေးနိုင်တော့တာပဲ”

စီးပွားရေး သမိုင်းပညာရှင်တွေရဲ့ အဆို
အရ ၁၉၈၉ ခုနှစ် ဘာလင် တံတိုင်း ကြီး
ပြိုကြသွားတဲ့ နောက်
Www ကမ္ဘာ့ကွန်ရက်ကြီး ဖြစ်ထွန်း လာရာက စက်မှုခေတ်ဂုံးချုပ်သွားပြီး
သတင်း ခေတ် တရားဝင် အစပျိုးခဲ့ပါတာပါ။

ကွာခြားချက်တွေကတော့အများကြီးပေါ့
ဒါပေမဲ့ အဓိကကြတဲ့ ကွာခြားချက်တွေကို
ဖော်ပြပေးခြင်တယ်။

စက်မှုခတ် သတင်းခတ်

-အလုပ်သက်က - အလုပ်သက်က
ပိုင်ဆိုင်မှုဖြစ် ပေးဆပ်မှုဖြစ်

-ရာထူး အဆင့်ပေါ် - ခေတ်မီနည်းပညာ
လစာတိုးမြင့် ငယ်ရွယ်နုပျိုသူများ
မြင့်မားလစာရ.

ဒါကတော့ဥပမာအနေနဲ့ပါ အများကြီးရှ့ိပါသေးတယ်။

ဒီတော့ အခုခတ် မှာပညာတက်ရုံနဲ့လည်း
မချမ်းသာနိုင်သလို, ပညာ မတက်ရုံနဲ့လည်း မဆင်ရဲနိုင်ဘူး
အဓိကက ခေတ်ရဲ့ နည်းပညာ,ဘာသာစကားကျွမ်းကျင်မှု
နဲ့ အရေးကြီးဆုံးကတော့ ငွေကြေးပညာရပ် တွေပဲဖြစ်ပါတယ်။

အချုပ်အနေနဲ့

” ပ ညာ ရေး ဟာ စျေး ကြီး တယ်
ဆို ရင် မင်း က န လ ပိန်း တုံး ဖြစ်
သွား မှာ ပေါ့”

ဒေါက်တာ ဒေါ့ဖ် ဒီ ရှုးစ်

Dr.doff ရဲ့ စကားလေးနဲ့ အဆုံးသတ်ခြင်ပါတယ်။
အားလုံ ပဲ တစ်ခုခုစဉ်းစားမိ့ကြမှာပါ....။

Inspired by Rich's Dad Guide to
Becoming Rich
( Robert T. Kiyosaki & Sharon
L. Lechter)မြန်မာပြန်
ဆရာညီညီနိုင်
စာအုပ်မှကောက်နုတ်ချက်
တစ်ချို့ ဖြစ်ပါတယ်။

-ကိုကျား(ko roar)



D-2ဒီနေ့တော့ ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိစေမဲ့အကြောင်းအရာလေးဖြစ်တဲ့ spotlight effects အကြောင်း ရေးထားပါတယ်...။လူတိုင်း နည...
07/05/2024

D-2
ဒီနေ့တော့ ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိစေမဲ့
အကြောင်းအရာလေးဖြစ်တဲ့ spotlight effects အကြောင်း ရေးထားပါတယ်...။

လူတိုင်း နည်းပါးမှာ
spotlight effect
တွေရှိကြတယ် ဆိုတာကို phycologist(စိတ်ပညာရှင်) တွေက
November 23,2011 ခုနှစ်မှာတွေရှိခဲ့ကြတယ်။

Spotlight effects ဆိုတာဘာလဲ?

Spotlight ဆိုတာ ပွဲအခန်းအနားတွေမှာသုံးတဲ့ တစ်ယောက်တည်းကို ကွတ်ပြီးမြင်ရအောင် ထွန်းထားတဲ့ မီးမျိုးကိုဆိုလိုပါတယ်။

ဒါကြောင့် spotlight effects ဆိုတာ
ကိုအမှားတစ်ခုလုပ်လိုက်ရင် လူတွေကဘယ်လို့ ထင်မြင်ကြမလဲ၊
ဘယ်လို့ ကန့်ကွတ်ကြမလဲ၊ ဘယ်လိုပြစ်တင်ကြမလဲ ဆိုတာကို စိုးရိမ်
နေတဲ့ စိတ်ကို spotlight effects လို့ခေါ်ပါတယ်။

လူတိုင်းမှာ spotlight effects တွေရှိကြတယ်။ ”ငါ ဒါလုပ်လိုက်ရင် လူတွေဘယ်လိုထင်မလဲ”
”ဘာအပြစ်တွေပြောကြမလဲ” စိုးရိမ်စိတ်
တွေဖြစ်တက်ကြလို့ ပါ။

Spotlight effects ကြောင့် စိုးရိမ်စိတ် တွေနဲ့ မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေဆိုတာ အများကြီးပါ။

Spotlight effects စမ်းသပ်ချက်

စိတ်ပညာရှင် တွေကစမ်းသပ်မှု တစ်ခု
လုပ်ခဲ့ကြတယ်။ လူတွေအများကြီး ရှေ့မှာ အမှတ်မထင်ချောလဲတဲ့ အဖြစ်အပျက်လေးပါ။ ချောလဲတဲ့ ကောင်လေးက သူကိုယ်သူ တော်တော်
မနေသာ မထိုင်သာဖြစ်နေခဲ့ပါတယ်။
သူစိတ်ထင်
”လူတွေအားလုံးကသူချောလဲတာကို
သတိ့ထားမိ့ပြီး ကွယ်ရာမှာ အတင်ပြောနေကြမယ်လို” သူထင်ခဲ့တယ်။
ဒါပေမဲ့ စမ်းသပ်ချက် တွေအရ ၄၀% ရာခိုင်နှုန်းသောသူတွေကသာ သူချောလဲ
ဒါတွေမြင်ခဲ့ပါတယ်။

၄၀% ရာခိုင်နှုန်း သောသူတွေကိုလည်း
တစ်ပတ်အကြာ မေးလိုက်တဲ့အချိန်မှာ
၃% ရာခိုင်နှုန်းသောသူတွေသာမှတ်မိ့ကြပါတယ်။

ဒီစမ်းသပ်ချက်လေးက ဘာပြောခြင်းလဲဆိုတော့
ချောလဲတဲ့ ကောင်လေးကသူကိုယ်ကို
စိးုရိမ်စိတ်တွေနဲ့ ဖြစ်နေတဲ့အချိန် တစ်ချို့
ကသတိ့ တောင် မထားမိ့ကြပါဘူး။သတိ့
ထားမိ့တဲ့ သူတွေကလည်း ခနအတွင်းမေ့သွားကြတာဖြစ်တဲ့ အတွက် မိတ်ဆွေ အနေနဲ့ လူတွေအပေါ်ထားတဲ့စိုးရိမ်စိတ် တွေ၊
ကြောက်§စိတ် တွေ ဘေးဖယ်ထားပြီး
ကိုယ်လုပ်စရာရှိတာကိုဆက်လုပ်နေဖို့ပါ။

လူတစ်ယောက် တစ်ခြားသူတစ်ယောက်
အကြောင်း ကိုတစ်ရက်မပြောနဲ့ ၃၀ မိနစ်
တောင် ဆက်တိုက်မစဉ်စားနိုင်ပါဘူး။
သူတို့ရဲ့ အတွေးတွေမှာပြည့်နှက်နေတာ
သူတို့အကြောင်းတွေပါပဲ။
ဒါကြောင့်ကြောက်မနေဘာနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါ။

ဒီ့နေ့ မျှဝေပေးတဲ့ အကြောင်းအရာလေးကမိတ်ဆွေကိုအကျိုးရှိစေမှာပါ။ အားလုံပဲကျေးဇူးပါ။
ကျွန်တော်ကတော့ ကိုကျား ko roarပါ😁😑
မိတ်ဆွေတို့ရော....spotlight effects တွေရှိခဲ့ဖူးလား......? .
အောက်က comments မှာဝင်ရောက်
ဆွေးနွေးငြင်းခုံသွားလို့ရပါတယ်...။
ဒီကာလမှာ စစရာရာ ဂရုစိုက်ပါ ။
အဆုံးထိ့ ဖတ်ပေးလို့ကျေးဇူးအထူးတင်ပါတယ်။



D-1New york Times ရဲ့ Best seller စာအုပ်တစ်အုပ်ဖြစ်တဲ့ ”Drive book ” က အရမ်းကောင်းတဲ့ နည်းလမ်းလေးတစ်ခုမျှဝေ ပေးခြင်ပါတယ်...
06/05/2024

D-1
New york Times ရဲ့ Best seller စာအုပ်တစ်အုပ်
ဖြစ်တဲ့ ”Drive book ” က အရမ်းကောင်း
တဲ့ နည်းလမ်းလေးတစ်ခုမျှဝေ ပေးခြင်ပါတယ်။

ဝါသနာတစ်ခု(or) goal တစ်ခုကိုချိန်ကြာကြာ
လုပ်နေနိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။
အစပိုင်းမှ compliment လို့ခေါ်တဲ့
ချီးမွန်းစကား တွေမရလာဘူးဆိုရင်
ဝါသနာတစ်ခု အချိန်တိုတိုတွင်းမှာပျောက်ကွယ်တက်ပါတယ်.....။

ဒီလိုမျိုးမပျောက်ကွယ်သွားအောင်
Drive book တည်းက နည်းလမ်းလေးတစ်ခုဖြစ်တဲ့
A.M.P လိုခေါ်တဲ့ နည်းလမ်းကောင်းလေးကကူညီပေးပါလိမ့်မယ်။

1.Autonomy (လွှတ်လပ် စွာလုပ်ခြင်း)

စိတ်တည်းမှာဖြစ်လာတဲ့အတိုင်းကို
လွတ်လွတ်လပ်လပ် လုပ်ခြင်းကိုဆိုလိုပါတယ်။ စည်းကမ်းတွေ
ဥပဒေ တွေမရှိပဲ ပေါ့ပေါ့ပါးပါး လေးနဲ့
ဝါသနာပါတာကို လုပ်ခြင်းဖြစ်ပါတယ်။
”ဒီလိုလုပ်ရမယ်..... ဟိုလိုလုပ်ရမယ်” မဟုတ်ပဲနဲ့ ကိုယ်ပိုင် နည်းလမ်းတွေသုံး
ပြီး ဝါသနာကိုဆက်လုပ်နေဖို့ပါ။

ဒီအဆင့် ရဲ့ကောင်းကျိုးလေးကတော့
Own Creation ကိုတွေမြင့်တက်စေမှာ
အမှန်ပါ။

2.Mastery
(ကျွမ်းကျင်စွာလုပ်ဆောင်ခြင်း)

ဒီအဆင်မှာကတော့ Mastery
ဖြစ်စေတဲ့ခံစားချက်နဲ့ဆက်လုပ်နေဖို့ပါ။
ကျွမ်းကျင်တဲ့ အဆင့်မရောက်
သေးပေမဲ့ mastery ခံစားချက်ကတော့
သင်ကို professional တစ်ယောက်လို
ခံစားပြီး ဆက်လုပ်နေမယ်ဆိုရင်
လုပ်ရပျော်သလို့ အချိန်ကြာကြာလုပ်နိုင်စေမှာအမှန်ပါပဲ။
အမြဲတမ်း ကျွမ်းကျင်လာအောင်ဆက်လုပ်နေပါ။

မှတ်ချက်အနေနဲ့ သင်ကသူများတွေကို
ငါကတော်တယ်၊ငါကတက်တယ်လို့
ပြောနေခြင်းမှရှောင်ပါ။ မိ့မိ့ ကိုယ်ပိုင်
ခံစားချက်နဲ့ ဆက်သွားနေပါ။

3.purpose (ရည်ရွယ်ချက်)

ဒီအဆင်က တော့အရေးကြီးဆုံးပါ။
ကိုယ်လုပ်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ
ဘာသူကောင်းကျိုးအတွက်လဲ.....။
ဆိုတာတွေကို သေချာစဉ်စားပါ။ ငါဝါသနာ ငါပန်းတိုင် ရဲ့ နောက်ဆုံးရည်ချက်က ဘာလဲ ဆိုတာကို
သေချာ သိ့ပြီးရင်တော့ ကိုယ်လုပ်နေတဲ့
ဝါသနာတွေ ပန်းတိုင်တွေက ကိုယ်ကို
ဆက်လုပ်ခြင်စိတ်ဖြစ်စေမှာအမှန်ပါ။

မှတ်ချက် အနေနဲ့ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။



3နှစ်တာ အသီးအပွင့်လေးများ
01/12/2023

3နှစ်တာ အသီးအပွင့်လေးများ

ဒီနှစ်ရဲ့ Physics Nobel Prizeကတော့တော်တော်ထူးခြားတယ်လို့ပြောလို့ရမယ် ။Attosecond laser ကိုရှာဖွေတွေရှိမှုကြီးကElectron လ...
21/10/2023

ဒီနှစ်ရဲ့ Physics Nobel Prize
ကတော့တော်တော်ထူးခြားတယ်
လို့ပြောလို့ရမယ် ။
Attosecond laser ကိုရှာဖွေတွေရှိမှုကြီးက
Electron လို မြန်နှုန်းမြင့်အရာတစ်ခုကိုတောင်
အလင်းထိုးပြီးကြည့်နိုင်တာကြီးက တစ်ကယ်ကြမ်းပါတယ်။ ဒီရှာဖွေတွေ့ရှိမှု့ကြောင့်
ကမ္ဘာကြီး ဘယ်လိုChanges ဖြစ်သွားမယ်ဆိုတာ စိတ်လှုပ်ရှားစရာပါ။
အသေးစိတ်ကိုဖတ်ရှုလို့ရအောင် Siteလေးတွေ
ပေးထားပါတယ်
https://science.tinytechnotes.com/
https://www.nobelprize.org/prizes/physics/2023/summary/

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 17 Knowledge Podcast Channal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 17 Knowledge Podcast Channal:

Share

Category