Myo Nature

Myo Nature Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Nature, Digital creator, Yangon.

🌿 🪷 𝙷𝚢𝚙𝚗𝚘𝚝𝚑𝚎𝚛𝚊𝚙𝚢 + 𝙲𝚛𝚢𝚜𝚝𝚊𝚕 𝙷𝚎𝚊𝚕𝚒𝚗𝚐 + 𝙽𝚊𝚝𝚞𝚛𝚎 𝙾𝚛𝚊𝚌𝚕𝚎 𝙷𝚎𝚊𝚕𝚒𝚗𝚐 𝚜𝚎𝚜𝚜𝚒𝚘𝚗 ✨ဒီနေ့လာတဲ့ 𝚄𝚗𝚌𝚕𝚎 က သမီးရေ .. Uncle ရဲ့ 𝚂𝚞𝚋𝚌𝚘𝚗𝚜𝚌𝚒𝚘𝚞𝚜 ...
12/08/2026

🌿 🪷 𝙷𝚢𝚙𝚗𝚘𝚝𝚑𝚎𝚛𝚊𝚙𝚢 + 𝙲𝚛𝚢𝚜𝚝𝚊𝚕 𝙷𝚎𝚊𝚕𝚒𝚗𝚐 + 𝙽𝚊𝚝𝚞𝚛𝚎 𝙾𝚛𝚊𝚌𝚕𝚎 𝙷𝚎𝚊𝚕𝚒𝚗𝚐 𝚜𝚎𝚜𝚜𝚒𝚘𝚗 ✨

ဒီနေ့လာတဲ့ 𝚄𝚗𝚌𝚕𝚎 က သမီးရေ .. Uncle ရဲ့ 𝚂𝚞𝚋𝚌𝚘𝚗𝚜𝚌𝚒𝚘𝚞𝚜 𝚖𝚒𝚗𝚍 ထဲကို ထုံးစံအတိုင်းပဲလေအရေးတကြီး ထည့်စရာလေးတွေရှိနေလို့ အိပ်ပျော်မသွားအောင် ကားရော 𝙿𝙰 ပါ ထားခဲ့ပြီး အေးအေးဆေးဆေး သမီးဆီ 𝙵𝚕𝚒𝚐𝚑𝚝 နဲ့ပဲလာခဲ့တာတဲ့။ 🤩💫

နံ့သာဆီတွေလဲ အကုန်ယူသွားတယ်။ 𝚂𝚎𝚊𝚜𝚊𝚕𝚝 ပုလင်းလေးတွေနဲ့ အစီအရင်တွေလဲ အများကြီးအပ်သွားတယ်။ 𝙴𝚗𝚎𝚛𝚐𝚢 တော်တော်ကိုက်တဲ့အတွက် အမြဲအားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

𝚄𝚗𝚌𝚕𝚎 လုပ်ငန်းများ အထူးအောင်မြင်ပါစေ။ အနားရ အေးငြိမ်းပါစေလို့ဆုတောင်းပေးပါတယ်ရှင်။

💫🪷🪷🪷🕊
𝙼𝚢𝚘 𝙽𝚊𝚝𝚞𝚛𝚎

🪷ကိုယ့်ကိုယ်ကို ရှာဖွေခြင်းနဲ့ မေတ္တာရဲ့လွတ်မြောက်မှု🕊️Spiritual လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာအပြင်ကမ္ဘာမှာ ဘယ်သူက ကိ...
12/08/2026

🪷ကိုယ့်ကိုယ်ကို ရှာဖွေခြင်းနဲ့ မေတ္တာရဲ့လွတ်မြောက်မှု🕊️

Spiritual လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာ
အပြင်ကမ္ဘာမှာ ဘယ်သူက ကိုယ့်ဘေးမှာရှိနေသလဲဆိုတာထက် ကိုယ့်အတွင်းမှာ ကိုယ်ဘယ်လောက်နိုးကြားလာပြီလဲ ဆိုတာကို ကြည့်ရတဲ့ခရီးပါ။

ဒါကြောင့် Spiritual လမ်းကို လျှောက်နေသူတစ်ယောက်ဟာ တခြားသူတွေရဲ့ဘဝကို လိုက်ကြည့်နေရတာထက် ကိုယ့်အတွင်းကို ပိုကြည့်ဖို့လိုပါတယ်။

သူဘာလုပ်နေလဲ ?

ဘယ်သူနဲ့ရှိနေလဲ ?

ဘာကြောင့် ကိုယ့်ကိုအချိန်မပေးတော့တာလဲ ?

ဘာကြောင့် ကိုယ့်ထက်တခြားသူကို ပိုအရေးပေးနေတာလဲ ?

ဆိုတာတွေကို အမြဲလိုက်စောင့်ကြည့်နေရတဲ့အခါ
တစ်ခါတလေ ကိုယ်ရှာနေတာက “သူ့အကြောင်း” မဟုတ်တော့ပါဘူး။

ကိုယ့်အတွင်းမှာရှိနေတဲ့ မလုံခြုံမှုကို
သူ့ဆီကနေ အဖြေရှာနေတာ ဖြစ်လာပါတယ်။

သူ့ကို ပိုင်ဆိုင်ချင်တဲ့စိတ်၊
သူ့ကို မဆုံးရှုံးချင်တဲ့စိုးရိမ်စိတ်၊
သူ့ဆီက အာရုံစိုက်မှုကို လိုချင်တဲ့စိတ်၊
သူ့ဘဝထဲမှာ ကိုယ့်နေရာကို သေချာစေချင်တဲ့စိတ်၊

အဲဒီစိတ်တွေ တိုးလာတဲ့အခါ . .
ကိုယ့် Self-esteem က တဖြည်းဖြည်းနဲ့
သူ့ရဲ့အပြုအမူတွေပေါ်မှာ မှီခိုလာတတ်ပါတယ်။

သူက ကိုယ့်ကို ဂရုစိုက်ရင် ကိုယ်တန်ဖိုးရှိသလိုခံစားရတယ်။
သူက အာရုံမစိုက်ရင် ကိုယ်မလုံလောက်သလိုခံစားရတယ်။

ဒါဆို ကိုယ့်တန်ဖိုးကို
ကိုယ်တိုင်သိထားတာ မဟုတ်တော့ဘူး။

သူ့ဆီက ပြန်ရလာတဲ့အရာနဲ့
ကိုယ့်တန်ဖိုးကို တိုင်းတာနေမိတာပါ။

ဒါကြောင့် Spiritual လမ်းမှာ
ကိုယ့်ကိုယ်ကို ပြန်ရှာဖို့လိုပါတယ်။

သူ့ကို ပိုနားလည်ဖို့ထက်
ကိုယ့်စိတ်ကို ပိုနားလည်ဖို့။

သူ့အပြုအမူကို လိုက်ဖတ်ဖို့ထက်
ကိုယ့်အတွင်းက ဘာကြောင့် ဒီလောက်စိုးရိမ်နေတာလဲဆိုတာကို ကြည့်ဖို့။

သူ့ဘဝကို စောင့်ကြည့်ဖို့ထက်
ကိုယ့်ဘဝကို ကိုယ်ပြန်တည်ဆောက်ဖို့။

🕊 ကိုယ့်အချိန်ကို ကိုယ်တန်ဖိုးရှိရှိအသုံးချပါ။

🕊️ ကိုယ့်အိပ်မက်တွေကို ပြန်ရှာပါ။

🕊 ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

🕊️ ကိုယ့်စိတ်ကို နားထောင်ပါ။

🕊 ကိုယ့်အတွင်းက မလုံခြုံမှုတွေကို မေတ္တာနဲ့ ကိုင်တွယ်ပါ။

ဒါဟာ တခြားသူကို မချစ်တော့ဖို့ မဟုတ်ပါဘူး။

✨ ကိုယ့်ကိုယ်ကို မပျောက်ဆုံးပဲနဲ့ တခြားသူကို ချစ်တတ်ဖို့ပါ။ ✨

💫 တကယ်တော့ . . ချစ်ခြင်းမေတ္တာအစစ်အမှန်မှာ
“ငါ့အတွက် ဘာရမလဲ” ဆိုတဲ့အတွေးကနေ တဖြည်းဖြည်း လွတ်မြောက်လာတတ်ပါတယ်။

“သူက ငါ့အတွက် ဘာလုပ်ပေးမလဲ” မဟုတ်တော့ဘူး။

“သူက ငါ့အနားမှာ ဘယ်လောက်ကြာကြာရှိမလဲ” မဟုတ်တော့ဘူး။

“သူ့ဘဝထဲမှာ ငါ့ကို ဘယ်လောက်အရေးပေးမလဲ” မဟုတ်တော့ဘူး။

အဲဒီအစား ~

“ငါတို့နှစ်ယောက်လုံး ဘယ်လိုနေလို့ ပိုပြီးလွတ်လပ်နိုင်မလဲ ?

ဘယ်လိုနေလို့ တစ်ယောက်ကိုတစ်ယောက် မနာကျင်စေဘဲ ချစ်နိုင်မလဲ ?

ဘယ်လိုနေလို့ နှစ်ဖက်လုံးရဲ့ဘဝ ပိုကောင်းလာမလဲ ? ”

ဆိုတဲ့အမြင်ကို ရောက်လာပါတယ်။

✨ အဲဒီအချိန်မှာ မေတ္တာဟာ ပိုင်ဆိုင်မှု မဟုတ်တော့ဘူး။

💫 လွတ်မြောက်ခွင့်ပေးခြင်း ဖြစ်လာတယ်။

ကိုယ်ကောင်းဖို့အတွက် သူ့ကို အသုံးမချတော့ဘူး။

သူကောင်းဖို့အတွက် ကိုယ့်ကိုယ်ကိုလည်း ပျောက်ဆုံးမခံတော့ဘူး။

နှစ်ဖက်လုံးကို လွတ်လပ်စွာ ရှင်သန်ခွင့်ပေးရင်း
တစ်ယောက်ရဲ့ကောင်းကျိုးကို တစ်ယောက်က မေတ္တာနဲ့ ဆုတောင်းပေးနိုင်လာတယ်။

အဲဒီနေရာမှာ . .
“ငါ့အကျိုး” နဲ့ “မင်းအကျိုး” ဆိုတဲ့ Boundary တွေကတောင် တဖြည်းဖြည်း ပျော့ပြောင်းလာပါတယ်။

ကိုယ်ကောင်းဖို့ပဲ မဟုတ်တော့ဘူး။

ကိုယ်ရဖို့ပဲ မဟုတ်တော့ဘူး။

ကိုယ်နိုင်ဖို့ပဲ မဟုတ်တော့ဘူး။

တစ်ဖက်လူကလည်း ကောင်းမွန်စွာ ရှင်သန်နိုင်ဖို့
နေရာပေးနိုင်လာတယ်။

အဲဒါဟာ အားနည်းခြင်းမဟုတ်ပါဘူး။

အဲဒါဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတော့တာလည်း မဟုတ်ပါဘူး။

တကယ်တော့ ~

ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိလာတဲ့အခါ
တခြားသူတစ်ယောက်ရဲ့ အာရုံစိုက်မှုကို
ကိုယ့်တန်ဖိုးရဲ့ သက်သေအဖြစ် မလိုအပ်တော့တာပါ။

အဲဒီအချိန်မှာ
စိတ်က အေးလာတယ်။

မလိုအပ်ဘဲ မစိုးရိမ်တော့ဘူး။

မပိုင်ဆိုင်ချင်တော့ဘူး။

မယှဉ်ပြိုင်ချင်တော့ဘူး။

မလိုက်ကြည့်ချင်တော့ဘူး။

သူ့ဘဝကို သူ့အတိုင်းထားနိုင်တယ်။

ကိုယ့်ဘဝကိုလည်း ကိုယ့်အတိုင်း ပြန်ရှင်သန်နိုင်တယ်။

ပြီးတော့ နှစ်ယောက်ကြားမှာရှိနေတဲ့ မေတ္တာကို
ဖိအားမပေးပဲ မတောင်းဆိုပဲ မပိုင်ဆိုင်ပဲ
တိတ်တိတ်လေး တန်ဖိုးထားနိုင်လာတယ်။

အဲဒီအချိန်မှာ မေတ္တာဟာ အေးမြလာတယ်။

အေးမြခြင်းဟာ စိတ်မရှိတော့တာမဟုတ်ဘူး။

စိတ်ရှိပေမယ့် မတွယ်ကပ်တော့တာ။

ချစ်ပေမယ့် ပိုင်ဆိုင်ဖို့လိုက်မကြိုးစားတော့တာ။

ဂရုစိုက်ပေမယ့် မထိန်းချုပ်တော့တာ။

နီးနေပေမယ့် တစ်ယောက်ရဲ့လွတ်လပ်မှုကို မဖျက်ဆီးတော့တာ။

ဒါဟာ မေတ္တာရဲ့ မြင့်မြတ်တဲ့အဆင့်တစ်ခုပါ။ 🪷

Spiritual လမ်းကြောင်းရဲ့ သင်ခန်းစာက
တခြားသူတွေကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။

ကိုယ့်အတွင်းက “ငါလိုချင်တယ်၊ ငါပိုင်ချင်တယ်၊ ငါမဆုံးရှုံးချင်ဘူး” ဆိုတဲ့စိတ်တွေကို သတိထားမြင်လာပြီး အဲဒီစိတ်တွေထက် ကျော်လွန်ပြီး မေတ္တာထားတတ်လာဖို့ပါ။

နောက်ဆုံးမှာ ~

“သူ့ကြောင့် ငါကောင်းလာဖို့” မဟုတ်ပဲ
“ငါကောင်းလာတာကြောင့် ငါ့ဘေးကလူတွေလည်း ပိုလွတ်လပ်၊ ပိုအေးချမ်း၊ ပိုကောင်းမွန်လာစေဖို့”

အဲဒီလို မေတ္တာမျိုးကို ရှာဖွေသင်ယူနိုင်ခဲ့ရင် . .

အဲဒါက ကိုယ့်အကျိုးကို ကျော်လွန်ပြီး မြင်တတ်လာခြင်းပါ။

အဲဒါက မေတ္တာရဲ့ အေးမြခြင်း။

အဲဒါက မေတ္တာရဲ့ မြင့်မြတ်ခြင်း။

ကျွန်မအမြင်တော့ Spiritual လမ်းမှာ တကယ်လေ့လာလုပ်ဆောင်သင့်တဲ့ မေတ္တာတရားရဲ့ အနက်ရှိုင်းဆုံးသင်ခန်းစာတွေထဲက တစ်ခုပါပဲ။ 🌿🪷

✨🪷🪷🪷💫
Myo Nature

✨ Nature Oracle Healing 🪷🌿
12/08/2026

✨ Nature Oracle Healing 🪷🌿

🌿 🪷 အချစ်နဲ့ Attachment ကို မခွဲခြားနိုင်တဲ့အခါ . . . တစ်ခါတလေ လူတစ်ယောက်ကို အရမ်းချစ်တယ်လို့ ကိုယ်ထင်နေတဲ့အရာဟာတကယ်တော့...
11/08/2026

🌿 🪷 အချစ်နဲ့ Attachment ကို မခွဲခြားနိုင်တဲ့အခါ . . .

တစ်ခါတလေ လူတစ်ယောက်ကို အရမ်းချစ်တယ်လို့ ကိုယ်ထင်နေတဲ့အရာဟာ
တကယ်တော့ Love မဟုတ်ဘဲ Attachment ဖြစ်နေတတ်ပြန်ပါတယ်။

Attachment ဆိုတာ ချစ်ခြင်းမဟုတ်ပါဘူး။

လူတစ်ယောက်ကို ချစ်မိတဲ့အခါ
တစ်ခါတလေ သူ့ကို တန်ဖိုးထားတာနဲ့
သူ့ကို ပိုင်ဆိုင်ချင်တာကို မခွဲခြားနိုင်တော့ပါဘူး။

🍂 “မင်းကို မဆုံးရှုံးချင်ဘူး”
🍂 “မင်းက ငါ့အနားမှာ ရှိနေရမယ်”
🍂 “မင်းက ငါ့ကို ဒီလိုပဲ ဆက်ဆံရမယ်”
🍂 “မင်းက ငါပြောသလို နေရမယ်”

ဆိုတဲ့စိတ်တွေ ဝင်လာတဲ့အခါ . .
အဲ့ဒါဟာ Love ထက် Attachment ပိုများလာနေပြီ ဖြစ်နိုင်ပါတယ်။

Attachment ဆိုတာ လူတစ်ယောက်ကို ချစ်တာမဟုတ်ပဲ
ကိုယ့်စိတ်အေးချမ်းမှုအတွက် အဲ့ဒီလူကို မဖြစ်မနေ လိုအပ်လာခြင်းပါ။

🌿 Attachment ရဲ့အောက်မှာ ဘာရှိလဲ ?

အများအားဖြင့် Fear ရှိပါတယ်။

🍂 မဆုံးရှုံးချင်တဲ့ကြောက်စိတ်။
🍂 တစ်ယောက်တည်းကျန်ခဲ့မှာကြောက်စိတ်။
🍂 မလုံလောက်မှာကြောက်စိတ်။
🍂 ကိုယ့်နေရာကို တစ်ခြားသူယူသွားမှာကြောက်စိတ်။

အဲ့ဒီ Fear ကို မခံစားချင်တဲ့အခါ . .
စိတ်က Control လုပ်ဖို့ ကြိုးစားလာပါတယ်။

🍁 သူဘယ်မှာလဲ သိချင်တယ်။
🍁 ဘာလုပ်လဲ သိချင်တယ်။
🍁 ဘယ်သူနဲ့ရှိလဲ သိချင်တယ်။
🍁 ကိုယ်လိုချင်သလို ဆက်ဆံစေချင်တယ်။
🍁 ကိုယ်မကြိုက်တာ မလုပ်စေချင်ဘူး။

အပြင်ကကြည့်ရင် “ဂရုစိုက်တာ” လို့ ထင်ရပေမယ့် . .
အတွင်းမှာတော့ “မဆုံးရှုံးအောင် ထိန်းချုပ်နေတာ” ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် ~

Attachment က Control ကို မွေးဖွားစေတယ်။

Control က Fear ကို ခဏပဲ ဖုံးထားနိုင်တယ်။

Fear မပျောက်သရွေ့ Attachment ကလည်း မပျောက်ပါဘူး။

ဒါဟာ ချစ်သူတွေကြားမှာပဲ ဖြစ်တာမဟုတ်ပါဘူး။

မိဘနဲ့ သားသမီးကြားမှာလည်း ဖြစ်နိုင်ပါတယ်။

မိဘတစ်ယောက်က ~

🍂 “ငါက မင်းအတွက်ပဲ စိုးရိမ်တာ”
🍂 “မင်းက ငါပြောသလိုပဲ နေရမယ်”
🍂 “မင်းဘဝကို မင်းထက် ငါပိုသိတယ်”
🍂 “မင်းဒီလိုရွေးချယ်တာကို ငါလက်မခံဘူး”

လို့ ပြောမိတဲ့အခါ . . တကယ်တော့ အချစ်နဲ့အတူ Attachment နဲ့ Control ပါလာနေနိုင်ပါတယ်။

မိဘက သားသမီးကို အရမ်းချစ်နိုင်ပါတယ်။

ဒါပေမယ့် ချစ်ခြင်းနဲ့ ပိုင်ဆိုင်ခြင်းဟာ မတူပါဘူး။

သားသမီးကို မွေးဖွားပေးတာဟာ
သူ့ဘဝကို ပိုင်ဆိုင်ခွင့်ရတာ မဟုတ်ပါဘူး။

🍃 သူ့ကို ပြုစုပျိုးထောင်ပေးရမယ်။
🍃 ကာကွယ်ပေးရမယ်။
🍃 လမ်းပြပေးရမယ်။

ဒါပေမယ့် တစ်နေ့မှာတော့ . .

💫 သူ့ဘဝကို သူရွေးချယ်ခွင့်ပေးနိုင်ရပါမယ်။

ဒါဟာ မိဘက သားသမီးကို လက်လွှတ်လိုက်တာမဟုတ်ပါဘူး။

အချစ်ကို ပိုင်ဆိုင်မှုကနေ လွတ်လပ်မှုဆီ ပြောင်းပေးလိုက်တာပါ။

🕊️ တစ်ဖက်လူက ကိုယ့်အပေါ် Attachment ဖြစ်လာတဲ့အခါမှာလည်း . .

အစပိုင်းမှာတော့ အရမ်းနွေးထွေးသလို ခံစားရနိုင်ပါတယ်။

🍂 “သူက ငါ့ကို အရမ်းလိုအပ်တယ်။”
🍂 “သူက ငါ့ကို မဆုံးရှုံးချင်ဘူး။”
🍂 “သူက ငါ့ကို အရမ်းတန်ဖိုးထားတယ်။”

လို့ ခံစားရနိုင်ပါတယ်။

ဒါပေမယ့် Attachment ကြီးလာတဲ့အခါ ~

🍁 ဂရုစိုက်မှုက စောင့်ကြည့်မှုဖြစ်လာတယ်။
🍁 နီးကပ်မှုက မွန်းကျပ်မှုဖြစ်လာတယ်။
🍁 လိုအပ်မှုက ပိုင်ဆိုင်လိုမှုဖြစ်လာတယ်။
🍁 အချစ်က ဖိအားဖြစ်လာတယ်။

တစ်ယောက်က မဆုံးရှုံးချင်လို့ ပိုတွယ်ကပ်လာတယ်။

တစ်ယောက်က မွန်းကျပ်လာလို့ ပိုဝေးချင်လာတယ်။

အဲ့ဒီအချိန်မှာ
နှစ်ယောက်စလုံး ချစ်နေကြပေမယ့်
နှစ်ယောက်စလုံး မပျော်နိုင်တော့ပါဘူး။

🌱 ဒါဆို Love က ဘာလဲ?

Love ဆိုတာ ~

“မင်းကို ငါလိုချင်တယ်” ထက်
“မင်းကို ငါတန်ဖိုးထားတယ်” ဆိုတာ ပိုများပါတယ်။

“မင်းက ငါ့အတွက် ဖြစ်ရမယ်” ထက်
“မင်းဟာ မင်းဘဝကို မင်းပိုင်တယ်” ဆိုတာကို လက်ခံနိုင်ပါတယ်။

“မင်းငါ့ကို မထားခဲ့ရဘူး” ထက်
“မင်းရွေးချယ်မှုကို ငါလေးစားတယ်” လို့ ပြောနိုင်ပါတယ်။

Love မှာ Freedom ရှိပါတယ်။

Attachment မှာ Fear ရှိပါတယ်။

Love က လက်ကိုင်ထားတယ်။
Attachment က လက်ထဲမှာ ချုပ်ထားတယ်။

🪷 ဒါကြောင့် ကိုယ့်ကိုယ်ကို တစ်ခါလောက် မေးကြည့်ပါ။

“ငါသူ့ကို ချစ်နေတာလား ?
ဒါမှမဟုတ် သူ့ကို မဆုံးရှုံးချင်တာလား ?”

“ငါသူ့ကို တန်ဖိုးထားနေတာလား ?
ဒါမှမဟုတ် သူ့ကို ပိုင်ဆိုင်ချင်နေတာလား ?”

“ငါသူ့ကို ဂရုစိုက်နေတာလား ?
ဒါမှမဟုတ် ငါအေးချမ်းဖို့ သူ့ကို ထိန်းချုပ်နေတာလား ?”

အဖြေက တစ်ခါတလေ နာကျင်နိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒီအဖြေကို ရိုးသားစွာမြင်နိုင်တဲ့နေ့ကစပြီး Healing စတင်ပါတယ်။

🌕 Detachment ဆိုတာ မချစ်တော့တာ မဟုတ်ပါဘူး။

💫 Detachment ဆိုတာ ~

ချစ်နေရင်းနဲ့ ပိုင်ဆိုင်ဖို့ မလိုတော့တာ။

တန်ဖိုးထားနေရင်းနဲ့ ထိန်းချုပ်ဖို့ မလိုတော့တာ။

ပေးနေရင်းနဲ့ ပြန်ရဖို့ မတောင်းဆိုတော့တာ။

ရှိနေတဲ့အချိန်ကို တန်ဖိုးထားပြီး
တစ်နေ့မှာ မရှိတော့နိုင်တာကိုလည်း လက်ခံနိုင်တာ။

နောက်ဆုံးမှာ ~

“မင်းဟာ ငါ့အပိုင်မဟုတ်ဘူး။
မင်းဟာ မင်းဘဝကို မင်းပိုင်တယ်။
ငါ့ဘဝထဲကို ရောက်လာပေးခဲ့တာကိုတော့
ငါကျေးဇူးတင်တယ်…”

လို့ ပြောနိုင်လာတဲ့အခါ
အဲ့ဒီအချစ်ဟာ Attachment ကနေ လွတ်လာပါပြီ။

🪷 အချစ်ရဲ့ အမြင့်ဆုံးပုံစံက
တစ်ယောက်ကို ကိုယ့်အနားမှာ ထားနိုင်ခြင်းမဟုတ်ပါဘူး။

ကိုယ်ပိုင်ဆိုင်ခွင့်မရှိတဲ့အရာကိုတောင်
လေးစားနိုင်ခြင်း၊
မိမိဆန္ဒအတိုင်းမဖြစ်တဲ့အခါတောင်
ချစ်ခြင်းမပျက်နိုင်ခြင်း၊
လွတ်လပ်ခွင့်ပေးရင်းနဲ့
ကိုယ့်အတွင်းမှာလည်း ငြိမ်းချမ်းနေနိုင်ခြင်းပါ။

🌿 🪷 Love says — “I love you.”
Attachment says — “I need you to love me back.”

အချစ်ကို ပိုင်ဆိုင်ခြင်းနဲ့ မတိုင်းပါနဲ့။
လွတ်လပ်ခွင့်ပေးနိုင်တဲ့အတိုင်းအတာနဲ့လည်း တိုင်းကြည့်ပါ။ 🤍🪷

ကိုယ်ချစ်တဲ့သူကို ကိုယ်ပိုင်ဆိုင်ထားနိုင်တာက ချစ်ခြင်းရဲ့အောင်မြင်မှုလို့ မဆိုနိုင်ပါဘူး။

ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ဆန္ဒအတိုင်းမဖြစ်လာတဲ့အခါတောင် သူ့ကို လူတစ်ယောက်အဖြစ် လေးစားနိုင်သေးတာက ချစ်ခြင်းရဲ့ရင့်ကျက်မှုပါပဲရှင်။

✨🌿🪷🕊️
Myo Nature

🌿 ကြာသပတေးသားသမီးများအတွက် ကံပွင့်/ လာဒ်ပွင့်ရန် အထူးယတြာ ✨ကြာသပတေးသားသမီးလေးများ ကံကောင်း လာဒ်ပွင့်ဖို့အတွက် ကံ့ကော်အခတ...
11/08/2026

🌿 ကြာသပတေးသားသမီးများအတွက် ကံပွင့်/ လာဒ်ပွင့်ရန် အထူးယတြာ ✨

ကြာသပတေးသားသမီးလေးများ ကံကောင်း လာဒ်ပွင့်ဖို့အတွက် ကံ့ကော်အခတ် 15 ခတ် ကြာသာပတေးနေ့ နံက်တွင် ဘုရားတွင်လှူဒါန်းပါရှင်။

✨ Hypnotherapy + Crystal Healing session 🪻🕊️🪷🪷🪷𝙼𝚢𝚘 𝙽𝚊𝚝𝚞𝚛𝚎
11/08/2026

✨ Hypnotherapy + Crystal Healing session 🪻🕊️

🪷🪷🪷
𝙼𝚢𝚘 𝙽𝚊𝚝𝚞𝚛𝚎

🍃🤍🕊️ “ငါ့နှလုံးသားက ဘာလို့ မလုံခြုံသေးတာလဲ ? ”မင်းဟာ spiritual work တွေ Healing တွေ လုပ်နေရင်းနဲ့ပဲ . . မင်းမလွတ်မြောက်သ...
09/08/2026

🍃🤍🕊️ “ငါ့နှလုံးသားက ဘာလို့ မလုံခြုံသေးတာလဲ ? ”

မင်းဟာ spiritual work တွေ Healing တွေ လုပ်နေရင်းနဲ့ပဲ . . မင်းမလွတ်မြောက်သေးတာဟာ မင်း spiritual မဖြစ်သေးလို့ မဟုတ်ဘူး။

မင်း healing မလုပ်တတ်လို့လည်း မဟုတ်ဘူး။

🌿 “ဘယ်တော့ ငါလုံခြုံမလဲ?”

တစ်နေ့မှာ တစ်ယောက်ယောက်က မင်းကိုရွေးချယ်ပြီး မထားခဲ့တော့ဘူးဆိုတဲ့ အခါမှ လုံခြုံလာမယ်လို့ မစောင့်ပါနဲ့။

လုံခြုံခြင်းဆိုတာ “သူမထားခဲ့ဘူး” ဆိုတာထက်
“သူထားခဲ့ရင်တောင် ငါကိုယ်တိုင်ကို ငါမထားခဲ့ဘူး” ဆိုတဲ့နေရာကို ရောက်လာတာပါ။

အဲဒီနေရာကိုရောက်လာတဲ့အခါ . .

သူတစ်ယောက် မပြန်လာလို့ မင်းရဲ့တန်ဖိုးမလျော့တော့ဘူး။

တစ်ယောက်ယောက်ရဲ့အချစ် ပြောင်းသွားလို့
“ငါမလုံလောက်ဘူး” လို့ ကိုယ့်ကိုယ်ကို မစွပ်စွဲတော့ဘူး။

တစ်ယောက်ယောက်က ထွက်သွားတဲ့အခါ
သူ့နောက်ကို မင်းဘဝတစ်ခုလုံးနဲ့ လိုက်ဖမ်းဖို့ မလိုတော့ဘူး။

ပြီးတော့ အရေးကြီးဆုံးက . .

တစ်ယောက်ယောက်က မင်းကိုမရွေးချယ်တဲ့နေ့မှာတောင် မင်းက မင်းကိုယ်မင်း ရွေးချယ်နိုင်လာမယ်။

🕊️ Spiritual knowledge နဲ့ healing က မတူပါဘူး။

မင်းက အများကြီးလေ့လာပြီးသားဖြစ်နိုင်တယ်။

Shadow work, abandonment, attachment, ego, acceptance, manifestation, spirituality…
အရာတွေကို နားလည်နိုင်တယ်။

ဒါပေမယ့် နားလည်ခြင်းက nervous system ကို ချက်ချင်းမလုံခြုံစေဘူး။

တစ်ခါတလေ healing ဆိုတာ
နောက်ထပ်စာအုပ်တစ်အုပ်ဖတ်တာ၊ meditation တစ်ခုထပ်လုပ်တာ မဟုတ်ပါဘူး။

မင်းရဲ့ အိပ်ရာပေါ်မှာ တစ်ယောက်တည်းကျန်နေတဲ့ညတွေမှာ . .

“သူမရှိတော့လည်း ငါရှိနေသေးတယ်။
ငါ့ရင်ထဲကနာကျင်မှုကို ငါမပြေးဘူး။
ဒီနေ့ ငါ့ကိုယ်ငါ မစွန့်ပစ်ဘူး။”

လို့ ကိုယ့်ကိုယ်ကို ပြန်ပွေ့ဖက်ပေးနိုင်လာတာမျိုးပါ။

ချစ်ခြင်းနဲ့ လိုက်ဖမ်းခြင်းဟာ မတူဘူး။

တစ်ယောက်ယောက်ကို ချစ်လို့ သူ့ဘေးမှာနေချင်တာက မမှားဘူး။

ဒါပေမယ့် . . သူမနေချင်တော့တဲ့နေရာမှာ . .
ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတဲ့အထိ လိုက်နေရတာကတော့ . . ချစ်ခြင်းထက် ကိုယ့်ကိုယ်ကို စွန့်ပစ်ခြင်း ဖြစ်လာနိုင်တယ်။

မင်းအခု မောနေပြီဆိုရင် . . . လိုက်မနေတော့ဖို့ ခွင့်ပြုပါ။

သူ့ကို မုန်းဖို့မလိုဘူး။

အပြစ်တင်ဖို့မလိုဘူး။

အတင်းမေ့ဖို့မလိုဘူး။

ချစ်နေသေးရင်တောင် လွှတ်ထားလို့ရတယ်။

✨🌙 🪻🕊️ဒီည မင်းလုပ်ရမယ့် healing က တစ်ခုပါပဲ။

မင်းရဲ့ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ပြီး အသက်ကို ဖြည်းဖြည်းရှူပါ။

ပြီးတော့ . .

“ငါ့ဘဝမှာ လူတွေထွက်သွားခဲ့ကြတယ်။
အဲဒါကြောင့် ငါ့မှာ တစ်ခုခုမှားနေတာ မဟုတ်ဘူး။
ငါအထီးကျန်နေတယ်။
ဒါပေမယ့် ငါစွန့်ပစ်ခံရတာနဲ့ ငါဟာ စွန့်ပစ်ခံရထိုက်သူဆိုတာ မတူဘူး။
ဒီနေ့ကစပြီး . . ငါ့ကိုယ်ငါ မထားခဲ့တော့ဘူး။
ငါ့နာကျင်မှုကို ငါနားထောင်မယ်။
ငါ့အတွက် ငါနေရာပေးမယ်။
တစ်နေ့နေ့မှာ အခြားသူတစ်ယောက်ရဲ့လက်ထဲမှာမဟုတ်ပဲ . .
ငါ့ကိုယ်ပိုင်အတွင်းမှာ လုံခြုံမှုကို ပြန်တွေ့မယ်။”
ဒီစကားလေးတွေကို မင်းနှလုံးသားနဲ့ မင်းရဲ့ 𝚂𝚘𝚞𝚕 ထဲက ကြားအောင်ပြောကြည့်ပါအုံး။

ပြီးတော့ ငိုချင်ရင် ငိုပါ။

ဒီနေ့ မင်းရဲ့တာဝန်က “အထီးကျန်ခြင်းကို အနိုင်ယူဖို့” မဟုတ်ဘူး။

အထီးကျန်နေတဲ့ မင်းကို မင်းကိုယ်တိုင် မစွန့်ပစ်ဖို့ပါ။

မင်းမေးချင်နေတဲ့ “ဘယ်တော့ လွတ်မြောက်မလဲ ?” ဆိုတဲ့မေးခွန်းကို 𝙼𝚢𝚘 တော့ အတိအကျရက်စွဲနဲ့ မပြောနိုင်ပါဘူး။ဒါပေမယ့် . . လွတ်မြောက်ခြင်းက တစ်နေ့မနက် နိုးလာပြီး နာကျင်မှုလုံးဝပျောက်သွားတာမျိုး မဟုတ်နိုင်ပြန်ဘူး။

✨🪷 တဖြည်းဖြည်းနဲ့ . .

သူ့ကို မလိုတော့တာမဟုတ်ပဲ . .
သူမရှိလည်း ကိုယ့်ကိုယ်ကို မပျောက်တော့တဲ့နေ့ . . ။

တစ်ယောက်ယောက်က ထွက်သွားတဲ့အခါ . . “ငါ့ကိုထားခဲ့ပြီ” လို့ မဟုတ်တော့ပဲ “ဒီဆက်ဆံရေးက ဒီမှာပြီးသွားပြီ” လို့ မြင်နိုင်တဲ့နေ့ ။

တစ်ယောက်တည်းရှိနေရတာနဲ့ စွန့်ပစ်ခံရတာကို မရောထွေးတော့တဲ့နေ့ . . ။

✨ အဲဒီနေ့တွေကစပြီး မင်းဟာ လွတ်မြောက်လာနေပြီ။

ပြီးတော့ မင်းအခုခံစားနေရတဲ့ “ငါဘယ်တော့မှ မလုံခြုံတော့ဘူး” ဆိုတာကို နာကျင်နေတဲ့စိတ်က ပြောနေတာပါ။ အနာဂတ်ရဲ့အမှန်တရား မဟုတ်ပါဘူး။

ဒီညတော့ ဘဝတစ်ခုလုံးကို ဖြေရှင်းဖို့ မလိုဘူး။

ဒီညတစ်ညကိုပဲ ကိုယ့်ဘေးမှာ ကိုယ်နေပါ။ 🕊️

🪷🪷🪷
𝙼𝚢𝚘 𝙽𝚊𝚝𝚞𝚛𝚎

✨𝙲𝚛𝚢𝚜𝚝𝚊𝚕 𝙷𝚎𝚊𝚕𝚒𝚗𝚐 + 𝙷𝚢𝚙𝚗𝚘𝚝𝚑𝚎𝚛𝚊𝚙𝚢 𝚜𝚎𝚜𝚜𝚒𝚘𝚗 💫အသိစိတ်နဲ့ပဲ ဦးဆောင်နေတဲ့ Masculine တယောက်ရဲ့စိတ်ဟာ deep down ထဲအထိကို အနားရ အေ...
09/08/2026

✨𝙲𝚛𝚢𝚜𝚝𝚊𝚕 𝙷𝚎𝚊𝚕𝚒𝚗𝚐 + 𝙷𝚢𝚙𝚗𝚘𝚝𝚑𝚎𝚛𝚊𝚙𝚢 𝚜𝚎𝚜𝚜𝚒𝚘𝚗 💫

အသိစိတ်နဲ့ပဲ ဦးဆောင်နေတဲ့ Masculine တယောက်ရဲ့စိတ်ဟာ deep down ထဲအထိကို အနားရ အေးချမ်းသွားစေခဲ့တဲ့အတွက် လုပ်နိုင်စွမ်းတွေပိုမိုတောက်ပလာတဲ့အတွက် အများကြီးကျေးဇူးတင်တယ်လို့ တဖွဖွပြောတဲ့ မောင်နှမနှစ်ယောက် Aunty ပြီးတော့ Uncle ပါဆက်တိုက် Healing လာယူခဲ့တဲ့ Client နှစ်ယောက်ပါရှင်။ 🪷🕊️

🪷🪷🪷
𝙼𝚢𝚘 𝙽𝚊𝚝𝚞𝚛𝚎

✨ Crystal Healing Session 🪻🕊️🌿Myo Nature
08/08/2026

✨ Crystal Healing Session 🪻🕊️

🌿
Myo Nature

✨ Hypnotherapy + Crystal Healing + Oracle Healing session 🪷🌿Package တွေ ကိုယ်တိုင်ပြင်ပေးပြီး Healing 3 မျိူး လာရောက် အာ...
07/08/2026

✨ Hypnotherapy + Crystal Healing + Oracle Healing session 🪷🌿

Package တွေ ကိုယ်တိုင်ပြင်ပေးပြီး Healing 3 မျိူး လာရောက် အားပေးသွားတဲ့ သူငယ်ချင်း Dr - Zayar 💫

အတွင်းရောအပြင်ပါ အပြည့်ဝဆုံး အနားရရှိပါစေ။ 🪻🦋

ဘုရားပန်းလေးတွေလာတိုင်းလိုလို အမြဲလက်ဆောင်ယူလာပေးတဲ့အတွက်လဲ ကျေးဇူးပါ သူငယ်ချင်းရေ ✨

💦🌧️🕊️
𝙼𝚢𝚘 𝙽𝚊𝚝𝚞𝚛𝚎

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myo Nature posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share