Myo Nature

Myo Nature Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Nature, Digital creator, Yangon.

🌿 ဘဝထဲမှာ ပေးဆပ်ရတာ၊ မမျှတမှုတွေကြုံတွေ့ရတာ ကြောင့် များစွာထိခိုက်ခဲ့ပေမယ့်၊ အဲဒီအတွေ့အကြုံတွေကနေ ငါတစ်ခုခုကို သိလာခဲ့တယ...
17/09/2025

🌿 ဘဝထဲမှာ ပေးဆပ်ရတာ၊ မမျှတမှုတွေကြုံတွေ့ရတာ ကြောင့် များစွာထိခိုက်ခဲ့ပေမယ့်၊ အဲဒီအတွေ့အကြုံတွေကနေ ငါတစ်ခုခုကို သိလာခဲ့တယ်။
“တစ်ခါတလေ ငြိမ်းချမ်းမှုဟာ တိုက်တပွဲလို တိုက်ယူနေရတာ မဟုတ်ဘူးဆိုတာ . . ကိုယ့်ကိုယ်ကိုယ် ထပ်မံပေးဆပ်စရာမလိုအောင် အကာအကွယ်ထားနိုင်ခြင်း” ဆိုတာကို နားလည်သွားခဲ့တယ်။

အခုတော့ ငါ့အတွက် awareness အဖြစ်ကျန်ရစ်သွားတာက —
🍀 မမျှတမှုတွေကို ခံလို့သာမက မိမိတန်ဖိုးကို ထပ်မံကျဆင်းသွားအောင် မထားသင့်ကြောင်း ။
🍀 ပေးဆပ်ခြင်းက အချိန်နဲ့ စိတ်ဓာတ်ကိုလည်း ယူဆောင်သွားနိုင်တာကြောင့် အချိန်မမှန် နေရာဒေသ မမှန် လူမမှန်ရင် ရပ်တန့်ခြင်းရှိဖို့ လိုအပ်ကြောင်း ။
🍀 ကိုယ့်ကိုယ်ကိုယ် မေတ္တာထားပေးရမယ် ဆိုတဲ့ သင်ခန်းစာတွေပေါ့ ။

ဘဝအတွက် အကျိုးအရှိဆုံး ငါသိလာခဲ့ရတာက “ပေးဆပ်ရမယ့်နေရာကို ရွေးချယ်နိုင်ခြင်းက တကယ့်အင်အားကြီးမားတဲ့ self-awareness” ဆိုတာပဲ။

တစ်ခါတလေ ငါ့ဘဝထဲမှာ ပေးဆပ်ခြင်းတွေ အရမ်းများခဲ့တယ်။ မျှတမှုမရှိတာတွေကြုံလာပြီး တစ်ခါတစ်ရံတော့ အထိခိုက်ဆုံးဆိုတဲ့သူက ငါကိုယ်တိုင်ဖြစ်နေခဲ့တယ်။ အဲဒီအချိန်တွေမှာ ငါ မိမိကိုယ်ကို တန်ဖိုးမထားသလို ဖြစ်နေခဲ့တာကို နောက်မှပဲ နားလည်မိခဲ့တယ်။

ဒါပေမယ့် အခု နောက်ကြောင်းပြန်ကြည့်ရင်း . . နားလည်သွားတယ်— ပေးဆပ်ခြင်းဟာ တန်ဖိုးရှိနိုင်ပေမယ့်၊ မိမိကိုယ်တိုင်ကို မကျဆင်းသွားစေမယ့် နေရာမှာပဲ လုပ်သင့်တယ် ဆိုတာ။ မျှတမှုမရှိတဲ့အရာတွေကို လက်ခံနေရင်း နွံထဲဝင်နေမိတဲ့အချိန်မှာ ငြိမ်းချမ်းမှုမရနိုင်သလို့၊ တစ်ချိန်တည်းမှာ တကယ့်အရာကိုလည်း လက်လွှတ်နေခဲ့တယ်ဆိုတာ သိလာခဲ့တယ်။

အခုတော့ ငါ့အတွင်းမှာ သတိထားနိုင်တဲ့ awareness တစ်ခု တည်သွားခဲ့ပါပြီ—
🤍 ပေးဆပ်ခြင်းဟာ အမြဲကောင်းမဟုတ်ဘဲ တခါတရံ ရပ်တန့်ဖို့လိုတယ်။
🤍 မျှတမှုမရှိတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ထပ်မံကျဆင်းသွားစေမယ့်အထိ ခံကြရမသင့်ဘူး။
🤍 ကိုယ့်ကိုယ်ကိုယ်ကို တန်ဖိုးထားပေးတာက အားအကြီးဆုံး self-love ဖြစ်တယ်။

ဒီ awareness နဲ့အတူ ငါ အခုမှပဲ ငြိမ်းချမ်းမှုနဲ့ တကယ့်တန်ဖိုးရှိတဲ့ ပေးဆပ်ခြင်းအတွက်တွေဆိုရင်လဲ balance ညီညီ မကြောက်နေပဲ လုပ်နိုင်ဖို့ကို ရွေးချယ်ဖို့ စတင်နေပြီလေ။

ငါ . . ပေးဆပ်ခဲ့သမျှက တန်ဖိုးမရှိခဲ့တာမဟုတ်ပါဘူး။ ငါ . . တကယ့်နာကျင်စေတဲ့အရာက မိမိကိုယ်ကိုယ်ကို လုံးဝမသိသာအောင် ငါကိုယ်တိုင် အကျဉ်းချထားခဲ့မိတာ…
ဒီအတွေးကမ္ဘာကြီးကပဲ ကိုယ့်ကိုယ်ကိုယ်ကို ငြိမ်းချမ်းမှုမပေးနိုင်အောင် ဆက်တိုက်ကျဆင်းသွားခဲ့တာ…

အခုတော့ ငါသိလာပြီ— မျှတမှုမရှိတဲ့အရာကို ခံစားရတဲ့အခါ ငါ့အတွင်းကို ချိုးဖောက်ပစ်သွားတာနဲ့တူတယ်။ ပေးဆပ်ရမယ့်နေရာကို မရွေးချယ်နိုင်သေးတဲ့ ငါ့မပြည့်စုံမှုက ငါ့ရဲ့အနာဂတ်ကို အမိုက်ဖုံးထားခဲ့တာ။

ဒါကြောင့် အခု awareness တစ်ခုနဲ့ အမြဲ ကျေးဇူးတင်နေမိတယ်— ငါ့အတွက် အားနည်းဆုံးအချိန်တွေထဲက လေ့လာရခဲ့တာက “မိမိကိုယ်တိုင်ကို မကျဆင်းအောင် မိမိကိုယ်တိုင်ကပဲ ကာကွယ်ပေးနိုင်ရမယ်” ဆိုတဲ့ သင်ခန်းစာပဲ…

တစ်ခါတလေ ပေးဆပ်ခြင်းဟာ စစ်မှန်တဲ့ချစ်ခြင်းမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် မေ့လျော့ခြင်းတစ်ခုသာ ဖြစ်နိုင်တယ်ဆိုတာ ငါနားလည်သွားပြီ…

တစ်ခါတလေ ငါပေးဆပ်ခဲ့သမျှတွေဟာ မထိန်းချုပ်နိုင်တဲ့ မျှတမှုမရှိတဲ့အရာတွေအတွက်ဖြစ်ပြီး… အဲ့ဒီအတွက် ငါ့စိတ်ကို အကြိမ်ကြိမ်ရိုက်ချိုးမိခဲ့တယ်။ တစ်ယောက်အတွက် တခုခုအတွက် ငါနဲ့ အံဝင်ခွင်ကျမရှိလှတဲ့ တန်ဖိုးမရှိတဲ့ အရာတွေကို ငါ့အချိန်၊ ငါ့စိတ်၊ ငါ့ရင်ခွင်နွမ်းသွားအောင် ပေးဆပ်ခဲ့တယ်ဆိုတာကို နောက်မှပဲ သိခဲ့ရတယ်။ အဲဒီအချိန်တွေထဲမှာ ငါ့ကိုယ်ငါပဲ အမြဲ အားအနည်းဆုံးဖြစ်နေခဲ့တာ…

မယုံနိုင်လောက်အောင် နာကျင်တဲ့အချက်က— မျှတမှုမရှိတာကို ငါမစွန့်ခွာနိုင်ဘဲ စဉ်ဆက်မပြတ် ခံနေမိလို့ပဲ ဖြစ်တယ်။ ငါ တစ်ယောက်ကိုချစ်မိတာမို့ ၊ တစ်ယောက်ယောက်ကို ငါ့ထက်ပိုပြီး တန်ဖိုးထားမိတာမို့ ငါဆိုတဲ့ ငါ့စိတ်နှလုံးသားလေးနဲ့ ငါ့အတွင်းထဲက ငြိမ်းချမ်းမှု့တွေကို ငါတယောက်ထဲ ဖယ်ပစ်လိုက်ခဲ့တာပဲကို . . ။
ပေးဆပ်ခြင်းဆိုတဲ့ အမူအရာနဲ့ တကယ့်ချစ်ခြင်းကို ငါ့အတွက် ငါဆိုတာ ညှာတာပေးရမဲ့ ငါဆိုတဲ့ အရာလေးကို နားလည်သဘောမပေါက် ကွဲမထွက်နိုင်သေးတာကြောင့် ငါ့ရင်ထဲက အလင်းလေးတွေ နဲနဲချင်းစီ သေးကျုံ့သွားခဲ့တယ်။

ဒါပေမယ့် အခု ငါနားလည်သွားပြီ။ တစ်ခါတလေ ပေးဆပ်ခြင်းဟာ မေတ္တာမဟုတ်နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်မေ့လျော့ခြင်း ဖြစ်နိုင်တယ်။ တစ်ခါတလေ မျှတမှုမရှိတာကို ခံနေရတာဟာ သည်းခံမှုမဟုတ်ဘဲ ကိုယ့်အတွင်းကို ချိုးဖောက်ခံနေရခြင်း ဖြစ်နိုင်တယ်။

အဲဒီနာကျင်မှုတွေကြားထဲကနေပဲ ငါ့အတွက် အကြီးဆုံးသင်ခန်းစာတစ်ခု ထပ်မံ ထွက်ပေါ်လာတယ်—
ငါ့ကိုယ်ငါ မကျဆင်းအောင် ကာကွယ်ပေးဖို့လိုတယ်။
ငါ့တန်ဖိုးကို ငါ့ရဲ့အမူအရာနဲ့ ကာကွယ်ပေးဖို့လိုတယ်။
ငါ့အတွက် ငြိမ်းချမ်းမှုကို ငါသာ ရွေးချယ်ပေးဖို့လိုပါတယ်။

ဒီ awareness က ငါ့ရင်ထဲမှာ မဖျောက်နိုင်တဲ့ အမှတ်အသားလို စွဲနေခဲ့ပြီ… နာကျင်မှုက အမှတ်အသားပေးသွားသလို၊ ငြိမ်းချမ်းမှုကို ရွေးချယ်ဖို့ အားက ငါ့ရဲ့ စိတ်ထဲ ရှင်သန်လာခဲ့တော့တယ်။

နာကျင်မှုတွေကြောင့် ငါကိုယ်ငါ မေ့ခဲ့မိပေမယ့်၊ အဲဒီ ငါမရှိတော့တဲ့ ကြားထဲက ငါ့ရဲ့ ပြန်လည်မွေးဖွားလာခြင်း စိတ်နှလုံးသားအသစ်ကို တည်ဆောက်နိုင်မယ်ဆိုတာ ငါအခုသိလာခဲ့ပါပြီ။

မင်းလည်း မျှတမှုမရှိတဲ့အရာတွေကြောင့် ကျရှုံးသွားခဲ့ရင် မင်း ကိုယ်ကိုယ်တိုင်ကို ခွင့်လွှတ်နားလည် နှစ်သိမ့်ပေးပြီးတဲ့အခါ ခိုင်မာစွာ ထပ်မံထူထောင်နိုင်မယ် လို့ ယုံကြည်ထားပါ… ။

မင်းရဲ့တန်ဖိုးကို မင်းပဲ သတ်မှတ်ပါ 💛

Hypnosis session အပြီး ကိုယ်ချင်းစာတရား နှင့်ယှဉ်၍ ဆင်ခြင်ရေးသားမိသော ကျွန်မ ၏ အတွေးစလေးများ . . ။

🍀 copy ကူးယူဖော်ပြခွင့်မရှိပါ။ လွတ်လပ်စွာ Share နိုင်ပါသည်။ 🍀

Myo Nature 🌿🤍🕊️

🌿 Thank u so much . . My Dearest Clients လိုရာပြည့်စုံပါစေ . . 🍀Myo Nature 🌿🤍🕊️
17/09/2025

🌿 Thank u so much . .

My Dearest Clients

လိုရာပြည့်စုံပါစေ . . 🍀

Myo Nature 🌿🤍🕊️

First Money Ritual (ပထမငွေ Ritual) • နည်းလမ်း: - တစ်ရက်/တစ်လ ( သို့ ) ပထမဦးဆုံးရတဲ့ ငွေကို ချက်ချင်းမသုံးပဲ ၁၀ပုံ ၁ပုံ (...
16/09/2025

First Money Ritual (ပထမငွေ Ritual)

• နည်းလမ်း: - တစ်ရက်/တစ်လ ( သို့ ) ပထမဦးဆုံးရတဲ့ ငွေကို ချက်ချင်းမသုံးပဲ ၁၀ပုံ ၁ပုံ ( သို့ ) အပုံ ၁၀၀ ၁ပုံ ကို ချန်ထား၍ အနည်းဆုံး တစ်ရက် ( သို့ ) တစ်ပတ် ကြွေ ပန်းကန်ပြားပေါ်တွင် လိမ္မော်ရောင်အဆင်းရှိသော ပဲနီလေး ခင်း၍ ထိုငွေအား ပဲနီလေးခင်းထားသော ပေါ်တွင်တင်၍ အမြင့်တနေရာတွင် တင်ထားပါ။

• အကျိုး: - အဲ့ဒီငွေဟာ တစ်လပတ်လုံး ငွေဝင်ပေါက်အဖြစ် လမ်းဖွင့်ပေးပါလိမ့်မည်။

• နောက်တကြိမ် ငွေဝင်လာပြီ နှင့် တပြိုင်နက် မိမိ သိမ်းထားသော ၁၀ ပုံ ၁ပုံ မှ ( ၁ပုံ ) ကို ( သို့ ) အပုံ ၁၀၀ မှ ( ၁ပုံ ) ကို လိုအပ်နေသူများထံ လှူဒါန်းပါ။

ဒီလိုနှင့် တစ်နှစ်ပတ်လုံး လုပ်၍သွားပါ။

ထင်မှတ်မထားလောက်အောင် ငွေစီးဆင်းမှု့ အားကောင်း လာပါလိမ့်မည်။

မိမိထံ ရောက်ရှိလာသော ငွေကြေးများသည်လဲ ပျော်ရွှင်သော ငွေကြေး ၊ သန့်စင်၍ ပြန်မထွက်သွားသော ငွေကြေးများ ပိုင်ဆိုင်ရရှိမည်မှာ ကြိမ်းသေပင် ဖြစ်ပါသည်။

Myo Nature 🌿🤍🕊️

🌿🌎 သဘာဝတရားကြီး (Nature) နဲ့ Spirituality ဆက်နွယ်မှု 🕊️ • သဘာဝကို အနီးကပ် နေထိုင်မိတဲ့အခါ လူတွေဟာ စိတ်ထဲမှာ ငြိမ်းချမ်း...
12/09/2025

🌿🌎 သဘာဝတရားကြီး (Nature) နဲ့ Spirituality ဆက်နွယ်မှု 🕊️


• သဘာဝကို အနီးကပ် နေထိုင်မိတဲ့အခါ လူတွေဟာ စိတ်ထဲမှာ ငြိမ်းချမ်းမှု၊ အေးချမ်းမှု တွေကို ခံစားရပါတယ်။

• တော၊ တောင်၊ ရေ၊ လေ၊ နေထွက်၊ နေဝင် စတဲ့ သဘာဝအရာတွေဟာ အာနိသင်ကြီးတဲ့ Symbol ဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အခြားစွမ်းအားယုံကြည်မှုတွေမှာပါ အဓိကအခန်းကဏ္ဍ ယူထားပါတယ်။

• သဘာဝအလှတရားတွေကို အာရုံစိုက်ပြီး သတိထားကြည့်တဲ့အခါ လူအများက သူတို့ရဲ့ အသက်တာဟာ သဘာဝအပိုင်းတစ်ခု ဖြစ်နေတယ် ဆိုတဲ့ ခံစားချက်ကို ရနိုင်ပါတယ်။ ဒါကတော့ spiritual connection တစ်မျိုး ဖြစ်ပါတယ်။

⸝

🌿 Mental Healing ဖြစ်စေတဲ့ အချက်များ

1. စိတ်ဖိစီးမှု လျော့ကျစေမှု – သဘာဝပတ်ဝန်းကျင်ထဲ သွားရောက်နေထိုင်တဲ့အခါ စိတ်ဖိစီးမှု အဆင့်တွေ လျော့နည်းပြီး ကိုယ့်စိတ်ကို ပိုအေးချမ်းစေပါတယ်။

2. Mindfulness တိုးတက်စေမှု – သဘာဝသစ်တောထဲမှာ လေသံ၊ ငှက်သံ၊ ရေစီးသံ စတဲ့ natural sound တွေကို သတိထားနားထောင်တဲ့အခါ Present Moment ကို သက်တောင့်သက်သာ ခံစားနိုင်ပြီး စိတ်ရောဂါဆိုင်ရာ နာတာရှည် လျော့နည်းသက်သာစေသော အကျိုးရှိနိုင်ပါတယ်။

3. Energy Balance – သဘာဝနဲ့ နီးကပ်ခြင်းက ကိုယ့်ရဲ့ စိတ်ဓာတ်၊ ဂရုစိုက်မှု၊ စွမ်းအင် စတာတွေကို ချိန်ညှိပေးတတ်ပါတယ်။

4. Inner Peace – သဘာဝထဲမှာ စိတ်နှစ်ခံစား၍ နေတာဟာ စိတ်ပိုင်းဆိုင်ရာ ငြိမ်သက် ငြိမ်းချမ်းမှု့ကို ပေးနိုင်ပြီး meditation နဲ့ ဆင်တူတဲ့ အကျိုး ဆိုင်ရာ အေးချမ်းမှုကို ရစေနိုင်ပါတယ်။

⸝

🌿 သဘာဝတရားကြီးနဲ့ Spirituality တို့ဟာ တူညီတဲ့အချက်တစ်ခု ရှိပါတယ်—အဲဒါကတော့ လူသားတွေရဲ့ စိတ်ကို ငြိမ်းချမ်းစေတယ် ဆိုတာပါပဲ။
ရိုးရှင်းသောနည်းလမ်းတွေဖြစ်တဲ့ သဘာဝကို အာရုံစိုက်ခြင်း၊ သဘာဝနဲ့ ဆက်သွယ်ခြင်းတွေဟာ စိတ်ပိုင်းဆိုင်ရာ အနာအဆာတွေကို သက်သာစေပြီး mental healing ဖြစ်စေပါတယ်။

⸝

🌿 သဘာဝနဲ့ Spiritual Healing ဥပမာများ
1. သစ်ပင်အောက် Meditation
• သစ်ပင်အောက်မှာ ထိုင်ပြီး လေဝင်လေထွက်ကို သတိထားမိအောင် လေ့ကျင့်ပါ။
• သစ်ပင်ရဲ့ အစွမ်းအင်ကို ခံစားပြီး ကိုယ့်စိတ်ထဲမှာ တည်ငြိမ်မှု ရစေပါတယ်။

2. Grounding
• ခြေထောက်ကို ဖိနပ်ချွတ်၍ မြေပေါ်မှာ တိုက်ရိုက်လျှောက်ကြည့်ပါ။
• မြေကြီးရဲ့ အားတစ်ခုကို ကိုယ်ခံစားနိုင်ပြီး စိတ်ဖိစီးမှုတွေ လျော့သွားတတ်ပါတယ်။

3. Forest Bathing
• တောထဲ သွားပြီး အေးအေးဆေးဆေး လေသံ၊ ငှက်သံ၊ အနံ့အသက်ကို အာရုံစိုက်ခံစားပါ။
• စိတ်ရဲ့တင်းမာမှုတွေကို လျော့စေပြီး စိတ်ဓာတ်ကို တက်ကြွလာစေပါတယ်။

4. Mindfulness
• မြစ်၊ ချောင်း ၊ အင်း ၊ အိုင် ၊ ရေကန်ဘေး ထိုင်ပြီး ရေပြင်ကို ဂရုပြုပြီး ကြည့်ပါ။
• ရေစီးသံကို နားထောင်တဲ့အခါ စိတ်အေးချမ်းပြီး စိတ်အလွန်ပင် လျော့နည်းသွားတတ်ပါတယ်။

5. Sun Gazing (မနက်နေထွက်ချိန်)
• နေထွက်ချိန်မှာ နေထွက်သည်ကို အာရုံစိုက်ကြည့်ပါ။
• အလင်းရောင်ရဲ့ အစွမ်းအင်ကို ခံစားနိုင်ပြီး မိမိ၏ စိတ်အတွင်းပိုင်းစွမ်းအင် တက်ကြွလာစေပါတယ်။

⸝

ဒီနည်းလမ်းတွေဟာ သဘာဝနဲ့ ဆက်သွယ်ပြီး စိတ်ကို အေးချမ်းစေတဲ့ practical methods လေးတွေပဲ ဖြစ်ပါတယ်။

Myo Nature 🌿🤍🕊️

🌿🌏 Mother Earth နဲ့ Healing 🕊️🌿 • Grounding → မြေပေါ်သို့ ခြေအလုံးစုံ တိုက်ရိုက်ထိခြင်း (barefoot walking) က စိတ်ပိုင်းဆ...
11/09/2025

🌿🌏 Mother Earth နဲ့ Healing 🕊️

🌿 • Grounding → မြေပေါ်သို့ ခြေအလုံးစုံ တိုက်ရိုက်ထိခြင်း (barefoot walking) က စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်မှု ပေးပါတယ်။

🌿 • Gratitude Practice → Mother Earth ကို “ကျေးဇူးတင်တယ်” လို့ စိတ်ထဲတွင် ပြောခြင်းက inner peace ကို ဖြစ်စေပါတယ်။

🌿 • Eco-spirituality → သဘာဝထိန်းသိမ်းမှုပြုလုပ်ခြင်း (အပင်လေးတွေပေါက်ဖို့ ၊ ပလစ်စတစ်သုံးစွဲမှု့ နဲ့ အမှိုက်တွေလျော့ဖို့) က Mother Earth အတွက်ရော ကိုယ်တိုင် Spiritual bond ကို တကယ့်ကို တိုးတက်စေပါတယ်။

🌿 • Energy Balance → မိခင်ကမ္ဘာမြေကြီးကို မိခင်တစ်ဦးအဖြစ် ခံစားမိတဲ့အခါ စိတ်အလုံးစုံ လေးလံမှု့များ လျော့နည်းစေပြီး သက်သာ အေးချမ်းစေမှု့ကို ပေးစွမ်းနိုင်ပါတယ်။ 🕊️

⸝

✨ 🌿🌍 Mother Earth = လူသားအားလုံးကို ထောက်ပံ့ပေးတဲ့ မိခင်ကြီး 🤍
သူနဲ့ ဆက်သွယ်မိရင် အတွင်းပိုင်းအေးချမ်းမှု၊ စိတ်ဓာတ်တည်ငြိမ်မှု၊ အားအင်အသစ်ရရှိစေတယ်။

⸝

🌿🌍 Mother Earth နဲ့ ဆက်သွယ်နိုင်မယ့် လွယ်ကူတဲ့ ritual / နေ့စဉ် practice လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။ 🍀

⸝

🌱 🌍 Mother Earth Daily Practices 🌱

၁. Morning Gratitude to Earth (မနက်စောစောကျေးဇူးတင်ခြင်း)
• 🪴 မနက် အိပ်ရာထပြီး သစ်ပင်၊ မြေပြင်၊ မြက်ပင် ( သို့ ) ပန်းခြံ ၊ ဥယျာဉ် ထဲတွင်မှာ တစ်မိနစ်နဲ့ ခန့် ရပ်၍ နေပါ။
• “Mother Earth ကို – အသက်ပေးတဲ့ အစာ၊ ရေ၊ လေ၊ အလင်း ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ” လို့ စိတ်ထဲမှ ပြောပါ။
• နေ့စဉ်ပြုလုပ်နိုင်လျှင် စွမ်းအင် အသစ်များ နေ့စဉ် ရရှိနိုင်ပါတယ်။

⸝

၂. Barefoot Grounding (ခြေအပေါ် ခြေအောက် မပါဘဲ မြေပေါ်လျှောက်ခြင်း)
• 🚶 တစ်နေ့ ၅ မိနစ် သာ bare foot နဲ့ မြေပေါ်၊ မြက်ခင်းပေါ် လျှောက်ပါ။
• မြေကြီးနဲ့ ကိုယ့်ခန္ဓာကိုယ် အစွမ်းအင် ချိန်ညှိမှု တိုက်ရိုက်ခံစားနိုင်ပါလိမ့်မယ်။

⸝

၃. Offering to Earth (သဘာဝအတွက် အလှူပေးခြင်း)
• 🫜 သစ်ပင်အောက်မှာ သစ်သီးတစ်လုံး၏ နေ့စဉ် ကိုယ်စားသုံးပြီးကျန်တဲ့ သန့်စင်တဲ့ အစေ့အလေး တစ်ခု ထားခဲ့ပါ။
• ထိုအစေ့လေးအား Mother Earth ကို ပြန်ပေးတဲ့ ကျေးဇူးတင်ခြင်း အစဉ်အလာအနေ နဲ့ သဘောထားပါ။

⸝

၄. Nature Sitting (သဘာဝအနားတွင် ထိုင်ခြင်း)
• 🏝️ တစ်ပတ် ၂ ကြိမ် အနည်းဆုံး သစ်ပင်/ရေကန်နားမှာ ထိုင်ပါ။
• မလုပ်နိုင်လျှင် meditation မလိုပါ – သဘာဝအသံ နဲ့ အနံ့ကိုသာ အာရုံစိုက် ခံစားပေးပါ။

⸝

၅. Eco-action as Spiritual Practice
• 🛍️ အမှိုက်တစ်ထုပ်ကို ဖယ်ရှားပေးခြင်း၊ သစ်ပင်ပေါက်စိုက်ခြင်း စတဲ့ အသေးအမွှားလေးတွေကို ဂရုတစိုက် သတိထားလုပ်ဆောင်ပေးပါ။
• Mother Earth ကို တိုက်ရိုက်ကူညီပေးတဲ့ အစဉ်အလာလေးအနေနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေး လုပ်ငန်းစဉ်လေးများကို ritual လေးအနေနဲ့ သဘောထားမယ်ဆိုရင် Mother Earth နှင့် connect ပိုမိုရရှိလာခါ စိတ်အေးချမ်းမှု့ ပိုကြီးမားစွာရရှိလာပါလိမ့်မည်။
⸝

၆. Evening Connection (ညအေးချမ်းချိန် ဆက်သွယ်ခြင်း)
• 🌌 မိုးကောင်းကင်ကို ကြည့်၍ “Mother Earth နဲ့ အတူ ငြိမ်းချမ်းနေပါစေ” လို့ စိတ်ထဲ မိမိ၏ inner နဲ့ အေးဆေးစွာ ပေါင်းသင်းပါ။

• နေ့တစ်နေ့တာ အပေါ် Mother Earth ကို ကျေးဇူးတင်ပြီး အိပ်ရာဝင်ပါ။

⸝

✨ ထိုအရာတွေကို Balance ညီမျှ မျှတသော စိတ်အခြေအနေလေးဖြင့် အနည်းဆုံး တနေ့တစ်ခု စတင်လုပ်ပေးနိုင်လျှင် Mother Earth နဲ့ သင့်စိတ်အတွင်းပိုင်း ဆက်သွယ်မှု ပိုမိုရရှိလာကာ စိတ်ရော ဘဝပါ အေးမြလာစေမည်။ 🌈❄️💦☀️🔥🌏🕊️
⸝

🌿🌍🍀 သင့်အတွက် နေ့စဉ်အလွယ်တကူ လိုက်နာနိုင်မယ့် “3 မိနစ် Mother Earth Ritual” လည်း ထပ်မံ ဖော်ပြပေးလိုက်ပါတယ်ရှင်။ 🦋

⸝

🌱 ၃ မိနစ် Mother Earth Ritual

အဆင့် (၁) – ခြေထောက်နဲ့ မြေကြီးဆက်သွယ် (၁ မိနစ်)
• မြေ၊ မြက်ခင်း၊ သစ်ပင်အောက်မှာ bare foot (ခြေအပေါ်ခြေအောက် မပါဘဲ) ရပ်ပါ။
• ခြေထောက်တစ်ဖက်ချင်းက မြေကြီးနဲ့ ချိတ်ဆက်နေတာကို သတိထားခံစားပါ။
• “Mother Earth ရဲ့ အားကို ကောက်ယူနေတယ်” လို့ စိတ်ထဲနဲ့ တွေးပါ။

⸝

အဆင့် (၂) – အသက်ရှူခြင်းနဲ့ အာရုံပြုခြင်း (၁ မိနစ်)
• မျက်စိပိတ်ပြီး အသက်ရှူသွင်းရှူထုတ် ခပ်ပြင်းပြင်းနဲ့ ခပ်ရှည်ရှည်လေးလုပ်ပါ။
• လေဝင်တဲ့အချိန် → “Earth ရဲ့ စွမ်းအင် ဝင်လာတယ်”
• လထွက်တဲ့အချိန် → “စိုးရိမ်ပူပန်မှု ထွက်သွားတယ်”
• ဝင်လေ ထွက်လေ ၅ ကြိမ်သာ အာရုံစိုက်ပြုလုပ်ပါ။

⸝

အဆင့် (၃) – ကျေးဇူးတင်ခြင်း အဆုံးသတ် (၁ မိနစ်)
• Mother Earth ကို စိတ်ထဲက အေးဆေးစွာ ကျေးဇူးတင်ပါ →
• “ရေ၊ အစာ၊ လေ၊ အလင်း၊ အသက်အတွက် ကျေးဇူးတင်ပါတယ်”
• မျက်စိဖွင့်ပြီး သက်သာအောင် လက်ခြေ အနည်းငယ်လှုပ်ပြီး Ritual လေးကို အဆုံးသတ်လို့ရပါပြီရှင်။

⸝

⏳ စုစုပေါင်း – ၃ မိနစ်လောက်သာကြာနိုင်ပါသည်။

➡️ 🌏🍀 မနက်စောစော (သို့) ညအေးချမ်းချိန် လုပ်မယ်ဆိုလျှင် စိတ်တည်ငြိမ်ပြီး Mother Earth နဲ့ ဆက်သွယ်မှုကို အထိရောက်ဆုံး ခံစားနိုင်လာပါလိမ့်မည်။

⸝

🍀 ကူးယူဖော်ပြခွင့်မရှိပါ။ လွတ်လပ်စွာ Share နိူင်ပါသည်။ 🍀

Myo Nature 🌿🤍🕊️

🌿🦋 BALANCE  🦋🕊️သဘာဝတရားကြီးက အမြဲတမ်းလိုလို BALANCE ကို ချပေးနေပါတယ်။ သတ္တာဝါတွေ သေဆုံးပြီးတဲ့အခါ . .  ပျက်စီး ၊ မီးလောင...
09/09/2025

🌿🦋 BALANCE 🦋🕊️

သဘာဝတရားကြီးက အမြဲတမ်းလိုလို BALANCE ကို ချပေးနေပါတယ်။

သတ္တာဝါတွေ သေဆုံးပြီးတဲ့အခါ . .

ပျက်စီး ၊ မီးလောင် ၊ ရေကြီး ပျက်သုဉ်း အရာအားလုံးဖြစ်ပြီး . .

stable အခြေအနေကို ပြန်သွားကို သွားကြရပါတယ်။

သဘာဝတရားကြီးကလဲ ဒီအတိုင်းပဲ စီစဉ်ပေးထားပါတယ်။

လူတွေကလဲ ထိုအရာတွေကနေ တဆင့် လေ့လာသင်ယူ သိရှိရင်း . . ဥပမာ အလွယ်အနေနဲ့ ဆိုရလျှင် မီးလောင်နေတဲ့ နေရာတွေမှာ မီး ချက်ခြင်းဖျက်ပေးတာ။
မီးအားတွေတက်ရင် မီးအားချပေးတာ ။
ph တွေ lagged ဖြစ်သွားတဲ့အခါ reset ချပေးတာ ။ ကိုယ်ပူတက်တဲ့အခါ ရေခဲအုပ်ပေးတာ စသဖြင့် လိုက်ညှိ့တတ်လာကြပါတယ်။

ဒါ့ကြောင့် ဒေါသ နဲ့ မောဟကြောင့် လူသတ်မှု့ပြီးရင် ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှု့တွေပြီးရင် ၊ ထမင်းတွေ အများကြီးစားပြီးရင် ဘယ်လောက် ကိုယ်ကြိုက်တဲ့ ဟင်း ဖြစ်နေပါစေ ထမင်းထက်မစားနိုင်တော့သလိုပဲ . . အားလုံးပြီးဆုံးတဲ့အခါ လူသတ်ပြီးတာနဲ့ ငါလူသတ်လိုက်မိပြီဆိုတဲ့ အသိဝင်လာတဲ့အချိန်ဟာ အေးသွားတဲ့ အသိစိတ်ကပ်လာချိန်ပဲ ။
မကောင်းမှု့ကျူးလွန်တဲ့ ထပ်၍ ကျူးလွန်နိုင်တာလဲ ဖြစ်နိုင်သလို ထပ်မလုပ်တော့တာလဲ ဖြစ်နိုင်ပါတယ်။
သူ့လုပ်ရပ်ပေါ်မူတည်ပါတယ်။ လူတယောက် ၊ ပစ္စည်းတခု ၊ အခြေအနေတခု ၊ အရာရာဟာ May Be လို့သာ ပြောလို့ရပါမယ်။
မနားတမ်း ဒေါသနဲ့ မောဟ အပူမီးကြောင့် လူချည်းသတ်လို့မရပါဘူး။
လူသတ်သမားဟာလဲ နား ၊ စား ၊ သွားပါတယ်။

ပျက်စီးမှု့တွေကြောင့် ငိုယိုမောပန်း အပူမီးတွေ တောက်လောင်ပြီးချိန်မှာတော့ ဆုံးရှုံးလိုက်ရပြီဆိုတဲ့ အသိလေးတချက်ပြန်ကပ်ချိန်လေးဟာ balance ပါပဲ။
အဲ့ဒီအချိန်မှာ ဘာဆက်လုပ်မလဲဆိုတဲ့ awareness ကပ်တတ်ရပါလိမ့်မယ်။

ကိုယ်ကြိုက်တဲ့ ဟင်းတွေ့တဲ့အခါ လောဘရောင်လေးသမ်းပြီး ဗိုက်ပြည့်အောင်စားပြီး မောကျသွားအချိန်တခုမှာ ရပ်တန့်ရတာပါပဲ။
အဲ့ဒီ “ ရပ်တန့်လိုက်တဲ့ “ ကာလလေးမှာ နောင်တမရနေဖို့ ကိုယ်ဝင်မပါလိုက်လို့လဲ ပြီးဆုံးသွားမဲ့ အရာတွေကို နောင်တမရဖို့အတွက် အစထဲက action မယူမိစေဖို့ ထိန်းသိမ်းတတ်ဖို့က ကျွန်မတို့ နေ့စဉ် ထမင်းစားသလို လေ့ကျင့်ပေးရပါလိမ့်မယ်။

ကျွန်မတို့ရဲ့ စိတ် ( Emotion ) ကို လက်တချောင်းလို့ သတ်မှတ်ကြည့်လိုက်ပါ။
ဘယ်လောက်အထိ ထိန်းရခတ်ပြီးလှုပ်ရွနေမလဲနော် ? ညဖက်ဆို ကိုယ်အိပ်နေရင်တောင်သူက အိပ်မက်ထဲမှာ လှူပ်ရွနေလိမ့်မယ်။
တခါတလေ အဲ့ဒီစိတ်ဆိုသော အတွေးတွေဟာ ဒီလက်ဟာ ကိုယ့်ကိုကိုယ်တောင် နာကျင်စေဖို့ ပြန်ရိုက်နေပါလိမ့်မယ်။ အန္တရာယ် အဲ့လောက်အထိများတဲ့ အတွေးတွေကို ဒီလက်ကို တော်ပြီ မရှိနဲ့တော့ ဒီလက်ကို ဖြတ်ပစ်လိုက်မယ်လို့ ပြောတဲ့လူက ပြောချင် ပြောပါလိမ့်မယ်။
တကယ်တော့ ဖြတ်ပစ်လို့မရတဲ့ မမြင်ရ မတွေ့ရပဲ လွှတ်ထားတိုင်း ထို လက်ကဲ့သို့ အန္တရာယ် အလွန်များတာက ကျွန်မတို့ရဲ့ အတွေးတွေပါပဲ။
ဒီလက်ကို ကျွန်မတို့ရဲ့ ဒီအတွေးတွေကို ကျွန်မတို့ကိုယ်တိုင် ထိန်းကျောင်းပေးရမှာ ကျွန်မတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။
ဖြတ်ပစ်လို့မရတဲ့ ဒီလက်ကို ကျွန်မတို့က ယဉ်အောင် လုပ်ပေးဖို့သာ လိုပါတယ်။

ဆိုးစေတဲ့အတွေးလို့သိရင် အန္တရာယ်များမှန်းသိရင် ချက်ခြင်း ထိုအတွေးကို လက်မခံဖို့ တတ်နိုင်တာ ကျွန်မတို့ကိုယ်တိုင်ပါပဲ။

ကိုယ်က အရှင်သခင်ပါပဲ ။
ကိုယ့် စိတ် ကို ပဲ့ကိုင်တဲ့နေရာမှာ မထားပါနဲ့။
ကိုယ်ကသာ ကိုယ့်စိတ်ကို ကိုယ့်အတွက် ပဲ့ကိုင်ပေးပါ။
ပဲ့ကိုင်ရှင် တယောက်လို မိမိကိုကိုယ် လိုချင်သမျှ ရရှိအောင် ထိန်းကျောင်းပဲ့ပင်ပေးနိုင်တဲ့ အဓိကသော့ချက်ကတော့ “ အလေ့အကျင့် “ ပါပဲ ။
နေ့စဉ်နဲ့အမျှ မိမိတို့ ကြိုက်နှစ်သက်တဲ့ လိုချင်တဲ့ ကောင်းမွန်တဲ့နေရာ ဒေသ abundance တွေနဲ့ အေးချမ်းမှု့တွေရရှိနိုင်ဖို့ ကျွန်မတို့ရဲ့ ဦးနှောက် အတွေး neuro လမ်းကြောင်းလေးတွေကိုသာ ကောင်းတာရော ဆိုးတာပါ ဖြစ်ပျက်နေတဲ့ လောကဓမ္မတာကြီးထဲမှာကိုပဲ ကောင်းသောဖက်ကို ထိန်းကျောင်း လေ့ကျင့်ပေးနိုင်လျှင် မိမိရဲ့ အတွေး ၊ စိတ် ( emotion ) တွေတိုင်းကို ကိုယ်နဲ့ Alignment ဖြစ်အောင် တသားထဲ ထိန်းကျောင်းနိုင်ခဲ့ရင် . . ?

🌿 မိမိဟာ မိမိဘဝရဲ့ အရှင်သခင်ပါပဲ ။ 🦋

🍀 လေ့ကျင့်ခြင်းမှာ ပန်းတိုင်ရှိတယ် ဆိုတာကိုတော့ ကျွန်မ ရဲရဲကြီး အာမခံနိုင်ပါတယ် ။ 🍀 🕊️

ကိုယ့်ကို လက်မခံတာကို မကြိုက်တဲ့ စိတ်တွေ . . ။

ကိုယ်ကိုတိုင်က လက်မခံနိုင်တာတွေကို ကိုယ် မကြိုက်နှစ်သက်တဲ့ လူတွေဆီမှာ တွေ့တယ် ။

Karmic တွေဟာ မစာနာတတ်ချင်း မှ စ တယ်။

မကြိုက်နှစ်သက်ခြင်းတွေ ၊ မဖြစ်ချင်ခြင်းတွေ အပေါ် ကိုယ်တိုင်ဝင်မပါပဲ ထိုသံသရာအား ကိုယ်တိုင်က ရှောင်လွှဲ ရှောင်ဖယ် ရပ်တန့် နိုင်လာတဲ့အခါ ထိုသူများဆီနေက မဟုတ်တောင် ကိုယ်နဲ့ ထပ်တူညီတဲ့ ကိုယ်နဲ့ enlighten တကယ်ရှိတဲ့ လူတွေနဲ့ တွေ့မယ် ၊ ကိုယ်နဲ့ ကိုက်ညီမဲ့ နေရာကို ရောက်မယ် ဆိုတာဟာ လောကကြီးက ပေးထားပြီးသားဖြစ်တဲ့ သဘာဝ သဘောတရားကြီးပါပဲ။

ကိုယ်ချင်းစာတတ်ခြင်းဆိုတဲ့ သဘောတရားရဲ့ အနက်အဓိပ္ပာယ်ကို အမှန်တကယ်ကို ရှာဖွေတွေ့ရှိလာပြီးတဲ့အခါမှာတော့ သင့်မှာ ကြိုက်နှစ်သက်ခြင်း ၊ မကြိုက်နှစ်သက်ခြင်းတွေ မရှိတော့ပဲ အရာရာနဲ့ တသားထဲ alignment ဖြစ်လာပါလိမ့်မယ်။

ဆန္ဒ နှင့် ဘဝ ထပ်တူကျစေ ။

ကျွန်မ ကိုယ်တိုင်က 9 ဂဏန်းသမား ဖြစ်တာကြောင့် 999 နေ့လေးမှာ ကျွန်မ အဓိပ္ပာယ်ဖွင့်တဲ့ BALANCE အကြောင်းတရားလေးတခုအား အမှတ်တရ ရေးသားလိုက်ပါတယ်ရှင်။

🍀 copy ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ share နိုင်ပါသည်။

🌼🦋 9 - 9 - 2025 🦋🌼

Myo Nature 🌿🤍🕊️

💚 Thank u so much for present 💚🌼🦋Dear Clients 🦋🌼Myo Nature 🌿🤍🕊️
08/09/2025

💚 Thank u so much for present 💚

🌼🦋Dear Clients 🦋🌼

Myo Nature 🌿🤍🕊️

💚 LOVE 🕊️🍀 LUCK 🕊️🏡 PROTECTIVE 🕊️ ကျွန်မ ဘယ်တော့မှ လုပ် မလောက်တဲ့ Spell Jar { 3 } မျိူး ရရှိပါပြီရှင် ။ တစ်ပုံချင်းစီမှာ...
07/09/2025

💚 LOVE 🕊️

🍀 LUCK 🕊️

🏡 PROTECTIVE 🕊️

ကျွန်မ ဘယ်တော့မှ လုပ် မလောက်တဲ့ Spell Jar { 3 } မျိူး ရရှိပါပြီရှင် ။

တစ်ပုံချင်းစီမှာ ( manifest ) ဆုတောင်းပုံ နှင့် ထားရှိရမည့်နေရာများ ဖော်ပြပေးထားပါတယ်နော် ။

Myo Nature 🌿🤍🕊️

🍁 September လအတွင်း . . 🪸🌼 🍀 🔥 Fire Signs များအတွက် အထူး sms 🐦‍🔥 🍀ကျန်းမာရေး အထူး ဂရုစိုက်ကြပါ။ အအေးမိခြင်း လည်ချောင်းနာ...
07/09/2025

🍁 September လအတွင်း . . 🪸🌼

🍀 🔥 Fire Signs များအတွက် အထူး sms 🐦‍🔥 🍀

ကျန်းမာရေး အထူး ဂရုစိုက်ကြပါ။

အအေးမိခြင်း လည်ချောင်းနာခြင်း ၊ ခါး ၊ သားအိမ် နှင့် ပက်သက်သော ဝေဒနာများ ဖြစ်ပေါ်နေလျှင် မပေါ့သင့်ပေ ။ ( ချက်ခြင်းဆိုသလို ဆေးခန်းပြပါ )

ပြောင်းလဲမှု့များအပေါ် အလိုက်သင့်လက်ခံ awareness ကပ်ရင်း မိမိရဲ့ ဆိုးရွားသော အကျင့်များကို ကိုယ်တိုင်အမှန်အတိုင်း သိရှိမြင်တွေ့ပါက ခွါချနိုင်ခြင်းရှိမည့် ကာလတခုဖြစ်ပါသည်။

🥕🧘‍♂️🏵️ လိမ္မော်ရောင် အဆင်းရှိသောအစားအသောက်၊ အသုံးအဆောင် အဝတ်အစားများကို ဝတ်ဆင် သုံးတောင် စားသောက်ခြင်းဖြင့် အခြေခိုင်ခြင်းကို ရရှိခံစားနိုင်မည်။ ( လိမ္မော်ရောင် အဆင်းရှိသော အရာများ လက်ဆောင်ရရှိခြင်း ကြုံတွေ့ပါက လွန်စွာ ကံကောင်း ထူးခြားခြင်းများ ရရှိခံစား ပိုင်ဆိုင်ရမည် )

Fire 🔥🐦‍🔥 sign များတွင် ငယ်စဉ်မှ စတင်၍ မိဘနှင့် ဝေးကွာစွာ နေထိုင်ရခြင်း ၊ မိသားစု နှင့် ခွဲခွါရခြင်း ၊ အခြေအနေ အမျိုးမျိုးကြောင့် မိသားစု ပျက်စီးဆုံးရှုံးခြင်း အစရှိသော ငယ်စဉ်ကလေးဘဝ မှ စတင်၍ ဖြစ်စေ ယခု လက်ရှိဘဝတွင် ဖြစ်စေ ၊ ခံစားနေရသော ဖြစ်တည်မှု့ နှင့် ကြုံတွေ့နေရသော ခက်ခဲမှု့ ၊ ဘဝပေးအခြေအနေ နှင့် တွဲလျှက် အဆက်မပျက် ဖြစ်ပေါ်လာနေသော ဘဝတလျှောက် လိုက်လာနေသော မိမိ၏ shadow များ၊ သိမ်ငယ်စိတ် နှင့် ဘဝအကျိုးပေးများသည် ထို စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲမှု့များသည် မည်မျှပင် Financial Freedom ဖြစ်နေပါစေ ထိုသို့ ကြုံတွေ့ ရင်ဆိုင်ခဲ့ရသော ကလေးဘဝ တနည်းအားဖြင့် ဆိုလျှင် မိမိ၏ INNER Child လေးသည် အဆက်မပျက် သိမ်ငယ်လျှက် ရှိလာခဲ့ရသော ၊ ရှိနေသော INNER ဒုက္ခရောက်မှု့များသည် ထိုသို့ ကြုံတွေ့လာခဲ့သော ခံစားနေရသော အနဲအများပေါ် မူတည်၍ မိမိသည် ဒုက္ခကြီးခဲ့လျှင် အကြီးမားဆုံးသော ထိုဒုက္ခအား အပြီးတိုင် အချက်ကို သိရှိအောင် မိမိကိုယ်တိုင်ရှာဖွေ၍ ထိုအရာအား တည့်တည့်ရင်ဆိုင်၍ ကိုယ်တိုင် အမှန်တကယ် ထိုအရာ မိမိဘဝထဲမှာ ထွက်ခွါသွားအောင် ပျောက်ပျက်သွားအောင် ဆွဲထုတ်နိုင်မည့် ကာလဖြစ်သည်။ ( ထိုသို့ အစွမ်းရှိသော စိတ်တွင်းအားများ လှုံဆော်ခြင်း ကို အထူး ခံစားနေရမည် )

🌼 ထိုအချိန်တွင် မိမိကိုကိုယ် မထိခိုက်စေရန် Balance ညီညီဖြင့် စည်းချက်မှန်မှန်ဖြင့် တွေးခေါ် လုပ်ကိုင်ရန် အထူးသတိထားသင့်သည်။

🍁 မိမိ၏ အဆုံးရွားဆုံးသော Shadow များအား လုံးဝကိုပြန်မမြင်နိုင်မဲ့ နောက်ဆုံး အခြေအနေကာလတစ်ခုအဖြစ် လွှတ်ချ လွတ်မြောက် ဖြေရှင်းနိုင်သော ကြံ့ခိုင်ရေးစစ်ဆင်ခြင်း စားမေးပွဲကို ဖြေဆိုရမည့် ကာလဖြစ်သည်။

🍁 ယခု September လတွင် မိမိ၏ တစ်သက်တာ ထမ်းပိုးထားရသော သိမ်ငယ်စိတ် ၊ ဝမ်းနည်းစိတ်များကို နောက်ဆုံးအနေဖြင့် အပြီးတိုင်ကို လွှတ်ချနိုင်ပြီး ထို စာမေးပွဲကို ဖြေဆို အောင်မြင်နိုင်မည့် ကာလဖြစ်သောကြောင့် အရာရာအပေါ်တွင် သတိကပ်၍ လုပ်ဆောင်ရမည့် ကာလလဲ ဖြစ်သည်။

🕊️ ထိုသို့ မိမိ ကိုကိုယ် ကိုယ်တိုင်က ပြန်တိုက်ရသည့် စစ်ပွဲတွင် ကိုယ်တိုင် သိရှိ လွှတ်ချ လွတ်မြောက် ပြီးလျှင် . .

🍁🍁 မိမိ၏ true self, Authentic self သည် အခြေခိုင်ခြင်း ၊ မိမိရင်ဆိုင်ခဲ့ရသော အတွေ့အကြုံများ နှင့် စိတ်အတွင်းရောအပြင်ပိုင်းပါ အမှန်တကယ်ညီမျှတဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် စတင်ရပ်တည်နိုင်ခြင်း , စစ်တိုက်ပြီးသော စစ်သူကြီးပမာ မိမိ၏ အတွင်း စိတ်ပိုင်း သူမတူအောင် ကျန်းမာ ကြံ့ခိုင်လာခြင်း နှင့် အတူ inner voice မှ ပြောကြားသော “ ယုံကြည်မှု့ “ ဆိုသော လက်ဆောင်ထူးကို ဝမ်းမြောက် ပီတိဖြစ်စွာ လက်ခံရရှိခံစားရမည့် ကာလဖြစ်ပေသည်။

🏵️ သူမတူသလို ကြံ့ခိုင် လာမည့်သူများ အဖြစ်သို့အထူးရောက်ရှိလာခြင်း ထိုသို့ ရောက်ရှိဖို့ရန် အတွက် ထို ကြံ့ခိုင် သန်စွမ်းမှု့ နှင့် ညီမျှသော အခက်အခဲများစွာကို ထမ်းပိုးထားခဲ့သော ငယ်စဉ်ဘဝမှ စတင်၍ train ပေးခဲ့သော ဘဝအတွေ့အကြုံသင်ခန်းစာ မျိုးစုံပေး၍ သင်ကြား လေ့ကျင်ခဲ့ပေးခဲ့သော Universe ကြီးအား သဘာဝတရားကြီးအား ကျေးဇူးတင်ခြင်းများ ဖြစ်ပေါ်လာမည့် ကာလ ဖြစ်သည်။

🌼 ငါဟာ ဘယ်သူ ? WHO AM I ? 🌼 ကို တကယ့်အမြင်ဖြင့် မိမိကိုကိုယ် တွေ့မြင်ရမည်ဖြစ်သော မိမိ၏ အားနည်းချက်များ ၊ သိမ်ငယ် ၊ ကြောက်ရွံမှု့များ ၊ ဒေါ သ နှင့် မောဟများအားလုံးကို တလွှာခြင်း ခွါချ ထားခဲ့ပြီး မိမိ၏ စစ်မှန်သော identity စစ်မှန်သော အရှိတရားကို သိရှိလာပြီးလျှင် 🐦‍🔥 PHONIX 🐦‍🔥 ငှက်များ အသွင်သို့ ကူးပြောင်းသွားမည့် ကာလ ဖြစ်သည်။

🐦‍🔥 FIRE SIGN အများစုသည် PHONIX ငှက်များ နှင့် အသွင်တူကြသည်။

🍀 အလေ့အကျင့်ကောင်းများ စတင်မွေးဖွားမည့်ကာလ ဖြစ်သည်။ 🍀

🤍 အရေခွံကို ယုံကြည်စွာ ချွတ်နိုင်လေလေ ပိုမိုကောင်းမွန် သစ်လွင် သန်စွမ်းသော ဘဝခရီးလမ်းကို ရောက်လာလေလေ ဖြစ်သည်။ 🕊️

🍁 🧘‍♂️ 🍁
🐦‍🔥 - အဓိဌာန်ဝင်ခြင်း၊ တရားထိုင်ခြင်း များ ပြုလုပ်ရန် အကောင်းဆုံးကာလ ဖြစ်သည်။ ( ပြုလုပ်ဖြစ်မည် )

🌬️ မိမိတတ်နိုင်သလောက် September လထဲတွင် ရေအလှူများတွင် ပါဝင်ပါ။ ရေလှူဒါန်းပါ။ 💦

ဉာဏ် နဲ့ ယှဉ် အသိ နှင့် ယှဉ် ၍ ကောင်းမွန် ပြည့်စုံသော ထပ်မံ အသစ် မွေးဖွားခြင်းများ စတင်နိုင်ကြစေ။

Myo Nature 🌿🤍🐦‍🔥

🌿 SEPTEMBER 🌿🤩 { 21 DAY } “ POSITIVE WORDS CHALLENGE “ 🤩🕊️ယနေ့ ( 6 - 9- 2025 ) မှ စတင်၍ ( 26 - 9- 2025 ) ရက်နေ့ အထိ . . ...
06/09/2025

🌿 SEPTEMBER 🌿🤩 { 21 DAY } “ POSITIVE WORDS CHALLENGE “ 🤩🕊️

ယနေ့ ( 6 - 9- 2025 ) မှ စတင်၍ ( 26 - 9- 2025 ) ရက်နေ့ အထိ . .

တရက်လျှင် မိမိကြိုက်နှစ်သက်ရာ ကောင်းသော စကား ၃ခွန်းကို comment တွင် မိမိ၏ diary လေးကဲ့သို့ သတ်မှတ်၍ 🍀 21ရက် 🍀

🤍တစ်ရက်မပျက် 🕊️ လာရောက် ပြောဆိုပါ။

စကားလုံးတွေဟာ တရက်နဲ့ တရက် တူသော်၄င်း မတူသော်၄င်း ရပါတယ် ။

🤍 စကား ၃ခွန်းတော့ နေ့စဉ်နေ့တိုင်း တစ်မပျက် comment တွင် ရေးသားရပါမည်။ 🕊️

🍀 မျိုး က ကြိုက်နှစ်သက်သောသူ WINNER 🥇 1 ဦးအား 🦋 { 26 - 9 - 2025 } 👑 ( 11:11 AM ) အချိန်တိတိတွင် Winner အား ကြေငြာ၍ . .

🦋 { 27- 9-2025 } 🦋 ( 11:11 AM ) တွင် . .

👑 ဆုငွေကျပ် - 111111 mmk ဂုဏ်ပြုငွေ Happy money လေး နှင့်အတူ CHUBBY Organic coffee Scrub တဗူး 🍀 အား ဂုဏ်ပြု လက်ဆောင် ချီးမြှင့် လှူဒါန်းသွားမည် ဖြစ်ပါသည် ။

🌿 ဆုငွေအား Myo Nature Healing room တွင် လာရောက်ထုတ်ယူရပါမည်။ 🍀

🌿🍀 “ ဤ ကမ္ဘာကြီးထဲတွင် လှပသော စကားသံများ နှင့် conversation များဖြင့် အလှဆင်ဖို့ မိမိ၏ နှုတ်မှ စကားလုံးတိုင်းကို ကောင်းမွန်စွာ ထိန်းကျောင်းပေးနိုင်လျှင် မိမိ၏ action ယူမှု့များသည်လဲ လှပမှန်ကန်လာနိုက်၍ ထိုအကျင့်ကောင်းများ ပိုမို ဖြစ်လာစေဖို့ရန် ရည်ရွယ်၍ ယခု CHALLENGE လေးကို ကျွန်မ မျိုး မှ ဖန်တီး ၍ လှူဒါန်းမှု့ ပြုလိုက်ပါသည် “ 🤍🕊️

ထပ်မံ၍လည်း ကျွန်မ၏ တန်းဖိုးထား၍ မွန်မြတ်သော ပညာရပ် မှ ရရှိလာသော ချွေးစက်လေးများမှ ရရှိလာသော happy money လေးများကို CHALLENGE များကိုလဲ ကျွန်မ တက်နိုင်သလောက် ဆက်လက် လုပ်၍ စီစဉ် လှူဒါန်းသွားမည်ဖြစ်ပါသည်ရှင်။

🤍🍀🕊️၇ ရက် သားသမီးအပေါင်းတို့ CHALLENGE လေးတွင် ပါဝင်ဖို့အတွက် အထူးပဲ ဖိတ်ခေါ် နှိုးစော်တိုက်တွန်းအပ်ပါသည်ရှင်။

Myo Nature 🌿🤍🕊️

05/09/2025

“ THE NEXT CHAPTER “

Oracle Healing . . 🍀🌿🕊️

မိမိဘဝတွင် ဖြစ်ပေါ်လာသော အခြေအနေတွေ အလုံးစုံအပေါ်မှာ အကောင်းဆုံး ကျော်ဖြတ်နိုင်စေရန် မိမိကို positive ဖြစ်စေမဲ့ tool လေးတွေကို Life time တသက်တာ အတွက် ORACLE HEALING လေးအနေနဲ့ ဒါနပြု ဟောကြားလိုက်ပါတယ်ရှင်။

Connection ဖြစ်သောသူများ ရရှိကြပါစေရှင်။

လိုရာပြည့်စုံပါစေ။

Myo Nature 🌿🤍🍀🕊️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myo Nature posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share