Yangon Infotainment News Agency

Call Directions Website Contact the business

Yangon Infotainment News Agency သတင်းစုံ၊ လူထုထံရောက်ရန် MIT Media ရဲ့ စေတနာအမှန်

06/06/2026

လေပြင်းတိုက်
ဇွန်- ၆-၂၆

တရုတ်နိုင်ငံ၊ ဟဲပေပြည်နယ် ၊ ဟန်ရွှေမြို့မှာ မနေ့က ဇွန် ၅ မှာ လေပြင်းတိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲက အမျိုးသမီး ကံအလွန်ကောင်းသွားပါတယ်။

အမေရိကန်တိုက်နေတဲ့ အီရန် စစ်ပွဲ ဘာဖြစ်နေသလဲရန်ကုန်-၂၀၂၆ မတ် ၅​၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် အထိ ရရှိထားသော သတင်းထုတ်ပြန်ချက်မျ...
05/03/2026

အမေရိကန်တိုက်နေတဲ့ အီရန် စစ်ပွဲ ဘာဖြစ်နေသလဲ

ရန်ကုန်-၂၀၂၆ မတ် ၅

​၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် အထိ ရရှိထားသော သတင်းထုတ်ပြန်ချက်များအရ အမေရိကန်-အစ္စရေး နှင့် အီရန်တို့အကြား ပဋိပက္ခသည် ဒေသတွင်းစစ်ပွဲအဆင့်မှ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

​🏢 မြို့တော်များ၏ ပျက်စီးမှုနှင့် သေဆုံးမှုနှုန်း

​Reuters သတင်းဌာန: အစ္စရေး၏ တဲလ်အဗစ် (Tel Aviv) မြို့တွင် အီရန်၏ ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ကျရောက်မှုကြောင့် အထပ်မြင့်အဆောက်အအုံများ ပြိုကျကာ အရပ်သားသေဆုံးမှု ရာနှင့်ချီရှိနေပြီဟု ဖော်ပြထားသည်။
​အီရန်နိုင်ငံပိုင်သတင်းဌာန (IRNA): အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တီဟီရန် (Tehran) မြို့တော်၏ ၄၀% ခန့်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး အရေးပါသော အစိုးရအဆောက်အအုံများ အပျက်အစီးပုံများ ဖြစ်နေရကြောင်း ထုတ်ပြန်သည်။

​⚓ ဟော်မုတ်ရေလက်ကြားနှင့် ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှု

​ပင်တဂွန် စစ်ဌာနချုပ် (Pentagon): အီရန်သည် ဟော်မုတ်ရေလက်ကြား (Strait of Hormuz) တွင် ရေမိုင်းများ ချထားပြီး သင်္ဘောသွားလာမှုကို ပိတ်ဆို့ထားသဖြင့် အမေရိကန်ရေတပ်က လမ်းကြောင်းပြန်ဖွင့်ရန် ကြိုးပမ်းနေစဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။
​Al Jazeera သတင်းဌာန: ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၁၅၀ ဒေါ်လာ ကျော်အထိ စံချိန်တင်မြင့်တက်သွားပြီး ဥရောပနှင့် အာရှနိုင်ငံများတွင် စွမ်းအင်အကျပ်အတည်း ဆိုက်ရောက်နေသည်။

​💸 ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာဘေး

​Associated Press (AP): စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၂၀% မှ ၃၀% အထိ မြင့်တက်လာပြီး နိုင်ငံတကာတွင် ငွေကြေးဖောင်းပွမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။

​အမေရိကန် အိမ်ဖြူတော် (White House): အမေရိကန်အစိုးရသည် ပြည်တွင်းလောင်စာဆီဈေးနှုန်း ထိန်းညှိရန် အရေးပေါ်မဟာဗျူဟာမြောက် ရေနံသိုလှောင်မှုများကို ထုတ်သုံးနေရကြောင်း ထုတ်ပြန်ထားသည်။

​🌐 ကုလသမဂ္ဂ (UN) ၏ ထုတ်ပြန်ချက်

​UN News: ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က "ကမ္ဘာကြီးသည် တတိယကမ္ဘာစစ်အနားသို့ ချဉ်းကပ်နေပြီ" ဟု သတိပေးလိုက်ပြီး အစ္စရေးနှင့် အီရန်တို့ ချက်ချင်းအပစ်ရပ်ရန် တောင်းဆိုထားသည်။ ပင်လယ်ကွေ့နိုင်ငံများရှိ အရပ်သား ၁၀ သန်းကျော်မှာ စစ်ဘေးဒုက္ခသည်များ ဖြစ်လာနိုင်ကြောင်း UNHCR က ခန့်မှန်းထားသည်။

​🛡️ ဒေသတွင်း အခြေအနေ

​အစ္စရေးနိုင်ငံပိုင်သတင်း (Kan TV): ပင်လယ်ကွေ့ရှိ အာရပ်မိတ်ဖက်နိုင်ငံများ၏ လေပိုင်နက်ကို အသုံးပြု၍ အီရန်၏ ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနေရသဖြင့် ဒေသတွင်း တင်းမာမှုများ ပိုမိုရှုပ်ထွေးနေကြောင်း ဆိုသည်။

​

သင့်ဖုန်း အခွန်မဆောင်ရင် အရေးယူတော့မယ် ရန်ကုန်- ၂၀၂၆ မတ် ၅ ‌လာမယ့် မေလကစပြီး အခွန်မဆောင်ထားတဲ့ ဖုန်းတွေသုံးရင် အရေးယူခံရ...
05/03/2026

သင့်ဖုန်း အခွန်မဆောင်ရင် အရေးယူတော့မယ်

ရန်ကုန်- ၂၀၂၆ မတ် ၅

‌လာမယ့် မေလကစပြီး အခွန်မဆောင်ထားတဲ့ ဖုန်းတွေသုံးရင် အရေးယူခံရတော့မှာပါ။ သင့်အနေနဲ့ ဖုန်းဝယ်မယ်ဆိုရင် အဲဒီဖုန်းဟာ အခွန်ဆောင်ထား၊ မထား ဆိုင်ရှင်ကို သတိတရ မေးဖို့ လိုပါပြီ။

ဧပြီတစ်လကို ကင်းလွတ်ကာလပေးပြီး မေလမှာ စတင်အရေးယူမှာပါ။ သင်ကိုင်ထားတဲ့ ဖုန်းဟာ အခွန် ဆောင်ထား၊ မထား အောက်က လိပ်စာမှာ သွားစစ်ဆေးပါ။ ဖုန်း setting ထဲကို ဝင် search bar မှာ IMEI လို ရိုက်ပြီး ပေါ်လာတဲ့ ကုတ်ကို ကူးယူကာ အောက်ပါ ဝက်ဆိုဒ်လိပ်စာထဲက Check Status ဆိုတဲ့ နေရာမှာ ထည့်သွင်း စစ်ဆေးပါ။ " PAID" လို ပေါ်လာရင် အခွန်ဆောင်ပြီး ဖုန်းဖြစ်ပြီး " Unpaid" ဆိုရင် အခွန်ဆောင်ဖို့ လိုပါတယ်။

https://www.ceir.gov.mm/

ယူကေအစိုးရက မြန်မာကျောင်းသားတွေကို ဗီဇာပိတ်ပင်တဲ့အပေါ် ဗြိတိသျှသံအမတ်ကြီးဟောင်းဝေဖန်ရန်ကုန်-၂၀၂၆ မတ် ၅မြန်မာကျောင်းသားတွ...
05/03/2026

ယူကေအစိုးရက မြန်မာကျောင်းသားတွေကို ဗီဇာပိတ်ပင်တဲ့အပေါ် ဗြိတိသျှသံအမတ်ကြီးဟောင်းဝေဖန်

ရန်ကုန်-၂၀၂၆ မတ် ၅

မြန်မာကျောင်းသားတွေကို ယူကေအစိုးရ ( United Kingdom-UK) က ကျောင်းသားဗီဇာ ပိတ်ပင်တာဟာ မသင့်လျော်တဲ့ ဆုံးဖြတ်ချက်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်းဖြစ်သူ မစ္စဗစ်ကီဘိုးမင်းက သူ့ရဲ့ လူမှုကွန်ယက်ကတစ်ဆင့် ဝေဖန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးကတော့ သူတို့ရဲ့ ‘လူဝင်မှုကြီးကြပ်ရေးစနစ်၏ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန်’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလ ၂၆ ရက်ကစပြီး မြန်မာနိုင်ငံသားတွေ တင်သွင်းတဲ့ ကျောင်းသားဗီဇာတွေကို လက်မခံတော့ဘူးလို့ မနေ့ကအသိပေးခဲ့တာပါ။

အဓိကက ကျောင်းလာတက်ကြရင်း နိုင်ငံရေးခိုလှုံခွင့်တောင်းခံကြလို့ ဒီလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ယူကေရောက်လာတဲ့ နိုင်ငံတကာကျောင်းသားတွေအနက် ၂၀၂၅ အတွင်း ခိုလှုံခွင့်တောင်းခံမှုကို ကြည့်ရင် သိနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူကေမှာ ကျောင်းလာတက်နေတဲ့ မြန်မာကျောင်းသားတွေထဲက ၃၁ ရာခိုင်နှုန်း (၉၆၀ ဦး) သာ ခိုလှုံခွင့်တောင်းခံခဲ့ပြီး ကျန် ၆၉ ရာခိုင်နှုန်းက မတောင်းခဲ့ပါဘူးလို့ သူက အသိပေးတယ်။

အဲဒီနှစ်ထဲမှာ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေကနေ ကျောင်းသားပေါင်း ၁၀,၃၅၀ ဦးတောင် ခိုလှုံခွင့်တောင်းခံတာမို့ မြန်မာထက် ၁၀ ဆကျော် ပိုများနေတယ်လို့ သူက ထောက်ပြတယ်။

တောင်အာရှနိုင်ငံတွေမှာ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာအချို့ ရှိပေမယ့် မြန်မာနိုင်ငံလို ပြည်တွင်းစစ်ဒဏ်မခံစားရသလို စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု နှစ်ဘက်လုံးက လူငယ်တွေကို ရှေ့တန်းမှာအတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့အခြေအနေလည်း မရှိဘူးလို့ မစ္စဗစ်ကီဘိုးမင်းက ပြောပါတယ်။

ဒီလို မြန်မာကျောင်းသားတွေ ခိုလှုံခွင့်တောင်းခံမှု ရုတ်တရက်တိုးလာရတာဟာ စစ်ကော်မရှင်ရဲ့ ၂၀၂၄ မှာ ပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်တယ်လို့ သူကဆိုပါတယ်။

မိမိတို့မထောက်ခံတဲ့ အစိုးရလက်အောက်မှာ စစ်မှုထမ်းဖို့၊ ရှေ့တန်းသွားပြီး အသတ်ခံဖို့ ဒါမှမဟုတ် ထောင်ကျဖို့အန္တရာယ်ရှိနေတဲ့အတွက် မြန်မာဘွဲ့ရကျောင်းသားတွေနဲ့ သူတို့မိဘတွေ နေရပ်ပြန်ဖို့ ဝန်လေးနေတာကို နားလည်းပေးရမယ်လို့ ဗြိတိသျှသံအမတ်ကြီးဟောင်းက ဆိုပါတယ်။

ယူကေကို လာတဲ့ မြန်မာကျောင်းသားတွေဟာ ရာဇဝတ်ဂိုဏ်တွေကိုငွေပေးပြီး လှေငယ်တွေနဲ့ ခိုးဝင်လာသူတွေမဟုတ်သလို၊ ကျောင်းဗီဇာကို အသုံးပြုပြီး ယူကေကိုခိုးဝင်ဖို့ အသုံးချနေသူတွေလည်း မဟုတ်ဘူးလို့ သူကရေးတယ်။

မြန်မာကျောင်းသားတွေဟာ ဗြိတိသျှကျောင်းတွေနဲ့ တက္ကသိုလ်တွေကို မြင်မားတဲ့ကျောင်းလစာတွေပေးပြီး ယူကေကျောင်းသားတွေကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနေသူတွေလို့ သူက ထောက်ပြတယ်။

ကျန်းမာရေးဝန်ဆောင်မှုကြေး အဖြစ် တစ်နှစ်ကို ပေါင် ၁,၀၀၀ လောက် ပေးဆောင်နေတဲ့ ကျောင်းသားတွေဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံအနာဂတ်အတွက်သာမက ယူကေနိုင်ငံအတွက်ပါ အကျိုးရှိသူတွေလို့ သူကပြောတယ်။

သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေကို ဗီဇာ ဆက်လက်ခွင့်ပြုသင့်ပြီး ပညာသင်ပြီးပါကလည်း အတင်းအဓမ္မစစ်မှုထမ်းရမယ့်အန္တရာယ် ဒါမှမဟုတ် အသတ်ခံရမယ့် အန္တရာယ်တွေ မြန်မာနိုင်ငံမှာ လျော့ပါးသွားချိန်အထိ ယူကေမှာ တရားဝင် ယာယီနေထိုင်ခွင့် ပေးသင့်တယ်လို့ မစ္စဗစ်ကီဘိုးမင်းက ပြောပါတယ်။

မစ္စဗစ်ကီဘိုးမင်းဟာ ၂၀၀၂ ကနေ ၂၀၀၅ ခုနှစ်လောက်အထိ မြန်မာနိုင်ငံမှာ ဗြိတိသျှသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး မြန်မာ့တာဝန်ယူမှုရှိသော စီးပွားရေးအထောက်အကူပြုဌာန(MCRB) ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

ဒါအပြင် ၂၀၂၂ မှာ စစ်ကော်မရှင်က သူနဲ့ သူ့အမျိုးသားကို ဖမ်းဆီးထောင်ချခဲ့ဖူးပြီး နောက်ပိုင်းမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ တိုင်းပြည်ကနှင်ထုတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ပုံစာ- ပြီးခဲ့တဲ့လက နိုင်ငံတကာ ဖိုရမ်တစ်ခုမှာ တွေ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမင်း

စက်သုံးဆီအသုံးပြု ပုဂ္ဂလိကယာဉ်တွေ နံပါတ်ပေါ်မူတည်ပြီး ‘စုံ’ ‘မ’ ရက်ခွဲကာ အကန့်သတ်နဲ့သာ လမ်းပေါ်မောင်းနှင်ခွင့်ပြု၊ EV ကာ...
04/03/2026

စက်သုံးဆီအသုံးပြု ပုဂ္ဂလိကယာဉ်တွေ နံပါတ်ပေါ်မူတည်ပြီး ‘စုံ’ ‘မ’ ရက်ခွဲကာ အကန့်သတ်နဲ့သာ လမ်းပေါ်မောင်းနှင်ခွင့်ပြု၊ EV ကားများ အကန့်သတ်မရှိမောင်းနှင်နိုင်

ရန်ကုန်-၂၀၂၆ မတ် ၄

စက်သုံးဆီချွေတာဖို့ လာမယ့်စနေနေ့ကစပြီး ပုဂ္ဂလိကယာဉ်တွေကို ကားနံပါတ်အပေါ်မူတည်ကာ 'စုံ'၊ 'မ' ရက်ခြားသာ လမ်းပေါ် မောင်းနှင်ရမယ်လို့ ဒီနေ့ စစ်ကောင်စီက အမိန့်ထုတ်ပါတယ်။

ဥပမာ- အက္ခရာ 1A,3A နံပါတ်ကားတွေက ပြက္ခဒိန် 'မ' ဂဏန်းရက်တွေမှာ မောင်းနှင်ခွင့်ရမှာဖြစ်ပြီး အက္ခရာ 2A,4A လို 'စုံ' နံပါတ်နဲ့ စတဲ့ကားတွေက ပြက္ခဒိန် 'စုံ' ဂဏန်း ရက်တွေမှာပဲ မောင်းရမယ်လို့ ကန့်သတ်ပါတယ်။ စည်းကမ်း ဖောက်ဖျက်သူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကန့်သတ်ချက်ထဲမှာ နေ့စဉ် အများပြည်သူသုံး ဘတ်စ်ကားတွေ၊ အငှားယာဉ်(Taxi) တွေ၊ စက်သုံးဆီသယ်ယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊စည်ပင်အမှိုက်သိမ်းကား‌တွေ၊ နိဗ္ဗာန်ယာန်နဲ့လူနာတင်ယာဉ်တွေ ကင်းလွတ်ခွင့်ပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် EV လျှပ်စစ်ကား၊ ဆိုင်ကယ်တွေလည်း ပုံမှန် သွားလာခွင့်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။

ည ၈ နာရီဝန်းကျင်မှာ အထက်ပါထုတ်ပြန်ချက်ထွက်လာပြီးနောက် ရန်ကုန်မြို့ကဓါတ်ဆီဆိုင်တွေမှာ ဆီထည့်မယ့်ကားတွေတန်းစီနေပါတယ်။ တချို့ဆီဆိုင်တွေက ည ၁၀:၀၀ မှာ ဆိုင်ပိတ်ပြီဖြစ်ကြောင်း တန်းစီနေတဲ့ကားတွေကိုလိုက်လံရှင်းပြနေပြီး ယခင်ရက်တွေက ၂၄ နာရီဖွင့်လှစ်ရောင်းချပေးတဲ့ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ထောင့်က MAX ဆီဆိုင်ကတော့ ည ၁၁:၀၀ မှာဆိုင်ပိတ်လိုက်ပြီး မနက် ၅ နာရီမှ ပြန်လည်ရောင်းချမယ်လို့ဆိုပါတယ်။

" သူတို့ လုပ်တာကလွဲနေတယ်။ ဒါက ဆီဆိုင်တွေကို ထိန်းချုပ်ရမှာလေ။ ဥပမာ- စုံ ရက်ဆိုရင် စုံဂဏန်းရောင်း၊ မဂဏန်း မရောင်းနဲ့ပေါ့။ လူတွေကတော့ အရေးပေါ်အခြေအနေဆိုတာရှိတဲ့အတွက် ထွက်စရာရှိရင် ထွက်ရမှာပေါ့။ တလွဲကြီး စီမံနေကြတာပဲ" လို့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ နေတဲ့ ပုဂ္ဂလိကယာဉ်ပိုင်ရှင် တစ်ဦးက စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးတယ်။

ယခင် နှစ်နှစ်လောက်တုန်းကလည်း ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်တဲ့အခါ ရပ်ကွက်၊ မြို့နယ် ထောက်ခံချက်ပါမှ ရောင်းပေးမယ်လို့ ဆီဆိုင်တွေက ကန့်သတ်တာမျိုး လုပ်ခဲ့ပေမယ့် ညပိုင်း လူခြေတိတ်ချိန်မှာ ဆိုင်တွေက မှောင်ခိုထုတ်ရောင်း တာကို ကြုံဖူးတယ်လို့ အထက်ပါ ပုဂ္ဂိုလ်က ပြောပြတယ်။

" တိုက်ကြီးမြို့မှာ ကြုံရတာ။ အစ်ကို ဆောက်လုပ်ရေးအတွက် မီးစက်မောင်းဖို့ (ဓါတ်ဆီ)သွားဝယ်တာ မရဘူး။ ထောက်ခံစာပါမှတဲ့။ ညကျတော့ ‌မီးမှိတ်ပြီး မှောင်ခိုရောင်းနေကြတာပဲ။ ကိုယ်တွေ့ကြုံရတာ" လို့ သူက ပြောပြတယ်။

သာကေတမြို့နယ်မှာ နေထိုင်တဲ့ ဝါရင့် အငှားယာဉ်မောင်း တစ်ဦးကတော့ မှောင်ခိုဈေးကွက် အကြီးအကျယ် ဖြစ်မယ့် အခြေအနေပဲလို့ စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြုတယ်။

မနေ့က စပြီး ထိုင်းနိုင်ငံနဲ့ ထိစပ်တဲ့ မြန်မာ နယ်စပ်မြို့တွေမှာ စက်သုံးဆီ စုပြုံဝယ်ယူမှုကြောင့် ဆီပြတ်တာ ကြုံရသလို ဒီနေ့မှာတော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ စက်သုံးဆီ စုပြုံဝယ်ယူနေကြတာကို တွေ့ရပါတယ်။

စစ်ကောင်စီကတော့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နဲ့ အစ္စရေးတို့ကတစ်ဘက်၊ စက်သုံးဆီထိပ်တန်း တင်ပို့ရာနိုင်ငံ အီရန်နိုင်ငံကတစ်ဘက် လက်ရှိဖြစ်နေတဲ့စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီလမ်းကြောင်း ပြတ်တောက်မှုနဲ့ အတားအဆီးကြုံရတဲ့အခြေအနေတွေကြောင့် ဒီအမိန့်ကိုထုတ်ပြန်တာဖြစ်ပြီး နောက်ထပ် အမိန့်မထုတ်မချင်း လိုက်နာကြရမယ်လို့ဆိုပါတယ်။

ပုံစာ- ဒီနေ့ည ၁၁:၀၀ မှာပိတ်လိုက်တဲ့ ယခင်က ၂၄ နာရီဖွင့်လှစ်ရောင်းချတဲ့ MAX ဆီဆိုင်၊ စစ်ကောင်စီ ထုတ်ပြန်ချက်
ဓါတ်ပုံ- မော်ကွန်း

Address

Yangon

Alerts

Be the first to know and let us send you an email when Yangon Infotainment News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Infotainment News Agency:

Shortcuts

Share