Daw Phyo

Daw Phyo Life is short so we need to happy

08/12/2025

ဖြစ်ပေးပါ့မယ် “အနွေးထည်”😁

ကိုယ်နေတဲ့ အရပ်မှာတော့

ပူနေလို့ မလိုအပ်ကြတော့ဘူး😄

တစ်ချိန်တုန်းက နိုင်ငံရပ်ခြားရောက်နေတဲ့ သူငယ်ချင်းက အိမ်ပြန်ချင်တယ် လို့ ပြောရင် ဟယ် ..ဘာလို့ပြန်လာမှာလဲ ဒီမှာက ဘာမှ အဆင...
25/11/2025

တစ်ချိန်တုန်းက နိုင်ငံရပ်ခြားရောက်နေတဲ့

သူငယ်ချင်းက အိမ်ပြန်ချင်တယ် လို့ ပြောရင်

ဟယ် ..ဘာလို့ပြန်လာမှာလဲ

ဒီမှာက ဘာမှ အဆင်မပြေဘူး

ကိုယ့်အသက်ကိုတောင်ကိုယ်အစိုးမရတဲ့ခေတ်

လူမူရေး ကျန်းမာရေး စီးပွါးရေး ဘက်စုံနုံချာနေတဲ့

ကပ်ကြီးဆိုက်နေပါတယ်ဆိုပြီး

မပြန်လာဖို့ တရားချခဲ့ဖူးတယ်

တကယ်တမ်း အဲ့နေရာကို ကိုယ် ကိုယ်တိုင်ရောက်လာ

တဲ့ခါကျမှ ‘ဩ …အဲ့တုန်းက သူအဲ့လို့ ခံစားခဲ့ရတာပါ

လားလို့ ‘’ သိလာခဲ့တယ် ။

နိုင်ငံရပ်ခြားရောက်နေတဲ့သူရဲ့ ခံစားချက်ကို

နိုင်ငံရပ်ခြားမှာရှိနေတဲ့သူချင်းချင်းဘဲ

ပိုနားလည်နိုင်ပါလိမ့်မယ်

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မချစ်တဲ့သူရယ်လို့

ရှိပါ့မလားနော်

အကြောင်းအမျိုးမျိုးကြောင့်သာစွန့်ခွါခဲ့ကြရတာ

တစ်ချိန်ချိန်တော့ ကိုယ့်နိုင်ငံမှာဘဲ

အေးအေးချမ်းချမ်းပြန်နေချင်ပါသေးတယ်



#ရင်တွင်းဖြစ်များသာ

ပို့နေကျစာကို မပို့ဘဲ ထိန်းချုပ်ပြီးနေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်ထိန်းချုပ်ဖူးတဲ့သူမှကောင်းကောင်းသိပါလိမ့်မယ် ဆေ...
24/11/2025

ပို့နေကျစာကို မပို့ဘဲ ထိန်းချုပ်ပြီးနေရတာ

ဘယ်လောက်ခက်ခဲလဲဆိုတာ

ကိုယ်တိုင်ထိန်းချုပ်ဖူးတဲ့သူမှ

ကောင်းကောင်းသိပါလိမ့်မယ်

ဆေးစွဲနေတဲ့လူတစ်ယောက်လိုပါဘဲ

သုံးနေကျအချိန်ရောက်လို့မသုံးရရင်

ယင်းထသလိုမျိုးပေါ့

လွမ်းဆွေးခြင်းနဲ့ချစ်ခြင်းမှာလဲ

ယင်းထတတ်ပါတယ်🤭

ယင်းထရလောက်တဲ့ထိ ချစ်ရတဲ့သူရှိခဲ့ရင်ပေါ့နော်😁


နေ့တွေ ညတွေရယ်လို့ ကိုယ့်မှာ ရှိမနေတော့ဘူးစနေတွေ တနင်္ဂတွေတွေ စသည်ဖြင့် ရက်တွေလည်းသိမနေတော့ဘူး🙂
26/10/2025

နေ့တွေ ညတွေရယ်လို့ ကိုယ့်မှာ ရှိမနေတော့ဘူး

စနေတွေ တနင်္ဂတွေတွေ စသည်ဖြင့်

ရက်တွေလည်းသိမနေတော့ဘူး🙂

ပစ္စုပ္ပန်မှာ ရှင်သန်ပါတဲ့မနေ့ကထက် ဒီနေ့ကို ပျော်အောင်နေမနက်ဖြန်ထက် လက်ရှိပစ္စုပ္ပန်အချိန်ကိုကောင်းအောင်နေ ။ရောက်မလာသေးတ...
13/06/2025

ပစ္စုပ္ပန်မှာ ရှင်သန်ပါတဲ့
မနေ့ကထက် ဒီနေ့ကို ပျော်အောင်နေ
မနက်ဖြန်ထက် လက်ရှိပစ္စုပ္ပန်အချိန်ကို
ကောင်းအောင်နေ ။

ရောက်မလာသေးတဲ့ဟာကိုလည်း
မမျှော်လင့်ပါနဲ့ ။
မဖြစ်သေးတဲ့ဟာကိုလည်း စောင့်ဆိုင်းမနေပါနဲ့ ။

ဘဝဟာ တိုတယ် ။ အချိန်တွေဟာလည်း မြန်တယ် ။
ဒါကြောင့် လက်ရှိအချိန်လေးမှာ
ရယ်မောစရာရှိရင် ရယ်မောတတ်ရမယ် ။
ပျော်ရွှင်စရာရှိရင် ပျော်ရွှင်တတ်ရမယ် ။

ဘယ်သူ့အတွက်နဲ့မှ ကိုယ့်ကိုယ်ကိုလည်း
ဝမ်းနည်းမနေပါနဲ့ ။
ပူလောင်သောကလည်း မဖြစ်စေနဲ့ ။

ရှင်သန်ခြင်းဟာ တစ်ခဏပဲမို့
လက်ရှိအချိန်လေးကို တန်ဖိုးထားနေလိုက်တာ
အကောင်းဆုံးပါပဲ တဲ့ ချစ်သောလေးတို့ရေ🤍💛



’s no time like the present

အဖြစ်သာမရှိတာဖြတ်သန်းခဲ့ရတဲ့ဘဝက စုံလှတယ် Company ဝန်ထမ်းလဲ လုပ်ဖူးသလို စားပွဲထိုးလဲ လုပ်ခဲ့ဖူးတယ်စာလဲသင်ခဲ့ဖူးသလို  လမ်း...
11/06/2025

အဖြစ်သာမရှိတာ

ဖြတ်သန်းခဲ့ရတဲ့ဘဝက စုံလှတယ်

Company ဝန်ထမ်းလဲ လုပ်ဖူးသလို

စားပွဲထိုးလဲ လုပ်ခဲ့ဖူးတယ်

စာလဲသင်ခဲ့ဖူးသလို

လမ်းဆုံမှာလဲ စျေးရပ်ရောင်းဖူးတယ်

ခြင်းလေးတွေလဲ လုပ်ရောင်းဖူးသလို

ပြောင်းဖူး ကြက်သွန်တွေလဲ စိုက်ခဲ့ဖူးတယ်

ကျရာဘဝမှာ အတတ်နိုင်ဆုံး သဟဇာတဖြစ်

အောင်တော့ ကြိုးစားရှင်သန်ခဲ့ပါတယ်

ဆက်ပြီးတော့လဲ ကြိုးစားရှင်သန်အုံးမှာပါ။

ခက်ခဲနေပေမဲ့လို့ပေါ့။

# Die with Memories

ပိုက်ဆံ မရှိရင်ရှေ့သွားနှစ်ချောင်း မရှိတာနဲ့တူတူဘဲတဲ့ဘယ်သူ့ကိုမှ ရီမပြရဲတော့ဘူး 🙂မိတ်ဆွေတို့ရော ဒါကိုမှန်တယ်လို့ထင်လား  ...
10/06/2025

ပိုက်ဆံ မရှိရင်

ရှေ့သွားနှစ်ချောင်း မရှိတာနဲ့တူတူဘဲတဲ့

ဘယ်သူ့ကိုမှ ရီမပြရဲတော့ဘူး 🙂

မိတ်ဆွေတို့ရော ဒါကိုမှန်တယ်လို့ထင်လား

is second god

ဒါတွေရေးရင် ကိုယ့် အ တာ လူသိတယ် ဆိုတာကို လည်း သိပါတယ် ဒါပေမဲ့  ကိုယ်တုန်းက မသိခဲ့တာကို အကောင့်ထဲက မသိသေးတဲ့ မိတ်ဆွေတချို...
09/06/2025

ဒါတွေရေးရင် ကိုယ့် အ တာ လူသိတယ် ဆိုတာကို

လည်း သိပါတယ် ဒါပေမဲ့ ကိုယ်တုန်းက မသိခဲ့တာ

ကို အကောင့်ထဲက မသိသေးတဲ့ မိတ်ဆွေတချို့

အတွက် ရည်ရွယ်ရင်း ကျွန်မ နိဒါန်း စလိုက်ပါမယ်

မှတ်မှတ်ရရ visa သက်တမ်းသွားတိုးတဲ့နေ့ကပါ

သက်တမ်းတိုးတဲ့နေရာနဲ့ လက်ရှိနေတဲ့နေရာက

အတော်လေး ဝေးပါတယ် ။ရထားက၂ဆင့် ကြာ

ချိန်က ၂နာရီကျော် နီးပါး၇:၃၀အရောက်သွားဖို့

မနက် ၅:၃၀ကတည်းကထွက်လာရတော့ ကိစ္စက

မဖြတ်ခဲ့ရဘူး ။visaသက်တမ်းတို့ရမဲ့နေရာလဲရော

Toilet ကိုအရင်ရှာ တွေ့လဲတွေ့ တန်းပြေးဝင်သွား

တာပေါ့လေ ။ အဲ့မှာ ဇာတ်လမ်းက စတာပဲ Tissue

မတွေ့ ရေပိုက်ကလဲ မပါ ကိုယ်ဘဲ မမြင်တာလား

ပေါ့ ပြူးပြဲရှာသေးတာ ကိစ္စကလဲ ပြီးနေပြီ

ဒီအတိုင်းသွားရအောင်လဲ တနေ့ကုန် visaလဲ

တန်းစီးရအုံးမှာ Tissue ကလဲ ဆောင်လေ့မရှိ

အကြံမရတဲ့အဆုံး ရှိလို့ရှိငှါး ထပ်ရှာရင်း အိတ်ထဲ

က တခုထွက်လာတော့မှ သက်ပြင်းချနိုင်တော့

တယ် အဲ့ Tissues သာမထွက်လာရင်တော့🥴

အပြင်ထွက်လာပြီတော့မှ အဲ့စက်လေးကိုတွေ့တာ

(အဝင်တုန်းက ကိုယ့်ဇောနဲ့ကိုယ်မို့ မမြင်လိုက်ဘူး)

အဲ့တော့မှ သိလိုက်တာ -ဩ .သူများနိုင်ငံမှာ

-ျီးကုန်းချင်ရင်တောင် ပိုက်ဆံအရင်ထည့်ရတာပါလားလို့

#အကျိူးရှိမယ်လို့မျော်လင့်ရင်း
Phyo

ဒီအကောင့်လေးက Os တော့ မလုပ်တော့ပါဘူးနော် လာမေးကြတာလေး ရှိလို့ပါရှင့် ။OS မလုပ်တော့ပေမဲ့ လက်ရှိအကောင့်လေးမှာကိုယ် ကိုယ်တိ...
09/06/2025

ဒီအကောင့်လေးက Os တော့ မလုပ်တော့ပါဘူးနော်

လာမေးကြတာလေး ရှိလို့ပါရှင့် ။

OS မလုပ်တော့ပေမဲ့ လက်ရှိအကောင့်လေးမှာ

ကိုယ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမှတ်ရစေမဲ့

ဖတ်မိတဲ့လူတိုင်းလဲ ဆင်ခြင်သတိပြုသွားစေမဲ့

အကျိုးရှိစေမဲ့ အရာလေးတွေကို တင်ပေးသွားပါမယ်ရှင့်🍀

ပုံကတော့ ရူပါ ဒါနပါ🤭

phyo

Address

Yangon

Telephone

+959773686528

Website

Alerts

Be the first to know and let us send you an email when Daw Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Daw Phyo:

Share