Myanmar Cele Channel

Myanmar Cele Channel Local entertainment news & Current news

10/10/2026

#အရံဟင်း၇မျိုးနဲ့ထမင်းအဝစား၈ထောင်ကျပ်တည်းနဲ့ရောင်းပေးနေတဲ့နှမ်းဖတ်ချဉ်ထမင်းဆိုင်

"ပထမဆုံးစရောင်းခဲ့တာက အဘထြက္ပြဲမွာ ရောင်းခဲ့တာ၊ အဲဒီမွာ အရမ်းရောင်းကောင်းရာကနေ ဆိုင်ဖွင့်ဖြစ်သွားတာ၊ အရံဟင်း (၇)မျိုး၊ အသားဟင်းတစ်မျိုး၊ ထမင်း အဝစားကို (၁၄၀၀၀)ပါ၊ အရံဟင်းတွေနဲ့ပဲ စားချင်လည်းရတယ်၊ အရံဟင်း (၇)မျိုး၊ ထမင်းအဝစားကိုမှ (၈၀၀၀)ပဲယူပါတယ်၊ ပုဂံမှာတော့ အရံဟင်းက (၁၃)မျိုးထည့်တာ၊ ရန်ကုန်မှာတော့ အရံဟင်း (၇)မျိုးပေါ့နော်၊ ပုဂံမှာ စားခဲ့ရတဲ့ အရသာအတိုင်းစားရမှာပါ၊ ဇီးဖြူသီးထောင်း၊ ဖန်းခါးသီးထောင်း၊ တဇောင်းခါးသီးထောင်း၊ ပုဂံမြင်းခွာရွက်သုတ်၊ မြူရွက်သုတ်၊ ရှောက်ရွက်သုတ်တို့ရတယ်၊ မြင်းခွာရွက်တို့ ရှောက်ရွက်တို့ဆိုလည်း ပုဂံကနေမှာတာပေါ့၊ နှမ်းဖတ်ချဥ်ထမင်းဆိုင်ကိုလာစားရင် အလှူထမင်းဝိုင်းလေးအတိုင်းစားရမှာပါ" မအိအိအောင် - နှမ်းဖတ်ချဥ်ထမင်းဆိုင်ရှင်

10/10/2026

#မြန်မာနိုင်ငံမှာကအရမ်းကိုလှတဲ့အရမ်းကိုချစ်စရာကောင်းတဲ့တေးသံရှင်ကရှားတယ်၊ အသံကောင်းပေမဲ့ ရုပ်ထွက်မလှတဲ့သူကများတယ်" ဆိုတဲ့ ကိုတီး၊ Grace

"ကျွန်တော်က သူ့ကို ဘာဖြစ်လို့ ယုံကြည်လဲဆိုတော့ ကျွနိတော်နဲ့ ပထမဦးဆုံး ဆုံတဲ့အချိန်မှာ သူ့ရဲ့ vocal လေးကိုလည်း ကျွန်တော်ချစ်တယ်၊ မြန်မာနိုင်ငံမှာက အရမ်းကို လှတဲ့၊ အရမ်းကို ချစ်စရာကောင်းတဲ့ တေးသံရှင်က ရှားတယ်၊ အသံကောင်းတယ်၊ ရုပ်ထွက်လေးမလှဘူး၊ ဒီညီမလေးကြတော့ အသံလည်းကောင်းတယ်၊ ရုပ်ထွက်လေးလည်းလှတယ်၊

ကျွန်တော်အနုပညာလောကထဲမှာ လိမ်တဲ့သူလည်း ကြုံဖူးတယ်၊ ညာတဲ့သူလည်း ကြုံဖူးတယ်၊ ကျွန်တော့်ညီမလေး သူ့ကိုတော့ အမှားအယွင်းတွေမဖြစ်စေချင်ဘူး၊ သူ့ကို အနုပညာလောက ထဲကို ချောချောမွေ့မွေ့လေးရောက်ရှိစေချင်တယ်" ကိုတီး

"ကိုတီးက ညီမရဲ့ ဆရာပါပဲ၊ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးအမြဲတမ်း အကြံပေးတယ်၊ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြတယ်" Grace

#ကိုတီး



08/10/2026

"အဖေတစ်ခု သားတစ်ခုဇာတ်လမ်းက ချာလီချက်ပလင်ရဲ့ The Kid ကို Basic ယူထားတာပါ" ဆိုတဲ့ ဆွေဇင်ထိုက်

08/10/2026

#ကြက်သားအတုံး၂၀နဲ့စတင်ခဲ့ရာကနေဆိုင်ခွဲ၄ဆိုင်ဖွင့်လှစ်နိုင်ခဲ့တဲ့မမေ့နိုင် အင်ဒိုကြက်ကြော်

"စစချင်းက ကြက်သားအတုံး (၂၀) တည်းနဲ့ စခဲ့တာ၊ ဆိုင်ဖွင့်ပြီး (၁၅) ရက်အတွင်းမှာ ဘယ်လိုကနေ ဘယ်လိုပေါက်သွားမှန်းမသိဘူး၊ ထပေါက်သွားတာ၊ မြို့နယ်အစုံက သူတို့ဆီမှာလာဖွင့်ကြဖို့ တောင်းဆိုကြတယ်၊ တချို့အဝေးကြီးကနေ လာဝယ်ပြီး၊ လေယာဥ်နဲ့ သယ်သွားကြတာတောင်ရှိတယ်၊

အင်ဒိုကြက်ကြော် ကြော်နည်းကို ယုကျုကနေ လေ့လာခဲ့တာ၊ အမအကျင့်က တစ်ခါစားဖူးတာနဲ့ အဲဒီအရသာကို ရအောင်လုပ်တတ်တယ်၊ အောင်မြင်ဖို့ဆိုတာ စေတနာအဓိကပေါ့၊ စေတနာကောင်းရင် ကံကောင်းပါတယ်" မမိုးနီမာ - မမေ့နိုင်အင်ဒိုကြက်ကြော် တည်ထောင်သူ

#မမေ့နိုင်အင်ဒိုကြက်ကြော်

07/10/2026

"ကိုလေးဟဲဗီးဖြိုးက ယောက်ဖလို့ခေါ်တဲ့ သူငယ်ချင်းတွေကို အိမ်လာမခံဘူး" ဆိုတဲ့ ဟဲဗီးဖြိုးရဲ့ ညီမလေးကြယ်စင်ဖြိုး

06/10/2026

"ချစ်လို့ပြုစားတယ်ဆိုရင် ချစ်ခြင်းတွေနဲ့ ကောင်းခြင်းတွေပဲ ပေးသင့်တယ်လေ" ဇေယျာအောင်

"ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးက ကံတူအကျိုးပေး၊ တစ်လတည်း၊ တစ်နှစ်တည်း မွေးတဲ့နှစ်ရော၊ လရောတူတယ်၊ ကံနိမ့်တဲ့အချိန်ဖြစ်သွားတာဆိုတော့ ဘဝက ဇီးရိုးအထိဖြစ်သွားတာ၊ ချစ်လို့ လုပ်တာဆိုရင် ချစ်ခြင်းတွေနဲ့ကောင်းခြင်းတွေပဲ ပေးပေါ့၊ ချစ်ရင်လည်း ဖုန်းဆက်ပြီးတော့​မုန့်ကျွေးပါ၊ ချစ်ရင်လည်း မလုပ်ပါနဲ့လို့၊ မုန်းရင်လည်း ဘာကြောင့်မုန်းတယ်ဆိုတာကိုပြောပါ၊ ကျွန်တော်တို့ ညှိနှိုင်းပြီး အဆင်ပြေအောင်လုပ်ပေးပါမယ်လို့ ​ပြောချင်ပါတယ်"

06/10/2026

#ငွေကြေးနဲ့ထင်ပေါ်ကျော်ကြားမှုတွေထက်လူ့အသက်တွေကိုပိုတန်ဖိုးထားတဲ့မွန်မင်းသားလေး

"လက်ခံထားတဲ့ ပွဲ (၆)ပွဲ ဖျက်ပြီး၊ မန္တလေးငလျင်မှာ
ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မွန်မင်းသားလေး သိုက်ဟံသာ"

#သိုက်ဟံသာ

06/10/2026

"အနုပညာဆိုတာ စိတ်နှစ်ပြီး ကြိုးစားရတယ်ဆိုတာ ကိုအောင်ရဲလင်းနဲ့ မှ သိခဲ့ရတယ်" ဆိုတဲ့ ဖေ့စ်ဘွတ်ခ် ဆယ်လီ မနှင်း

"၂နှစ်ပြည့်သွားပြီဖြစ်တဲ့ အရာရာလေး"
06/10/2026

"၂နှစ်ပြည့်သွားပြီဖြစ်တဲ့ အရာရာလေး"

"ဘုံဘုံ၏ အဖိုးဖြစ်သူ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဂီတမှူးဦးခင်မောင်ကြီး ကွယ်လွန်"သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဂီတမှူးဦးခင်မောင...
06/10/2026

"ဘုံဘုံ၏ အဖိုးဖြစ်သူ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်
ဂီတမှူးဦးခင်မောင်ကြီး ကွယ်လွန်"

သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဂီတမှူးဦးခင်မောင်ကြီး
အောက်တိုဘာလ (၆)ရက်နေ့၊ နံနက် ၁၂နာရီ၊ ၂၅မိနစ်အချိန်က ကွယ်လွန်သွားကြောင်းသိရပါတယ်။

ထပ်ဆင့်ကွမ်းအကယ်ဒမီဆုရှင် ဦးခင်မောင်ကြီးဟာ
ငါ သူတပါး ယောက်ျား မိန်းမ၊ ကျန်စစ်မင်း၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်တွေနဲ့ အကယ်ဒမီ (၃) ဆုရရှိထားသူလည်းဖြစ်ပါတယ်။

မိသားစုနဲ့ ထပ်တူ ဝမ်းနည်း၊ ကြေကွဲရပါတယ်။

ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေခင်ဗျာ။

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959953991681

Website

Alerts

Be the first to know and let us send you an email when Myanmar Cele Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Cele Channel:

Shortcuts

Share