25/07/2024
စန္ဒီမြင့်လွင်၊ ဘန်နီဖြိုး၊ Project K၊ Carrieland တို့နဲ့အတူ Galaxy AI ရဲ့လုပ်ဆောင်ချက်များကိုစမ်းသပ်ကြည့်ရှူ့နိုင်မယ့် Galaxy Experience Space အား ၂ ရက်တိုင်တိုင်ဖွင့်လှစ်ခဲ့
==============================
မကြာသေးမီက အသစ်မိတ်ဆက်ခဲ့သည့် Galaxy Z Series နှင့်အတူ ထွက်ရှိလာသည့် စွမ်းဆောင်ရည်မြင့် Galaxy AI လုပ်ဆောင်ချက်အသစ်များအား Galaxy Z Fold6 | Z Flip6 တို့ပေါ်၌ ကိုယ်တိုင်စမ်းသပ်ခံစားနိုင်စေရန်အတွက် Samsung Myanmar မှ Galaxy Experience Space အား Junction City (Promotion Area) ၌ နှစ်ရက်တိုင်တိုင် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဆိုပါ Galaxy Experience Space ၌ လူအများစိတ်ဝင်စားသည့် Galaxy AI လုပ်ဆောင်ချက် တစ်ခုချင်းစီအား ကိုယ်တိုင်စမ်းသပ်နိုင်စေရန် Experience Booth များထားရှိပေးထားသည့်အပြင် Social Influencer များဖြစ်သည့် HAK Vlogs, Carrieland, Audrey Wai တို့မှလည်း Galaxy AI လုပ်ဆောင်ချက်ဆိုင်ရာ ဗဟုသုတများ မျှဝေရင်း Galaxy AI ၏ လက်တွေ့ကျ အသုံးဝင်မှုများကို ပရိတ်သတ်များ နှင့်အတူ စမ်းသပ်ပြသခဲ့ကြပါတယ်။
အထူးဖျော်ဖြေရေး အစီအစဥ်အနေနှင့် နာမည်ကျော် အဆိုတော်များ ဖြစ်သည့် စန္ဒီမြင့်လွင်၊ ဘန်နီဖြိုး၊ Project K တို့မှလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။