07/11/2025
ပြင်ဦးလွင်မှာ ချောင်းအတွင်း နွား နဲ့ အတူ အမျိုးသားလူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေ
၇ ၊ နိုဝင်ဘာ၊ ၂၀၂၅
BEV ၊ ဗမာတိုင်းရင်းသားအသံ
မန္တလေးမြို့ ကျောက်ဆည်ခရိုင် ပြင်ဦးလွင်မြို့နယ် ဆူးလေကုန်းရွာ ထုံးကြီးချောင်းအတွင်း ယနေ့ နိုဝင်ဘာ ၇ ရက်နေ့က ချောင်းအတွင်း နွားနဲ့အတူ အမျိုးသားလူငယ်တစ်ဦး ရေနစ်ပျောက်ဆုံး နေတယ် လို့ သိရပါတယ်။
နေ့လယ် ၁၁ နာရီအချိန်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး နွားကျောင်းရာမှ ချောင်းအတွင်း နွားနဲ့အတူ ရေနစ်ပျောက်ဆုံးသွားတဲ့အတွက် ရေငုပ်ရှာဖွေပေးဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မန္တလေးတိုင်းရုံး) Myanmar Rescue Diver Team ကို နေ့လည် ၃နာရီခွဲအချိန်တွင် ဆက်သွယ် အကူအညီတောင်းခံခဲ့ပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း ကော်မတီ) တိုင်းကော်မတီရုံးမှ ရေငုပ် ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များ သွားရောက်ကာ နယ်မြေခံအဖွဲ့အစည်းများနဲ့အတူ ရှာဖွေပေးခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ချောင်းအတွင်း နွား နဲ့ အတူ ရေနစ်ပျောက်ဆုံးသွားသူကို ရှာမတွေ့သေးတဲ့အတွက် မနက်ဖြန်နံနက်ပိုင်းတွင် ဆက်လက်ရှာဖွေသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သိရပါတယ်။
ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)
#ဗမာတိုင်းရင်းသားအသံ