Shun Mya Sane

Shun Mya Sane သံပုရာစိုက်ပျိုးရေး

သံပုရာပင်စိုက်ပျိုးရေး အကြောင်းကို စိုက်ပျိုးရေး ဝါသနာရှင်များ၊ ပညာရှင်များ တင်ထားတဲ့ Post များ ကို တွေ့ဖူး ပါသည်။ ထို post များကို လဲ တနေရာထည်းတွင် စုစည်းချင်ပါသည်။ သံပုရာ စိုက်ပျိုးချင်းကို စတင်လေ့လာသူများ၊ စိုက်ပျိုးထားရင် တိုးတက် အောင် လုပ်လိုသူတို့ တနေရာထည်းတွင် ရှာဖွေနိုင်ရန် စီစဉ်ပါသည်။

21/03/2022
05/02/2021

အများပြည်သူ​၏ သဘောထားနှင့် ဆန့်ကျင်ပြီး နိုင်ငံတော်ပုံကန်မှူကျူးလွန်သော မင်းအောင်လှိုင်နှင့် လက်တွဲပြီး အာဏာရှင်စနစ်ကို ပံပိုးကူညီမှု့ သဘော သက်ရောက်သော ပူးတွဲလုပ်သူများအား ပြင်းထန်စွာရှုံ့ချပါသည်။

တစ်ခြံလုံး သံပုရာပွင့်နေတာ မြင်ရတာ ပျော်စရာပါ၊
01/06/2020

တစ်ခြံလုံး သံပုရာပွင့်နေတာ မြင်ရတာ ပျော်စရာပါ၊

18/06/2019

သံပုရာခြံ တည်ဆောက်ခြင်း အပိုင်း (၄)
၄။ နောက်လိုက်အင်အား
ခြံတည်ဆောက်ခြင်း အတွက် နောက်လိုက် အင်အားလိုအပ်ချက်မှာ သံပုရာခြံတစ်ခုအတွက်မှ မဟုတ်ပါဘူး၊ နှစ်ရှည်သီးနှံပင်များအတွက် အားလုံးနီးပါးမှာ လိုအပ်ပါတယ်။ အခုတော့ သံပုရာခြံ အကြောင်းပဲ ပြောပမယ်။ ယေဘူယျအားဖြင့် မေးလာတဲ့ မေးခွန်းပါ။ သံပုရာခြံ ၁ ဧက လောက်စိုက်ချင်တယ်၊ ဘယ်လောက်ကုန်ကျမလဲဗျ ဆိုရင်တော့ ကျနော် မဖြေတတ်ပါဘူး။ နောက်မှာ ဘယ်လောက်ထပ်ပြီးကုန်ကျမယ်ဆိုတာ အရှေ့မှာဖော်ပြခဲ့သော အပိုင်း(၁) စိုက်ပျိုးရန် နေရာရွေးချယ်ခြင်း https://www.facebook.com/permalink.php?story_fbid=278817732470629&id=118323958520008&substory_index=0 ၊ ပေါ်မှာ မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ကိုယ်စိုက်ပျိုးမယ့်ပုံစံ၊
ပုံမှန်စိုက်ပျိုးခြင်း၊ ခေတ်မှီစိုက်ပျိုးရေးပစ္စည်းများ အသုံးပြုခြင်း စသည်တို့ပေါ်မှာ မူတည်ပြီး ကုန်ကျစရိတ်များ ကွာခြားနိုင်ပါတယ်။
စိုက်ပျိုးဖို့မြေနေရာရွေးခြင်းဖို့ဆိုတာ စိုက်ပျိုးမယ့်သူ ၁၀ ရောက်မှာ ၁ ယောက်လောက် ရှိဖို့ခဲရင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာရှိပြီးသားမြေနေ ရာပေါ်မှာပဲ စိုက်ပျိုးဖို့စဉ်းစားကြတာပါ။ ဒီနေရာမှာ ရေ မြေ ရာသီဥတုကောင်းတယ်၊ သံပုရာစိုက်ရရင်ကောင်းမယ်ဆိုပြီး စိုက်တဲ့သူရှားပါလိမ့်မယ်။ အဲဒီအတွက် ကိုယ်စိုက် ပျိုးမယ့်နေရာမှာ ရေရှိချင်မှ ရှိမယ်၊ မီးရှိချင်မှရှိမယ်၊ မြေကောင်းချင်မှကောင်းမယ်၊ အဲဒီပေါ်မှာ မူတည်ပြီး ကုန်ကျစရိတ်တွေ ကွာခြားပါလိမ့်မယ်။
ရေအတွက် လက်တွင်းတူးရမယ် (သို့) အဝီစိတွင်းတူးရမယ့် ကုန်ကျစရိတ်၊ အင်ဂျင်ဖိုး၊ ရေစဉ်၊ ပိုက်သွယ်န်းမှုပုံစံတွေ၊ တခြားစက်ပစ္စည်းတွေ၊ ဒါတွေကုန်ကျပါလိမ့်မယ်။
နောက်တခုက ကိုယ်စိုက်ပျိုးမယ့် ပုံစံပါ။ မြေကြီးမှာ ခြစိုက်မှာလား၊ ကျောက်စည်နဲ့ စိုက်မှာလား ဆိုတာပါပဲ။ ကျနော်တို့ မြန်မာပြည်မှာ စိုက်ပျိုးမှု့ပုံစံက မိရိုးဖလာ စိုက်ပျိုးရေးကနေ ခေတ်မှီနည်းစနစ်ပိုင်းကို ကူးပြောင်းခါစပဲရှိပါသေးတယ်။ (အဲဒီလိုဖြစ် လားဖို့အတွက် အထူးကျေးဇူးတင်ရမှာကတော့ ပွင့်လင်းလာတဲ့ ခေတ်နဲ့ Social Media တစ်ခုဖြစ်တဲ့ Facebook ကို ကျေးဇူးတင်ရမှာပါ။ သူ့ကြောင့် ကျနော်တို့ လေ့လာခွင့်ရတယ်၊ သင်ယူခွင့် ရတယ်၊ သိထားတာတွေကို ပြန်ပြီး မျှဝေခွင့် ရတယ်)။ အမေရိကား၊ မက္ကဆီကို၊ သြစတေးလျားတို့မှာ အပင်ကို အကျဲစိုက်တယ်၊ အပင်ကြီး ပုံစံ မျိုးစိုက်တယ်။ ယိုဒယားမှာက ကျောက်စည်နဲ့ စိုက်ပျိုးကြတယ်။ ကိုယ်စိုက်ပျိုးမယ့် ပုံစံ ပေါ် မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။
ကျောက်စည် တစ်လုံးရဲ့ ကုန်ကျစရိတ် **** x 300 အပင်စိုက်ရင် ဘယ်လောက်ကုန်ကျမလဲ ?
ကျောက်စည် တန်ဖိုးမှာ ဒေသတခုနှင့်တခု မတူညီနိုင်ပါ။
စိုက်ပျိုးပြီးသား အပင်တွေကို ဘယ်လိုရေလောင်းမလဲ ?
ပိုက်နဲ့ တစ်ပင်ချင်းစီလိုက် လောင်းမလား၊ အပင်အားလုံးကို ပိုက်တွေသွယ်တန်းပြီး လောင်းမလား ? ရေအား ကောင်းအောင် မော်တာနဲ့ တွန်းမလား ?
ပေါင်းရှင်းဖို့အတွက် မြက်ဖြတ်စက်တွေသုံး မလား ?
ဒါတွေအားလုံးက one time investment တခါ ရင်းနှီးရမည့် အရင်းနှီးတွေပါ။
ဥပမာ အနေနဲ့ ခန့်မှန်း တွက်ပြခြင်းများသာ ဖြစ်ပါသည်။
-----
သံပုရာပင် ၁ ပင် ၂၀၀၀ ကျပ် x ၃၀၀ ပင် = ၆၀၀ ၀၀၀/
ကျောက်စည် ၁ ခွေ ၇၀၀၀ ကျပ် x ၃၀၀ ပင် = ၂ ၁၀၀ ၀၀၀/
အဝီစိတွင်းတူခ = ၁ ၀၀၀ ၀၀၀/
ရေစဉ် = ၁ ၀၀၀ ၀၀၀/
ရေစက် အင်ဂျင် = ၄၀၀ ၀၀၀/
ရေပိုက် အရေအတွက်ပေါ်မူတည် = ?
မြက်ဖြတ်စက် = ၁၂၅ ၀၀၀/
ဖော်ပြပါ ကုန်ကျစရိတ်တွေက တစ်ခါပဲ ကုန်ရမှာပါ။ ကုန်ကျစရိတ်က ဒါလောက်ပဲ တွက်လို့မရပါဘူး။ သံပုရာခြံက ပိုက်ဆံပြန်ရဖို့ ၁နှစ် ခွဲ လောက် အချိန်ယူရပါတယ်။ လစဉ်ကုန်ကျစရိတ်မှာ ဆီဖိုး၊ အလုပ်သမားခ၊ အထွေထွေ စရိတ်၊ လ စဉ် ၁၅၀ ၀၀၀/ လောက် ကုန်ပါတယ်။ ၁၅၀ ၀၀၀ x ၁၈ လ = ၂ ၇၀၀ ၀၀၀/ ကြိုတင်တွက်ထားပါ။ ၁ နှစ် ခွဲ အထိ ဘာဝင်ငွေမှ မရှိပါဘူး။ သံပုရာပျိုးပင် ဝယ်ပြီး စိုက်လိုက်ရင် ပြီးပြီလို့တော့ မထင်စေချင်ပါ။ အရင်းအနှီး များလှကြီးလား ဆိုရင်တော့ မများအောင် ချုံ့နိုင်ပါတယ်။ ကိုယ့်အတွက် မလိုအပ်တဲ့ အပိုင်းကိုဖြုတ်ပါ။ ကိုယ်တိုင် လုပ်နိုင်ရင် အလုပ်သမားခ မကုန်ပါ။ လိုအပ်သလောက် သုံးပါ။ အဆင်ပြေနိုင်မလားဆိုရင် အဆင်ပြေနိုင်ပါတယ်။ စိုက်သင့် သလားမေးလာရင် စိုက်သင့်ပါတယ်။ ရေရှည်အတွက် ကောင်းပါတယ်။ အထက် ဖော်ပြပါ အကြောင်းအရာများသည် ထည့်သွင်း စဉ်းစားရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်။ အတိအကျ လုပ်ရမည်ဟု မဆိုလိုပါ။ မိမိမှာ ရှိသော ငွေ အားလုံးကို စိုက်ပျိုးပြစ်လိုက်ရင် နောက်ထပ်လိုအပ်လာသော အသုံးစရိတ်များ အတွက် အခက်အခဲများ ဖြစ်ပေါ်လာတတ်ပါသည်။ နောက်လိုက်ငွေကြေးပြည့်စုံလျှင် ပူစရာမလို ပါ။ နှစ်ရှည်ခြံတွေမှာ ခါးပြတ်တယ်ဆိုတဲ့ စကားကို ခဏခဏ သုံးကြပါတယ်။ ထိုသို့ မဖြစ်စေလို သောကြောင့် စုစည်း တင်ပြခြင်းဖြစ်ပါသည် ။ (လို့အပ်ချက်များရှိပါက မည်သူမဆို ဖြည့်စွက် အကြံပြုနိုင်ပါသည်)
အပိုင်း(၁) https://www.facebook.com/permalink.php?story_fbid=278817732470629&id=118323958520008&substory_index=0
အပိုင်း(၂)
https://www.facebook.com/permalink.php?story_fbid=292470871105315&id=118323958520008
အပိုင်း(၃)
https://www.facebook.com/ShunMyaSane/posts/297109683974767:0
သန့်ဇော်
ရွှန်းမြစိမ်း သံပုရာခြံ 09 97 536 4413

Address

Myay Ni Kwin Village, 18. 3 Mile, Yangon-Mandalay Expressway, Hlegu
Yangon
101110

Telephone

09975364413

Website

Alerts

Be the first to know and let us send you an email when Shun Mya Sane posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shun Mya Sane:

Share