
15/01/2025
"ကျွန်တော်...ချစ်မိခဲ့ပါတယ်"
စိတ်ကို စိတ်နဲ့ မျှားခဲ့ရုံပါ
ချစ်ခြင်းမေတ္တာဟာ ကြွေအန်ကစားသလို
ကိန်းဂဏန်းတွေကိုလည်း မှတ်သားရန်မလို
အဓိက,က သူ့အမူအရာလေး
သူ့ပြောဟန်ဆိုဟန်လေး
သူ့လှုပ်ရှားပုံအသေးစိတ်လေးတွေကို အလွတ်ရနေဖို့
ကျွန်တော်လေ...
ဉာဏ်နည်းတဲ့ ရွှေငါးလေးဖြစ်ခဲ့ရင်တောင်
သူ့ကိုတော့ မှတ်မိနေမှာ အသေအချာ
ဘယ်လိုခက်ခဲတဲ့အခြေအနေရောက်ရောက်
နွေးထွေးတဲ့ သူ့အပြုံးလေးကိုပဲ မက်မောနေမှာ
သူတစ်ယောက်ကလွဲပြီး ထပ်မလိုအပ်တော့တာမျိုးကို သစ္စာလို့ ခေါ်မလား
ဝန်ခံပါတယ်
" ကျွန် တော်...ချစ် မိ ခဲ့ ပါ တယ်.."။
#ဖရော်ဆန်