Breakthrough Publishing House

Breakthrough Publishing House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Breakthrough Publishing House, Publisher, No. 24/26, Race Course Condo, South Race Course Street, Tamwe Township, Yangon.

⏳ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး (၃) လဆိုတာ မပြီးပြတ်သေးတဲ့ ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့နဲ့ လာမယ့်နှစ်သစ်အတွက် အရှိန်ယ...
09/10/2026

⏳ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး (၃) လဆိုတာ မပြီးပြတ်သေးတဲ့ ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့နဲ့ လာမယ့်နှစ်သစ်အတွက် အရှိန်ယူရမယ့် အရေးကြီးဆုံး ကာလပါပဲ။💯

ဒီလိုအချိန်မှာ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ နေ့စဉ်အလုပ်တွေကြားထဲ နစ်မွန်းနေပြီး တကယ့်အရေးကြီးတဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးနေပြီလား? 🤯

ဒါဆိုရင်တော့ အချိန်တွေ၊ လုပ်ငန်းတာဝန်တွေနဲ့ ပန်းတိုင်တွေကို စနစ်တကျ ပြန်လည်စီမံခန့်ခွဲဖို့ အချိန်တန်ပါပြီ! 💡

အဲ့ဒီအတွက် သင့်ကို ကူညီပေးမယ့် "Business Executive Quarterly Planning System (QPS)" စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ 📘

📌 QPS စာအုပ် ဆိုတာ ရိုးရိုး Planner စာအုပ်လေးတစ်အုပ် မဟုတ်ပါဘူး။

သင့်လုပ်ငန်းရဲ့ မျှော်မှန်းချက်တွေကို စနစ်တကျ သတ်မှတ်ပေးပြီး၊ နေ့စဉ်လုပ်ဆောင်ချက်တွေကို ထိရောက်စွာ ပုံဖော်ပေးမယ့် သင့်ရဲ့ ကိုယ်ပိုင် Business Planning Companion တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ဘာတွေပါဝင်မလဲ? ✨

🔹 ၃ လတာ ပန်းတိုင်တွေကို တိတိကျကျ အကောင်အထည်ဖော်မယ့် အစီအစဉ်များ

🔹 အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နေ့စဉ်နဲ့ အပတ်စဉ် အသေးစိတ် ရေးဆွဲခြင်းများ

🔹 ကိုယ့်ကိုယ်ကိုယ် အမြဲဆန်းစစ်နိုင်မယ့် Daily Active Questions များ

🔹 လုပ်ငန်းဦးဆောင်သူတွေအတွက် အထူးရည်ရွယ်တဲ့ အပတ်စဉ် Self-Coaching မေးခွန်းများ

🔹 လက်တွေ့အသုံးချနိုင်မယ့် မဟာဗျူဟာမြောက် လုပ်ငန်းအစီအစဉ် ရေးဆွဲနည်းများ ... အစရှိတာတွေ ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။

🔰 “Business Executive Quarterly Planning System” စာအုပ်

▪️ဈေးနှုန်း- ၃၂,၀၀၀ ကျပ်

💼 2026 ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချပြီး သင့်လုပ်ငန်းကို နောက်တစ်ဆင့် (Next Level) သို့ တက်လှမ်းနိုင်ဖို့ QPS စာအုပ်နဲ့အတူ အခုပဲ စတင်လိုက်ပါ။

📥 ဝယ်ယူရန်အတွက်

အောက်ပါ Messenger Link သို့မဟုတ် ဖုန်းနံပါတ်များမှတစ်ဆင့် ယခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီ။

💬 m.me/BTPublishingHouse

ဆက်သွယ်စုံစမ်းရန် ဖုန်းနံပါတ်များ:

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691,
☎️ 09 760 331 692,
☎️ 09 760 331 695,
☎️ 09 768 439 419,
☎️ 09 763 192 739,
☎️ 09 767 467 809,
☎️ 09 768 795 278





08/10/2026

“Focus ခေါ် အာရုံစူးစိုက်မှု”

အာရုံစူးစိုက်မှုရှိဖို့လိုပါတယ်။ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုရရှိချင်တယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်ဖို့လိုပါတယ်။ အခုခေတ်မှာ အာရုံများစရာတွေ ပိုပြီးတော့များလာပါတယ်။ အဲဒါကြောင့် အာရုံစူးစိုက်ပြီး လုပ်ဆောင်တတ်ဖို့က ပိုပြီးတော့အရေးကြီးလာပါတယ်။ မနက်မိုးလင်းလာတာနဲ့ တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို သတ်မှတ်ဖို့လိုသလို သတ်မှတ်ထားတာတွေကို သတ်မှတ်ကာလမှာ အမှန်တကယ်ပြီးမြောက်အောင် အာရုံစူးစိုက်ပြီး လုပ်ကိုင်တတ်ဖို့လိုပါတယ်။

“အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်
ဈေးနှုန်း - ၃၅၀၀၀ ကျပ်

ဒီစာအုပ်ထဲမှာ ဘာတွေပါမလဲဆိုရင်...
🔰 စီးပွားရေး ဒါမှမဟုတ် လူမှုရေးအရ အကျပ်အတည်းတွေ ကြုံနေရချိန်မှာ သင့်ရဲ့လုပ်ငန်းကို မပြိုလဲအောင် ဘယ်လိုထိန်းသိမ်းမလဲ၊
🔰 ပြီးတော့ ပိုကောင်းတဲ့ အခြေအနေရောက်အောင် ဘယ်လိုပြန်ထူထောင်မလဲဆိုတာတွေကို ပြောပြပေးထားပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့ အချိန်မျိုးမှာတောင် သင့်ရဲ့ဝန်ထမ်းတွေကို စိတ်ဓာတ်မကျအောင် ခွန်အားပေးပြီး ဘယ်လိုစည်းလုံးအောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေလည်း ပါပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄

🔰 ဒီစာအုပ်အားလုံးကို ရေးသားထားတဲ့ စာရေးသူ ဦးနိုင်ဝင်းအောင်ဟာ Breakthrough Coaching, Training & Consulting ရဲ့ CEO & Founder ဖြစ်သလို Professional Business Coaches Alliance (PBCA Myanmar) ရဲ့ President လည်း ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link နဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။

📌 m.me/BTPublishingHouse
▄▄▄▄▄▄▄▄▄▄▄▄▄

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691,
☎️ 09 760 331 692,
☎️ 09 760 331 695,
☎️ 09 768 439 419,
☎️ 09 763 192 739,
☎️ 09 767 467 809,
☎️ 09 768 795 278


ဖြစ်ချင်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ မဟာဗျူဟာတွေဟာ လူတစ်ယောက်ရဲ့ စီးပွားဥစ္စာတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်တယ်။ဘယ်လို...
07/10/2026

ဖြစ်ချင်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ မဟာဗျူဟာတွေဟာ လူတစ်ယောက်ရဲ့ စီးပွားဥစ္စာတိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်တယ်။

ဘယ်လိုအရာကိုဖြစ်စေ လိုချင်တဲ့သူယောက်ဟာ အဲဒီအရာနဲ့ပတ်သက်ပြီး လိုချင်စိတ် ဟုန်းဟုန်းတောက်နေဖို့လိုတယ်။ အဲဒါကိုရနိုင်တယ်လို့လည်း မျှော်လင့်ထားရမယ်။

ပြီးရင်တော့ လိုချင်တာကိုရယူနိုင်ဖို့အတွက် လတ်တလောအခြေအနေနဲ့ အထိရောက်ဆုံးဖြစ်နိုင်မယ့်နည်းလမ်းတွေကို
သတ်မှတ်ထားဖို့လိုတယ်။ တစ်စုံတစ်ခုကိုလုပ်ဆောင်ပြီးတိုင်း ပြန်လည်သုံးသပ်တတ်တဲ့ အလေ့အကျင့်ကိုလည်း ပျိုးထောင်ဖို့အကြံပြုချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ငါအောင်မြင်လိမ့်မယ်လို့ ထပ်တလဲလဲပြောခြင်းအားဖြင့် သင့်ရဲ့အောင်မြင်အောင်လုပ်နိုင်စွမ်းအပေါ်ယုံကြည်မှုကို ပျိုးထောင်ဖို့လိုတယ်။

“ဦးနိုင်ဝင်းအောင်”(CEO Coach) နှင့် “Breakthrough မှ Coach များ” ရေးသားသော “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်မှီငြမ်းဖော်ပြထားပါသည်။

“အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်
ဈေးနှုန်း - ၃၅,၀၀၀ ကျပ်

ဝသန်မိုးတွေ တဖြည်းဖြည်းစဲလျက် မိုးကောင်းကင်လည်း ကြည်လင်လာတဲ့အချိန် မြန်မာတို့ရဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကလည်း တစ်ဖန် ...
06/10/2026

ဝသန်မိုးတွေ တဖြည်းဖြည်းစဲလျက် မိုးကောင်းကင်လည်း ကြည်လင်လာတဲ့အချိန် မြန်မာတို့ရဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကလည်း တစ်ဖန် ရောက်ရှိလို့လာပါပြီ။ မကြာခင်မှာ ညမှောင်တွေကို မီးရောင်စုံတွေနဲ့ အလှဆင်ကြတော့မယ်။ မိဘ၊ ဆရာသမားနဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက်လည်း ကျေးဇူးတရားနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ လက်ဆောင်လေးတွေ ရွေးချယ်ကြတော့မယ်။ 🎁

လက်ဆောင်ပေးဖို့ရွေးချယ်တဲ့အခါ တန်ဖိုးကြီးတာထက် ကိုယ်ပေးချင်တဲ့သူအတွက် အဓိပ္ပါယ်ရှိတာ၊ အချိန်ကြာကြာ အသုံးဝင်နေတာက ပိုတန်ဖိုးရှိတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရဲ့ အတွေးတွေကို ပိုကျယ်လာစေမယ့်၊ အသိအမြင်အသစ်တွေ ရစေမယ့် လက်ဆောင်မျိုးဆိုရင်တော့ ပစ္စည်းတစ်ခုထက် ပိုပြီး အဓိပ္ပာယ်ရှိနေမှာပါ။ ❤️

အဲဒီလို လက်ဆောင်မျိုးထဲမှာ စာအုပ်စာပေလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့သူရဲ့ စိတ်ဝင်စားမှု၊ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စာအုပ်တစ်အုပ်ကို ရွေးပေးလိုက်ခြင်းက စာမျက်နှာတွေကို လက်ဆင့်ကမ်းပေးတာထက် ပိုပါတယ်။ အတွေးတစ်ခု၊ အသိအမြင်တစ်ခုနဲ့ ကိုယ့်ဘဝကို ပြန်စဉ်းစားကြည့်ဖို့ အခွင့်အရေးတစ်ခုကိုပါ လက်ဆောင်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ 💡

ဒီသီတင်းကျွတ်မှာ ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတယ်ဆိုရင်တော့Breakthrough Publishing House က ထုတ်ဝေတဲ့ စာအုပ် (၁၂) အုပ်ထဲက သင်ပေးချင်တဲ့သူနဲ့ သင့်တော်မယ့် စာအုပ်တစ်အုပ်ကို ရွေးချယ်နိုင်ပါတယ်။မိဘအတွက်ဖြစ်စေ၊ ဆရာသမားတွေအတွက်ဖြစ်စေ၊ ကိုယ်ချစ်ရတဲ့သူအတွက်ဖြစ်စေ ဒီသီတင်းကျွတ်မှာ လက်ဆောင်တစ်ခုနဲ့အတူ အတွေးတစ်ခုကိုပါ လက်ဆင့်ကမ်းပေးလိုက်ပါ။ 📚

🔰 စီးပွားရေးအတွက်ဆို ဒီစာအုပ် (၄) အုပ်

🫱🏻 "အကျပ်အတည်းဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စေမည့် စီးပွားရေးခေါင်းဆောင်မှု အကြံပြုချက်များ” စာအုပ် - ၁၉,၅၀၀ ကျပ်

🫱🏻 “အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ” စာအုပ်- ၂၂,၅၀၀ ကျပ်

🫱🏻 “စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် ကျရှုံးရတာလဲ” စာအုပ် - ၂၂,၅၀၀ ကျပ်

🫱🏻 “လုပ်ငန်းရှင်များအတွက် နေ့စဉ် နည်းပြခြင်း” စာအုပ် - ၂၈,၀၀၀ ကျပ်

🔰 ဦးဆောင်မှုအတွက်ဆို ဒီစာအုပ် (၃) အုပ်

🫱🏻 “မိမိကိုယ်ကို ဦးဆောင်ခြင်း” စာအုပ် - ၂၉,၅၀၀ ကျပ်

🫱🏻 “ခေါင်းဆောင်မှုခရီးစဉ်” စာအုပ် - ၂၂,၅၀၀ ကျပ်

🫱🏻 “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ် - ၃၅,၀၀၀ ကျပ်

🔰 လူမှုဆက်ဆံရေးနဲ့ ဘဝအောင်မြင်မှုအတွက် ဒီစာအုပ် (၃) အုပ်

🫱🏻 “NLP ပညာဖြင့် စီးပွားရေး ဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း” စာအုပ် - ၃၉,၅၀၀ ကျပ်

🫱🏻 “NLP ပညာဖြင့် စိတ်ချမ်းသာပျော်ရွှင်သော စုံတွဲဆက်ဆံရေး တည်ဆောက်ခြင်း” စာအုပ် - ၃၅,၀၀၀ ကျပ်

🫱🏻 “NLP ပညာဖြင့် စိတ်ငြိမ်းချမ်းပျော်ရွှင်စွာ ကြီးပွားတိုးတက်ခြင်း” စာအုပ် - ၆၀,၀၀၀ ကျပ်

🔰 အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့

🫱🏻 “Business Executive Quarterly Planning System” စာအုပ် - ၃၂,၀၀၀ ကျပ်

🔰 သင့်အဖွဲ့သားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်မယ့်

🫱🏻 “The Professional Business Coach” စာအုပ် - ၂၉,၅၀၀ ကျပ်

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link နဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။
📌 m.me/BTPublishingHouse
▄▄▄▄▄▄▄▄▄▄▄▄▄

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691,
☎️ 09 760 331 692,
☎️ 09 760 331 695,
☎️ 09 768 439 419,
☎️ 09 763 192 739,
☎️ 09 767 467 809,
☎️ 09 768 795 278


သင့်ရဲ့လုပ်ငန်းကို နောက်တစ်နှစ်မှာ ဘယ်လိုမြင်ချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့လိုပါတယ်။Naing Win Aung (CEO ...
05/10/2026

သင့်ရဲ့လုပ်ငန်းကို နောက်တစ်နှစ်မှာ ဘယ်လိုမြင်ချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့လိုပါတယ်။

Naing Win Aung (CEO Coach)


04/10/2026

ကိုယ့်ရဲ့အသက်အပိုင်းအခြားကို သုံးပုံ ပုံကြည့်လိုက်ပါ။ ပထမဆုံးအပိုင်းအခြားမှာ ဘာတွေထူးခြားခဲ့လဲ။ ပြီးရင် ဒုတိယအပိုင်းမှာ ကိုယ်ဘာတွေကိုအားသန်ခဲ့လဲ။
တတိယအပိုင်း အခုအချိန်မှာရော ကိုယ့်အနေနဲ့ ဘာတွေကိုအလေးထားနေလဲ။ အဲဒီလို
စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ပြောင်းလဲလာမှုကို ပိုပြီးတော့သိနိုင်တယ်။

🔰 "မိမိကိုယ်ကို ဦးဆောင်ခြင်း" စာအုပ်
ဈေးနှုန်း - ၂၉,၅၀၀ ကျပ်

ဒီစာအုပ်ထဲမှာ ဆိုရင်…..
🔰 ကိုယ့်ဘဝတန်ဖိုးတွေကို ဘယ်လို ရှာဖွေရမလဲ၊
🔰 လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ဘယ်လိုချမလဲ၊ ဘယ်လို အကောင်အထည်ဖော်မလဲ၊
🔰 ကိုယ့်ကိုယ်ကိုယ် ဘယ်လို ယုံကြည်မှု တည်ဆောက်မလဲ၊
🔰 ကောင်းမွန်တဲ့ အကျင့်စာရိတ္တနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ စိတ်နေသဘောထားကို ဘယ်လို မွေးမြူမလဲ၊
🔰 ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်မလဲ စတဲ့ အောင်မြင်မှု လျှို့ဝှက်ချက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

ဒီစာအုပ်ဟာ ဘဝကို ကိုယ်တိုင်ဦးဆောင်ပြီး အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆယ်ကျော်သက် လူငယ်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ လမ်းညွှန်စာအုပ် တစ်အုပ်ပဲ ဖြစ်ပါတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄

🔰 ဒီစာအုပ်အားလုံးကို ရေးသားထားတဲ့ စာရေးသူ ဦးနိုင်ဝင်းအောင်ဟာ Breakthrough Coaching, Training & Consulting ရဲ့ CEO & Founder ဖြစ်သလို Professional Business Coaches Alliance (PBCA Myanmar) ရဲ့ President လည်း ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link နဲ့ ဖုန်းနံပါတ်များမှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။

📌 m.me/BTPublishingHouse
▄▄▄▄▄▄▄▄▄▄▄▄▄

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

☎️ 09 765 222 104,
☎️ 09 765 222 106,
☎️ 09 765 222 108,
☎️ 09 765 222 109,
☎️ 09 760 331 690,
☎️ 09 760 331 691,
☎️ 09 760 331 692,
☎️ 09 760 331 695,
☎️ 09 768 439 419,
☎️ 09 763 192 739,
☎️ 09 767 467 809,
☎️ 09 768 795 278


သင့်ကိုအားပေးတဲ့၊ သင့်ရဲ့တိုးတက်မှုကို အမှန်တကယ်လိုလားတဲ့လူတွေနဲ့သာ အချိန်ကုန်ဆုံးပါ။“ဦးနိုင်ဝင်းအောင် (CEO Coach)” ရေးသ...
03/10/2026

သင့်ကိုအားပေးတဲ့၊ သင့်ရဲ့တိုးတက်မှုကို အမှန်တကယ်လိုလားတဲ့လူတွေနဲ့သာ အချိန်ကုန်ဆုံးပါ။

“ဦးနိုင်ဝင်းအောင် (CEO Coach)” ရေးသားသော “Business Executive Quarterly Planning System (QPS)” စာအုပ်မှ ကောက်နုတ်ချက်။


လူတချို့ကတော့ ခေါင်းဆောင်ဆိုတာ အမိန့်ပေးတဲ့သူ၊ ကြီးကြပ်တဲ့သူ၊ အမြဲတမ်း ဘာလုပ်ရမယ်ဆိုတာ ပြောပြတဲ့သူလို့ ထင်တတ်ကြပါတယ်။အဲဒ...
02/10/2026

လူတချို့ကတော့ ခေါင်းဆောင်ဆိုတာ အမိန့်ပေးတဲ့သူ၊ ကြီးကြပ်တဲ့သူ၊ အမြဲတမ်း ဘာလုပ်ရမယ်ဆိုတာ ပြောပြတဲ့သူလို့ ထင်တတ်ကြပါတယ်။

အဲဒါက တကယ်တမ်းတော့ မမှန်ပါဘူး။ တကယ့်ခေါင်းဆောင်မှုဟာ ဘယ်လိုမျိုးလဲဆိုတာ အောက်မှာ အတူဖတ်ကြည့်ရအောင်နော်…
🔰 နားထောင်ပေးတယ်။
တကယ့်ခေါင်းဆောင်ဟာ စကားပြောတာထက် နားထောင်တာကို ပိုဦးစားပေးပါတယ်။ သူ့အဖွဲ့သားတွေရဲ့ အသံ၊ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ သူတို့ရဲ့ အကြံဉာဏ်တွေကို တန်ဖိုးထား နားထောင်တတ်ပါတယ်။
🔰 လုပ်ပိုင်ခွင့်နဲ့ ယုံကြည်မှုပေးတယ်။
အရာရာကို ကိုယ်တိုင် ချုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ အဖွဲ့သားတွေကို ယုံကြည်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့် ပေးအပ်ကြပါတယ်။
🔰 ကူညီပံ့ပိုးလိုတဲ့ စိတ်ဓာတ်ရှိတယ်။
ဆရာလုပ်တာမဟုတ်ဘဲ အဖွဲ့သားတွေ အလုပ်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ကူညီမှုတွေကို ဖြည့်ဆည်းပေးကြပါတယ်။
🔰 ရှင်းလင်းတဲ့ မျှော်မှန်းချက် ရှိတယ်။
ဘယ်ကို သွားမယ်ဆိုတဲ့ ပန်းတိုင်နဲ့ မျှော်မှန်းချက်ကို တိတိကျကျ ချမှတ်ပြီး အဖွဲ့သား အားလုံးကို လမ်းပြပေးနိုင်ပါတယ်။
🔰 သင်ကြားပေးပြီး လက်တွဲလုပ်ဆောင်ပေးတယ်။
အမှားတွေကို အပြစ်တင်တာထက် သင်ခန်းစာယူနိုင်အောင် သင်ပြပေးပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြပါတယ်။
🔰 ဩဇာလွှမ်းမိုးနိုင်တယ်။
လူတွေကို အမိန့်ပေးစရာမလိုဘဲ သူကိုယ်တိုင်ရဲ့ လုပ်ဆောင်ချက်တွေ၊ စရိုက်လက္ခဏာတွေနဲ့ စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်တာ။
🔰 လူတော်များကို မြေတောင်မြှောက်ပေးကြတယ်။
ကိုယ့်ထက် တော်တဲ့သူတွေ ထွက်ပေါ်လာမှာကို မကြောက်ဘဲ နောက်မျိုးဆက်သစ် ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်ပေးကြပါတယ်။
🔰 တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိကြတယ်။
ရလဒ်ကောင်းရင် အဖွဲ့သားတွေကို ဂုဏ်ပြုပြီး၊ အဆင်မပြေမှု သို့မဟုတ် အမှားအယွင်း ရှိလာရင် ဦးဆောင်ပြီး တာဝန်ယူကြပါတယ်။
🔰 စာနာနားလည်နိုင်စွမ်းရှိတယ်။

အဖွဲ့သားတွေရဲ့ စိတ်ခံစားချက်၊ ခက်ခဲမှုတွေကို စာနာနားလည်ပေးနိုင်ပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးကြပါတယ်။
ဒီအချက်တွေထဲက သင်နဲ့ ဘယ်နှချက် ကိုက်ညီပါသလဲ…သင့်ကိုယ်သင် အမှတ်ပေးကြည့်ပါ။ တကယ်လို့ ၅ မှတ်ထက် နည်းနေတယ်ဆိုရင်တော့ သင့်အနေနဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ပိုတိုးတက်အောင် လေ့လာဖို့ လိုအပ်နေပါသေးတယ်။

ဒါကြောင့် သင့်အနေနဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်လေ့လာနိုင်ဖို့အတွက် Breakthrough Publishing House မှ ဆရာဦးနိုင်ဝင်းအောင်ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အကောင်းဆုံး လက်စွဲစာအုပ် (၄) အုပ်ကို မိတ်ဆက်ပေးပါရစေ။

အဲဒါတွေကတော့….
🔹 "ခေါင်းဆောင်မှု ခရီးစဉ်" စာအုပ် ဈေးနှုန်း - ၂၂,၅၀၀ ကျပ်
🔹 "အခက်အခဲကာလတွင် ဦးဆောင်ခြင်း" စာအုပ် ဈေးနှုန်း - ၃၅,၀၀၀ ကျပ်
🔹 "မိမိကိုယ်ကို ဦးဆောင်ခြင်း" စာအုပ် ဈေးနှုန်း - ၂၉,၅၀၀ ကျပ်
🔹 “The Professional Business Coach” စာအုပ် ဈေးနှုန်း - ၂၉,၅၀၀ ကျပ်

🔰 Breakthrough က စာအုပ်အားလုံးကို ရေးသားထားတဲ့ စာရေးသူ ဦးနိုင်ဝင်းအောင်ဟာ Breakthrough Coaching, Training & Consulting ရဲ့ CEO & Founder ဖြစ်သလို Professional Business Coaches Alliance (PBCA Myanmar) ရဲ့ President လည်း ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုပါက အောက်ပါ Link မှ တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။
📌 m.me/BTPublishingHouse


သင်ရောင်းချနေတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကိုစျေးနှုန်းအနည်းငယ် လျှော့ချလိုက်လို့ အမြတ်ငွေတွေ နည်းသွားပြီဆိ...
01/10/2026

သင်ရောင်းချနေတဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို
စျေးနှုန်းအနည်းငယ် လျှော့ချလိုက်လို့ အမြတ်ငွေတွေ နည်းသွားပြီဆိုပြီး
စိတ်ပူကာ တွေးတောမနေပါနဲ့။

စျေးကွက်ထဲမှာ စျေးနှုန်းနဲ့ ကမ်းလှမ်းချက်တွေကို
ဉာဏ်ရှိရှိ ကစားနိုင်မယ်ဆိုရင် ရောင်းချရတဲ့
အရေအတွက် ပိုမိုများပြားလာပြီး၊
အဲဒီအရေအတွက် အားသာချက်ကြောင့်ပဲ
လျော့နည်းသွားတဲ့ အမြတ်ငွေဟာ
အလိုလို ပြန်လည်မြင့်မားလာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက သော့ချက်ကတော့
ဝယ်သူတွေအနေနဲ့ သင့်ရဲ့ ကုန်ပစ္စည်း
ဒါမှမဟုတ် ကမ်းလှမ်းချက်ကို မြင်လိုက်တာနဲ့
"ဒါဟာ ငါ့အတွက် တကယ့်ကို တန်လွန်းလို့
အခုချက်ချင်း ဝယ်မှဖြစ်တော့မယ်" ဆိုတဲ့
စိတ်လှုံ့ဆော်မှုမျိုး ဖြစ်ပေါ်လာအောင်
ဖန်တီးပေးဖို့ လိုအပ်ခြင်းပါပဲ။

စျေးကို ဒီအတိုင်း ဇွတ်ချပစ်တာမျိုး မဟုတ်ဘဲ
ဝယ်သူတွေအတွက် ပိုမိုထူးခြားတဲ့ ကမ်းလှမ်းချက်တွေ၊
လက်ဆောင်တွေ ဒါမှမဟုတ် အတွဲလိုက်စနစ်တွေနဲ့ ပေါင်းစပ်ပြီး
ဉာဏ်ရှိရှိ ကစားတတ်ဖို့ လိုပါတယ်။

သင့်ရဲ့ ထုတ်ကုန်က ပေးနိုင်တဲ့ တန်ဖိုးနဲ့
ဝယ်သူတွေဆီကရရှိမယ့် စျေးနှုန်းကို
လိုက်ဖက်ညီညီ ချိန်ညှိပြီး ဆွဲဆောင်မှုရှိတဲ့
Offer မျိုး ချပြနိုင်မယ်ဆိုရင်တော့၊
ပြိုင်ဘက်တွေကြားထဲမှာ သင့်ရဲ့ရောင်းအားကို
သိသိသာသာ မြှင့်တင်နိုင်ပြီး လုပ်ငန်းအတွက်
အမြတ်အစွန်းတွေကိုပါ အမိအရ သိမ်းပိုက်နိုင်မှာ သေချာပါတယ်။

“အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ” စာအုပ်
စျေးနှုန်း - ၂၂,၅၀၀ ကျပ်

#အရောင်း #စီးပွားရေး #ရောင်းချခြင်း #ဆောင်းပါး

သင်က ခေါင်းဆောင်ဖြစ်ပြီဆိုရင်သင့်‌လက်အောက်ကလူတွေရဲ့အလုပ်အားလုံးကို Guide လုပ်ပေးနိုင်ရမယ်။မှန်ကန်စွာလုပ်နိုင်အောင်၊ အချိ...
30/09/2026

သင်က ခေါင်းဆောင်ဖြစ်ပြီဆိုရင်
သင့်‌လက်အောက်ကလူတွေရဲ့
အလုပ်အားလုံးကို Guide လုပ်ပေးနိုင်ရမယ်။

မှန်ကန်စွာလုပ်နိုင်အောင်၊ အချိန်မီပြီးစီးအောင်
လမ်းညွှန်ပေးနိုင်ရမယ်။

အလုပ်နဲ့ပတ်သက်ပြီး
အမြင်ကသင့်အောက်မှာရှိတဲ့လူတွေထက်
ကျယ်ပြန့်တဲ့အမြင်၊ အတွေးမျိုးရှိရမယ်။

သင်က အပေါ်ရောက်လေလေ
Product Picture တို့၊ Big Picture တို့ကို
မြင်အောင်ကြည့်တတ်ရလေလေဖြစ်ရမယ်။
ရှေ့ကိုကြိုမြင်ကြည့်တတ်ရမယ်ဆိုလိုတာ။

သင်ကရာထူးတိုးဖို့မလိုဘူး၊ သာမန်ပဲဆို
အဆင်ပြေတယ်ဆိုရင်တော့ သိပ်ပြီးမလိုဘူးပေါ့။

သင့် Level မြင့်လာလေလေ
သင်က များများမြင်နိုင်ရလေလေပဲ။
အလုပ်တွေ ဘယ်လိုနေရာချရမလဲ၊
ဘယ်လိုလုပ်ရင် ပိုထိရောက်တယ်ဆိုတာသိထားရမယ်။

အလုပ်ပြီးစီးဖို့
အလုပ်စီးဆင်းမှု (Workflow) ကို
သေချာ Plan လုပ်ထားရမယ်။
ဒီ Plan တွေက ကိုယ့်လူတွေကိုအလုပ်ပြီးစီးစေမယ့် Active
Direction တွေဖြစ်တယ်။

“ဦးနိုင်ဝင်းအောင်”(CEO Coach) နှင့် “Breakthrough မှ Coach များ” ရေးသားသော “အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်မှ ကောက်နုတ်မှီငြမ်းဖော်ပြထားပါသည်။
“အခက်အခဲကာလတွင် ဦးဆောင်ခြင်း” စာအုပ်
ဈေးနှုန်း - ၃၅,၀၀၀ ကျပ်


Address

No. 24/26, Race Course Condo, South Race Course Street, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 05:30
Tuesday 09:00 - 05:30
Wednesday 09:00 - 05:30
Thursday 09:00 - 05:30
Friday 09:00 - 05:30
Saturday 09:00 - 05:30

Website

Alerts

Be the first to know and let us send you an email when Breakthrough Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Breakthrough Publishing House:

Shortcuts

Share

Category