Sann Minn Paing

Sann Minn Paing တနေ့တော့ဖြစ်ရမယ်၊ ငါ့ရဲ့မနက်ဖြန်၊ ကြားကာလ

ကိုဗျူဟာ

09/01/2026

နမိတ်ကြီး၄ပါးမြင်တွေ့ရပုံ

💤💤🐶 #𝑺𝒂𝒏𝒏𝑴𝒊𝒏𝒏𝑷𝒂𝒊𝒏𝒈
09/01/2026

💤💤🐶

#𝑺𝒂𝒏𝒏𝑴𝒊𝒏𝒏𝑷𝒂𝒊𝒏𝒈

09/01/2026

ရေ မုန့် ✊❤️

09/01/2026

AWC

❤️❤️
07/01/2026

❤️❤️

ငယ်ဘဝအားချန်ထားခဲ့ရခြင်း (သို့) မွေးနေ့အမှတ်တရ  #ခန္ဓာစွန့်ပယ်ခြင်း "ရေကြည်အိုင်" စစ်ကြောရေးကနေ "ရွှေပြည်သာ"ကို ပြောင်းရ...
07/01/2026

ငယ်ဘဝအားချန်ထားခဲ့ရခြင်း (သို့) မွေးနေ့အမှတ်တရ

#ခန္ဓာစွန့်ပယ်ခြင်း

"ရေကြည်အိုင်" စစ်ကြောရေးကနေ "ရွှေပြည်သာ"ကို
ပြောင်းရတော့ အမှုတွဲတွေလည်း အတူပါလာသလို၊
ရွှေပြည်သာမှာက နိုင်ကျဉ်းမှုတွေချည်း သီးသန့်အဆောင်ကြီး
တခုမှာ ထားတာဆိုတော့ စိတ်သက်သာရာရသေးတယ်။
သူလိုကိုယ်လိုလူတွေ ရှိတယ်ဆိုတဲ့အသိနဲ့။ အေးဆေး။

မအေးဆေးတာက ရွှေပြည်သာကနေ အမှုတွဲတွေနဲ့
ကိုယ်နဲ့သိတဲ့လူတွေ အကုန်နည်းပါး အင်းစိန်ရွှေ့ရပြီး
ကိုယ်တယောက်တည်းကျန်ခဲ့ရတာပဲ။ နာရီတောင်မပြည့်ပါဘူး
သိပ်မကြာခင် ရဲကားလေးတစီး ထိုးစိုက်လို့ အဖေ့နာမည်
ခေါ်သံနဲ့အတူ မြောက်ဥက္ကာလာ စခန်းကိုပြောင်းရွှေ့ဖို့
လိုက်ပါခဲ့ရတယ်။ မ/ဥစခန်းကို ပြောင်းရတော့
အမှုတွဲတွေမပါ။ ကျနော်တယောက်တည်း။

လူမိုက်ကို အသက်ရွယ်စုံရှိတဲ့ စခန်းထဲ ရောင်ရမ်း
ခန္ဓာကိုယ်ကြီးကို လူမိုက်တွေခင်မျာ ကြောက်လန့်လို့။
အမှုအကြောင်းမေးလို့ အသက်ပြောပြတဲ့အခါ
လက်အုပ်တွေချီလို့။ သိပ်မကြာပါဘူး

အဲ့နေ့က တာဝန်ကျတဲ့ အရာခံဗိုလ်ဟာ အချုပ်သားသစ်
စန်းမင်းပိုင်ကို "ဘာအမှုလဲ ဘာလဲ"မေးတဲ့အခါ စစ်ကြောရေး
ထွက်ချက်အတိုင်းမဟုတ်ရင် ထပ်ရိုက်ခံရမှာကြိုသိတဲ့
ညဏ်ကောင်းတဲ့ ချာတိတ်ဟာ အမှုတွဲဖိုင်ထဲက မှတ်မိသမျှ
လူသတ်မှုတွေကို ရွတ်ပြခဲ့တယ်။

ရလဒ်က မျက်လုံးကြီးစီးလို့ ခေါ်သွား။ ဂိုထောင်ထဲ
တိုင်ကိုဖက်ရပြီး"စစ်ကိုင်းသား အကြောင်း သိအောင်ပြမယ်"
ဆိုတဲ့ အမိန့်နဲ့ ထပ်အရိုက်ခံရတာပါပဲ။ သောက်ဂွ။
ဖင်ကုန်းအော်ပေးလိုက်တာ စခန်းတခုလုံး
တိတ်ဆိတ်လို့။ အရိုက်ခံပြီးလို့ အချုပ်ခန်းထဲ
ပြန်ရောက်လာတဲ့အခါ "ပါးစပ်ထဲ သေးပေါက်ထည့်မယ်"လို့
ပြောခဲ့တဲ့ လူမိုက်ကြီးက ဆေးထည့်ပေးရှာတယ်။

တန်းစီးအဖိုးကြီး ၂ယောက်ခင်မျာ
"ငါတို့ကလေးကို အနိုင်ကျင့်ကြတယ် ငါယိုးမသားတွေ "
ဆိုတဲ့ ခံပြင်းစိတ်အပြည့်နဲ့ မျက်နှာတွေ၊ ဆံပင်ဖြူဖြူ‌တွေ၊
မိုက်ပြစ်ကြီးကြီးနဲ့ လူတွေ။ ၃ရက်‌တာ အချုပ်စည်းကမ်း
အပြည့်အဝဖြင့် ညတိုင်းသတိဆွဲ ငိုရတဲ့၃ရက်အပြီး ကြားရတဲ့
သတင်းက "စခန်းမှားနေတာ တောင်ဒဂုံသွားရမှာ"တဲ့။လခွမ်း

လမ်းကြုံ အရိုက်ခံရသေးတယ်။ အဲ့လိုနဲ့ တဒဂ စခန်းကိုသွားနေတဲ့
လမ်းမှာ ဇာတိမြေကိုပြန်နေတဲ့ ဆိုတဲ့အသိ၊ လမ်းလျှောက်ခဲ့တဲ့
လမ်းတွေပေါ် လမ်းလျှောက်လို့မရဘူးဆိုတဲ့အသိ၊ လက်ထဲက
လက်ထိပ်နဲ့ ငယ်ဘဝပျော်စရာ ယောက်ကော်ပန်းခြံနဲ့
စက်မှုဇုံကြီးနဲ့။ "ငါ တဒဂ စခန်းရောက်ရင်
ထပ်ရိုက်ခံရအုန်းမှာလား "ဆိုတဲ့ ကြောက်စိတ်နဲ့
ဆုံးဖြတ်ချက်တခုကို ချလိုက်တယ်။

ပုံစံမောင်းလို့ အခြေအနေမကောင်းတဲ့အခါ၊
စနူကာထိုးနေကြရဲတွေ စိတ်အဆင်မပြေတဲ့အခါ
Ready ဖြစ်ဖို့။ ဝမ်းလျားကြီးမှောက်ပေးလိုက်မယ်။
လူမိုက်တွေ ဖြဲရင်လည်း ဒီအတိုင်းပြောမယ်။

"ရေကြည်အိုင်ကို မှီမယ်ထင်ရင် ရိုက်ကြကွာ "

ထိုနေ့မှစ ဘယ်သူမှမရိုက်တော့၊ သန်လျင်နဲ့
ဆိပ်ကမ်းသွားရတဲ့အထိဒီအချိုးပဲ။
မင်းလားကွ လူမိုက်၊ မင်းလာကွ ဆရာကြီး။

" လာ လာ လာစမ်း ရေကြည်အိုင်ကို မှီရင် ရိုက်ကြကွာ "

#ကိုယ်လုံးတီး

ဒီလိုနဲ့ အရိုက်မခံရတော့။ သို့ပေမယ့် တထိုင်တည်းတွေး
တထိုင်တည်းရေးနိုင်သည်အထိ အာရုံထဲရှိနေတဲ့ မျက်နှာ‌တွေ။
ခရမ်းရောင်သမ်းနေတဲ့ ကိုယ်လုံးတီးကြီး၊ နဂါးလေး ကားနဲ့တိုက်လို့
ကျောပြင်တခုလုံး ပြည်တည်နာကြီးနဲ့ ကိုယ်လုံးတီးကြီး၊
အခန်းနံပတ်မရှိတဲ့ ငရဲခန်းထဲက ပြေးထွက်လာတဲ့
ကိုယ်လုံးတီးကြီး၊ ခြေမထိုးထည့်ခံရတဲ့ ကိုယ်လုံးတီးကြီး၊
စုပ်ပေါက်ရာ အပြည့်နဲ့ ကိုယ်လုံးတီးကြီး။

ငါဘာတွေပိုင်လည်း ပြန်ကြည့်တယ်။ ကိုယ်လုံးတီးကြီး။
ငါ့ဘဝကိုပြန်ကြည့်တယ်။ ကိုယ်လုံးတီးကြီး။
ငါ့ဘေးနားကလူတွေ ကိုယ်လုံးတီးကြီး။
ကမ္ဘာကို ခြေစနင်းကတည်းက ကိုယ်လုံးတီးကြီး။
အရှိုးရာအပြည့်နဲ့ ကိုယ်လုံးတီးကြီး။
ပုံပျက်နေတဲ့ ကိုယ်လုံးတီးကြီး။
ပုံဖော်မရတော့တဲ့ ကိုယ်လုံးတီးကြီး။
နိုင်ငံတော်လူကြီးမင်းများဟာ သောက်ရှက်မရှိ ကိုယ်လုံးတီးကြီး။
"အသက်သခင် ကျေးဇူးရှင်ဟာ ဒီလိုဆိုခဲ့ဖူးပါတယ်"

ထိုသော... မနေ့က "ငါ"သည်
၀ါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက် ပျောက်ကွယ်ခဲ့ပါပြီ။

ဤယနေ့....ငါ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက် ထွက်ခွာ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

ငါသည် ငါ၏ ဘုရင်ဖြစ်၍
ငါသည် ငါ၏ ပြည်သူဖြစ်၏။

ငါ့ကို ငါက အုပ်ချုပ်၍
ငါ့အလုပ်ကို ငါ လုပ်ရပေတော့မည် "တဲ့ ဆရာတာရာမင်းဝေပါ။

သိပ်ချစ်ရတဲ့သူကို သိပ်ချစ်ကြောင်း ထုတ်ပြတဲ့အခါ
ပြန်ရလိုက်တဲ့ ဘဝဟာလည်း ကိုယ်လုံးတီးကြီးပါပဲ။
အတ္တနဲ့ မျိုးဆက်ချန်ဖြစ်ရင်လည်း ကိုယ်လုံးတီးကြီးပါပဲ။
တယူသန်စိတ်နဲ့ ကွန်ဒုံးတွေမားကတ်ထဲ ပစ်မထည့်ပဲ
ပျိုးပင်စနစ်သစ်ကို အင်အားကြီးအောင် သုတ်ရည်နဲ့လောင်းကြ။

ကမ္ဘာထိပ်ကိုတက်တဲ့အခါ ကိုယ်လုံးတီးကြီး။
အပေါ်ရောက်တဲ့အခါ ကိုယ်လုံးတီးကြီး။
ကိုမင်းလွန်ရဲ့ လူသားဝါဒီဟာ ကိုယ်လုံးတီးကြီး။
ဗမာပြည်ဖွား လူမည်းသွေးနှော ရက်ပ်ပါ
H00!!Zzyလည်း ကိုယ်လုံးတီးကြီး။
The Synk က စောက်ရူးနားကန်းတွေဟာ
ကိုယ်လုံးတီးကြီး။ ယှဉ်တွဲတာ နှိုင်းယှဉ်တာတွေ
လုပ်တဲ့အခါ ကိုယ်လုံးတီးကြီး နှိုင်းယှဉ်စေချင်။

ကိုယ်လုံးတီးကြီး နေလိုက်ပါ။ လူပီသကြောင်းပြဖို့
အများကြီးမလိုပါဘူး ကိုယ်လုံးတီးကြီးပါပဲ။
ငါ့သခင် Joyကလည်း ကိုယ်လုံးတီးကြီး။
ကျနော်ဟာ ရက်ပ်ပါဆိုပေမယ့် ကိုယ်တီးလုံးကြီးကို မလို
ကိုလုံးတီးကြီးပဲ လိုနေခဲ့တာပါ။ ဘေးကိုလာပါ။
ကိုယ်လုံးတီးကြီးရပ်လိုက် တဘဝလုံး ခန္ဓာမှာ ဘာကျန်ခဲ့သလဲ။

ဓားဒဏ်ရာတွေကို မာကင်ပေးချင်ပြီး ချောမွတ်တဲ့
ခန္ဓာတွေကိုရိုက်နှက်ချင်တဲ့ အရိုင်းစိတ်ဟာ နောက်ရာစုတွေမှာ
လူသုံးများလာမယ့် စားသောက်ကုန်စည်တွေ။
အာဏာရှင်တော်လှန်ရေး၊စာပေတော်လှန်ရေး၊
လူငယ့်တော်လှန်ရေး၊ Rapတော်လှန်ရေး


#၅၂မိနစ်ဖြင့်

06/01/2026

၃၀၂/၃၄ အဖေနာမည် ဦးစန်းမြင့်
၁၂/ဒဂတနိုင် (ကျန်တာမမှတ်မိပါဆရာ)


ရက်ပ်သီချင်း တစ်ပုဒ်ထုတ်ဖို့
ငါ့စိတ်နဲ့ ငါ သိပ်မတည့်
နှစ်တွေ၊လတွေ တော၊တောင်တွေ ကျော်လည်း
Rapအမြဲသီး လျှာလိပ်ဆဲ
ရေဝင်ပေါက်ကို မဖာပိတ်ဘဲ
ဖင်ခုထိုင်ကြတယ် အထာတစ်သိန်းနဲ့
ငါ့ကိုချစ်တဲ့ ဖိုးလမင်းကြီး
သူတို့ကြောင့် ဘယ်သာလိမ့်မလဲ

သာတဲ့အခါများ ငါ့ကိုပြော
အဖိုးကြီးရေ ယုန်လေး စိတ်တွေကြီး
လိပ်ကလေး အံကိုကြိတ်နေပြီး
တစ်လှမ်းချင်းလှမ်း ဆက်လိမ့်နေသည်
တစ်နပ်စားချင်ရင် စားမလောက်
အမေ့သားလေး ယနေ့ထိ နားမဖောက်
လောကမာယာ ကောက်ကွေ့လွန်းတယ်
မမတွေလောက် သားမကြောက်

သား ကြောက်တာက ပေါင်တံလှလှတွေ
သား နှာခေါင်း ထောင်အနံ့များ ရနေ
အောက်ပိုင်း ကိစ္စတွေ တွေးလည်း
ထောင်အမွေ ပေါင်ခြံများ ယားနေ
အဖေ ရွှေပြည်စိုး သောက်ချင်
သန်းကြွယ် ချိုဆိမ့် သောက်ချင်
ညသန်းခေါင် ဘောပွဲကြည့်
အဖေနဲ့သေးအတူ ပေါက်ချင်

ခိုင်ထူးသီချင်းတွေ ဂစ်တာတီးပြဦး
သား Rapတွေ လိုက်ထည့်
အရင်လို အဖြူသီး မကျတော့ဘူး
ကျူလွှတ်တိုင်း ယုံကြည် ဆိုဒ်ထည့်
‌ပြဲရင် အချိုတွေ တအားစားတယ်
အင်္ဂါသား စကားတွေ တအားများတယ်
‌မသေခင်မှာ အနားရှိ ချစ်ရသူကိုတော့
စုဖုရားလတ်လို ထားရမယ်

ဆီပြန်ဟင်းတွေ မုန်းတတ်လာပြီ
၂၀ ကျော်စ လူငယ်
အမောက်လေး တထောင်ထောင်တတ်လာပြီ
၂၀ ကျော်စ လူငယ်
မမတွေ လိုအင် ဖြည့်တတ်လာပြီ
၂၀ ကျော်စ လူငယ်
၂၀ ကျော်စ လူငယ်

ကိုယ့်မိုက်ပြစ် ကိုယ်ချစ်တတ်လာပြီ
၂၀ ကျော်စ လူငယ်
နိုင်ငံတွေ ခုန်ကူးတတ်လာပြီ
၂၀ ကျော်စ လူငယ်
အမိတွေ အဖတွေ လွမ်းတတ်လာပြီ
၂၀ ကျော်စ လူငယ်
သေနတ်တွေ ဘာတွေပစ်တတ်လာပြီ
၂၀ ကျော်စ လူငယ်

(HappyBirthdayToMe)⁴
(HappyBirthdayToMe) ⁴

လူငယ်ပီပီ လူကြီးလိုတွေး
ခပ်စပ်စပ်လေး ကြုံးဝါးဆဲ
ဂေါကြီးလို နားရွက်လည်းမရှည်
ပွင့်တော်မူဖို့ လုံ့လထည့်
နောက်ပြီးတော့ အုန်းစားတယ်
ကတုံးတွေကြောင့် ပိုရုန်းရတယ်
မိုက်ကယ်ကျော်မြင့် သတင်းကြားတော့လည်း
သားအမုန်းမရှိ အပြုံးများဝဲ

မိုက်ခရိုဖုန်းထဲ အသံတွေပစ်ထည့်လည်း
သားအသံများ ပြန်မကြား
အရိုးစူးတယ်ထင်ပြီး
စိမ်ရည် သောက်တော့ တူတံစဉ်ကြီး အန်ချ
ပါးစပ်က ထွက်သမျှ ပြန်မစား
ကွန်ဒုံးတွေ ပျံ့ကျဲ အနှံ့အပြား
ဇာတ်သိမ်းခန်းမှာ ခွေးစကားနားလည်
ခွေးဟောင်သံများ မခံရ

တောင်တွေကို သား
တက်နင်းလိုက်တိုင်းမှာ တိမ်တွေက ပိုဖိတယ်
စားမယ် အိပ်မယ် လိင်ဆက်ဆံမယ်
ရှင်သန်ခြင်းက ဘယ်လိုကြီးလဲ
ကောင်လေးတွေ အကုန် ဂျိုရှိတယ်
ကောင်မလေးတွေ နဲ့ ဘယ်လိုညှိမလဲ
ရည်းစားဟောင်းထက် ပိုကြီးတဲ့
အသစ်အကြောင်းလည်း
Rapတွေ ဆိုညည်းမယ်

သားချစ်တဲ့ကြိုးတွေ များလာတော့
သူတို့လည်း ကြိုးတွေ လိုက်ကျစ်တယ်
ဟာလန်းလို False 9 တိုက်စစ်ပဲ
စည်းနောက်က ဖဝါးလှမ်း ရိုက်ပစ်မယ်
ဆူလီဗန် ဆို အမှတ်အကျောပေး
သုံးရာသီ စောင်ခြုံမပျက် ဘောအေး
BPI၊ မြွေနှစ်ကောင်၊ Dettol အရည်
6ပေ4 ပိန်ပိန် ခန့်ချောလေ

ဆီပြန်ဟင်းတွေ မုန်းတတ်လာပြီ
၂၀ ကျော်စ လူငယ်
ငပိရည် ငပိကြော် လွမ်းတတ်လာပြီ
၂၀ ကျော်စ လူငယ်
ကျမ်းချပ်တွေ လွှင့်ပစ်တတ်လာပြီ
၂၀ ကျော်စ လူငယ်
ဘုရားနဲ့ ပိုကာဒေါင်းတတ်လာပြီ
၂၀ ကျော်စလူငယ်

ဘီယာကို ရေလို သောက်တတ်လာပြီ
၂၀ ကျော်စ လူငယ်
နိုင်ငံတွေ ခုန်ကူးတတ်လာပြီ
၂၀ ကျော်စ လူငယ်
မိသားစုဆိုတာကို လွမ်းတတ်လာပြီ
၂၀ ကျော်စ လူငယ်
၂၀ ကျော်စ လူငယ် ၂၀ ကျော်စ လူငယ်

(HappyBirthdayToMe)⁴
(Happy Birthday To Me)⁴

" တော်လှန်ရင်း ထမင်းငတ်တာ မှားတယ် "
ဆိုသူတွေ "ဟင်းမပျက်ရှာစားတယ်"
မကျေနပ်သေး အဆင့်တက်လာကြရဲ့
အလောင်းပုံပေါ် နင်းတက်ကွာ ရတယ်
မင်းပြောတဲ့ အလင်းစက် ဘာများလဲ
အကျင့်ပျက်တဲ့ မင်းအမတ် ဆရာများနဲ့
မင်းပါးစပ်က ထွက်တော့ ရောင်နီ
ငါ့နားထဲ လီးပဲ ညဉ့်နက်မှ ကြားတယ်

အသက်မပြည့်ခင် ဂွေးလာစုပ်ကြတဲ့
မိန်းမတွေ အကုန်လီးပဲ
သောက်သုံးမကျတော့တဲ့ ငါ့သူငယ်ချင်း
သောက်ခွက်တွေ ခေါင်းထဲ အကုန်ရှိတယ်
ယုန်ကိုယုန်လို့ ယုံမိတဲ့ ကောင်လေးဆို
လိုက်မေး အကုန်သိတယ်
မြေခွေးဗီဇနဲ့လူသား သိုးရေတွေဘာတွေ
ခြုံကြည့်မယ်

ငါ့ခွေးက ငါ့ပါးကိုရိုက်လည်း
ငါ့ပါးစပ်က ငါ့သားကိုကိုက်တယ်
စောက်ရူးနားကန်းတွေကွ ငုံ့မခံတဲ့
အထာများ ပိုကြိုက်တယ်
မင်းကရော ဘာကောင်လဲ ဝိုင်းမေး
ဖန်ဆင်းရှင် အဖဘုရားလိုဆိုဒ်နဲ့
ဖိနပ်အောက်က ဘဝများကို လိုက်မကြွယ်
မင်းမရတဲ့ မဖုရားကို ရွှိုက်မယ်

လက်နှစ်ဖက်စာ ပိုးစုန်းကြူးလေးတွေ
အသက်ပေးလည်း အလင်းဟာရပါ့မလား
စောက်ရမ်းမွန်မြတ်တဲ့ မအေလိုးတွေ
ဖင်ယားကြောင်း သီချင်းစာသားများရှာ
ထမင်းဝဖို့ နင်းကာချသမျှ တစ်ခေတ်လုံးရဲ့
အလင်းစများအလှ ကွ
စော်အကြောင်း ဂျော်အကြောင်းမပါ
မင်းလူ့အခွင့်အရေး ခေါင်းစဉ် အောက်
ထမင်းရှာစားပြပါ

လူငယ်တွေ အသက်ပေးနေသတဲ့
မင်း စောက်မျိုးလည်း တစ်ယောက်မှမပါ
အမေရိကား ဩစီ ခေါင်းချစရာ
ကျည်လွတ်‌ရာ နောက်မှ မြှောက်ကြတာ
သေမှာ သေမလောက် ကြောက်ကြတာ
ခွေးရူးက ပုလ္လင်ပေါ် ရောက်ချလာ
ဇာတ်သိမ်းခန်းထိ စောက်သက်ရှင်နေလည်း
သုညနဲ့ပြန် မြှောက်ပြမှာ

နေ့တွေညတွေ မှားတတ်‌နေပြီ
၂၀ ကျော်စ လူငယ်
Doggy ဘာညာဆွဲတတ်နေပြီ
၂၀ ကျော်စ လူငယ်
စစ်တွေဘာတွေ တိုက်တတ်‌နေပြီ
၂၀ ကျော်စ လူငယ်
သေနတ်တွေ ဘာတွေ ပစ်တတ်နေပြီ
၂၀ ကျော်စ လူငယ်

ကိုယ့်မိုက်ပြစ်ကိုယ် ချစ်တတ်နေပြီ
၂၀ ကျော်စ လူငယ်
နိုင်ငံတွေ ခုန်ကူးတတ်လာပြီ
၂၀ ကျော်စ လူငယ်
အမိတွေ အဖတွေ လွမ်းတတ်လာပြီ
၂၀ ကျော်စ လူငယ်
၂၀ ကျော်စ လူငယ်
၂၀ ကျော်စ လူငယ်



မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစရတွေ စိုလူး အလံဦးမှာ
ကိုယ့်အမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ် ကျနော်တို့
တိုက်ပွဲဝင်နေပါတယ်

ရွှေဘုန်းလူ

06/01/2026

"𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑻𝒐 𝑴𝒆 " // 𝑺𝒂𝒏𝒏𝑴𝒊𝒏𝒏𝑷𝒂𝒊𝒏𝒈

𝑴𝒖𝒔𝒊𝒄 𝑷𝒓𝒐𝒅𝒖𝒄𝒆𝒅 𝒃𝒀 Hsat 𝐏𝐢ne
𝑴𝑰𝑿 - Hsat 𝐏𝐢ne
𝑷𝑯𝑶𝑻𝑶𝑮𝑹𝑨𝑷𝑯𝒀 - 𝑲𝑶 𝑲𝑰𝑵𝑮

(6.1.2004 _ 6.1.2026)

🔸၂၂နှစ်ကြာရှင်သန်ခဲ့ရသော ခန္ဓာနှင့်
စန်းမင်းပိုင်အား အထူးပင် ကျေးဇူးတင်ရှိပါသည်🔸

#𝑺𝒂𝒏𝒏𝑴𝒊𝒏𝒏𝑷𝒂𝒊𝒏𝒈 #𝑻𝒉𝒆𝑺𝒚𝒏𝒌
#𝑯𝒂𝒑𝒑𝒚𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚𝑻𝒐𝑴𝒆

The Synk Keep Moving On - ဆက်လျှောက် 📸 Revography Team
04/01/2026

The Synk
Keep Moving On - ဆက်လျှောက်
📸 Revography Team

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sann Minn Paing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share