CNI Burmese

CNI Burmese CNI is a news agency which stands on three media policies; Independence, Justice and Neutrality.

08/11/2025

ရခိုင်က ဘင်္ဂါလီရဲ့ မျှော်မှန်းချက်က ဘာလဲ

CNI Interview

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီလူမျိုးများသည် ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးရေး တောင်းဆိုနေကြသလို ARSA ဆိုသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ကလည်း ရခိုင်ပြည်နယ်ကို သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသည်။

ထို့နောက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က မြန်မာ့တပ်မတော်ထံမှ တိုက်ခိုက် သိမ်းပိုက်ထားပြီး မြန်မာ့တပ်မတော်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို ထိန်းချုပ်ထားသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို CNI က ဆက်သွယ် မေးမြန်းထားသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/exclusive-interview-2/32520-2025-11-06-08-22-58

Disclaimer: Credit to original uploader. No copyright infringement intended. We do not own the audio and video. For entertainment purpose and we are just Translated. All the contents in the video belong to the rightful owner! No animals or humans is harmed in this video !

တရုတ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘော တာဝန်ထမ်းဆောင်CNI International Newsဘေဂျင်း၊ နိုဝင်ဘာ ၈တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ...
08/11/2025

တရုတ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘော တာဝန်ထမ်းဆောင်

CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည့် Fujian အမည်ရှိ သင်္ဘောသည် ပင်လယ်ပြင် တွင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်ရေတပ်တွင် စတင် တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၇ ရက်၌ ဖော်ပြခဲ့သည်။

ထိုလေယာဉ်တင် သင်္ဘောသည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားသည့် တရုတ်၏ စွမ်းဆောင်ရည်များအား ပိုမိုချဲ့ထွင်ရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Fujian လေယာဉ်တင်သင်္ဘောကို နိုဝင်ဘာ ၅ ရက်က တရုတ်၏ တောင်ပိုင်း ဟိုင်နန် (Hainan) ကျွန်းပေါ်ရှိ ရေတပ်စခန်းတွင် တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အခြားထိပ်သီး ခေါင်းဆောင်များ တက်ရောက်ခဲ့ သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်၏ ပထမဆုံး လေယာဉ်တင် သင်္ဘောသည် ဆိုဗီယက်လုပ် Liaoning အမည်ရှိ လေယာဉ်တင် သင်္ဘော ဖြစ်ပြီး ဒုတိယလေယာဉ်တင် သင်္ဘောသည် ဆိုဗီယက်ဒီဇိုင်းကို အခြေခံထားပြီး တရုတ်တွင် တည်ဆောက်သည့် Shandong လေယာဉ်တင်သင်္ဘော ဖြစ်သည်။

Fujian သည် တရုတ်၏ တတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်ပြီး တရုတ်တွင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့ သည့် ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်သည်။

ထိုလေယာဉ်တင် သင်္ဘောသည် ၂၀၃၅ ခုနှစ် မတိုင်မီ စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် ရည်ရွယ်ထားသည့် တရုတ်သမ္မတ ရှီ၏ ရည်မှန်းချက် ကြီးမားသော စစ်ရေး ပြုပြင်ပြောင်းလဲမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

“လေယာဉ်တင် သင်္ဘောတွေက တရုတ်ကို တစ်ကမ္ဘာလုံးမှာ စစ်ဆင်ရေး ပြုလုပ်နိုင်တဲ့ ရေတပ်အင်အားကြီး နိုင်ငံ အဖြစ် ရည်မှန်းထားတဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ အစီအစဉ်တွေအတွက် အဓိက ကျပါတယ်”ဟု မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ အာရှပင်လယ်ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီအစဉ်၏ ဒါရိုက်တာ ဂရက် ပိုလင်း (Greg Poling) က ပြောကြားခဲ့သည်။

တရုတ်ရေတပ်အတွက် ရည်မှန်းချက် တစ်ခုမှာ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပင်လယ်ဝါတို့၏ ရေပြင်များကို ဩဇာလွှမ်းမိုးရန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် ပစိဖိတ်ဒေသ အတွင်းဘက်ကို နက်ရှိုင်းစွာ ဝင်ရောက်ပြီး အမေရိကန်၏ အဓိက စစ်စခန်းများ တည်ရှိ သည့် ဂူအမ် (Guam) ကျွန်းနှင့် အခြားရေပြင် နယ်နိမိတ်များတွင်လည်း ရေတပ်အင်အား ပြိုင်ဆိုင်မှုကို မြှင့်တင် ရန် ရည်ရွယ်ထားသည်ဟု ပိုလင်းက ပြောကြားခဲ့သည်။

Source: အေပီ

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - တရုတ်ရဲ့ လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်

ဗီယက်နမ်က ခရီးသွား ၂၂ သန်းကျော် ဝင်ရောက်ရန် မျှော်လင့်CNI International Newsဟနွိုင်း၊ နိုဝင်ဘာ ၈ဗီယက်နမ်နိုင်ငံသည် ယခုနှ...
08/11/2025

ဗီယက်နမ်က ခရီးသွား ၂၂ သန်းကျော် ဝင်ရောက်ရန် မျှော်လင့်

CNI International News

ဟနွိုင်း၊ နိုဝင်ဘာ ၈

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ခရီးသွား ၂၂ သန်းကျော် ဝင်ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပြီး ထိုအရေအတွက်သည် COVID-19 ကပ်ရောဂါ မတိုင်မီ ခရီးသွားဝင်ရောက်မှု အရေအတွက်ထက် ပိုမိုများပြား ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ခရီးသွား ဝင်ရောက်မှု များပြားခြင်း၏ အဓိက တွန်းအားတစ်ခုမှာ တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက် မှု များပြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဗီယက်နမ်အစိုးရသည် ယခုနှစ်အတွင်း ခရီးသွား ၂၅ သန်း ဝင်ရောက်ရန် မျှော်မှန်းထားပြီး BMI (Fitch Solutions) ကုမ္ပဏီကမူ ခရီးသွား ၂၂ သန်း ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

၂၀၂၈ ခုနှစ်တွင် ဗီယက်နမ်၏ ခရီးသွား ဝင်ရောက်မှုသည် ကပ်ရောဂါ ကာလမတိုင်မီ ၂၀၁၉ ခုနှစ်က စံချိန်ဖြစ် သည့် ခရီးသွား ဝင်ရောက်မှု ၁၈ သန်း စံချိန်ကို ကျော်ဖြတ်သွားလိမ့်မည်ဖြစ်ကြောင်း BMI ခန့်မှန်းခဲ့သဖြင့် ဗီယက်နမ်၏ ခရီးသွားကဏ္ဍသည် အပြည့်အဝနီးပါး ပြန်လည်နာလန်ထူလာနိုင်သည့် အခြေအနေကို ညွှန်ပြနေ သည်။

ထို့ပြင် ဒေသတွင်း စိန်ခေါ်မှုများ ရှိနေချိန်တွင် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုကလည်း ခရီးသွားများကို ဆွဲဆောင်ရာ ရောက်ခဲ့သည်။

ခရီးသွားများသည် ဗီယက်နမ်သို့ သွားရောက်ရန် ရွေးချယ်ရသည့် အဓိက အကြောင်းအရင်းများထဲတွင် နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပါဝင်နေပြီး နယ်စပ်ပြဿနာ တက်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားကဲ့သို့ ဒေသတွင်း နိုင်ငံ များ၏ နိုင်ငံရေးအခြေအနေနှင့် ဗီယက်နမ်၏ နိုင်ငံရေးတည်ငြိမ်မှု အခြေအနေသည် သိသာထင်ရှားစွာ ကွဲလွဲနေ သည်။

ထိုအချိန်အတောအတွင်း အင်ဒိုနီးရှား နိုင်ငံတွင်လည်း ဆန္ဒပြမှုများ၏ နောက်ဆက်တွဲ ဂယက်များနှင့် လုံးလည် ချာလည် လိုက်နေသည်။

ဗီယက်နမ်သို့ လာရောက်သည့် ခရီးသွားများအနက် အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အောက်တိုဘာလ အထိ ရရှိသည့် စာရင်းများအရ ဗီယက်နမ်သို့ ခရီးသွား ၁၇ သန်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၄ သန်းမှာ တရုတ် နိုင်ငံသားများ ဖြစ်သည်။

ထိုအချိန်အတောအတွင်း ထိုင်းနိုင်ငံတွင်မူ ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာဖြစ်ပွားမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကျားဖြန့်လုပ်ငန်းများက ခရီးသွားကဏ္ဍအပေါ် ဆိုးရွားစွာ သက်ရောက်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: The Nation

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - ဗီယက်နမ်အတွင်း ခရီးသွားကို တွေ့ရစဉ်

ရှာခါက ပိုကောင်းတဲ့နည်းပြ ဖြစ်စေခဲ့တယ်လို့ အာတီတာ ပြောCNI Sport News၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈အာဆင်နယ်အသင်းနည်းပြ အာတီတာက ရ...
08/11/2025

ရှာခါက ပိုကောင်းတဲ့နည်းပြ ဖြစ်စေခဲ့တယ်လို့ အာတီတာ ပြော

CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

အာဆင်နယ်အသင်းနည်းပြ အာတီတာက ရှာခါဟာ သူ့ကို ပိုပြီးကောင်းတဲ့ နည်းပြတစ်ဦး ဖြစ်စေခဲ့တယ်လို့ ရှာခါနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲမတိုင်မီ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ အတူတူ ကုန်ဆုံးခဲ့တဲ့ မိနစ်တိုင်းကို ကျနော် နှစ်သက်ပါတယ်။ သူဟာ ကျနော့်ကို ပိုပြီးကောင်းတဲ့ နည်းပြတစ်ဦးဖြစ်အောင် လုပ်ပေးခဲ့ပြီး ဘောလုံးအသင်း တစ်သင်းအနေနဲ့ရော ကလပ်အသင်း အနေနဲ့ပါ အများကြီး တိုးတက်မှုရှိအောင် ကူညီပေးခဲ့ပါတယ်။ သူနဲ့အတူ အမှတ်တရကောင်းတွေ ရှိခဲ့တာကြောင့် ကျနော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာပြီး တန်းတက် ဆန်းဒါးလန်းအသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ ရှာခါဟာ အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းထံ မပြောင်းရွှေ့မီ အာဆင်နယ်အသင်းမှာ ၇ နှစ်ကြာ ကစားခဲ့တဲ့ ရှာခါဟာ အခက်အခဲ အချို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ရှာခါဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာက ပွဲစဉ်တစ်ပွဲမှာ အာဆင်နယ်အသင်း ပရိသတ်တွေနဲ့ ဒေါသတကြီး ထိပ်တိုက်တွေ့ခဲ့တာကြောင့် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းကို အာတီတာ ကိုင်တွယ်ချိန်မှာ ရှာခါဟာ အသင်းပရိသတ်တွေနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဆန်းဒါးလန်းအသင်း ခေါင်းဆောင် ရှာခါဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ အာဆင်နယ် အသင်းနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၆ မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေသလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲစလုံးအနိုင်ရရှိကာ ဒီပွဲတွေမှာ ၈ ပွဲက ပေးဂိုးမပေးခဲ့ရတာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ အသင်းကို တိုးတက်မှုတွေ ရရှိအောင် လုပ်ဖို့သာ အာရုံစိုက် နေတယ်လို့ ပြောခဲ့ပါတယ်။

Source:besoccer

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - ရှာခါနဲ့အာတီတာကို တွေ့ရစဉ်

အစ္စရေးက လက်ဘနွန်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်CNI International Newsဂျေရုဆလင်၊ နိုဝင်ဘာ ၈အစ္စရေးစစ်တပ်က လက်ဘနွန်တေ...
08/11/2025

အစ္စရေးက လက်ဘနွန်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်

CNI International News

ဂျေရုဆလင်၊ နိုဝင်ဘာ ၈

အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းတွင် နိုဝင်ဘာ ၆ ရက်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

နေရာ အများအပြားတွင် ဒေသခံများကို ရွှေ့ပြောင်းရန် အမိန့်များ ထုတ်ပြန်ခဲ့ပြီးနောက် လေကြောင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာသည် ထိုနေရာတွင် ၎င်း၏ စစ်အင်အားကို ပြန်လည် တည်ဆောက် ရန် ကြိုးပမ်းနေခြင်းကြောင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲ များကို အဆုံးသတ်ရန် ပြီးခဲ့သည့်နှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။

သို့သော် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ နေရာများကို ရှင်းလင်းရန် လက်ဘနွန်စစ်တပ်က လပေါင်းများစွာ ကြိုးပမ်းမှုများ ပြုလုပ်ပြီးနောက် တိုက်ခိုက်မှု အသစ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နေ့လယ်ခင်း ဗုံးကြဲ တိုက်ခိုက်မှုအတွင်း လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အစောပိုင်း လေကြောင်း တိုက်ခိုက်မှုအတွင်း လူတစ်ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းရရှိသည့် အချက်အလက်ပေါ် မူတည်ပြီး လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အဗီချေးအေဒရာရီ (Avichay Adraee) က နိုဝင်ဘာ ၆ ရက် နေ့လယ် ၃ နာရီ အချိန်တွင် ရွှေ့ပြောင်းမိန့်သုံးခု ဆက်လက် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် နောက်ထပ် ရွှေ့ပြောင်းမိန့်နှစ်ခု ဆက်လက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်က ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားသော နေရာများမှ မီတာ ၅၀၀ အကွာအဝေးတွင် နေထိုင်ကြရန် လည်း ဒေသခံများကို တိုက်တွန်းခဲ့သည်။

လက်ဘနွန် အရပ်ဘက် ကာကွယ်ရေးက အရပ်သားများကို ရွှေ့ပြောင်းမှုတွင် ကူညီပေးခဲ့ကြကြောင်း လက်ဘနွန် မီဒီယာတွင် ဖော်ပြထားသည်။

“ကျနော်တို့ အရမ်းအန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်နေပါတယ်။ ကိစ္စတွေအားလုံးက ဒီအတိုင်း ဆက်ဖြစ်နေ မယ်ဆိုရင် မျှော်လင့်ချက်တွေ အားလုံး ဆုံးရှုံးကုန်ပါလိမ့်မယ်။ ဒီကိစ္စတွေရဲ့ နောက်ဆက်တွဲက ဘာတွေ ဖြစ်လာ နိုင်မလဲဆိုတာ ဘယ်သူမှ မသိပါဘူး”ဟု တေရာဒက်ဘာ မြို့တော်ဝန် ဖာရစ်နာနွတ်(Farid Nahnouh) က ပြော ကြားခဲ့သည်။

Source: ရိုက်တာ

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကို တွေ့ရစဉ်

ဆက်စ်ကို ရုန်းကန်နေရတယ်လို့ အာမိုရင် ဝန်ခံ CNI Sport News၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က နောက်ခံလ...
08/11/2025

ဆက်စ်ကို ရုန်းကန်နေရတယ်လို့ အာမိုရင် ဝန်ခံ

CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ တိုက်စစ်မှူး ဆက်စ်ကိုဟာ အသင်းကို ရောက်ရှိလာပြီးကတည်းက ရုန်းကန်နေရတယ်လို့ ဝန်ခံခဲ့ပါတယ်။

အာမိုရင်က “ဆက်စ်ကို အနည်းငယ် ရုန်းကန်နေရတယ်ဆိုတာ အမှန်တရားပါပဲ။ ဒါကြောင့် ဒါကိုလက်ခံရမှာပါ။ ဒါကို ကြားရတာက ခက်ခဲပေမယ့် ကျနော်တို့ သူ့ကို ကူညီပေးသွားမှာဖြစ်သလို ကာကွယ်မှုတွေလည်း ပြုလုပ် သွားမှာပါ။ သူဟာ အလုပ်ကို အလွန်ကြိုးစားတာကြောင့် ကျနော်တို့ သူ့ကိုအောင်မြင်စေချင်ပါတယ်။ ဒါကြောင့် သူဟာ အောင်မြင်မယ့်သူပါ”လို့ ပြောခဲ့တာပါ။

နွေရာသီ အပြောင်းအရွှေ့မှာ လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၇၃.၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဆက်စ်ကိုဟာ ယူနိုက်တက်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားအပြီးမှာ ၂ ဂိုးသာသွင်းယူထားနိုင်ပါတယ်။

ဆက်စ်ကိုဟာ ယူနိုက်တက်အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မိနစ် ၉၀ အတွင်း ဘောလုံး ၂၁ ကြိမ်သာထိခဲ့တာပါ။

ဂယ်ရီနဗီးလ်က ဆက်စ်ကိုဟာ နွေရာသီက ယူနိုက်တက်အသင်းထံ ရောက်လာခဲ့တဲ့ အမ်ဘူမို၊ ကွန်ညာတို့နဲ့ အလွန် ဝေးကွာနေတယ်လို့ ပွဲအပြီး Sky Sports မှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂယ်ရီနဗီးလ်က ဆက်စ်ကို ဆီကနေ အခုလုပ်ဆောင်နေတဲ့ အရာတွေထက် ပိုပြီးမြင်တွေ့ချင်တယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကလည်း ဆက်စ်ကိုအသင်းမှာ ရုန်းကန်နေရတယ်ဆိုတာ ဝန်ခံခဲ့ပေမယ့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိလိမ့်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းမှာ ကစားခဲ့ချိန်က ဥရောပရဲ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံး လူငယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိခဲ့ပါတယ်။

ဆက်စ်ကိုဟာ ယူနိုက်တက်အသင်းထံ မပြောင်းမီ အာဆင်နယ်၊ နယူးကာဆယ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံး အနိုင်ရခဲ့တာကြောင့် နည်းပြ အာမိုရင်ဟာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပြီး အမ်ဘူမိုက အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ ပါတယ်။

Source: ESPN

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - ဆက်စ်ကိုကို တွေ့ရစဉ်

ဆီးရီးယားအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် ကုလအတည်ပြုCNI International Newsဒမတ်စကတ်၊ နိုဝင်ဘာ ၈ဆီးရီးယားသမ္မတ အာမက် ...
08/11/2025

ဆီးရီးယားအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန် ကုလအတည်ပြု

CNI International News

ဒမတ်စကတ်၊ နိုဝင်ဘာ ၈

ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာရား (Ahmad al-Sharaa) နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များအပေါ် ချမှတ် ထားသည့် ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုဝင်ဘာ ၆ ရက်တွင် မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်ဟု အေပီမှ ဖော်ပြထားသည်။

အယ်လ်ရှာရားသည် အိမ်ဖြူတော်သို့ သမိုင်းဝင် ခရီးစဉ်အဖြစ် ရောက်ရှိမလာမီ ရက်ပိုင်းအလိုတွင် ကုလသမဂ္ဂက ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၁၄ နိုင်ငံသည် အယ်လ်ရှာရားနှင့် ဆီးရီးယား ပြည်ထဲရေးဝန်ကြီး အန်နက်စ် ဟက်ဆန် ခါတက် (Anas Hasan Khattab) တို့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းရေး အတွက် ထောက်ခံမဲပေးခဲ့ကြကာ တရုတ်က မဲပေးခဲ့ခြင်းမရှိပေ။

ယခုထောက်ခံမဲများအရ လုံခြုံရေးကောင်စီသည် ဆီးရီးယားတွင် ၂၀၂၄ ခုနှစ်က ဖြုတ်ချခံခဲ့ရသည့် ဘာရှာ အာဆတ် ( Bashar Assad) အစိုးရနောက်ပိုင်း ခေတ်သစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့သည့် အခြေအနေကို အသိအမှတ် ပြုကြောင်း နိုင်ငံရေး လက္ခဏာတစ်ခု ပေးပို့ရာရောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ် (Mike Waltz) က ပြောကြားခဲ့သည်။

အမေရိကန်အရာရှိများသည် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဆီးရီးယားသမ္မတ အယ်လ်ရှာရားကို လက်ခံတွေ့ဆုံမည့် နိုဝင်ဘာ ၁၀ ရက် မတိုင်မီ ဆီးရီးယားအပေါ် ပိတ်ဆို့မှု များ ရုပ်သိမ်းရေးကို အတည်ပြုသည့် ကြေညာချက် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

အယ်ရှာရား၏ ခရီးစဉ်သည် ၁၉၄၆ ခုနှစ်တွင် ဆီးရီးယား လွတ်လပ်ရေး ရပြီးနောက် ဝါရှင်တန်သို့ သွားရောက် သည့် ပထမဆုံး ဆီးရီးယားသမ္မတ တစ်ဦး၏ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပိတ်ဆို့မှုများကို ရုပ်သိမ်းသည့် ကုလသမဂ္ဂ၏ မဲခွဲဆုံးဖြတ်မှုကို ကြိုဆိုကြောင်းနှင့် ထိုမဲခွဲဆုံးဖြတ်မှုသည် သမ္မတ အယ်ရှာရား၏ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု မြင့်တက်လာ သည့် အခြေအနေကို ထင်ဟပ်စေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထိုမဲခွဲဆုံးဖြတ်မှုသည် ဆီးရီးယားသံတမန်ရေး အားထုတ်ကြိုးပမ်းမှု၏ အောင်ပွဲတစ်ခုဖြစ်ပြီး ဒေသတွင်း ဆီးရီးယား၏ အဓိကကျသည့် အခန်းကဏ္ဍကို နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိအောင် ကြိုးပမ်း ရာတွင် အောင်မြင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: အေပီ

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - ဆီးရီးယားသမ္မတ အယ်လ်ရှားရာကို တွေ့ရစဉ်

08/11/2025

အာဏာရှင်ကိုတော်လှန်ရင်း လက်နက်ကိုင်များ အာဏာရှင်ဆန်လာဟု ပြော

CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အစည်းများသည် အာဏာရှင်စနစ်ကို တော်လှန် သည်ဟု ပြောနေသော်လည်း ၎င်းတို့သည် အာဏာရှင်စနစ် ပုံစံအတိုင်း ပြန်လည်ကျင့်သုံးလာနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလာကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိနေသည့်တိုင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက် ပိုင်း ပြောင်းလဲသွားသော နိုင်ငံရေး အခင်းအကျင်းနှင့်အတူ နောက်ထပ် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ထွက်ပေါ်လာခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/32538-2025-11-07-06-50-57

08/11/2025

အာဏာရှင်ကိုတော်လှန်ရင်း လက်နက်ကိုင်များ အာဏာရှင်ဆန်လာဟု ပြော သတင်းကို အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/32538-2025-11-07-06-50-57

CNI Facebook Link--------https://www.facebook.com/profile.php?id=61551350951485

CNI Telegram Channel-----https://t.me/ChannelNewsIndependent

CNI Twitter Link-----https://twitter.com/ChannelNewsInd1

CNI Youtube Link-----https://www.youtube.com/

08/11/2025

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာ

CNI International News

မနီလာ၊ နိုဝင်ဘာ ၈

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်း ကယ်လ်မေဂီ (Typhoon Kalmaegi) ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေချိန်၌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က နိုဝင်ဘာ ၆ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ကယ်လ်မေဂီ မုန်တိုင်းသည် နိုဝင်ဘာ ၄ ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် မိုးသည်းထန်စွာရွာသွန်းက လေပြင်းများ တိုက်ခတ်ခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/all-2/weather/32530-2025-11-07-04-20-05

Source: DW

Disclaimer: Credit to original uploader. No copyright infringement intended. We do not own the audio and video. For entertainment purpose and we are just Translated. All the contents in the video belong to the rightful owner! No animals or humans is harmed in this video !

08/11/2025

FIFA Best Awards အတွက် ဒမ်ဘီလီနဲ့ ယာမဲလ် ယှဉ်ပြိုင်ရဖွယ်ရှိ

CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် The Best FIFA Football Awards အတွက် ဆန်ခါတင် စာရင်းတွေကို ထုတ်ပြန် ခဲ့တာမှာ အမျိုးသားဆုအတွက် PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်တို့ ထပ်ပြီးယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

ဒမ်ဘီလီနဲ့ ယာမဲလ်တို့ဟာ ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ အဓိက ယှဉ်ပြိုင်ခဲ့ကြပြီး ဒမ်ဘီလီက ရမှတ် အများအပြား အသာရကာ Ballon d'Or ဆုရခဲ့တာပါ။

Source: ESPN

Disclaimer: Credit to original uploader. No copyright infringement intended. We do not own the audio and video. For entertainment purpose and we are just Translated. All the contents in the video belong to the rightful owner! No animals or humans is harmed in this video !

ကိုဘီမေနူးကို ကမ်းလှမ်းဖို့ ဝက်စ်ဟမ်း အဆင့်သင့်ဖြစ်နေCNI Sport News၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက်အသင...
08/11/2025

ကိုဘီမေနူးကို ကမ်းလှမ်းဖို့ ဝက်စ်ဟမ်း အဆင့်သင့်ဖြစ်နေ

CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈

ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်ဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ကိုဘီမေနူးကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ကိုဘီမေနူးဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ခွင့်ရနိုင်ဖို့ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။

ကိုဘီမေနူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပေမယ့် လိဂ်တူးကလပ် ဂရင်မ်စဘီ အသင်းကို အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ် တစ်ပွဲတည်းသာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ရပြီး ကျန်ပွဲ တွေမှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ ကိုဘီမေနူးအတွက် ပွဲထွက်ပါဝင်ဖို့ နေရာမရှိ တာကြောင့် အရန်ခုံမှာသာ ထိုင်နေရတာပါ။

ကိုဘီမေနူးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက ထွက်ခွာခွင့် မပြုခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဝက်စ်ဟမ်းအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကိုဘီမေနူးကို အငှားနဲ့ခေါ်ယူဖို့ ခိုင်မာတဲ့ ချဉ်းကပ်မှု ပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ကိုဘီမေနူးကို ယူနိုက်တက်အသင်း မပေးနိုင်တဲ့ အရာဖြစ်တဲ့ ပွဲကစားချိန် မိနစ်တွေ အများအပြားပေးဖို့ အာမခံခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းနည်းပြ နူနိုဆန်တိုဟာ ကွင်းလယ်အတွက် သူလိုအပ်နေတဲ့ အရာတွေနဲ့ ကိုက်ညီနေတဲ့ ကိုဘီမိုင်နူးကို အသင်းထံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ကိုဘီမေနူးကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်း တစ်သင်းတည်း စိတ်ဝင်စားနေတာ မဟုတ်ဘဲ နာပိုလီအသင်း ကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

ကိုဘီမေနူးအနေနဲ့ နာပိုလီအသင်းထံ ပြောင်းခဲ့ရင် ဥရောပပြိုင်ပွဲ ကစားရမှာဖြစ်သလို ယူနိုက်တက်အသင်း ဖော်ဟောင်းတွေဖြစ်တဲ့ တိုမီနေး၊ ဟော့ဂျ်လန်းတို့နဲ့ ပြန်ပြီး တွဲဖက်ကစားရမှာဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီမှာ ကိုဘီမေနူးနဲ့အတူ တိုက်စစ်မှူး ဇက်ခ်ဇီလည်း ယူနိုက်တက်အသင်းကနေ ထွက်ခွာ ချင်နေပါတယ်။

ဇက်ခ်ဇီကို ခေါ်ယူဖို့ စီးရီးအေ ကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ ရိုးမားနဲ့ ကိုမိုအသင်းတို့က စိတ်ဝင်စားနေ ကြပါတယ်။

Source: goal

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - ကိုဘီမေနူးကို တွေ့ရစဉ်

Address

Yangon

Alerts

Be the first to know and let us send you an email when CNI Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share