Stand By Myanmar

Stand By Myanmar News, Entertainment & Knowledge

 #ယူကရိန်းဒရုန်းများကိုတန်ပြန်ရန်_ရုရှားရဟတ်ယာဉ်များတွင်_IglaMANPADSများ_တပ်ဆင်ပေးနည်းဗျူဟာပြောင်းလဲမှုအသစ်တစ်ခုအနေဖြင့်...
25/10/2025

#ယူကရိန်းဒရုန်းများကိုတန်ပြန်ရန်_ရုရှားရဟတ်ယာဉ်များတွင်_IglaMANPADSများ_တပ်ဆင်ပေး

နည်းဗျူဟာပြောင်းလဲမှုအသစ်တစ်ခုအနေဖြင့် ရုရှားတိုက်ခိုက်ရေးရဟတ်ယာဉ်များသည် ယူကရိန်းဒရုန်းများကို လိုက်လံရှာဖွေရန် Igla ပခုံးထမ်း လေကာဒုံးကျည် (MANPADS) များကို သယ်ဆောင်လာပြီဖြစ်ကြောင်း Defense Express သတင်းအရ သိရသည်။

ဤပြုပြင်မွမ်းမံမှုသည် ရုရှား ရဟတ်ယာဉ်အဖွဲ့သားများအား ကင်းလှည့်မစ်ရှင်များအတွင်း အနိမ့်ပျံသန်းနေသော ယူကရိန်း UAV များကို ပိုမိုထိရောက်စွာ ထိတွေ့နိုင်စေပါသည်။

စစ်ရေးလေ့လာသုံးသပ်သူများက ယူကရိန်း၏ ဒရုန်းစစ်ပွဲစွမ်းရည်များ တိုးချဲ့လာခြင်းအပေါ် မော်စကို၏ စိုးရိမ်မှု တိုးပွားလာခြင်းကို ညွှန်ပြနေသည်ဟု ပြောသည်။

ရုရှားသံချပ်ကာ၊ ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်များနှင့် ကွပ်ကဲရေးစင်တာများတွင် ယူကရိန်းဒရုန်းများကြောင့် သိသာထင်ရှားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

Igla စနစ်များကို ရဟတ်ယာဉ်များတွင် တိုက်ရိုက်တပ်ဆင်ခြင်းသည် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထောက်ပံ့မှု လျော့နည်းလာခြင်းနှင့် ရှေ့တန်းတစ်လျှောက် ဒရုန်းခြိမ်းခြောက်မှုများ တိုးလာခြင်းကြားတွင် ရုရှား၏ တီထွင်ဖန်တီးမှုကို ထင်ဟပ်စေကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

 #ကမ္ဘာ့အကြီးဆုံးကန်စစ်သင်္ဘောကို_ကာရေဘီယံသို့စေလွှတ် #အမေရိကန်_စစ်ပွဲလုပ်ကြံဖန်တီးနေဟု_သမ္မတမာဒူရိုပြော            ကမ္ဘ...
25/10/2025

#ကမ္ဘာ့အကြီးဆုံးကန်စစ်သင်္ဘောကို_ကာရေဘီယံသို့စေလွှတ်
#အမေရိကန်_စစ်ပွဲလုပ်ကြံဖန်တီးနေဟု_သမ္မတမာဒူရိုပြော
ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘော USS Gerald R Ford လေယာဉ်တင်သင်္ဘောအား ကာရေဘီယံသို့ စေလွှတ်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က ပြောဆိုပြီးနောက် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက အမေရိကန်အား "စစ်ပွဲတစ်ခု ဖန်တီးနေသည်" ဟု စွပ်စွဲလိုက်သည်။

ဒေသတွင်း စစ်အင်အားတိုးချဲ့မှုတွင် လေယာဉ်အစီး ၉၀ တင်ဆောင်နိုင်သည့် USS Gerald R Ford သင်္ဘောအား မြေထဲပင်လယ်မှ သောကြာနေ့တွင် ရွှေ့ပြောင်းရန် ဟက်ဆက်က အမိန့်ပေးခဲ့သည်။
"သူတို့က ထာဝရစစ်ပွဲအသစ်ကို ဖန်တီးနေပါတယ်၊ စစ်ပွဲမှာ ဘယ်တော့မှ မပါဝင်တော့ဘူးလို့ ကတိပေးထားပြီး စစ်ပွဲကို လုပ်ကြံဖန်တီးနေတာပါ” ဟု ဟု မာဒူရိုက နိုင်ငံပိုင်မီဒီယာတွင် ပြောသည်။

ကာရေဘီယံတွင် စစ်သင်္ဘောများ၊ နျူကလီးယားရေငုပ်သင်္ဘောနှင့် F-35 တိုက်လေယာဉ်များ စေလွှတ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပစ်မှတ်ထားရန် အမေရိကန်က တိုးမြှင့်လှုံ့ဆော်နေသည်။
မှောင်ခိုများ လိုက်ပါလာသည်ဟု ဆိုထားသော ဘုတ်များကို လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ကြိမ်တွင် မူးယစ်အကြမ်းဖက်သမား ခြောက်ဦး သေဆုံးခဲ့ကြောင်း ဟက်ဆက်က ပြောဆိုခဲ့သည်။
Tren de Aragua ရာဇ၀တ်ဂိုဏ်းမှ ပိုင်ဆိုင်သည်ဟု ဆိုထားသော သင်္ဘောငယ်ကို ကာရေဘီယံပင်လယ်တွင် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

ထရမ့်အစိုးရက မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ လုပ်ဆောင်နေသည်ဟု ပြောဆိုသော်လည်း မာဒူရိုအစိုးရကို မတည်မငြိမ် ဖြစ်စေရန် ကြိုးပမ်းနေကြောင်း ကျွမ်းကျင်သူများနှင့် ကွန်ဂရက်အဖွဲ့ဝင်များက စွပ်စွဲထားသည်။
မာဒူရိုသည် ထရမ့်၏ နှစ်ရှည်လများ ရန်သူဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဟု ထရမ့်က စွပ်စွဲပြောဆိုခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်၏ သောကြာနေ့ ကြေညာချက်တွင် USS Gerald R Ford လေယာဉ်တင်သင်္ဘောသည် ဗဟိုအမေရိကနှင့် တောင်အမေရိကအပြင် ကာရေဘီယံတို့ပါ၀င်သည့် အမေရိကန်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်တွင် တာဝန်ချထားမည်ဟု ဆိုသည်။

ကန်တပ်ဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို နှောင့်ယှက်ရန်နှင့် ထုတ်လုပ်မှုများကို ဖြိုဖျက်ရန် ရှိပြီးသားစွမ်းရည်များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနီးလ်က ပြောသည်။

လေယာဉ်တင်သင်္ဘော ဖြန့်ကျက်မှုသည် မြေပြင်ပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အရင်းအမြစ်များကို ပံ့ပိုးပေးမည် ဖြစ်သည်။ ဗင်နီဇွဲလားတွင် မြေပြင်အရေးယူမှု ဖြစ်နိုင်ခြေကို ထရမ့်က ထပ်ခါတလဲလဲထုတ်ဖော်ခဲ့သည်။ “ကျုပ်တို့ ကုန်းမြေကို သေချာကြည့်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပင်လယ်ရေပြင်ကိုတော့ ကောင်းကောင်းထိန်းချုပ်နိုင်နေပြီ” ဟု ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။
ထရမ့်သည် ဗင်နီဇွဲလားအတွင်း ကိုကင်းစက်ရုံများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့်လမ်းကြောင်းများကို ပစ်မှတ်ထားရန် စဉ်းစား နေသော်လည်း အပြီးသတ်ဆုံးဖြတ်ချက်မချရသေးပေ။

လေယာဉ်တင်သင်္ဘောသည် အေဒရီတစ်ပင်လယ်ရှိ ခရိုအေးရှားကမ်းရိုးတန်းတွင် ရောက်ရှိနေသည့် ၎င်းတည်နေရာကို လွန်ခဲ့သော သုံးရက်က လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။ ၎င်းတပ်ဖြန့်မှုသည် ဒေသတွင်း အမေရိကန်စစ်ရေး တည်ဆောက်မှုတွင် သိသာထင်ရှားသော တိုးမြင့်လာမှုတစ်ခုဖြစ်သည်။ ကာရေဘီယံဒေသသို့ ရွေ့လျားသည့်အခါ မည်သည့်သင်္ဘောများ လိုက်ပါလာမည်ကို မသိရသေးသော်လည်း ဒုံးကျည်များနှင့် အခြားကိရိယာများ သယ်ဆောင်သည့် ဖျက်သင်္ဘောများသည် တိုက်ခိုက်ရေးအုပ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်သည်။

နောက်ဆုံး ကြေညာခဲ့သည့် တိုက်ခိုက်မှုသည် စက်တင်ဘာအစောပိုင်းကတည်းက ထရမ့်အစိုးရ ပြုလုပ်သည့် မူးယစ်ဆန့်ကျင်တိုက်ခိုက်ရေး ဆယ်ခုမြောက် လုပ်ရပ်ဖြစ်သည်။ အများစုသည် တောင်အမေရိက၊ ကာရေဘီယံတွင် ဖြစ်ပွားခဲ့သော်လည်း အောက်တိုဘာ ၂၁ နှင့် ၂၂ ရက်တို့တွင် ပစိဖိတ်သမုဒ္ဒရာအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုများ၏ တရားဝင်မှုနှင့် သမ္မတ၏အမိန့်အာဏာနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များ၊ ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်ပါတီဝင်များကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

စက်တင်ဘာ ၁၀ ရက်တွင်၊ ဒီမိုကရက်တစ် အမေရိကန် အထက်လွှတ်တော်အမတ် ၂၅ ဦးသည် အိမ်ဖြူတော်သို့ စာရေးပြီး အစောပိုင်းရက်များက သင်္ဘောငယ်တစ်စီးပေါ်ရှိ ပုဂ္ဂိုလ်များနှင့် ကုန်စည်များသည် အမေရိကန်ကို ခြိမ်းခြောက်မှုရှိကြောင်း အထောက်အထား မရှိဘဲ တိုက်ခိုက်ခံခဲ့ရကြောင်း စွပ်စွဲခဲ့သည်။
ကင်တပ်ကီ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရန်းပေါလ်က ယင်းကဲ့သို့ တိုက်ခိုက်မှုသည် လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

ထရန့်သည် တိုက်ခိုက်မှုများကို အမိန့်ပေးပိုင်ခွင့်ရှိကြောင်းနှင့် Tren de Aragua အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"ကျုပ်တို့မှာ အဲဒါကိုလုပ်ခွင့်ရှိထားပြီး၊ ကုန်းမြေကို စစ်ဆင်ရင်၊ ကွန်ဂရက်လွှတ်တော်ကို တင်ပြနိုင်တယ်" ဟု ထရမ့်က ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက “မူးယစ်ဆေးဝါး သင်္ဘောတွေ ဖောက်ခွဲတာကို ရပ်တန့်ချင်ရင် အမေရိကန်ကို မူးယစ်ဆေးဝါး ပို့တာကို ရပ်လိုက်ပါ” ဟု ဆိုခဲ့သည်။
ဟက်တက်၏ အဆိုအရ အမေရိကန်၏ တိုက်ခိုက်မှုများတွင် သေဆုံးသူစုစုပေါင်း ၄၃ ဦး ရှိလာပြီ ဖြစ်သည်။

Ref , BBC

 #ဗင်နီဇွဲလားမှ_ရုရှားလုပ်သင်္ဘောဖျက်ဒုံးကျည်များအပေါ်_အမေရိကန်စိုးရိမ်ဗင်နီဇွဲလားသည် ရုရှားလုပ် Kh-31 သင်္ဘောဖျက်ဒုံးကျ...
24/10/2025

#ဗင်နီဇွဲလားမှ_ရုရှားလုပ်သင်္ဘောဖျက်ဒုံးကျည်များအပေါ်_အမေရိကန်စိုးရိမ်

ဗင်နီဇွဲလားသည် ရုရှားလုပ် Kh-31 သင်္ဘောဖျက်ဒုံးကျည်များ ရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
အဆိုပါသတင်း မှနိကန်ပါက ကာရစ်ဘီယံဒေသရှိ စစ်ရေးချိန်ခွင်လျှာကို သိသိသာသာ ပြောင်းလဲစေနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်သည်။

Militarnyi သတင်းဌာန အသေးစိတ်အစီရင်ခံစာတစ်ခုအရ အမေရိကန်ထောက်လှမ်းရေးနှင့် ကာကွယ်ရေးလေ့လာသုံးသပ်သူများသည် တောင်ပိုင်းကာရစ်ဘီယံပင်လယ်တွင် လည်ပတ်နေသော အမေရိကန်ရေတပ်သင်္ဘောများအတွက် အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်ဟူသော စိုးရိမ်မှုများကြားတွင် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြသည်။

နေတိုးသညာပြု “AS-17 Krypton” အဖြစ် လူသိများသော Kh-31 ဒုံးကျည်သည်
Mach 3 ထက်ကျော်လွန်သော အမြန်နှုန်းသို့ ရောက်ရှိနိုင်ပြီး စစ်သင်္ဘောများကို တိကျမှုမြင့်မားစွာ ပစ်မှတ်ထားရန် ဒီဇိုင်းထုတ်ထားသည်။ ကာရာကတ်စ်သို့ ထောက်ပံ့ပေးထားသော မျိုးကွဲပေါ် မူတည်၍ ဒုံးကျည်၏ ထိရောက်အကွာအဝေးသည် ကီလိုမီတာ ၂၅၀ အထိ ကျယ်ပြန့်နိုင်ပြီး ဗင်နီဇွဲလားအား သိသာထင်ရှားသော ရေကြောင်းတိုက်ခိုက်မှုစွမ်းရည်ကို ပေးစွမ်းနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ဤထုတ်ဖော်ချက်သည် ဝါရှင်တန်နှင့် ကာရာကတ်စ်အကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သည် မကြာသေးမီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဓိကစစ်ဆင်ရေးခေါင်းစဉ်တစ်ခုအောက်တွင် ကာရစ်ဘီယံသို့ F-35B ကိုယ်ပျောက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောရှစ်စင်းနှင့် တပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ကို စေလွှတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သမ္မတ နီကိုလတ်စ် မာဒူရိုက အမေရိကန်၏ စစ်အင်အား စုစည်းမှုသည် မကြာသေးမီနှစ်များအတွင်း ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာအတွက် “အကြီးမားဆုံးခြိမ်းခြောက်မှု” အဖြစ် ဖော်ပြခဲ့သည်။

ကာကွယ်ရေးစောင့်ကြည့်သူများက Kh-31 ဒုံးကျည်များ ရရှိခြင်းသည် ရုရှား၏ ပံ့ပိုးမှုဖြင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီအောင်ပြုလုပ်ရန်နှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုကို တားဆီးရန် ဗင်နီဇွဲလား၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း ယုံကြည်ကြသည်။

 #ဗင်နီဇွဲလား_ပခုံးထမ်းလေကာဒုံးကျည်များဖြန့်ကျက်ထားသမ္မတ နီကိုလတ်စ် မာဒူရိုက အောက်တိုဘာ ၂၂ ရက်တွင် ဗင်နီဇွဲလားနိုင်ငံတဝှ...
23/10/2025

#ဗင်နီဇွဲလား_ပခုံးထမ်းလေကာဒုံးကျည်များဖြန့်ကျက်ထား

သမ္မတ နီကိုလတ်စ် မာဒူရိုက အောက်တိုဘာ ၂၂ ရက်တွင် ဗင်နီဇွဲလားနိုင်ငံတဝှမ်းရှိ အဓိကနေရာများတွင် ရုရှားလုပ် Igla-S ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ၅၀၀၀ ဖြန့်ကျက်ချထားကြောင်း ကြေညာခဲ့သည်။

အကြီးတန်းစစ်ဘက်ခေါင်းဆောင်များနှင့်အတူ အခမ်းအနားတစ်ခုတွင် မာဒူရိုက ဒေသတွင်းတင်းမာမှုများ တိုးပွားလာခြင်းနှင့် ကာရစ်ဘီယံတွင် အမေရိကန်စစ်ရေးတည်ရှိမှု တိုးလာခြင်းတို့ကြားတွင် “ငြိမ်းချမ်းရေးကို သေချာစေရန်” ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Igla-S သည် အနိမ့်ပျံလေယာဉ်များနှင့် ဒရုန်းများကို ပစ်မှတ်ထားနိုင်သော တာတိုပစ် MANPADS လက်နက်စနစ်တစ်ခုဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံသည် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုလည်း ပိုင်ဆိုင်ထားပြီး ဤတာတိုပစ်လက်နက်များ ဖြန့်ကျက်မှုသည် ပိုမိုကျယ်ပြန့်သော စစ်ရေးအသင့်ဖြစ်မှု မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

Igla သည် ဆိုဗီယက် / ရုရှားလုပ် လူသယ်ယူနိုင်သော အနီအောက်ရောင်ခြည်သုံး မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် (SAM) စနစ်ဖြစ်သည်။ ရိုးရှင်းသော၊ အစောပိုင်းဗားရှင်းကို 9K310 Igla-1 (နေတိုးအခေါ် SA-16 Gimlet ) ဟုလူသိများပြီး နောက်ဆုံးဗားရှင်းမှာ 9K338 Igla-S ( SA-24 Grinch ) ဖြစ်သည်။
Igla-s သည် အဝေးဆုံး ၆ ကီလိုမီတာ (၃.၇ မိုင်)အတွင်း အများဆုံး အမြင့် ၃.၅ ကီလိုမီတာ (ပေ ၁၁၀၀၀)ရှိ ပစ်မှတ်များကို အမြင့်ဆုံးမြန်နှုန်း 570 m/s၊ Mach 1.9 ခန့်ဖြင့်လမ်းညွှန်ပစ်ခတ်နိုင်ကြောင်း သိရသည်။
ဒုံးကျည်အလေးချိန်- ၂၄ ပေါင်ဖြစ်ပြီး လက်နက်စနစ်အပြည့်အစုံမှာ ၃၉ ပေါင် ဖြစ်သည်။

 #တောင်ကိုရီးယားလက်နက်ပြပွဲ_ADEXဟော်ဝစ်ဇာအမြောက်နဲ့ကျည်တွေကနေ ကမ္ဘာတဝန်းမှာ ဒုံးကျည်တွေနဲ့ စစ်သင်္ဘောတွေအထိ ဒေါ်လာဘီလီယံ...
18/10/2025

#တောင်ကိုရီးယားလက်နက်ပြပွဲ_ADEX

ဟော်ဝစ်ဇာအမြောက်နဲ့ကျည်တွေကနေ ကမ္ဘာတဝန်းမှာ ဒုံးကျည်တွေနဲ့ စစ်သင်္ဘောတွေအထိ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကန်ထရိုက်တွေရထားတာမို့ လက်နက်တွေဟာ တောင်ကိုရီးယားရဲ့ အတိုးတက်ဆုံး ပို့ကုန်တစ်ခုဖြစ်လာပါတယ်။

၂၀၂၅ Seoul International Aerospace & Defence Exhibition (ADEX) မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံ စံချိန်တင် ကုမ္ပဏီပေါင်း ၆၀၀ ပါ၀င်ပါတယ်။အသစ်တီထွင်ထားတဲ့ KF-21 တိုက်လေယာဉ် ပျံသန်းခြင်းအပါအဝင် လေကြောင်းပြပွဲတွေ လေတပ်အခြေစိုက်စခန်းမှာ သုံးရက်ကြာပြသမှုနဲ့ ပွဲစတင်ခဲ့တယ်။

တောင်ကိုးရီးယားသမ္မတ လီဂျေမြောင်က လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဝမ် ၆၆.၃ ထရီလျံ (ဒေါ်လာ ၄၇.၁ ဘီလီယံ) အထိ တိုးမြင့်လာမယ် ပြောထားတယ်။

စစ်သားလိုအပ်မှုကို လျှော့ချဖို့ ဒါမဟုတ် ဖယ်ရှားပစ်ဖို့ အလိုအလျောက်စနစ်နဲ့ AI သုံးတဲ့ လူကြိုက်များပြီးသား self-propelled K9 ဟော့ဝစ်ဇာ မျိုးဆက်သစ်ဗားရှင်းတွေ ထုတ်ဖော်ပြသမယ်။
ပစ်မှတ်ကို ဖော်ထုတ်ဖို့နဲ့ ဖျက်ဆီးဖို AI မသုံးခင် ဧရိယာကို လှည့်ပတ်နိုင်တဲ့ အသေခံဒရုန်း L-PGW ကိုလည်း ပြသသွားမယ်။

မောင်းသူမဲ့လက်နက်တွေနဲ့ AI တွေက စွမ်းရည်တွေ ပိုမိုပေးစွမ်းနိုင်ပြီး စစ်သားအရေအတွက် နည်းပြီး လူဦးရေကျုံ့သွားတဲ့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးကို ထိန်းသိမ်းဖို့ ကူညီပေးနိုင်တယ်။

မြောက်ကိုရီးယားကလည်း မောင်းသူမဲ့လေယာဉ်တွေနဲ့ နျူကလီးယားပစ်ဒုံးကျည်တွေ ပါဝင်တဲ့ လက်နက်ပြပွဲ အောက်တိုဘာလအစောပိုင်းက လုပ်ခဲ့တယ်။

 #အင်ဒိုနီးရှား_တရုတ်J10C_၄၂စင်း_ဝယ်မည်-------------အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသော အနောက်နိုင်ငံထုတ်မဟုတ်သည့် တိုက် လေ...
16/10/2025

#အင်ဒိုနီးရှား_တရုတ်J10C_၄၂စင်း_ဝယ်မည်
-------------

အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံးသော အနောက်နိုင်ငံထုတ်မဟုတ်သည့် တိုက် လေယာဉ်ဝယ်ယူရေး သဘောတူညီချက်အဖြစ် တရုတ်နိုင်ငံလုပ် Chengdu J-10C ဂျက်တိုက်လေယာဉ် အနည်းဆုံး ၄၂ စင်းကို ဝယ်ယူမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ထိပ်တန်း ကာကွယ်ရေး အရာရှိက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဆဂျာဖရီ ဆဂျမ်ဆိုဒင် အင်ဒိုနီးရှားသည် စစ်တပ်ကို ခေတ်မီစေရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မကြာမီတွင် တရုတ်ထံမှ တိုက်လေယာဉ်များ ဝယ်ယူမည်ဖြစ်ကြောင်း မြို့တော်ဂျကာတာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဝယ်ယူမှု၏ နောက်ထပ်အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

J-10 တိုက်လေယာဉ်များ ဝယ်ယူရန် အစီအစဉ်ကို ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လတွင် ပထမဆုံး ထုတ်ဖော်ခဲ့သည်။ အင်ဒိုနီးရှားလေတပ်သည် ၎င်းတို့၏ဝယ်ယူမှုတွင် အင်ဒိုနီးရှား၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို ထိထိရောက်ရောက် အားကောင်းလာစေရန် သေချာစေရန်အတွက် တရုတ်လုပ်တိုက်လေယာဉ်များကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး ပူအာဘရာ ယူဒီ ဆာဒီဝါက ၎င်း၏ ဝန်ကြီးဌာနသည် အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိသည့် တရုတ်နိုင်ငံမှ လေယာဉ်ဝယ်ယူမှုအတွက် ဘတ်ဂျက်ကို အတည်ပြုခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

အင်ဒိုနီးရှားသည် ၎င်း၏ စစ်လက်နက်များကို အဆင့်မြှင့်တင်ရန်နှင့် ခေတ်မီစေရန်နှင့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို အုပ်ချုပ်မှုအောက်တွင် ကာကွယ်ရေးလုပ်ငန်းကို အားကောင်းစေရန် တွန်းအားပေးလုပ်ဆောင်ခဲ့သည် ။ ဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ၂၀၁၉ ခုနှစ်တွင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ တူရကီ နှင့် အမေရိကန်သို့ သွားရောက်ကာ စစ်လက်နက်စနစ်အသစ်များ နှင့် ထောက်လှမ်းရေးနှင့် နယ်မြေကာကွယ်ရေး စွမ်းရည်များကို ရယူရန် ကြိုးပမ်းခဲ့သည် ။

လက်ရှိတွင် အင်ဒိုနီးရှားလေတပ်တွင် အမေရိကန်၊ ရုရှားနှင့် ဗြိတိန်အပါအဝင် နိုင်ငံများမှထုတ်လုပ်သည့် တိုက်လေယာဉ်များ ရှိသည်။ ဤလေယာဉ်အချို့ကို အဆင့်မြှင့်တင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်သည်။

တူရကီသမ္မတ အာဒိုဂမ်က ၎င်း၏ KAAN တိုက်လေယာဉ် ၄၈ စင်းအား အင်ဒိုနီးရှားသို့ တင်ပို့မည်ဟု ဇွန်လတွင် ကြေညာခဲ့သည် ။ အဆိုပါဂျက်လေယာဉ်များကို တူရကီတွင်ထုတ်လုပ်ပြီး အင်ဒိုနီးရှားသို့ တင်ပို့မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ပြင်သစ်နိုင်ငံထုတ် Dassault Rafale တိုက်လေယာဉ် ၄၂ စင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလက မှာယူခဲ့ပြီး ၂၀၂၆ အစောပိုင်းတွင် ပထမဆုံး ပို့ဆောင်ရန် မျှော်မှန်းထားသည်။ အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးသည် ပြင်သစ်လုပ် Scorpene Evolved ရေငုပ်သင်္ဘော နှစ်စင်းနှင့် Thales မြေပြင် ထိန်းချုပ်ရေး ကြားဖြတ်ရေဒါ ၁၃ စင်းတို့ကိုလည်း ဝယ်ယူကြောင်း ကြေညာခဲ့သည်။

အနောက်နိုင်ငံမှ ပေးသွင်းသူများအပေါ် ဆယ်စုနှစ်များစွာ မှီခိုနေရပြီးနောက် ဘေဂျင်းမှ အဓိက လက်နက်ဝယ်ယူမှုမှာ အရှေ့တောင်အာရှဒေသတွင် တရုတ်၏ စစ်ရေးနှင့် သံတမန်ရေးအရ သြဇာလွှမ်းမိုးမှု ကြီးထွားလာချိန်တွင် အင်ဒိုနီးရှား၏ လုံခြုံရေး တိမ်းညွှတ်မှုကို အပြောင်းအလဲအဖြစ်ဖတ်ရှုနိုင်သည်။

မြောက်ကိုရီးယားသည် ၎င်း၏ အာဏာရ ကိုရီးယား အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခ...
11/10/2025

မြောက်ကိုရီးယားသည် ၎င်း၏ အာဏာရ ကိုရီးယား အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားတွင် အသစ်တီထွင်ထားသည့် Hwasong-20 တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို ပထမဆုံးအကြိမ် ပြသခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ICBM အသစ်သည် "အားအပြင်းဆုံး မဟာဗျူဟာ နျူကလီးယား လက်နက်စနစ်" ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ပြုံယမ်း မြို့တော်ရှိ စစ်ရေးပြအခမ်းအနားတွင် မြောက်ကိုရီးယားသည် အမေရိကန်၏  HIMARS (High Mobility Artillery Rocket System)...
11/10/2025

ပြုံယမ်း မြို့တော်ရှိ စစ်ရေးပြအခမ်းအနားတွင် မြောက်ကိုရီးယားသည် အမေရိကန်၏ HIMARS (High Mobility Artillery Rocket System) ပုံစံကို ပြည်တွင်း၌ တီထွင်ထားသည့် ဗားရှင်းအဖြစ် လေ့လာသုံးသပ်သူများက ဖော်ပြထားသည့် ရွှေ့ပြောင်းနိုင်သည့် အမြောက်ဒုံးကျည်စနစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။

 #ဗြိတိန်မှခိုးရာပါအိုင်ဖုန်းများ_တရုတ်သို့ပို့သည့်ဂိုဏ်းကိုနှိမ်နင်း---------------------ဗြိတိန်ရဲတပ်ဖွဲ့သည် ယူကေ၏ အကြီ...
07/10/2025

#ဗြိတိန်မှခိုးရာပါအိုင်ဖုန်းများ_တရုတ်သို့ပို့သည့်ဂိုဏ်းကိုနှိမ်နင်း
---------------------
ဗြိတိန်ရဲတပ်ဖွဲ့သည် ယူကေ၏ အကြီးမားဆုံး ဖုန်းသူခိုးဂိုဏ်းအား နှိမ်နင်းမှု စတင်ခဲ့သည်။
ယူကေမှနေ၍ တရုတ်နိုင်ငံသို့ ခိုးယူထားသော ဖုန်းအလုံးရေ ၄၀,၀၀၀ အထိ ခိုးသွင်းသည်ဟု သံသယရှိသော ရာဇ၀တ်ဂိုဏ်းတစ်ခုကို ခြေရာခံပြီးနောက် မြို့တော်ရဲတပ်ဖွဲ့က လူ ၄၆ ဦးကို ဖမ်းဆီးလိုက်သည်။

ဟိသရိုးလေဆိပ်အနီးရှိ ဂိုဒေါင်တစ်ခုတွင် iPhone အလုံးရေ ၁၀၀၀ ဝန်းကျင် တွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ခဲ့သည်။ ဟောင်ကောင်သို့ပို့မည့်ဖုန်းများဖြစ်ပြီး ဖုန်းအားလုံးနီးပါး ခိုးယူခံရသည့်ဖုန်းများ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဗြိတိန်၏ အကြီးမားဆုံး ဖုန်းခိုးဂိုဏ်းအား နှိမ်နင်းရန် အထူးစုံထောက်များဖြင့် Operation Echosteep ကို စတင်ခဲ့သည်။

ခိုးရာပါပစ္စည်းများကို ကိုင်တွယ်သည်ဟု သံသယဖြင့် စက်တင်ဘာ ၂၃ ရက်က အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့သည်။အမျိုးသားတစ်ဦး၏ ကားထဲတွင် ဖုန်းအများအပြားကို တွေ့ရှိခဲ့ပြီး ဆက်စပ်အိမ်ရာများတွင်ပစ္စည်း ၂,၀၀၀ ခန့်ကို တွေ့ရှိခဲ့ကြောင်း ရဲကပြောသည်။
Operation Echosteep ၏ အကြီးတန်းအရာရှိတစ်ဦးက “ဒီအဖွဲ့ဟာ နိုင်ငံရပ်ခြားမှာ သူတို့ရဲ့ အမြတ်အစွန်းရမှုကြောင့် Apple ထုတ်ကုန်တွေကို အထူးပစ်မှတ်ထားပါတယ်၊ သူခိုးတွေကို ဟန်းဆက်တစ်လုံးကို ပေါင် 300 အထိပေးပြီး တရုတ်မှာ ဒေါ်လာ 5,000 (ပေါင် 3,700) အထိ ရောင်းချနေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်" ဟု ပြောသည်။

"Apple နဲ့ Samsung တို့လို ဖုန်းထုတ်လုပ်သူတွေက ကျွန်တော်တို့ကို ပံ့ပိုးပေးပြီး သူတို့ရဲ့ဖောက်သည်တွေကို ကာကွယ်ဖို့၊ အထူးသဖြင့် ဖုန်းလုံခြုံရေးနဲ့ ပြန်လည်အသုံးပြုမှုတွေအတွက် ပိုပြီးလုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်။"
ပစ်မှတ်ထားပြီး တိကျသည့်လှုပ်ရှားမှုအဖြစ် ရဲတပ်ဖွဲ့သည် နှစ်ပတ်အတွင်း စုစုပေါင်း လူ ၄၆ ဦးကို ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က ဟီသရိုးလေဆိပ်တွင် ခိုးယူခံရသည်ဟု သံသယရှိသူ ဖုန်း ၁၀ လုံးနှင့်အတူ အမျိုးသားတစ်ဦးကို ခိုးယူပစ္စည်းများ ကိုင်တွယ်မှုဖြင့် တရားစွဲဆိုခဲ့သည်။
iPad နှစ်လုံး၊ လက်ပ်တော့နှစ်လုံးနှင့် Rolex နာရီနှစ်လုံးပါရှိသည့် အမျိုးသားသည် နှစ်နှစ်အတွင်း လန်ဒန်နှင့် အယ်လ်ဂျီးရီးယားကြား အကြိမ် ၂၀၀ ကျော် ခရီးသွားလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်းက ရာဇ၀တ်ကောင်များသည် ခိုးယူထားသော ဖုန်းများကို ပြန်လည်အသုံးပြု၍ နိုင်ငံခြားသို့ ရောင်းချခြင်းဖြင့် သန်းပေါင်းများစွာရရှိပြီး ရာဇ၀တ်ကောင်များအတွက် "ရိုးရှင်းစွာ အမြတ်အစွန်း အများရရှိသည်" ဟု ပြောကြားခဲ့သည်။
“ခိုးယူထားတဲ့ စက်ပစ္စည်းတွေကို အသုံးမဝင်အောင် ဖန်တီးခြင်းအားဖြင့် ဒီရာဇ၀တ်မှုတွေကို ဖော်ထုတ်ရာမှာ ပိုမိုခက်ခဲမြန်ဆန်အောင် မိုဘိုင်းဖုန်းလုပ်ငန်းကို ဆက်ပြီး တောင်းဆိုသွားမှာပါ၊ ဒီကုန်သွယ်မှုကို ပိတ်ပင်ပြီး လူတိုင်းအတွက် ပိုလုံခြုံတဲ့ လန်ဒန်ကို တည်ဆောက်ဖို့ ညှိနှိုင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ လိုအပ်တယ်" ဟု ဆိုသည်။

 #တရုတ်က_၆တန်_DroneMothership_SS_UAV_ထုတ်ဖော်ပြသ တရုတ်နိုင်ငံသည် ၎င်း၏နောက်ဆုံးပေါ် လေကြောင်းအာကာသ ဆန်းသစ်တီထွင်မှုအဖြစ်...
06/10/2025

#တရုတ်က_၆တန်_DroneMothership_SS_UAV_ထုတ်ဖော်ပြသ

တရုတ်နိုင်ငံသည် ၎င်း၏နောက်ဆုံးပေါ် လေကြောင်းအာကာသ ဆန်းသစ်တီထွင်မှုအဖြစ် Su-34 ဗုံးကြဲတိုက်လေယာဉ်များကဲ့သို့ တာဝေးပျံသန်းနိုင်သည့် ၆ တန်အလေးချိန်ရျိ ကြီးမားသော မောင်းသူမဲ့လေယာဉ်ပျံ Jiutian SS-UAV ကို တရားဝင်ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။
ဤသည်မှာ ခေတ်မီတိုက်ခိုက်ရေး စစ်ဆင်ရေးများတွင် အဆင့်မြင့် မောင်းသူမဲ့ စနစ်များ ပေါင်းစပ်ခြင်းဆီသို့ တရုတ်၏ တွန်းအားပေးမှုတွင် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

SS-UAV ၏ အဓိကအင်္ဂါရပ်များ
လေဟုန်စီးဗုံးများနှင့် တိကျပစ်ခတ်နိုင်သည့် သင်္ဘောဖျက်ဒုံးများအပါအဝင် ခဲယမ်း ကီလိုဂရမ် ၆၀၀၀ အထိ သယ်ဆောင်နိုင်သည်။
အများဆုံး စစ်ဆင်ရေး အကွာအဝေး ကီလိုမီတာ ၇၀၀၀ ကျော်ရှိသော နိုင်ငံတကာ မစ်ရှင်များအတွက် ဒီဇိုင်းထုတ်ထားသည်။
၁၂ နာရီကြာ ပျံသန်းနိုင်၍ ဆီဖြည့်စရာမလိုဘဲ တာဝေးမစ်ရှင်များကို အသုံးပြုနိုင်မည်ဖြစ်သည်။
အမြင့်ပေ ၄၉၀၀၀ အထိ တက်နိုင်ပြီး ရန်သူအများစု၏ လေကြောင်းရန်ကာကွယ်ရေးများထက် လည်ပတ်နိုင်သည်။
အသွင်အပြင်မြင့် တောင်ပံများနှင့် dorsal turbofan အင်ဂျင်သည် ဝန်နှင့်အကွာအဝေးထက် အမြန်နှုန်းနှင့် ရွေ့လျားနိုင်မှုကို အလေးပေးသည်။

ဗျူဟာမြောက် အခန်းကဏ္ဍ-
Jiutian SS-UAV သည် တရုတ်နိုင်ငံ၏ တာဝေးတိုက်ခိုက်မှုစွမ်းရည်ကို ချဲ့ထွင်နေစဉ် လူသားလေယာဉ်မှူးများ အန္တရာယ်ကို လျှော့ချ၍ တိကျသောတိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ အဆိုပါ ဒရုန်းလေယာဉ်ကြီးသည် လေကြောင်းရန်ကာကွယ်ရေးကို လွှမ်းမိုးနိုင်စေရန် အခြားဒရုန်းများနှင့် လူလိုက်ပါသော လေယာဉ်များနှင့် ပေါင်းစပ်လုပ်ဆောင်နိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ကြောင်း လေ့လာသူများက မှတ်ချက်ပြုကြသည်။

သက်ရောက်မှုများ-
ပြိုင်ဆိုင်မှု ပြင်းထန်သည့် လေပိုင်နက်တွင် ၎င်း၏ နှေးကွေးသော အမြန်နှုန်းကြောင့် ရှင်သန်နိုင်စွမ်း နည်းပါးပြီး ခေတ်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်များက ထိရောက်မှုကို ကန့်သတ်နိုင်သော်လည်း SS-UAV သည် မောင်းသူမဲ့ စစ်ပွဲဆီသို့ ဗျူဟာမြောက် အပြောင်းအလဲကို ကိုယ်စားပြုပြီး တရုတ်၏ ဩဇာမြင့်တက်ရေးစီမံကိန်းကို ပိုမိုလုပ်ဆောင်နိုင်ပြီး လေသူရဲအတွက် အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

ကမ္ဘာလုံးဆိုင်ရာ အရေးပါမှု-
ဤမောင်းသူမဲ့လေယာဉ်သည် ၎င်း၏ လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့များကို ခေတ်မီအောင်ပြုလုပ်ရန် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ထင်ဟပ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အင်အားနှစ်ရပ်စလုံးအား မောင်းသူမဲ့စနစ်များက အနာဂတ်ပဋိပက္ခများတွင် အစဉ်အလာတိုက်ခိုက်ရေးလေယာဉ်များကို ပိုမိုအားဖြည့်ပေးမည်ဖြစ်ကြောင်းလည်း အချက်ပြသည်။ ၎င်းသည် စစ်ဆင်ရေးဆိုင်ရာ အယူဝါဒများကို ပြန်လည်ပုံဖော်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးဗျူဟာများကို စိန်ခေါ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

အမေရိကန်က ယူကရိန်းကိုပေးဖို့ စဉ်းစားနေပြီဆိုတဲ့Tomahawk missile (တိုမဟော့ဒုံးကျည်) ရဲ့ အခြေခံအချက်အလက်များTomahawk ဟာ အမ...
29/09/2025

အမေရိကန်က ယူကရိန်းကိုပေးဖို့ စဉ်းစားနေပြီဆိုတဲ့
Tomahawk missile (တိုမဟော့ဒုံးကျည်) ရဲ့ အခြေခံအချက်အလက်များ

Tomahawk ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကကျတဲ့ ရာသီမရွေး တာဝေးကို တိတိကျကျ ပစ်ခတ်နိုင်တဲ့ ဒုံးကျည် (Long-Range, All-Weather, Subsonic, Cruise Missile) တစ်မျိုးဖြစ်ပါတယ်။ ရေတပ် နဲ့ ကြည်းတပ် နှစ်မျိုးလုံးကနေ ပစ်လွှတ်နိုင်ပြီး၊ ရန်သူရဲ့ မျက်နှာပြင်ပေါ်က ပစ်မှတ်တွေ (Surface Targets) ကို ချိန်ကိုက်တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။

---

အဓိက ဝိသေသလက္ခဏာများ

1. ပစ်လွှတ်နည်းစနစ်:
· ရေတပ်စနစ်- စစ်သင်္ဘော၊ ရေငုပ်သင်္ဘောများမှ ပစ်လွှတ်နိုင်သည်။
· ကြည်းတပ်စနစ်: မော်တော်ယာဉ်တပ်ဆင်ထားသော ပလက်ဖောင်းများမှ ပစ်လွှတ်နိုင်သည်။
2. အမျိုးအစားများ: အဓိကအားဖြင့် ပစ်မှတ်အလိုက် နှစ်မျိုးရှိသည်။
· TLAM (Tomahawk Land Attack Missile): ကုန်းမြေပစ်မှတ်များကို တိုက်ခိုက်ရန် (သာမန်ဗုံး သို့မဟုတ် နျူကလီးယားဗုံး တပ်ဆင်နိုင်)။
· TASM (Tomahawk Anti-Ship Missile): ရန်သူ၏ သင်္ဘောများကို တိုက်ခိုက်ရန် (ယခုအခါ အဓိကမသုံးတော့ပါ)။
3. ခရီးအကွာအဝေး: ကီလိုမီတာ ၁,၀၀၀ မှ ၂,၅၀၀ ခန့် (၆၂၀ မှ ၁,၅၅၀ မိုင်ခန့်) အထိ ရောက်ရှိ။ မော်ဒယ်အလိုက် အကွာအဝေးကွဲပြားမှုရှိသည်။
4. အလျင်နှုန်း: Subsonic (အသံထက်မြန်သည့် အလျင်ထက် နှေးကွေး)။ တစ်နာရီလျှင် ၈၈၀ ကီလိုမီတာ (၅၅၀ မိုင်) လောက် ပြေး။
5. ထိရောက်မှု: အလွန်တိကျပါတယ်။
· GPS နဲ့ INS (Inertial Navigation System) တို့ကို အသုံးပြုပြီး လမ်းကြောင်းသတ်မှတ်ပျံသန်းနိုင်တယ်။
· နောက်ဆုံးပေါ် မော်ဒယ်တွေမှာ DSMAC (Digital Scene Matching Area Correlation) လို့ခေါ်တဲ့ ကမ္ဘာ့မြေမျက်နှာပြင်ပုံရိပ်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့ စနစ်ပါရှိလို့ မီတာအနည်းငယ်အတွင်း ပစ်မှတ်ကို ထိမှန်နိုင်တယ်။
6. စစ်ဆင်ရေးသမိုင်း: ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲမှစတင်ကာ အသုံးပြုခဲ့ပြီး၊ အီရတ်၊ ယူဂိုဆလားဗီးယား၊ အဖွဲ့ချုပ်၊ လစ်ဗျား၊ ဆီးရီးယား စတဲ့ စစ်ဆင်ရေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။
7. ထုတ်လုပ်သူ: Raytheon ကုမ္ပဏီ ဖြစ်ပါတယ်။

---

Tomahawk ရဲ့ ပျံသန်းပုံ အဆင့်ဆင့်

ရေတပ်သင်္ဘောမှ ပစ်လွှတ်လျှင် ဒုံးကျည်ကို သယ်ဆောင်ထားသော ကွန်တိန်နာထဲမှ ပန်ကာတပ်မော်တာဖြင့် ထုတ်ပစ်လိုက်ပြီး၊ လေထဲရောက်မှ ဂျက်အင်ဂျင်ကို စတင်အလုပ်လုပ်စေသည်။
ပင်လယ်ပြင်ပေါ်တွင် အလွန်နိမ့်ကျသော အမြင့် (ပေ ၁၀၀ ခန့်) တွင် ပျံသန်းကာ ရန်သူရဲ့ ရေဒါအား ရှောင်ရှားသွားသည်။ ကုန်းပေါ်ရောက်လျှင် တောင်ကုန်းး၊ ချိုင့်ဝှမ်းများကြားတွင် ပျံသန်းကာ ရှောင်တတ်သည်။
ပစ်မှတ်နှင့် နီးကပ်လာသောအခါ ဒုံးကျည်သည် မိမိ၏ နည်းပညာများဖြင့် နောက်ဆုံးလမ်းကြောင်းညှိပြီး ပစ်မှတ်ပေါ် (Fly-over) သို့မဟုတ် ဒေါင်လိုက်ထိုးဆင်း (Dive) တိုက်ခိုက်သည်။

---

Tomahawk ၏ အားသာချက်များ

ပစ်လွှတ်သူသည် ရန်သူ၏ ခြိမ်းခြောက်မှုဧရိယာအတွင်းသို့ ဝင်ရောက်စရာမလိုပါ။
ပစ်မှတ်မှားယွင်းမှု အင်မတန်နည်းပါးပြီး၊ ပစ်မှတ်နှင့် အရပ်ဘက်အဆောက်အဦများ နီးကပ်နေလျှင်ပင် အသုံးပြုနိုင်သည်။
Subsonic အလျင်ရှိပြီး အသံဆူညံမှုနည်းသောကြောင့် ရောက်လာမှန်းသိရန် ခက်ခဲသည်။

အားနည်းချက်များ
Subsonic အလျင်သာရှိ၍ ခေတ်မီ လေကြောင်းကာကွယ်ရေးစနစ်ရှိလျှင် ခုခံတိုက်ခိုက်ခံရနိုင်ခြေရှိသည်။
· စရိတ်ကြီးမားသည်။ ဒုံးကျည်တစ်ခု စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁ သန်းမှ ၂ သန်းခန့်အထိ ရှိပါတယ်။

မကြာသေးခင်က ရုရှားနိုင်ငံ Bryansk ဧရိယာကို ယူကရိန်းက ATACMS ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်မှု သတင်းတွေ ထွက်ပေါ်လာပြီးနောက်  ...
29/09/2025

မကြာသေးခင်က ရုရှားနိုင်ငံ Bryansk ဧရိယာကို ယူကရိန်းက ATACMS ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်မှု သတင်းတွေ ထွက်ပေါ်လာပြီးနောက် ယူကရိန်းဆိုင်ရာ အမေရိကန် အထူးသံတမန် ကိတ်ကယ်လော့က သမ္မတ ထရမ့်ဟာရုရှားပိုင်နက်ထဲ တာဝေးပစ် တိုက်ခိုက်မှုတွေလုပ်ဖို့ ယူကရိန်းကို ခွင့်ပြုထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
အဲဒီခွင့်ပြုချက်ဟာ ထရမ့်ရဲ့ အစောပိုင်းရပ်တည်ချက်ကနေ ထင်ရှားတဲ့အပြောင်းအလဲ တစ်ခုပါ။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲအနိုင်ရပြီးနောက်တွင် တာဝေးပစ်တိုက်ခိုက်မှုတွေအတွက် အနောက်နိုင်ငံလုပ် လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ သမ္မတဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို “မိုက်မဲမှု” နဲ့ “အမှားအယွင်း” လို့ ပြောခဲ့ပါတယ်။

Address

1st Street
Yangon
SOUTHOKKALAPATOWNSHIP

Telephone

+959785046560

Website

Alerts

Be the first to know and let us send you an email when Stand By Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Stand By Myanmar:

Share