MyanHealth

MyanHealth MyanHealth makes social media a place for health education, not misinformation. We make social media a place for health education, not misinformation.

25/09/2025

တစ်နေ့ မိနစ် ၃၀ ကိုယ်လက်လှုပ်ရှားခြင်းက
✅ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေတယ်။
✅ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။
✅ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတယ်။
အချိန်ပြည့် မလျှောက်နိုင်ရင်တောင် (၁၀) မိနစ်စီ (၃) ကြိမ်ခွဲပြီး လျှောက်နိုင်ပါတယ်။
အဓိကကတော့ နေ့စဉ်လှုပ်ရှားမှုရှိဖို့ပါပဲ။
ဒီနေ့𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့စာဖတ်သူတွေရော ကိုယ်လက်လှုပ်ရှားမှုပြုပြီးပြီလား။
ကောမန့်မှာပြောခဲ့ပါဦး။ 💬

#𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵𝗧𝗶𝗽𝘀 #𝗙𝗶𝘁𝗻𝗲𝘀𝘀𝗠𝘆𝗮𝗻𝗺𝗮𝗿 #ကျန်းမာစွာနေထိုင်ခြင်း #ဗဟုသုတ #လမ်းလျှောက်ပါ

ရန်ကုန်၊ သီရိမင်္ဂလာဈေး (၂၄.၉.၂၀၂၅) - ဘာတွေဈေးတက်၊ ဘာတွေဈေးကျလဲ? 📈📉ဒီနေ့ Sep ၂၉  ရက်၊ ၂၀၂၅ ခုနှစ်အတွက် ရန်ကုန်၊ သီရိမင်္...
24/09/2025

ရန်ကုန်၊ သီရိမင်္ဂလာဈေး (၂၄.၉.၂၀၂၅) - ဘာတွေဈေးတက်၊ ဘာတွေဈေးကျလဲ? 📈📉

ဒီနေ့ Sep ၂၉ ရက်၊ ၂၀၂၅ ခုနှစ်အတွက် ရန်ကုန်၊ သီရိမင်္ဂလာဈေးက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းအမျိုးမျိုးတို့ရဲ့ ဈေးနှုန်းတွေကို အိမ်ရှင်မတွေအတွက် အထူးရည်ရွယ်ပြီး MyanHealth ကနေ စုစည်းမျှဝေပေးလိုက်ပါတယ်။

ဈေးဝယ်ထွက်တဲ့အခါ အထောက်အကူဖြစ်စေဖို့ အသေးစိတ်ကြည့်ရှုလိုက်ရအောင်!

#ဈေးနှုန်း #နေ့စဉ်ဈေးနှုန်း #သီရိမင်္ဂလာဈေး #ရန်ကုန်ဈေးနှုန်း #အိမ်ရှင်မ #စျေးဝယ်လမ်းညွှန် #သစ်သီး #ဟင်းသီးဟင်းရွက် #ပန်းဈေးနှုန်း

18/09/2025

ကိုယ့်ရဲ့မီးဖိုချောင်က စဉ့်နီတုံးလေးကို ဒီနေ့ပဲ စစ်ဆေးကြည့်လိုက်ပါဦး။ 👀
အစင်းရာတွေ၊ ခြစ်ရာတွေ များနေပြီဆိုရင်တော့ ဘက်တီးရီးယားတွေ မခိုအောင်းနိုင်အောင် အသစ်လဲဖို့ အချိန်တန်ပါပြီ။ 💚

#𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗦𝘁𝗮𝘆𝗦𝗮𝗳𝗲 #𝗛𝗲𝗮𝗹𝘁𝗵𝗙𝗮𝗰𝘁𝘀 #ကျန်းမာစွာနေထိုင်ရေး

MyanHealth ရဲ့နောက်ထပ်အစီအစဥ်သစ်လေးလာပါပြီ.  အဲဒါကတော့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 𝘾𝙤𝙧𝙣𝙚𝙧 ပဲဖြစ်ပါတယ်.. ဒီအစီအစဉ်ကတော့ ကျန်းမာရေးထုတ်ကုန်...
17/09/2025

MyanHealth ရဲ့နောက်ထပ်အစီအစဥ်သစ်လေးလာပါပြီ.
အဲဒါကတော့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 𝘾𝙤𝙧𝙣𝙚𝙧 ပဲဖြစ်ပါတယ်.. ဒီအစီအစဉ်ကတော့ ကျန်းမာရေးထုတ်ကုန် များ၊ကလေးနှင့် မိခင် အတွက် အထောက်အကူပြုထုတ်ကုန်များရဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်..
ယခုလို သတင်းအချက်အလက်ဝန်ဆောင်မှု ကဏ္ဍမှာ ဖော်ပြပေးမယ့် ထုတ်ကုန်တိုင်းဟာ တရားဝင် ကျန်းမာရေထောက်ခံချက်ရရှိထားသော၊ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိထားပြီးသော အမှတ်တံဆိပ်များကိုသာ ဖော်ပြပေးသွားဖြစ်ပါတယ်..
ဒီတစ်ပတ်မှာ တော့ တို့ကျောင်းသား အမှတ်တံဆိပ် ချောင်းဆိုးပျောက်ဆေး အကြောင်းလေးဖော်ပြပေးသွားမှာဖြစ်ပါတယ်
ရပ်ကွက်ထဲက ကုန်စုံဆိုင်ကစလို့ နိုင်ငံခြားရောက်ရွှေမြန်မာတွေ မှာသုံးတဲ့ ချောင်းဆိုးပျောက်ဆေးဘူးလေး။
‘မြင့်မိုရ်ဟိန်း’ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ထုတ်တဲ့ဒီဆေးဟာဆိုရင် ချောင်းဆိုးခြင်း၊ချောင်းခြောက်ဆိုးခြင်း၊သလိပ်ကပ်ခြင်း၊လေထိုးလေအောင့်ခြင်း၊အပူချောင်း၊အအေးချောင်း၊ချွဲထ၊သလိပ်မရ၊ခံတွင်းရနံ့ရှင်းပြီး လည်ချောင်းယား၍ ချောင်းဆိုးခြင်းတို့ကို သက်သာစေဖို့အတွက် သုံးစွဲနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေအနေနဲ့.စမုန်မျိူးငါးပါး၊ကွက္ကရာ၊လင်းနေ၊ချဉ်ပေါင်ဖာလာ၊ရှိန်းခို၊ကရဝေးရွက်၊ဇာတိပ္ဖိုလ်သီး၊ပရုပ်၊ဇီရာ၊လေးညှင်းပွင့်တို့ ပါဝင်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေထဲမှာ အများဆုံးပါဝင်ပစ္စည်းဖြစ်တဲ့စမုန်မျိုးငါးပါးအကြောင်းလေးပြောချင်ပါတယ်။
“စမုံမျိုးငါးပါး” ဆိုတာ စမုံနီ စမုံဖြူ စမုံညို စမုံစပါး စမုံဖွဲ တို့ဖြစ်ပြီး မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာထဲမှာ ချောင်းဆိုး၊ရင်ကျပ်၊လေထိုးလေအောင့်နဲ့အစာမကြေဖြစ်တာတွေအတွက် အဓိကအသုံးပြုတဲ့ ဆေးဖက်ဝင်အပင်ငါးမျိုးစု ဖြစ်ပါတယ်။
(ဒီထုတ်ကုန်နဲ့ပတ်သက်တဲ့ ပါဝင်ပစ္စည်းများနဲ့ အကျိုးအာနိသင်များဟာ ကုန်ပစ္စည်းမှာဖော်ပြထားတဲ့ အချက်အလက်များကို ကောက်ယူထားခြင်းဖြစ်ပြီး 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 အနေနဲ့ တစ်စုံတစ်ရာ ထပ်ပေါင်းပြောထားခြင်းမျိုးမရှိပါ။ )
👩‍⚕️ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့ သုံးသပ်ချက်
𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 အနေနဲ့ တို့ကျောင်းသား ချောင်းဆိုးပျောက်ဆေးက ဆေးပြားလိုမျိုးပုံစံကြောင့် သောက်သုံးရလွယ်ကူပြီး တကယ်လည်း ချောင်းဆိုးရောဂါအတွက် အစွမ်းထက်တဲ့ ဆေးလေးဖြစ်ပါတယ်။
ဆေးဘူးအရွယ်က တစ်ဆိုဒ်ပဲလာပြီး သေးနေတာက လွယ်ရင် ကောင်းမွန်တဲ့ချောင်းဆိုးပျောက်ဆေးလေးပဲဖြစ်ပါတယ်။
တိုင်းရင်းဆေးတွေဟာ အဖိုးတန်အမွေအနှစ်တွေဖြစ်ပေမယ့် 👉 မိမိ ကျန်းမာရေးအခြေအနေမှာ တစ်ဦးနဲ့တစ်ဦးမတူညီနိုင်တာကြောင့် ဆေးမသောက်မှီဆရာဝန်/ဆေးပညာရှင်နဲ့ အကြံယူဖို့ မမေ့ပါနဲ့။
➡️ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့ စာဖတ်သူတို့အိမ်မှာရော ဒီလိုမျိုးတိုင်းရင်းဆေးတွေဆောင်ထားလား?
ချောင်းဆိုးပျောက်ဆေးဆိုရင် မြန်မာဆေးတွေကြိုက်လား၊ 𝙀𝙣𝙜𝙡𝙞𝙨𝙝 ဆေးကြိုက်လား 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ တစ်ခြားစာဖတ်သူတွေလည်း သိရှိနိုင်အောင် မျှဝေကြရအောင်နော်🧡
________________ ဒီကဏ္ဍလေးကို စိတ်ဝင်စားတဲ့ထုထုတ်ကုန်တွေအနေနဲ့လည်း 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 နဲ့ပူးပေါင်းပါဝင်လိုပါက 𝙋𝙖𝙜𝙚 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 ကနေတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်————————————
နောက်ထပ်လည်း ဒီထက်ပိုကောင်းတဲ့ ဗဟုသုတရဖွယ် ကျန်းမာရေးနှင့် မိခင်များ အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့
📌𝗪𝗲𝗯𝘀𝗶𝘁𝗲 -𝘄𝘄𝘄.𝗺𝘆𝗮𝗻𝗵𝗲𝗮𝗹𝘁𝗵.𝗼𝗿𝗴
📌𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺-𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵
📌𝗬𝗼𝘂𝗧𝘂𝗯𝗲 - 𝗵𝘁𝘁𝗽𝘀://𝘆𝗼𝘂𝘁𝘂𝗯𝗲.𝗰𝗼𝗺/@𝗺𝘆𝗮𝗻-𝗵𝗲𝗮𝗹𝘁𝗵?𝘀𝗶=𝗛𝗽𝗯𝗵𝟱𝘃𝗠𝗜𝘁𝗲𝗥𝟵𝗰𝗬𝘁𝘄
📌𝗧𝗶𝗸𝗧𝗼𝗸 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗺𝘆𝗮𝗻𝗵𝗲𝗮𝗹𝘁𝗵𝟳?_𝘁=𝗭𝗡-𝟴𝘇𝗣𝗳𝘂𝘆𝗛𝗰𝗟𝗲𝗼&_𝗿=𝟭 တို့မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ #𝙃𝙚𝙖𝙡𝙩𝙝𝙘𝙖𝙧𝙚𝙄𝙣𝙛𝙤𝙧𝙢𝙖𝙩𝙞𝙤𝙣 #𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 #𝙉𝙚𝙬𝙋𝙧𝙤𝙜𝙧𝙖𝙢 #𝙩𝙧𝙖𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡 #𝙢𝙚𝙙𝙞𝙘𝙞𝙣𝙚 #𝙩𝙧𝙖𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡𝙢𝙚𝙙𝙞𝙘𝙞𝙣𝙚 #𝙝𝙤𝙢𝙚 #𝙧𝙚𝙢𝙚𝙙𝙞𝙚𝙨 #𝙝𝙤𝙢𝙚-𝙧𝙚𝙢𝙚𝙙𝙞𝙚𝙨

16/09/2025

ဒီတစ်ပတ် 𝙃𝙚𝙧 𝙑𝙤𝙞𝙘𝙚 𝙃𝙚𝙧 𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢 အစီအစဉ်မှာ ပါဝင်ပေးထားတာကတော့ 𝘾𝙤𝙧𝙥𝙤𝙧𝙖𝙩𝙚 ဝန်ထမ်းအဖြစ်ရော၊ 𝙁𝙧𝙚𝙚𝙡𝙖𝙣𝙘𝙚 အလုပ်တွေရော လုပ်ကိုင်ရင်းနဲ့ သမီးလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေတဲ့ မသီသီစိုးရဲ့ မိခင်တစ်ယောက် အဖြစ်နဲ့ ဘယ်လိုမျိူးအတွေ့အကြုံကောင်းတွေ၊ အခက်အခဲတွေနဲ့ အောင်မြင်မှုတွေကို 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ စာဖတ်သူတွေအတွက် မျှဝေသွားမလဲဆိုတာကို ကြည့်ကြည့်ရအောင်။ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ စာဖတ်သူ အမျိူးသမီးတွေအနေနဲ့မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ မိခင်ကိုပြောချင်တဲ့ စကားလေးတွေရှိရင် 𝘾𝙤𝙢𝙢𝙚𝙣𝙩 မှာ ဝေမျှသွားပေးပါဦးနော် နောက်ထပ်လည်း ဒီထက်ပိုကောင်းတဲ့ ဗဟုသုတရဖွယ် ကျန်းမာရေးနှင့် မိခင်များ အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ 📌𝙒𝙚𝙗𝙨𝙞𝙩𝙚 -𝙬𝙬𝙬.𝙢𝙮𝙖𝙣𝙝𝙚𝙖𝙡𝙩𝙝.𝙤𝙧𝙜 📌𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢-𝙝𝙩𝙩𝙥𝙨://𝙩.𝙢𝙚/𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 📌𝙔𝙤𝙪𝙏𝙪𝙗𝙚 - 𝙝𝙩𝙩𝙥𝙨://𝙮𝙤𝙪𝙩𝙪𝙗𝙚.𝙘𝙤𝙢/@𝙢𝙮𝙖𝙣-𝙝𝙚𝙖𝙡𝙩𝙝?𝙨𝙞=𝙃𝙥𝙗𝙝𝟱𝙫𝙈𝙄𝙩𝙚𝙍𝟵𝙘𝙔𝙩𝙬 📌𝙏𝙞𝙠𝙏𝙤𝙠 - 𝙝𝙩𝙩𝙥𝙨://𝙬𝙬𝙬.𝙩𝙞𝙠𝙩𝙤𝙠.𝙘𝙤𝙢/@𝙢𝙮𝙖𝙣𝙝𝙚𝙖𝙡𝙩𝙝𝟳?_𝙩=𝙕𝙉-𝟴𝙯𝙋𝙛𝙪𝙮𝙃𝙘𝙇𝙚𝙤&_𝙧=𝟭 တို့မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်

13/09/2025

“တစ်ခါသုံး ရေဘူး = တစ်ခါသုံးရုံဘဲ! 💧
reusable bottle သုံးတာ ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။

#တစ်ခါသုံးရေဘူး #ပြန်လည်အသုံးပြုနိုင်သောရေဘူး #ပလတ်စတစ်လျှော့ချရေး #ရေသောက်ပါ #ကျန်းမာရေးအသိပညာပေး

𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝  အတွက် အင်္ဂလိပ် ကနေ မြန်မာ ဘာသာပြန်ဆိုပေးနိုင်တဲ့ ဘာသာပြန်သူများ (𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙩𝙤 𝘽𝙪𝙧𝙢𝙚𝙨𝙚 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙤𝙧𝙨) ကို လိုအပ်...
12/09/2025

𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 အတွက် အင်္ဂလိပ် ကနေ မြန်မာ ဘာသာပြန်ဆိုပေးနိုင်တဲ့ ဘာသာပြန်သူများ (𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙩𝙤 𝘽𝙪𝙧𝙢𝙚𝙨𝙚 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙤𝙧𝙨) ကို လိုအပ်နေပါတယ်။
တာဝန်နှင့် အရည်အချင်းများ
𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ကနေ ထုတ်ဝေဖော်ပြမဲ့ ကျန်းမာရေးသတင်းနဲ့ ဆောင်းပါးတွေကို အကောင်းဆုံး ဘာသာပြန်ဆိုပေးနိုင်ရပါမယ်။
ဘာသာစကားကျွမ်းကျင်မှု
- အင်္ဂလိပ်ဘာသာစကားကို စကားပြောနဲ့ စာအရေးအသားပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်ပြီး မြန်မာဘာသာသို့ ပီပြင်စွာ ပြန်ဆိုနိုင်ရပါမယ်။
တိကျမှုနှင့် စည်းကမ်းလိုက်နာမှု -
သတ်မှတ်ထားတဲ့အချိန် (𝘿𝙚𝙖𝙙𝙡𝙞𝙣𝙚) အမှီ ပြီးစီးအောင် ဘာသာပြန်ဆိုနိုင်ရပါမယ်။
𝙐𝙣𝙞𝙘𝙤𝙙𝙚 ကို အသုံးပြုနိုင်သူဖြစ်ရပါမယ်။
စိတ်ပါဝင်စားမှု - နောက်ဆုံးရ ကျန်းမာရေးသတင်းဆောင်းပါးများကို စိတ်ဝင်စားသူ၊ စာဖတ်အားကောင်းသူများ၊ ဘာသာပြန်အတွေ့အကြုံရှိသူများကို ပိုမိုဦးစားပေးပါမယ်။
လစာနှင့် အကျိုးခံစားခွင့်
ဘာသာပြန်ဆိုရမဲ့ စကားလုံးအရေအတွက် (𝙒𝙤𝙧𝙙 𝘾𝙤𝙪𝙣𝙩) အပေါ်မူတည်၍ 𝙁𝙚𝙚𝙨 ကို 𝙗𝙮 𝙥𝙧𝙤𝙟𝙚𝙘𝙩 အလိုက် ပေးချေသွားမှာဖြစ်ပါတယ်။

လျှောက်ထားရန် စိတ်ဝင်စားပါက ကိုယ်ရေးအကျဉ်း (𝘾𝙑) နဲ့ဘာသာပြန်ထားတဲ့နမူနာ (𝙎𝙖𝙢𝙥𝙡𝙚 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣) တစ်ခုကိုပူးတွဲပြီး 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့တရားဝင် 𝙀𝙢𝙖𝙞𝙡 𝘼𝙙𝙙𝙧𝙚𝙨𝙨 ဖြစ်သော 𝙙𝙤𝙝𝙚𝙖𝙞𝙣𝙢𝙖𝙩𝟳@𝙜𝙢𝙖𝙞𝙡.𝙘𝙤𝙢 ကိုပေးပို့လျှောက်ထားနိုင်ပါတယ်။

09/09/2025

ခုတပတ်မှာ Myanhealth ရဲ့သိလိုရာမေးတောင်သူကျန်းမာရေးကဏ္ဍကိုဆက်သွယ်မေးမြန်းလာတာကတော့ ရန်ကုန်တိုင်းမှ တောင်သူတစ်ဦးဖြစ်ပါတယ်။ သူမေးမြန်းလာတဲ့ အကြောင်းအရာကတော့ ကျောက်ကပ်ရောဂါအကြောင်းဖြစ်ပါတယ်။ ၁ / ကျောက်ကပ်ရောဂါကို ဖြစ်ပွားစေတဲ့ အဓိက အချက်တွေသိပါရစေ ။ ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။ ၂/ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုရှိမရှိကို ဘယ်လိုမျိုးသိနိုင်မလဲ။ဘယ်လိုလက္ခဏာတွေပြသပါလဲ။ ၃ / ကျောက်ကပ်ရောဂါဖြစ်ပွားခဲ့ရင် ရောဂါပိုမဆိုးအောင် ၊ သက်သာအောင် ဘယ်လိုပြုမူနေထိုင်သင့်လဲ။ဘယ်လိုစားသောက်သင့်ပါသလဲ။ ၄ / ကျောက်ကပ်ရောဂါဖြစ်ရင် ကျောက်ကပ်လဲမှသာ အသက်ရှင်မှာလားဆိုတာ သိပါရစေဆိုပြီး မေးမြန်းလာတဲ့ မေးခွန်းတွေအပေါ် MyanHealth ရဲ့ ကျန်းမာရေးအတိုင်ပင်ခံတွေရဲ့ဖြေကြားချက်ကို နားထောင်ကြည့်ရအောင် #ကျန်းမာရေး #𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 #တောင်သူကျန်းမာရေး #ကျောက်ကပ်ရောဂါ #သိလိုရာမေး

𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ နောက်ထပ်အစီအစဥ်သစ်လေးလာပါပြီ. အဲဒါကတော့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 𝘾𝙤𝙧𝙣𝙚𝙧 ပဲဖြစ်ပါတယ်.. ဒီအစီအစဉ်ကတော့ ကျန်းမာရေးထုတ်ကုန်...
08/09/2025

𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ နောက်ထပ်အစီအစဥ်သစ်လေးလာပါပြီ.
အဲဒါကတော့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 𝘾𝙤𝙧𝙣𝙚𝙧 ပဲဖြစ်ပါတယ်.. ဒီအစီအစဉ်ကတော့ ကျန်းမာရေးထုတ်ကုန် များ၊ကလေးနှင့် မိခင် အတွက် အထောက်အကူပြုထုတ်ကုန်များရဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်..
ယခုလို သတင်းအချက်အလက်ဝန်ဆောင်မှု ကဏ္ဍမှာ ဖော်ပြပေးမယ့် ထုတ်ကုန်တိုင်းဟာ တရားဝင် ကျန်းမာရေထောက်ခံချက်ရရှိထားသော၊ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိထားပြီးသော အမှတ်တံဆိပ်များကိုသာ ဖော်ပြပေးသွားဖြစ်ပါတယ်..
ဒီတစ်ပတ်မှာ တော့ ကျားနဲနေ အမှတ်တံဆိပ်အပူဝမ်းပုပ်ဆေး ရဲ့ အချက်အလက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်.....

🐅 ကျားနဲ့နေ အမှတ်တံဆိပ်အပူဝမ်းပုပ်ချဆေး–

ငယ်ငယ်ကတည်းက မိသားစုအိမ်ထဲမှာ အမြဲမြင်ရတဲ့ ကျားပုံဘူး —‘ဝုန်းဝမ်း’ဆေးတိုက်ကထုတ်တဲ့ ဆေး။ ဒီဆေးဟာဆိုရင် ဆီးဝမ်းလေချုပ်တာ၊ဗိုက်အောင့်တာ၊ဝမ်းတွင်းအပူအပုပ်များတာ၊ခံတွင်းနံ့နံတာ၊အကြောတက်တာတွေကို သက်သာစေဖို့အတွက် သုံးစွဲနိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေအနေနဲ့ ကလောသီး၊ချေးသီး၊ဇာတိပ္ဖိုလ်သီး၊စမုံနက်၊ရှိန်းခို၊မဏိသုဃ၊ကရဝေးရွက်၊ဘုမ္မရာဇာ၊ဖာလာငယ်၊ဆားလှော်၊ပွေးကိုင်း၊ဆူးကောက်နက် စတာတွေပါဝင်ပါတယ်.. အဆိုပါ ပါဝင်ပစ္စည်းတွေထဲမှာ အများဆုံးပါဝင်ပစ္စည်းဖြစ်တဲ့ဆူးကောက်နက်အကြောင်းလေးပြောချင်ပါတယ်။
“ဆူးကောက်နက်” ဆိုတာ မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာထဲမှာ အစာခြေစနစ်အတွက် အဓိကအသုံးပြုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။
အထူးသဖြင့် အစာမကြေ၊ ဝမ်းဗိုက်မအီမသာဖြစ်တာများ ကို သက်သာစေဖို့ အစွမ်းထက်လို့ လူသိများပါတယ်။
(ဒီထုတ်ကုန်နဲ့ပတ်သက်တဲ့ ပါဝင်ပစ္စည်းများနဲ့ အကျိုးအာနိသင်များဟာ ကုန်ပစ္စည်းမှာဖော်ပြထားတဲ့ အချက်အလက်များကို ကောက်ယူထားခြင်းဖြစ်ပြီး 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 အနေနဲ့ တစ်စုံတစ်ရာ ထပ်ပေါင်းပြောထားခြင်းမျိုးမရှိပါ။)
👩‍⚕️ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့ သုံးသပ်ချက်
𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 အနေနဲ့ ဒီဆေးဘူးလေးကို တစ်ခြား အပူပုပ်ချဝမ်းနှုတ်ဆေးတွေနဲ့ နှိုင်းယှဉ်ရင် ဗိုက်ရစ်တာ ဗိုက်နာတာမရှိလို့ ဒါလေးကတော့ အားသာချက်အနေနဲ့ ပြောလို့ရပါတယ်။
တိုင်းရင်းဆေးတွေဟာ အဖိုးတန်အမွေအနှစ်တွေဖြစ်ပေမယ့် 👉 မိမိ ကျန်းမာရေးအခြေအနေမှာ တစ်ဦးနဲ့တစ်ဦးမတူညီနိုင်တာကြောင့် ဆေးမသောက်မှီဆရာဝန်/ဆေးပညာရှင်နဲ့ အကြံယူဖို့ မမေ့ပါနဲ့။
➡️ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့ စာဖတ်သူတို့အိမ်မှာရော ဒီလိုမျိုးတိုင်းရင်းဆေးတွေဆောင်ထားလား?
➡️ အပူဝမ်းပုပ်ချဆေးတွေသုံးတာ အဆင်ပြေ/မပြေ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ တစ်ခြားစာဖတ်သူတွေလည်း သိရှိနိုင်အောင် မျှဝေကြရအောင်နော်🧡 ————————————
ဒီကဏ္ဍလေးကို စိတ်ဝင်စားတဲ့ ထုတ်ကုန်တွေအနေနဲ့ MyanHealth နဲ့ ပူးပေါင်းပါဝင်လိုပါက Page Messenger ကနေ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
————————————
နောက်ထပ်လည်း ဒီထက်ပိုကောင်းတဲ့ ဗဟုသုတရဖွယ် ကျန်းမာရေးနှင့် မိခင်များ အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 ရဲ့
𝗪𝗲𝗯𝘀𝗶𝘁𝗲 -𝘄𝘄𝘄.𝗺𝘆𝗮𝗻𝗵𝗲𝗮𝗹𝘁𝗵.𝗼𝗿𝗴
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺-𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵
𝗬𝗼𝘂𝗧𝘂𝗯𝗲 - 𝗵𝘁𝘁𝗽𝘀://𝘆𝗼𝘂𝘁𝘂𝗯𝗲.𝗰𝗼𝗺/@𝗺𝘆𝗮𝗻-𝗵𝗲𝗮𝗹𝘁𝗵?𝘀𝗶=𝗛𝗽𝗯𝗵𝟱𝘃𝗠𝗜𝘁𝗲𝗥𝟵𝗰𝗬𝘁𝘄
𝗧𝗶𝗸𝗧𝗼𝗸 - 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗺𝘆𝗮𝗻𝗵𝗲𝗮𝗹𝘁𝗵𝟳?_𝘁=𝗭𝗡-𝟴𝘇𝗣𝗳𝘂𝘆𝗛𝗰𝗟𝗲𝗼&_𝗿=𝟭 တို့မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။

#𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 #𝙉𝙚𝙬𝙋𝙧𝙤𝙜𝙧𝙖𝙢

07/09/2025

🌟 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ အမျိူးသမီးတို့အတွက်အစီအစဉ်သစ်✨"𝙃𝙚𝙧 𝙑𝙤𝙞𝙘𝙚, 𝙃𝙚𝙧 𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢" မကြာမီလာမည်… မျှော်! ✨
🎤 အစီအစဉ်၏ ရည်ရွယ်ချက်
အမျိုးသမီးတွေရဲ့ အသံတွေကို ပိုမိုကျယ်လောင်စွာ ကြားစေဖို့၊ သူတို့ရဲ့ အတွေ့အကြုံ၊ အခက်အခဲနဲ့ အောင်မြင်မှုတွေကို မျှဝေနိုင်မယ့်အစီအစဉ်လေး ဖြစ်တဲ့ 𝙃𝙚𝙧 𝙑𝙤𝙞𝙘𝙚,𝙃𝙚𝙧 𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢 အစီအစဉ်လေးမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဘယ်လိုအကြောင်းအရာတွေပါဝင်မလဲဆိုတာ ဒီ 𝙏𝙚𝙖𝙨𝙚𝙧 𝙑𝙞𝙙𝙚𝙤 လေးကို ကြည့်ရှူလိုက်ပါနော် 🤝
𝙃𝙚𝙧 𝙑𝙤𝙞𝙘𝙚 𝙃𝙚𝙧 𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢 အစီအစဉ်လေးမှာစိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင်လိုပါက 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ကို အခုပဲ ဆက်သွယ်ပြီး ဒီအစီအစဉ်ကောင်းလေးမှာ အတူလက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
------------------------------------------------------
Her Voice, Her Platform is one of the programs under MyanHealth created for women and mothers in Myanmar who face many challenges simply because of their gender or their role as mothers. Too often, women lose their careers, their opportunities, and even their sense of self-worth when they step into motherhood. Many begin to feel isolated, powerless, or unseen.

This program gives them a space to share their voices, their struggles, and their strength. Some women may tell how they overcame hardships; others may still be searching for ways to cope. By listening to one another, they can learn, heal, and find courage together.

Our purpose is to support mental health and emotional well-being, reminding women that they are not alone. Their feelings are real and normal, and their resilience can grow stronger through connection and solidarity.

Her Voice, Her Platform is more than a program. It is a community of care, encouragement, and empowerment for women and mothers in Myanmar.

--------------------------------

နောက်ထပ်လည်း ဒီထက်ပိုကောင်းတဲ့ ဗဟုသုတရဖွယ် ကျန်းမာရေးနှင့် မိခင်များ အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ MyanHealth ရဲ့
Website -www.myanhealth.org
Telegram-https://t.me/MyanHealth
YouTube - https://youtube.com/-health?si=Hpbh5vMIteR9cYtw
TikTok - https://www.tiktok.com/?_t=ZN-8zPfuyHcLeo&_r=1 တို့ကို follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
#𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝
#𝙃𝙚𝙧𝙑𝙤𝙞𝙘𝙚𝙃𝙚𝙧𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢
#𝙒𝙤𝙢𝙚𝙣𝙄𝙣𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 #𝙒𝙤𝙧𝙠𝙞𝙣𝙜𝙈𝙤𝙢𝙨 #𝙀𝙢𝙥𝙤𝙬𝙚𝙧𝙒𝙤𝙢𝙚𝙣 #𝙈𝙮𝙖𝙣𝙢𝙖𝙧𝙒𝙤𝙢𝙚𝙣 #𝙉𝙚𝙬𝙋𝙧𝙤𝙜𝙧𝙖𝙢 #𝘾𝙤𝙢𝙞𝙣𝙜𝙎𝙤𝙤𝙣

𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ 𝙈𝙮𝙖𝙣𝙘𝙝𝙚𝙛 -ချက်မယ်ရိုက်မယ်ဆုယူမယ် အစီအစဉ်ရဲ့ ဆုရရှိသူများထွက်ပေါ်လာပါပြီ  ပထမဆု - 𝙛𝙗 𝙖𝙘𝙘 -𝘼𝙪𝙣𝙜 𝘼𝙪𝙣𝙜 𝙊𝙤 ဒုတ...
06/09/2025

𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ 𝙈𝙮𝙖𝙣𝙘𝙝𝙚𝙛 -ချက်မယ်ရိုက်မယ်ဆုယူမယ် အစီအစဉ်ရဲ့ ဆုရရှိသူများထွက်ပေါ်လာပါပြီ

ပထမဆု - 𝙛𝙗 𝙖𝙘𝙘 -𝘼𝙪𝙣𝙜 𝘼𝙪𝙣𝙜 𝙊𝙤
ဒုတိယဆု - 𝙛𝙗 𝙖𝙘𝙘 - 𝙆𝙝𝙞𝙣 𝙇𝙖𝙥𝙮𝙖𝙚 𝙒𝙞𝙣
တတိယဆု - 𝙛𝙗 𝙖𝙘𝙘 - 𝙎𝙖𝙩 𝙎𝙝𝙬𝙚𝙮𝙞 𝙆𝙮𝙖𝙬 တတိယဆု -𝙛𝙗 𝙖𝙘𝙘 - 𝙏𝙝𝙞𝙣 𝙏𝙝𝙞𝙣
တတိယဆု 𝙛𝙗 𝙖𝙘𝙘 - 𝙈𝙖 𝙎𝙪 တို့ဖြစ်ပါတယ်
ဆုများရွေးချယ်ရာတွင် တတိယဆု (၃)ဆုမှာ 𝙍𝙚𝙖𝙘𝙩𝙞𝙤𝙣 အများဆုံးဆုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုနှင့် ဒုတိယဆုမှာ အမှတ်ပေးစည်းမျဉ်းများအတိုင်းရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်
ပြိုင်ပွဲဝင် အိမ်ရှင်မမေမေတွေရဲ့ လက်ရာများအားလုံးဟာ ကောင်းမွန်နေတာကြောင့် သေချာလေး ဂရုတစိုက်ရွေးချယ်ခဲ့ရပါတယ်ရှင်
ခုလိုမျိုး စိတ်ဝင်တစားပါဝင်ယှဉ်ပြိုင်ပေးတဲ့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့ စာဖတ်သူအိမ်ရှင်မ မေမေများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်
နောက်ထပ်လည်း
ဒီထက်ပိုကောင်းတဲ့ ဗဟုသုတရဖွယ်
ကျန်းမာရေးနှင့် မိခင်များ အမျိုးသမီးများနှင့်ဆိုင်သော အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ရဲ့
☑️𝙒𝙚𝙗𝙨𝙞𝙩𝙚 -𝙬𝙬𝙬.𝙢𝙮𝙖𝙣𝙝𝙚𝙖𝙡𝙩𝙝.𝙤𝙧𝙜
☑️𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢-𝙝𝙩𝙩𝙥𝙨://𝙩.𝙢𝙚/𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝
☑️𝙔𝙤𝙪𝙏𝙪𝙗𝙚 - 𝙝𝙩𝙩𝙥𝙨://𝙮𝙤𝙪𝙩𝙪𝙗𝙚.𝙘𝙤𝙢/@𝙢𝙮𝙖𝙣-𝙝𝙚𝙖𝙡𝙩𝙝?𝙨𝙞=𝙃𝙥𝙗𝙝𝟱𝙫𝙈𝙄𝙩𝙚𝙍𝟵𝙘𝙔𝙩𝙬
☑️𝙏𝙞𝙠𝙏𝙤𝙠 - 𝙝𝙩𝙩𝙥𝙨://𝙬𝙬𝙬.𝙩𝙞𝙠𝙩𝙤𝙠.𝙘𝙤𝙢/@𝙢𝙮𝙖𝙣𝙝𝙚𝙖𝙡𝙩𝙝𝟳?_𝙩=𝙕𝙉-𝟴𝙯𝙋𝙛𝙪𝙮𝙃𝙘𝙇𝙚𝙤&_𝙧=𝟭
တို့မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်




#ချက်မယ်ရိုက်မယ်ဆုယူမယ်

HIV ဝေဒနာရှင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်းခြင်း မြန်မာနိုင်ငံမှာ HIV လူနာတွေသောက်သုံးရတဲ့ ART ဆေးဝါးကို အစိုးရမဟုတ်တဲ့ ပြည်...
03/09/2025

HIV ဝေဒနာရှင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံမှာ HIV လူနာတွေသောက်သုံးရတဲ့ ART ဆေးဝါးကို အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO တွေကတဆင့် ART ဆေးထုတ်ပေးခွင့်ကို ဩဂုတ်လ ၈ ရက် ၂၀၂၅ မှစပြီး လက်ရှိအစိုးရက ကန့်သတ်လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ ART ဆေးဝါးကို ပြည်သူ့ဆေးရုံကြီးတွေမှာသာ တရားဝင်ထုတ်ယူခွင့်ပြုထားတာဖြစ်ပါတယ်။

ခုလို ART ဆေးဝါးကို NGO /INGO တွေမှတဆင့်ထုတ်ပေးမှုရပ်တန့်လိုက်တာဟာ ART ဆေးသောက်သုံးနေရတဲ့ လူနာတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာကို HIV ရောဂါဝေဒနါခံစားနေရသူတစ်ဦးအား Myanhealth မှဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ် ။

Myanhealth။ ။NGO/INGO တွေဆီမှာART ဆေး ထုတ်မရတော့တဲ့ အခြေအနေက HIV ရောဂါသည်တွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲရှင် သိပါရစေ။

ဖြေ။ ။Top Center တွေ၊ NGO အဖွဲ့အစည်းတွေရှိနေတာက လူနာတွေအတွက် အားတစ်ခုပဲ။ဘာလို့ဆို ဒီအဖွဲ့အစည်းတွေရှိခြင်းအားဖြင့်လူနာတွေက ကိုယ့်မြို့ကအစိုးရဆေးရုံမဟုတ်ရင်တောင် တခြားမြို့အထိအဝေးကြီး သွားစရာမလိုတော့ဘဲ ဒီအဖွဲ့အစည်း တွေမှာ ဆေးသွားထုတ်ရုံပဲ။
နောက်တစ်ခုရှိတာက NGO ဆေးခန်းတွေကမြို့နယ်တိုင်းမှာ အများကြီးရှိနေတော့ တစ်နေရာထဲမှာ လူအများကြီးစုပြုံပြီး ဆေးထုတ်ရတဲ့ အခြေအနေမျိုးလည်း အများကြီး လျော့ပါးသွားတဲ့အတွက် ကိုယ်နဲ့သိတဲ့ လူတွေနဲ့တိုးမှာကို စိုးရိမ်ပူပန်ရတာတွေလည်းအများကြီးလျော့သွား‌စေတယ်။တကယ်တမ်းကျတော့ ဒီအဖွဲ့အစည်းတွေက HIV သမားတွေအတွက်သာမကဘဲ လူငယ်တွေအတွက်လည်း ဥပမာသွေးစစ်တာ၊ကွန်ဒုံးအခမဲ့သွားယူတာ၊လိင်ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမှုလုပ်တာ ဒါမျိုးကိစ္စတွေမှာလည်းများကြီးအကျိုးရှိစေတယ်။

Myanhealth။ ။ အစိုးရဆေးရုံတွေမှာ ဆေးထုတ်ရမယ့်အခြေအနေမှာ လူနာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုအခက်အခဲတွေရှိကိုစိုးရိမ်လဲ။

ဖြေ။ အဓိကကတော့ ယုံကြည် ရမှုပေါ့နော် ..အစိုးရဆေးရုံသွားရင်း တစ်ခုခုလွဲချော်သွား
ခဲ့ရင် ဘာမှပြန်ပြင်လို့မရ‌တော့ဘူး။လူတစ်ယောက်က သိက္ခာကျသွားရင်ဖန်ခွက်တစ်လုံး ကျကွဲသွားသလိုပဲ။တစ်ဘဝလုံး အဖတ်ဆယ်လို့မရတော့ဘူး။

MyanHealth ။ ။ ပြည်သူ့ဆေးရုံတွေမှာ ART ဆေးထုတ်ယူရမယ်ဆိုတဲ့အပေါ် ကိုယ်တိုင်အနေနဲ့ရော ဘာတွေပြင်ဆင်ထားလဲ။ကိုယ်တိုင်ရဲ့ကျန်းမာရေးအခြေအနေကိုလဲပြောပြလို့ရသလောက်ပြောပြပေးပါအုံး ။

ဖြေ။ ။အထူးတလည်ပြင်ဆင်စရာတော့သိပ်မရှိပါဘူး။လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားအပြည့်စုံပါရင်ရပါတယ်။ဆရာ၊ဆရာမတွေကလည်းနွေးထွေးကြပါတယ်။ကျွန်တော်က HIV ဖြစ်နေတာ၅နှစ်ရှိပါပြီ။ကျန်းမာရေးအားလုံးကောင်းပါတယ်။
ပုံမှန်အတိုင်းပါဘဲ။

Myanhealth။ ။ အတွေ့အကြုံအရ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ အပါအဝင် လက်ရှိအခြေအနေပေါ်မှာ ဘယ်လိုကျောလွှားကြမလဲဆိုတာလဲ မျှဝေနိုင်သလောက် မျှဝေပေးပါဦး

ဖြေ။ ။ ဒီHIV ရောဂါဖြစ်တာအားငယ်စရာမဟုတ်ပါဘူး။
ရောဂါတိုင်းကလည်းလိင်ဆက်ဆံတာတခုတည်းကနေကူးတာမျိုးတော့လည်းမဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်HIVကဆေးမှန်မှန်သောက်ရင်သက်တမ်းစေ့နေနိုင်ပါတယ်။
အဓိကဆေးမှန်မှန်သောက်ဖို့လိုတယ်။စိတ်ဓာတ်မကျဖို့လိုတယ်။ ကျွန်တော်ဆိုရင် ဆေးမှန်မှန်သောက်တယ်။ပုံမှန်အတိုင်းအလုပ်လုပ်တယ်။အဲဒီလိုပဲ ပတ်ဝန်းကျင်ကလူတွေအနေနဲ့လည်း ကျွန်တော်တို့လို HIV ရောဂါရှိသူတွေကို ခွဲခြားဆက်ဆံတာမျိုးမလုပ်ဖို့လိုပါတယ်။ဒီရောဂါက လူလူချင်းပွေ့ဖက်ရုံနဲ့မကူးသလို အစားအတူတူစားရုံနဲ့လည်းမကူးပါဘူး။ရှောင်ဖယ်တာမျိုးမလုပ်ကြဖို့လိုပါတယ်ဗျာ။
ပြည်သူ့ဆေးရုံတွေမှာက HIV နဲ့ကာလသားရောဂါဌာနဆိုပြီးသီးသန့်ထားရှိသလို HIV ရောဂါရှိသူတွေကို ဆေးထုတ်ပေးရာမှာလည်းနှစ်သိမ့်ဆွေးနွေးမှုတွေရှိတယ်လို့သိရပါတယ်။

လက်ရှိ အခြေအနေအရ ပြည်သူ့ဆေးရုံတွေမှာ ART ဆေးထုတ်နေကြသူတွေအနေနဲ့က ပုံမှန်အတိုင်းထုတ်ယူနိုင်သလို ယခုမှအသစ်ထုတ်ယူမယ့်သူတွေအနေနဲ့လည်း HIV ရောဂါရှိကြောင့် စစ်ဆေးချက်၊ ရောဂါအခြေအနေ အထောက်အထား ၊ စာရွက်စာတမ်းအပြည့်အစုံနဲ့အတူ နာမည်စာရင်းသွင်းကာ စာအုပ်ပြုလုပ်ပြီး ဆေးကိုထုတ်ယူနိုင်တယ်လို့သိရပါတယ်။

လက်ရှိ ပြည်သူ့ဆေးရုံတွေမှာ ART ဆေးကိုလူနာတယောက်လျှင် သုံးလစာ ထုတ်ပေးမှုရှိနေပါတယ်။

ART ဆေးထုတ်ပေးယူနိုင်တဲ့ နေ့ရက်နဲ့အချိန်ကတော့ ဆေးရုံအလိုက် ကွာခြားမှုရှိတာကြောင့် HIV ဝေဒနါရှင်တွေအနေနဲ့ မိမိဆေးထုတ်ယူလိုတဲ့ မြို့နယ်ရှိ ပြည်သူ့ဆေးရုံတွေမှာ ART ဆေးထုတ်ယူနိုင်မယ့်နေ့ရက်နဲ့အချိန်ကို ကြိုတင်စုံစမ်းမေးမြန်းရန်လိုအပ်ပါတယ်

MyanHealth မှ မျှဝေနေသော ကျန်းမာရေးနှင်င့်ဆိုင်သော သတင်းများကို လေ့လာဖတ်ရှုလိုပါက
Website -www.myanhealth.org
Telegram-https://t.me/MyanHealth
YouTube - https://youtube.com/-health?si=Hpbh5vMIteR9cYtw
TikTok - https://www.tiktok.com/?_t=ZN-8zPfuyHcLeo&_r=1 တို့
မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်

Address

Yangon

Alerts

Be the first to know and let us send you an email when MyanHealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyanHealth:

Share