06/09/2023
📈တနေ့တနေ့ အမြဲတမ်းပြောင်းလဲနေတဲ့ Digital Marketing နည်းစနစ်တွေထဲမှာ အခုချိန်ထိ လုပ်ငန်းရှင်တွေအတွက် ဗျာများနေရဆဲဖြစ်တဲ့ အခြေခံမေးခွန်းလေးတစ်ခုရှိပါတယ်။ အဲ့တာကတော့
Branding Post တွေကိုတင်သင့်သလား❓
Sales Post တွေကိုပဲတင်ရမလား ❓
✔️Branding Post ပဲဖြစ်ဖြစ်၊ Sales Post ပဲဖြစ်ဖြစ် (၂)မျိုးလုံးကတော့ Digital Marketing လုပ်တဲ့နေရာမှာ မဖြစ်မနေလိုအပ်တဲ့ ဗျူဟာနည်းစနစ်တွေပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်တိုင် Page ကို Run နေတဲ့ လုပ်ငန်းရှင်တော်တော်များများမှာ မှားနေတဲ့အချက်တစ်ချက်ကတော့ Page တွေမှာ Branding Post တွေ တစ်ခုမှရှိမနေဘဲ နေ့စဥ် Sales Post တွေပဲတင်နေတာပါ။
"ငါတို့က Product ကိုရောင်းတာပဲ၊ Service ကိုရောင်းတာပဲ Brand ကိုရောင်းနေတာမှမဟုတ်တာ Sales Post တွေ တင်နေမှလူများများလာဝယ်ကြမှာပေါ့" ဆိုတာကမှားပါတယ်။
ကဲ ဒါဆို Branding ကဘာလို့ အရေးကြီးတာလဲ❓ Branding နဲ့ Sales ဘာတွေကွာခြားလဲ❓
ကိုယ်ရောင်းတဲ့ Product ကို ကိုယ့် Brand နဲ့ တွဲပြီး မှတ်မိနေစေဖို့ဆိုရင် Marketing လုပ်တဲ့နေရာမှာ Attention Economy ကအရေးအကြီးဆုံးနေရာကပါဝင်နေပါပြီ။ ဥပမာ ကားဆိုရင် Ferrari, ဖုန်းဆိုရင် Apple, ဖိနပ်ဆိုရင် Nike, သောက်စရာဆိုရင် Coca Cola အခုလို ရောင်းတဲ့ Product နဲ့ Brand ကိုတွဲဖက်မြင်နေဖို့အတွက်က Branding ကောင်းကောင်းဖြစ်နေဖို့လိုပါတယ်။
ဒီလိုဥပမာတွေပြထားလို့ Branding လုပ်မယ်ဆိုရင် ငါတို့ Product ကြီးတွေက Luxury Brand ကြီးတွေဖြစ်နေမှရမှာလား စျေးကြီးနေမှရမှာလားဆိုရင်တော့ မဟုတ်ပါဘူး။
Branding အကြောင်းကိုပြောရရင်တော့ တစ်ထောင့်တစ်ညပုံပြင်တွေလိုဖြစ်နေမှာစိုးလို့ အရေးအကြီးဆုံးအချက်တွေကိုပဲ ပြောပြပေးပါမယ်။ Branding တစ်ခုတည်ဆောက်မယ်ဆိုရင်
(1) Building Trust and Credibility ✅
Branding လုပ်မယ်ဆိုရင် ကိုယ့် Customer ကိုယ့် Brand ကိုယုံကြည်လာအောင်၊ တခြား Brand တွေထပ် ကိုယ့် Brand ကိုမှရွေးချယ်ချင်လာအောင် ငြီးငွေ့စရာကောင်းတဲ့ Sales Post တွေပဲတင်နေမဲ့အစား ကိုယ့် Brand ရဲ့ Profile တွေ၊ Values တွေ၊ Mission, Vision တွေနဲ့ ကိုယ့် Brand ကဘယ်လောက်ခိုင်မာတဲ့ Brand လဲ ဘယ်လောက်ယုံကြည်ရတဲ့ Brand လဲဆိုတဲ့အချက်တွေကို Customer မြင်သာအောင် ဒီလို Branding Post တွေ တင်ပေးသင့်ပါတယ်။
(2) Long-Term Growth✅
Branding Post တွေဟာ Sale Posts တွေလို အမြန်လာဝယ်အောင်ရေးရတဲ့ Post တွေမဟုတ်တဲ့အတွက် Long term growth အနေနဲ့သွားရမှာပါ။ Branding Post တွေကြောင့် ဝယ်သူတွေတိုက်ရိုက်ရတာမျိုးအစပိုင်းမှာနည်းနိုင်ပေမဲ့ Branding အခြေခိုင်သွားပြီဆိုရင်တော့ ဒီ Branding ကောင်းနေလို့ပဲ တခြား Competitor တွေထပ် ကိုယ့်ဆီကိုပဲ ဝယ်သူရောက်လာမှာပါ။
(3) Differentiation✅
ကိုယ်က Branding ပိုင်းကို အာရုံစိုက်ချင်တယ်ဆိုရင်တော့ ကိုယ့် Brand ကတခြား Competitor Brand တွေထပ် အကုန်တူရင်တောင် တစ်နေရာရာမှာတော့ ကွာခြားချက်ရှိနေရပါမယ်။ ဒါကြောင့် အပေါ်မှာပြောသွားသလို ကိုယ့် Brand ကစျေးကြီးနေမှ Branding ဖြစ်တာမဟုတ်ဘဲ Competitor တွေနဲ့ တခြားနေရာတွေအကုန်တူနေပြီး စျေးသက်သာနေတယ်ဆိုလည်း Branding ဖောက်လို့ရတာပါပဲ။ ထိုနည်းတူစွာပဲ ကိုယ့် Brand ကစျေးပိုကြီးပေမဲ့ အရည်အသွေးပိုင်းမှာသာလွန်နေတယ်ဆိုတဲ့ Differentiation ရှိနေတယ်ဆိုရင်လည်း ဒါဟာ Branding ပါပဲ။ ဒီနေရာမှာ Branding က Price တစ်ခုတည်းမဟုတ်ဘဲ Quality ပိုင်းလား၊ Service ပိုင်းလား ကိုယ့် Product ပေါ်လိုက်ပြီး အများကြီးကွဲပြားလို့ရပါသေးတယ်။
❗အခုခေတ်မှာ ကိုယ်နဲ့ရောင်းတဲ့ Product တူတဲ့ Brand တွေကအပြိုင်အဆိုင်များလာပြီဖစ်လို့ Branding လုပ်ရတာမလွယ်ကူတော့ပါဘူး။ Sales Post တွေကြီးပဲတင်နေမယ်ဆိုလည်း ကိုယ့် Brand၊ ကိုယ့် Page က တခြား Competitor တွေနဲ့ ယှဥ်ရွေးတဲ့နေရာမှာ ဘာမှထူးခြားမှုရှိနေမှာမဟုတ်ဘဲ Branding Post ကြီးပဲထိုင်တင်နေမယ်ဆိုရင်လည်း ဘယ်သူမှဝယ်ဖို့စိတ်ဝင်စားတော့မှာမဟုတ်ပါဘူး။
⭕ဒါကြောင့် ကိုယ့် Brand ကို Competitior တွေနဲ့မတူဘဲ Branding ကောင်းကောင်းနဲ့ရပ်တည်ပြီး ကိုယ်ရောင်းတဲ့ Product နဲ့ ကိုယ့် Brand ကို တွဲမြင်ပြီး အမြဲကိုယ့် Brand ကိုပဲရွေးချယ်နေစေဖို့ဆိုရင် Sales Post နဲ့ Branding Post ကို လိုသလိုချိန်ညှိပြီးတင်ပေးနေဖို့လိုပါတယ်။
💢ဒီလို Post Type တွေ စဥ်းစားရတာခေါင်းစားတယ်၊ မချိန်ညှိတတ်ဘူးဆိုရင်လည်း ဘာမှစိတ်ပူမနေပါနဲ့ WAFY ရဲ့ အတန်ဆုံး Content ဖိုး၊ Graphic ဖိုးပဲပေးပြီး Strategy တွေနဲ့ Content Calendar တွေပါ Free ရယူလိုက်ပါ။
WAFY မှာ Content သီးသန့်၊ Graphic သီးသန့်ယူချင်သူများလည်းယူလို့ရနေပါပြီဖြစ်ပါကြောင်း။
WAFY- WE ADVERTISE FOR YOU