The Irrawaddy - Burmese Edition

The Irrawaddy - Burmese Edition The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

အောက်တိုဘာလနှောင်းပိုင်းက KK Park ဖြိုခွဲမှုသည် ထိုင်းနိုင်ငံသို့လူ ၁,၅၀၀ ကျော် ထွက်ပြေးစေသော်လည်း KK Park မှ ငွေလိမ်သူ ...
08/11/2025

အောက်တိုဘာလနှောင်းပိုင်းက KK Park ဖြိုခွဲမှုသည် ထိုင်းနိုင်ငံသို့လူ ၁,၅၀၀ ကျော် ထွက်ပြေးစေသော်လည်း KK Park မှ ငွေလိမ်သူ အများအပြားကို အခြားဂိုဏ်းများက လူသစ်စုဆောင်းနေသည်။ KK Park တွင် လူ ၂၀,၀၀၀ ခန့် အလုပ်လုပ်နေကြောင်း၊ အများစုသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုင်းသို့ ထွက်ပြေးသူအရေအတွက်သည် ၁၀ ရာခိုင်နှုန်းအောက်တွင်သာရှိကြောင်း ကျွမ်းကျင်သူတဦးက ခန့်မှန်းသည်။

သတင်း အပြည့်အစုံကို ကွန်မန့်ရှိ လင့်မှတဆင့် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

စဥ့်ကူး၌ လေကြောင်းတိုက်ခိုက်၍ အရပ် သား ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၅မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို...
08/11/2025

စဥ့်ကူး၌ လေကြောင်းတိုက်ခိုက်၍ အရပ် သား ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၅

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံး ၅ ကြိမ်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

စဥ့်ကူးမြို့နယ် ညောင်ကုန်းရွာနှင့် ရွှေပြည်ကျေးရွာ စာသင်ကျောင်းတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ အမျိုးသမီး ၂ ဦး၊ အမျိုးသား တဦးသေဆုံးကာ အမျိုးသမီးတဦး စိုးရိမ်ရနှင့် အမျိုး သား ၅ဦး မစိုးရိမ်ရ ဒဏ်ရာရသည်ဟု ဆိုသည်။

စဥ့်ကူးမြို့နယ် ဒေသခံတဦးက"ရွှေပြည်ကျေးရွာကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နေ့လယ် ၁၂ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားတာပါ။ ညောင်ကုန်းရွာကို ၃ ကြိမ်တိုက်ခိုက်ပါတယ်"ဟု ဧရာဝတီကို ပြောသည်။

နေ့လယ် ၁၂ နာရီခွဲက ၂ ကြိမ်တိုက်ခိုက်ပြီးနောက် နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ရွှေပြည်ကျေးရွာ စာသင်ကျောင်းရှေ့နှင့် ညောင်ကုန်းကျေးရွာတို့ကို တံတားဦးက တက်လာသော ဂျက်ဖိုက်တာဖြင့် ထပ်မံ၍လေကြောင်းတိုက်ခိုက်မှု ၃ကြိမ် ပြုလုပ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမျ်ိုးသမီး တဦး စိုးရိမ်ရနှင့် အမျိုးသား ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နေအိမ် တလုံးပျက်စီးသည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်သည့်နေရာများမှာ တိုက်ပွဲဖြစ်ခြင်းမရှိသလို စစ်ကြောင်းထိုးနေခြင်းများလည်း မရှိဟု သိရသည်။

“သတင်း- မောင်လူအေး”
ဓာတ်ပုံ-CJ


ဆိုက်ဝါးတွေဖြန့်နေတာပါ၊ အမှန်တော့ KIA က အစောကြီးကတည်းက နိုင်ငံရေးအရသဘောတူညီချက် မရဘဲနဲ့ ဘာအပစ် အခတ်ရပ်စဲရေးမှမလုပ်ဘူးဆို...
08/11/2025

ဆိုက်ဝါးတွေဖြန့်နေတာပါ၊ အမှန်တော့ KIA က အစောကြီးကတည်းက နိုင်ငံရေးအရသဘောတူညီချက် မရဘဲနဲ့ ဘာအပစ် အခတ်ရပ်စဲရေးမှမလုပ်ဘူးဆိုတာ အဲဒီအတိုင်းပဲ ရပ်တည်နေတာ၊ ၂၀၁၁ ထဲက တခါမှအပစ်ရပ် လက်မှတ်ထိုးတာမရှိဘူး၊ အဲဒီအချက်က KIA ကိုင်ထားတဲ့မူပဲ၊ စစ်အုပ်စုလိုချင်တဲ့အဖြေက တိုင်းရင်းသားလက်နက်ကိုင် အားလုံး စစ်တပ်နဲ့အပစ်ရပ် တော့မယ်၊ အဲဒါဆိုရင် PDF ကိုချေမှုန်းလို့ရပြီဆိုတဲ့ ဆိုက်ဝါးကိုဝါဒဖြန့်နေကြတာ

သတင်း အပြည့်အစုံကို ကွန်မန့်ရှိ လင့်မှတဆင့် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

"အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ အခြားနိုင်ငံတွေက ငွေလိမ်လုပ်ငန်းတွေကို ပြင်းထန်တဲ့ အရေးယူမ...
08/11/2025

"အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ အခြားနိုင်ငံတွေက ငွေလိမ်လုပ်ငန်းတွေကို ပြင်းထန်တဲ့ အရေးယူမှု လုပ်လာတော့ စစ်အုပ်စုက နိုင်ငံတကာ တရားဝင်မှု တစုံတရာရဖို့ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတု အစီအစဉ်ကို ထိခိုက်လာမှာ စိုးရိမ်တယ်"

သတင်း အပြည့်အစုံကို ကွန်မန့်ရှိ လင့်မှတဆင့် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

မတ္တရာ ဆည်တော်ကြီးရေလှောင်တမံ စစ်တပ် ပြန်ထိန်းချုပ်ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၅မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်...
08/11/2025

မတ္တရာ ဆည်တော်ကြီးရေလှောင်တမံ စစ်တပ် ပြန်ထိန်းချုပ်

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၂၅

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး ရေလှောင်တမံ၊ နယ်မြေခံတပ်ဌာနချုပ်နှင့် ပတ်ဝန်းကျင် အားလုံးတို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။

ဆည်တော်ကြီးရေလှောင်တမံ၏ အရှေ့ဘက် သပြေဒိုးဘက် နှင့် သံဘိုဘက် ၊ ဆည်တော်ကြီး ရေလှောင်တမံ၏တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံအနီးရှိ စခန်းသာ - ကြာပင် - သန်းကုန်းဘက်နှင့် စခန်းသာ - သဖန်းကိုင်း - တံတား ကုန်းဘက် ၊ ဆည်တော်ကြီးရေလှောင်တမံ၏ အနောက်တောင်ဘက် ကျောက်တံတား-မြောင်းသစ် - ရုံးပင် - အထက်တောင်ကိုင်းဘက် စသည့်နေရာများမှ စစ်ကြောင်း ငါးကြောင်းတို့ဖြင့် အောက်တိုဘာ ၂၀ ရက်မှစ၍ တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာ ၇ ရက်၌ သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉ ရက်အတွင်း တိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ အလက် ၆၀ နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်အတွင်းရှိဆုံးရှုံးနယ်မြေများကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေခဲ့ရာ ဩဂုတ် ၂၄ ရက်တွင် ဖယောင်းတောင် သတ္တုတွင်းဒေသ တဝိုက် ၊ ဩဂုတ် ၂၈ ရက်၌ အယ်လ်ဖာဘိလပ်မြေစက်ရုံတို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဆည်တော်ကြီး ရေလှောင်တမံဘက်ကို ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ-စစ်ကော်မရှင်


08/11/2025

ဆကေ (Sake) ကို ဒီလိုရာသီမှာပဲ သောက်ရမယ်လို့ ကန့်သတ် မထားပေမယ့်၊ နှင်းရှုတဲ့အခါ ဆကေနဲ့ သိပ်လိုက်ဖက်တယ်…

Mi-38  ရဟတ်ယာဉ်၊ လေယာဉ် ၅ စင်းနှင့် အင်အား ပြန်ဖြည့်ဧရာဝတီ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ရဟတ်ယာဉ်နှ...
08/11/2025

Mi-38 ရဟတ်ယာဉ်၊ လေယာဉ် ၅ စင်းနှင့် အင်အား ပြန်ဖြည့်

ဧရာဝတီ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅

အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ရဟတ်ယာဉ်နှင့် လေယာဉ် ၁၃ စီးခန့် ဆုံးရှုံးထားမှုကို ပြန်လည်ဖြည့်တင်းသည့်အနေဖြင့် ယမန်နေ့က လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး ဓာတ်ပုံများအရ တပ်တော်ဝင်ခဲ့သည်မှာ ရုရှားမှဝယ်ယူထားသည့် Mi-38 ရဟတ်ယာဉ်၃ စင်းနှင့် တရုတ်ထုတ် Y8 - F 200WB အကြီးစား သယ်ယူပို့ဆောင်ယာဥ် ၂ စင်းတို့ ဖြစ်ကြောင်း လေတပ် CDM များ နှင့် စစ်လက်နက်ပစ္စည်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့တို့က ဖော်ပြထားသည်။

ယခု တပ်တော်ဝင်သော Mi-38 ရဟတ်ယာဉ်သည် ရုရှားနိုင်ငံ Kazan ရဟတ်ယာဉ်စက်ရုံမှ ထုတ်လုပ်သော ဘက်စုံသုံး အလတ်စား စစ်ရဟတ်ယာဉ်တမျိုးဖြစ်ပြီး ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး၊ သစ်တောအင်ဂျင်နီယာ၊ ဆောက်လုပ်ရေးနှင့် တပ်ဆင်ရေး၊ စူးစမ်းရှာဖွေခြင်း၊ ဖျက်ဆီးခြင်း၊ ဆေးဘက်ဆိုင်ရာအကူအညီနှင့် သဘာဝဘေးဒဏ်ကြောင့် ပျောက်ဆုံးသူ များကို ရှာဖွေကာ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခြင်းစသည့် တာဝန်များကို ထမ်းဆောင်ရန် ရည်ရွယ်ထားကြောင်း၊ Mi-38 ကို -၅၀ ဒီဂရီမှ +၆၀ ဒီဂရီစင်တီဂရိတ်အတွင်း မတူညီသောရာသီဥတုနှင့် ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ၂၄ နာရီ လည်ပတ်နိုင်ရန် ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အင်ဂျင်နှစ်လုံးတပ် Mi-38 သည် ခရီးသည် ၃၀ ဦး၊ အလေးချိန် ဝန် ၅တန်ထိ သယ်ဆောင်နိုင်ပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း တပ်မတော်ပိုင် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ၁၅ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လေယာဉ်/ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စစ်တပ်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

အဆိုပါ အခမ်းအနား၌ Mi-17 ရဟတ်ယာဉ် ၄ စင်း၊ Eurocopter ရဟတ်ယာဉ် ၂ စင်း ၊ Bell – 206 ရဟတ်ယာဉ် ၂ စင်း ၊ H-125 ရဟတ်ယာဉ် ၂ စင်း ၊ MTX-1B ကင်းထောက်လေယာဉ် ၁ စင်း၊ MTX-A ကင်းထောက်လေယာဉ် ၁ စင်း ၊ Grob-120 TP အမောင်းသင်လေယာဉ် ၁ စင်း ၊ ATR-72 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်း၊ Beech-1900D သယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စင်း ၊ K-8 ဂျက်တိုက်လေယာဉ် ၄ စင်း ၊ MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ၅ စင်း ၊ Su-30 SME ဘက်စုံသုံး အကြီးစား ဂျက်တိုက်လေယာဉ် ၃ စင်း စသည်တို့ အသီးသီး စွမ်းရည်ပြ၊ သရုပ်ပြ ပျံသန်းကြခဲ့သည်။

ဓာတ်ပုံ-CINCDS


လက်နက်ကြီးသံတွေက နေ့တိုင်းကြားနေရတယ် ။ စစ်တပ်က တပ်သားသစ်တွေက လမ်းမကျွမ်းလို့ အထိနာပြီး တပ်တချို့ပြန်ဆုတ်ရတာရှိတယ်လို့ သိ...
08/11/2025

လက်နက်ကြီးသံတွေက နေ့တိုင်းကြားနေရတယ် ။ စစ်တပ်က တပ်သားသစ်တွေက လမ်းမကျွမ်းလို့ အထိနာပြီး တပ်တချို့ပြန်ဆုတ်ရတာရှိတယ်လို့ သိရတယ် ။ ဒါပေမယ့် DKBA က ဗိုလ်ဘိရဲ့ စစ်ကြောင်းရော၊ BGF က ဗိုလ်မြတ်ခိုင်ဦးဆောင်တဲ့ စစ်ကြောင်းတွေပါ ပါနေတော့ တချို့စစ်ကြောင်းတွေက ဆက်ထိုးနေတယ်

သတင်း အပြည့်အစုံကို ကွန်မန့်ရှိ လင့်မှတဆင့် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

08/11/2025

AI model တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ရည်ညွှန်းတဲ့ Parameters ပေါင်း ၁ ဒသမ ၂ ထရီလီယံ အထိရှိတဲ့ Gemini AI ဟာ Apple ရဲ့လက်ရှိ AI စနစ်တ....

စစ်တပ် ထိုးစစ် KNU တပ်မဟာ ၅ ပူးပေါင်းတပ် နောက်ဆုတ်ရဧရာဝတီ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း စစ်တပ်၊ ကရ...
08/11/2025

စစ်တပ် ထိုးစစ် KNU တပ်မဟာ ၅ ပူးပေါင်းတပ် နောက်ဆုတ်ရ

ဧရာဝတီ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း စစ်တပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ဗိုလ်ဘိဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် မူလ (DKBA)တပ်တို့ ပူးပေါင်းထိုးစစ်ဆင်လာသောကြောင့် ပြင်းထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များဘက်က အနည်းငယ် နောက်ဆုတ်ပေးလိုက်ကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
၎င်းက “စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ BGF ၊ DKBA ဗိုလ်ဘိအဖွဲ့တို့ သူတို့အင်အားတွေ ထပ်ဖြည့်လာပြီးတော့ ၆ ရက် နေ့မှာ ဝါးဒူးကနေ အပေါ်ကို နည်းနည်း စစ်ကြောင်းတွေ ထိုးလာတာပေါ့။ တိုက်ပွဲတွေ ကြီးကြီးကျယ်ကျယ် တော်တော် ဖြစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ လက်နက်ကြီးတွေလည်း ပစ်တယ်။ ၇ ရက်နေ့မှာလည်း တိုက်ပွဲထပ်ဖြစ်ပြီးတော့မှ တော်လှန်ရေးပူးပေါင်တပ်ဘက်က နည်းနည်းလေး ဆုတ်ပေးလိုက်ရတယ်။ ပြီးတော့သူတို့က အဲဒီမှာပဲနေရာယူပြီးတော့ အခုကတော့ ငြိမ်နေတာပေါ့” ဟု ပြောသည်။

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်မြို့နယ်၌ စစ်တပ်က မြို့အပါအဝင် နယ်မြေနှင့် တပ်စခန်း ၉၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးထားသည်။ ထို့ကြောင့် စစ်တပ်က ဖာပွန်မြို့နှင့် မိုင် ၆၀ ခန့်ဝေးသည့် ကမမောင်းတွင် အင်အားများ စုဆောင်း၍ ကမမောင်းမြို့အထွက် ဝါးဒူးကျေးရွာ၌ အထိုင်ချကာ ရှေ့ကို စစ်ကြောင်းများ တဆင့်ခြင်းတိုးနေရာ ဝါးဒူးအထက် ဝါသိုးခိုအောက်ဘက်ထိ စစ်ကြောင်းများရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖာပွန် နှင့် ကမမောင်းကြား အလယ်ရှိ ကတိုင်ထိ စစ်စခန်းကို အင်အားများဖြည့်တင်းနိုင်ရန် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ထိုမှတဆင့် ဖာပွန်မြို့အနီး၌ ပိတ်ဆို့ဖြတ်တောက်ခံထားရသည့် ဖာပွန်ဗျူဟာ၊ ခမရ ၃၄၀၊ ခမရ ၃၄၁ ဌာနချုပ်တို့ကို မြေပြင်စစ်ကူစစ်ကြောင်းများ ပို့နိုင်ရန် နှင့် နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ရန် စစ်တပ်က အင်အား အများအပြားစုစည်းကာ မြေပြင်စစ်ကြောင်းအပြင် လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပုံစာ-၂၀၂၄ မတ်လက ဖာပွန်မြို့ထဲ ဝင်ရောက်လာသော ကရင်ပူးပေါင်းတပ်များ/CJ


ဒီဥပဒေကတော့ လူသိရှင်ကြားဖမ်းဆီးမယ့် ဥပဒေပဲ။ ဆက်ပြီးတော့လည်း ဖမ်းလိမ့်မယ်။  အရင်က ၅၀၅ က နဲ့ အုပ်ချုပ်သလို အခုလည်း ရွေးကော...
08/11/2025

ဒီဥပဒေကတော့ လူသိရှင်ကြားဖမ်းဆီးမယ့် ဥပဒေပဲ။ ဆက်ပြီးတော့လည်း ဖမ်းလိမ့်မယ်။ အရင်က ၅၀၅ က နဲ့ အုပ်ချုပ်သလို အခုလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှ မဟရဲအောင် အုပ်ချုပ် တဲ့ ပုံစံမျိုးနဲ့ လုပ်လိမ့်မယ်။ ပြည်တွင်းမှာနေတဲ့သူတွေ နောင်ကြဉ်အောင်လုပ်တဲ့သဘောနဲ့ ဖမ်းဆီးကြလိမ့်မယ်။ ပိုများလာ လိမ့်မယ်လို့ မြင်တယ်

Website တွင် ဖတ်ရန် https://bit.ly/3LtNrxt

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

စစ်ခေါင်းဆောင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော် ထားသော်လ.....

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စကတည်းက သံဃာတော်များ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည့်အပြင် ယခု ပြင်းထန်သည့် စစ်ပွဲကာလ...
08/11/2025

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စကတည်းက သံဃာတော်များ မီးလောင်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည့်အပြင် ယခု ပြင်းထန်သည့် စစ်ပွဲကာလတွင် ပို၍ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လက်ပံတောင်းတောင်မှ ထွက်သည့် ကြေးနီများအား ‘သွေးစွန်းသည့် ကြေးနီများ’ ဟု ခေါ်ဆိုရပေမည်။

Website တွင် ဖတ်ရန် https://bit.ly/49rtiCf

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

စကမ နှင့် တရုတ်ဝမ်ပေါင်တို့က သူတို့၏ အကျိုးအမြတ်အတွက် ကြေးနီထုတ်လုပ်နိုင်အောင် သွေးခင်း၍ ကြိုးပမ်းနေကြသည.....

Address

Yangon

Website

https://burma.irrawaddy.com/

Alerts

Be the first to know and let us send you an email when The Irrawaddy - Burmese Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Irrawaddy - Burmese Edition:

Share