The Irrawaddy - Burmese Edition

The Irrawaddy - Burmese Edition The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

ပုဏ္ဏားကျွန်း ကျောက်ဖြူ စစ်တပ် ၄၉၂၆ စစ်ဆင်ရေး အကျအဆုံးများလင်းသစ်၊ စက်တင်ဘာ ၈၊ ၂၀၂၆အာရက္ခတပ်တော် (AA) လက်ရောက် နယ်မြေမျာ...
08/09/2026

ပုဏ္ဏားကျွန်း ကျောက်ဖြူ စစ်တပ် ၄၉၂၆ စစ်ဆင်ရေး အကျအဆုံးများ

လင်းသစ်၊ စက်တင်ဘာ ၈၊ ၂၀၂၆

အာရက္ခတပ်တော် (AA) လက်ရောက် နယ်မြေများပြန်ရရန် စစ်တပ် ၄၉၂၆ စစ်ဆင်ရေး အမည်ဖြင့် စက်တင်ဘာ ၄ ရက်မှ စ၍ စစ်တွေမြို့နယ်အစပ် ပုဏ္ဏားကျွန်းဘက်နှင့် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအကျော် ကျောက်ဖြူ- ရမ်းဗြဲ လမ်းဆုံ စနဲမြို့ဘက်သို့ တပြိင်နက် ထိုးစစ်ဆင်ရာ တိုက်ပွဲအစမှာပင် အထိနာပြီး နောက်ဆုတ်ရကြောင်း စစ်ရေးသတင်း ရင်းမြစ် များထံ က သိရသည်။

စစ်တွေမြို့နယ်၌ အမြင့်ကျွန်း (မင်းချောင်း) တံတား၊ ဝါဘိုကျွန်းနှင့် ရွှေမင်းဂံရေတပ်စခန်းအနီးတို့မှ စစ်ကြောင်း ၃ ကြောင်း နှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စစ်ကြောင်းနှစ်ကြောင်း အထိနာကာ နောက်ပြန်ဆုတ်ရပြီး ဝါဘိုကျွန်းအနီးမှ စစ်ကြောင်းသာ ကျန်တော့သည်ဟု ဆိုသည်။

AA နှင့် နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်တဦးက “အမြင့်ကျွန်းဘက်က တက်လာတဲ့ စစ်ကြောင်းကတော့ တော်တော်နာ သွားတယ်။ ပြန်လှည့်သွားကြပြီ။ အခု ဝါဘိုကျွန်းဘက်ကနေ တက်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို ပြန်လည် ခြေကုပ်ယူနိုင်ရန် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူများ အလွန်အကျွံ သုံး ထိုးစစ်ဆင်သော်လည်း တိုက်ပွဲပထမနေ့နှင့် ဒုတိယနေ့မှာပင် AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အမြင့်ကျွန်းတံတား နှင့် ရွှေမင်းဂံဘက်စစ်ကြောင်းတို့ အကျအဆုံးများ၊ အထိနာကာ နောက်ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးများနေပြီး အလောင်းများပင် ပြန်မကောက်နိုင်ဘဲ နောက်ပြန်ဆုတ်နေရကြောင်း AA နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်က ပြောသည်။ လက်ရှိတွင် အမြင့်ကျွန်းရွာအနီး တိုက်ပွဲများငြိမ်နေပြီး ဝါဘိုကျွန်းဘက် တိုက်ပွဲပြင်းထန်ကာ ထိုတိုက်ပွဲအတွင်း စစ်တပ် အလောင်းနှစ်ဆယ်ဝန်းကျင် ရရှိ ထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

“စက်သေနတ်သံတွေ၊ လက်နက်ငယ်သံတွေ ညံနေတယ်။ ပထမ တရက်နှစ်ရက်ကတော့ ပိုကြားရတယ်။ မနေ့က တရက် သိပ်မကြားရဘူး။ ဒီနေ့ပြန်ကြားရတာ။ တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ စစ်တပ်က သူတို့ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကိုတောင် ပြန်မယူနိုင်ဘူး ပြေးလာရတယ် ပြောတယ်” ဟု စစ်တွေဒေသခံတဦးက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

အလားတူ ကျောက်ဖြူမြို့၌လည်း စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်းမှ AA ထိန်းချုပ်ထားသည့် စနဲမြို့ဘက်သို့ စက်တင်ဘာ ၄ ရက် တရက်တည်းတွင် စစ်တွေမြို့နှင့် တပြိုင်တည်း ထိုးစစ်စခဲ့ပြီး AA ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ဆယ်ချီ ထိခိုက်သေဆုံးကာ နောက်ပြန်ဆုတ်သွားရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

“ဒီနေ့ တိုက်ပွဲတောင် မရှိတော့ဘူး ဒီဘက်မှာ။ သုံးရက်လောက် ဖြစ်ခဲ့တယ် တိုက်ပွဲ၊ စစ်တပ်က အ၀တောင်နားမှာ တောင် သိပ်မကျန်တော့ဘူး နောက်ဆုတ်သွားရတာ။ စစ်တပ်က စထွက်လာတာနဲ့ AA က လက်နက်ကြီးတွေ၊ ဒရော့ဗုံးတွေနဲ့ရော မြေပြင်ကနေရော ဝိုင်းချတော့ တော်တော်နာသွားတယ်လို့သိရတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ရခိုင်ပြည်နယ် အတွင်း၌ ၄၉၂၆ စစ်ဆင်ရေးအဖြစ် ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးများ စတင်နေကာ AA အထိနာနေကြောင်း ဝါဒဖြန့် ရေးသားပြောဆိုနေကြသော်လည်း အစပိုင်းမှာပင် တပ်ဦးကျိုးပြန်ဆုတ်ခဲ့ရပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုသည်။

“ကြားရသလောက် အတုံးအရုန်းနဲ့ ပြန်လှည့်ရတယ်။ စစ်တပ်ဟာ ဘယ်လိုမှ တန်ပြန်ထိုးစစ်လုပ်လို့ အဆင်မပြေတော့ဘူး” ဟု ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောသည်။

စစ်တပ်သည် ကျောက်ဖြူ၊ စစ်တွေမြို့နယ်များတွင် မြေပြင်ထိုးစစ်များ ပြုလုပ်နေသလို တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် စစ်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာ၊ စာသင်ကျောင်း၊ ဘုရားပုထိုးများကိုလည်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိသည်။

“ဒီနေ့ ဗုံးကြဲတာ သုံးခေါက်ရှိပြီ။ လက်နက်ကြီးလည်း ဆယ်ချီနေပြီ” ဟု စစ်တွေမြို့နယ်နှင့် ထိစပ်နေသည့် ပေါက်တောမြို့ နယ် ဒေသခံတဦးက စက်တင်ဘာလ ၇ ရက်တွင် ပြောသည်။

စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့အနီးရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရား ရဟန္တာ ၅၀၀ ဆင်းတုတော်များနှင့် မြို့ပေါ်ရှိ စာသင်ကျောင်း၊ နေအိမ်များလည်း ပျက်စီးခဲ့ရကာ ဒေသခံထောင်ချီမှာလည်း ရွာ၌ မနေရဲကြတော့ဘဲ ဘေးလွတ်ရာ ထပ်မံ တိမ်းရှောင်နေရသည်။

ပုဏ္ဏားကျွန်းဒေသခံ လယ်သမားတဦးက “လယ်တွေ လုပ်ထားတာ အကုန် ပစ်ပြီးပြေးနေရတယ်။ ရွာမှာ အစောင့်တောင် မနေရဲတော့ဘူး။ စစ်တွေဘက်က လက်နက်ကြီးနဲ့ မိုးရွာသလို ရွာချနေတာ ဘယ်သူနေရဲတော့မလဲ” ဟု ပြောသည်။

စစ်တပ်သည် ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အား လက်လွှတ်ထားရသဖြင့် အင်အား အလုံးအရင်းသုံးကာ AA ထိန်းချုပ်နယ်မြေများ တန်ပြန်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ဂွမြို့နယ်တို့ရှိ AA ထိန်းချုပ်နယ်မြေများအား ထိုးစစ်ဆင်နေသလို ရခိုင်ရိုးမအရှေ့ဘက်ခြမ်းရှိ မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း၌ ပန်းတောင်း၊ ဧရာဝတီတိုင်းတွင် ရေကြည်၊ သာပေါင်း မြို့နယ်များမှတဆင့်လည်း ရခိုင်ဘက်သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေရာ ဂွမြို့နယ်တွင်လည်း ရေတပ်သင်္ဘောများက ပင်လယ်ပြင်မှနေ၍ အမြောက်ကြီးများနှင့် ပစ်ခတ်ပြီး ကမ်းတက်ရန် ကြိုးစားနေသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/08/416121.html

• MNDAA ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှု အစုလိုက်အပြုံလိုက်သေဆုံး• အမြန်လမ်းက လူသတ် ကားလုယူမှု ကျူးလွန်သူအဖြစ် ရဲတဦး ဖမ်းဆီးခ...
08/09/2026

• MNDAA ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှု အစုလိုက်အပြုံလိုက်သေဆုံး

• အမြန်လမ်းက လူသတ် ကားလုယူမှု ကျူးလွန်သူအဖြစ် ရဲတဦး ဖမ်းဆီးခံရ

• မြန်မာ့အရေး ICC ထံ လွှဲပြောင်းပေးဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

• ရေဦးမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

• ကျားဖြန့်ဝန်းအတွင်း ခွဲစိတ်ခန်းတွေ့တယ်လို့ ထိုင်းရဲပြော

နေ့စဉ်သတင်း၊ စက်တင်ဘာ ၈၊ ၂၀၂၆

https://youtu.be/zcwiNr_8tAw
#မြန်မာ #ဧရာဝတီ #သိန္ဒီ #အမြန်လမ်း #လေကြောင်း #ကျားဖြန့် #နေ့စဉ်သတင်း

• MNDAA ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှု အစုလိုက်အပြုံလိုက်သေဆုံး• အမြ...

လူမှုကွန်ရက်ပေါ် ဆန်ဈေးခန့်မှန်းခြင်း မလုပ်ဖို့ သတိပေးဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆ဆန်ရောင်းသူနှင့် ဝယ်ယူသူများ Facebook၊ Tik...
08/09/2026

လူမှုကွန်ရက်ပေါ် ဆန်ဈေးခန့်မှန်းခြင်း မလုပ်ဖို့ သတိပေး

ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆

ဆန်ရောင်းသူနှင့် ဝယ်ယူသူများ Facebook၊ TikTok အပါအဝင် လူမှုကွန်ရက်၌ ဆန်ဈေးကို ခန့်မှန်း ရေးသားခြင်း မလုပ် ဖို့၊ အွန်လိုင်းဆိုင်ရာ ဥပဒေတို့ကို တိကျစွာ လိုက်နာဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက စက်တင်ဘာ၂ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်သည်။

လက်ကျန်စပါး ရှားပါးလာချိန် ဆန်စက်ပိုင်များ၊ ကုန်သည်များ၏ ဝယ်ယူမှုကြောင့် ဧရာဝတီတိုင်းတွင်း စပါးတင်း ၁၀၀ လျှင် ယခင် ကျပ် ၁၇ သိန်းမှ ၁၈ သိန်းဝန်းကျင် ရှိရာမှ လတ်တလော ကျပ် ၂၅ သိန်းမှ ၂၆ သိန်းအထိ မြင့်လာရာ ဆန်ဈေး မှာလည်း အမျိုးအစားအလိုက် တအိတ်လျှင် ကျပ် ၁ သောင်းကျော်မှ ၂ သောင်းကျော်အထိ ဈေးတက်နေချိန် ဈေးနှုန်း ထိန်းညှိ ရောင်းချရန်နှင့် ဈေးကွက် အခြေအနေ၊ ဈေးနှုန်းများကို အွန်လိုင်းပေါ် ပြောဆို ရောင်းချခြင်း မပြုရန် ထုတ်ပြန် လာခြင်း ဖြစ်သည်။

ထိုသို့ ခန့်မှန်းဈေးနှုန်း၊ ဈေးကွက်အခြေအနေကို ပြောဆိုခြင်း၊ ရေးသားပြီး ရောင်းချခြင်းသည် ပြည်သူများကို ထင်ယောင် ထင်မှား ဖြစ်စေပြီး စိုးရိမ်ထိတ်လန့်စေကြောင်း ဆိုထားသည်။

ထို့ပြင် ဆန်စပါး ကုန်စည်ဒိုင်များနှင့် လက်ကားဆိုင်များတွင် ဆန်အဝင်/အထွက် စာရင်း သတင်းပို့စနစ် မပျက်မကွက် ဆောင်ရွက်ရန်၊ ဆန်သိုလှောင်ထားပြီး ဆန်ဈေးနှုန်း မြှင့်တင် ရောင်းချခြင်း မပြုလုပ်ရန်လည်း ဆန်စပါးအသင်းက သတိပေး ထုတ်ပြန်ထားသည်။

လတ်တလောတွင် တနိုင်ငံလုံး ရေဘေးကြောင့် စပါး ရှားပါးလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဆန်ဈေး မြင့်တက်လာသလို၊ ယခုအချိန်သည် ဆန်သစ်ပေါ်ချိန် မဝေးတော့သဖြင့် ဆန်ဟောင်း ဈေးနှုန်းမြင့်လေ့ရှိပြီး ပစ္စည်း ရှားပါးချိန် အလုအယက်ဝယ်ယူရမှုများကလည်း ဈေးနှုန်း မြင့်တက်မှုကို ပိုမို ဖြစ်စေကြောင်း ဆန်ကုန်သည်များက သုံးသပ် ပြောဆိုသည်။

ယခုလို ဆန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးသူ ပြည်သူများ ထိခိုက်နေချိန်တွင် ဈေးကွက် အခြေအနေကို ရှင်းပြ ပြောဆိုခြင်းအပေါ် စိုးရိမ်ထိတ်လန့်စေသည့် ပြောဆိုမှုအဖြစ် မသတ်မှတ်သင့်ကြောင်း လက်လီ ရောင်းချနေသည့် ဆန်လုပ်ငန်းရှင်များက ပြောသည်။

ဆန်စပါး အသင်း၏ သတိပေး ထုတ်ပြန်ချက်အပေါ် ဆန်လက်လီ ရောင်းချသူ တဦးက “အခု ဈေးတွေ တက်လာတဲ့ အချိန်မှာ ပြည်သူတွေ တော်တော် ထိခိုက်တယ်။ ဧရာဝတီတိုင်းမှာ ရေကြီးတော့ ဆန်ဈေးတွေပါ ၁ သောင်းခွဲ၊ ၂ သောင်း လောက် တက်သွားတယ်။ စားသုံးသူတွေ ထိတ်လန့်သွားတဲ့ အချိန်မှာ ဒါက ဘာမှ မဟုတ်ပါဘူးဆိုပြီး ကျမတို့ဘက်က ပြန်ရှင်းပြတာပါ။ ဆန်ရောင်းတဲ့သူတွေထဲမှာလည်း နောက် ၃ လနေရင် ဆန်ဈေး ဘယ်လောက် တက်မယ်၊ ဘယ်လို ဖြစ်မယ်ဆိုပြီး ကြိုတင် ခန့်မှန်း ပြောနေတဲ့သူ တယောက်မှ မရှိပါဘူး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ပြောဆိုထားသည်။

ရက် ၉၀ စပါးပေါ်ချိန် ဆန်ဈေးမှာ တအိတ်လျှင် ကျပ် ၁ သိန်း ၁ သောင်းဝန်းကျင် ရှိပြီး အခြား ဆင်းသွယ်ဆန် များမှာ တအိတ်လျှင် ကျပ် ၉ သောင်းနှင့်အထက် ရှိနေကာ၊ ယခင်နှစ် ဆန်သစ် ပေါ်စဈေး တအိတ်လျှင် ကျပ် ၅ သောင်း ကျော်သာရှိသောကြောင့် နှိုင်းယှဉ်ပါက ကျပ် ၃ သောင်းမှ ၄ သောင်းအထိ ယခုနှစ်တွင် မြင့်တက်နေခြင်း ဖြစ်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ရှိ ကုန်သည် တဦးက ဧရာဝတီသို့ ပြောဆိုသည်။

“ဒီတပတ်တော့ အဝယ် မရှိဘူး။ အကုန်လုံး ငြိမ်ပြီး စောင့်ကြည့်နေကြတာ။ လက်လီ အိတ် ၄၀၊ ၅၀ သမားတွေလောက်ပဲ ဝယ်ကြတယ်။ ဝယ်သူ မရှိဘဲ ဈေးက တက်နေတာ။ အခု အသစ်ပေါ်တဲ့ ဈေးကလည်း ကြောက်စရာကောင်းအောင် တက်နေတယ်။ တနှစ်ကို တအိတ် ကျပ် ၅ ထောင်လောက် တက်ရင်တောင် တော်သေးတယ်၊ အခုက တော်တော်လေး တက်သွားတာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဆန်ကုန်သည် အသင်းဘက်ကလည်း သတ်မှတ်ဈေးဖြင့် လျှော့ရောင်းရန် တိုက်တွန်းမှုများ ရှိသော်လည်း ကိုယ်တိုင် ဝယ်ယူ သိုလှောင်ထားသည့် ကုန်သည်များအနေဖြင့် အရှုံးခံ၍ ရောင်းချရန် အခက်အခဲ ရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းနှင့် ပြင်ပ ဈေးကွက်အတွင်း လက်တွေ့ ရောင်းဝယ်နေသည့် ဈေးနှုန်းများကြား ကွာဟမှု ရှိနေပြီး အွန်လိုင်းပေါ်တွင် ဖော်ပြထား သည့် ဈေးနှုန်းများမှာ လက်တွေ့ ဈေးကွက် အခြေအနေကို အပြည့်အဝ ထင်ဟပ်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနက မှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်းမှ အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်ပါက အပိုဒ် ၂၆ အရ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆို အရေးယူနိုင်ကြောင်း သတ်မှတ်ထား သဖြင့် အွန်လိုင်းမှတဆင့် ဆန်ရောင်းသူများအနေဖြင့် ဈေးနှုန်းနှင့် ကုန်ပစ္စည်း အချက်အလက်များကို မမှန်မကန် ဖော်ပြခြင်း၊ စည်းကမ်းချက်များနှင့် မကိုက်ညီဘဲ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများကို တိတိကျကျ လိုက်နာကြရန် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းက သွယ်ဝိုက်၍ သတိပေးထားခြင်း ဖြစ်ကြောင်း ကုန်သည် တချို့က ပြောဆိုကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/08/416118.html

08/09/2026

• MNDAA ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှု အစုလိုက်အပြုံလိုက်သေဆုံး

• အမြန်လမ်းက လူသတ် ကားလုယူမှု ကျူးလွန်သူအဖြစ် ရဲတဦး ဖမ်းဆီးခံရ

• မြန်မာ့အရေး ICC ထံ လွှဲပြောင်းပေးဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

• ရေဦးမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံး

• ကျားဖြန့်ဝန်းအတွင်း ခွဲစိတ်ခန်းတွေ့တယ်လို့ ထိုင်းရဲပြော

နေ့စဉ်သတင်း၊ စက်တင်ဘာ ၈၊ ၂၀၂၆

#မြန်မာ #ဧရာဝတီ #သိန္ဒီ #အမြန်လမ်း #လေကြောင်း #ကျားဖြန့် #နေ့စဉ်သတင်း

ဂျူးနှစ်သစ်ကူးပွဲ ကျင်းပခွင့် မပေးဖို့ ဖူးခက်ဒေသခံအဖွဲ့ တောင်းဆိုဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ပသော...
08/09/2026

ဂျူးနှစ်သစ်ကူးပွဲ ကျင်းပခွင့် မပေးဖို့ ဖူးခက်ဒေသခံအဖွဲ့ တောင်းဆို

ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆

ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ပသောင်ဒေသရှိ ဂျူးဘုရားကျောင်း (Chabad) နှင့် ဟိုတယ်တခုတွင် ကျင်းပရန် စီစဉ်ထားသော ဂျူးနှစ်သစ်ကူး အခမ်းအနားကို ကန့်ကွက်သည့် တောင်းဆိုစာအား "ဖူးခက်မြေ ကာကွယ်ရေးအဖွဲ့" ခေါင်းဆောင် Saychol Nhuchet က ခရိုင်အာဏာပိုင်များထံသို့ ယနေ့ တင်သွင်းခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။

၎င်းတို့အနေဖြင့် ဘာသာရေး သို့မဟုတ် လူမျိုးရေးခွဲခြားခြင်း မဟုတ်ဘဲ ကျွန်း၏ လုံခြုံရေး၊ ဘေးကင်းရေးနှင့် ခရီးသွားလုပ်ငန်း ပုံရိပ်တို့အတွက် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပတောင်ဆိုတာ ကမ္ဘာကျော် ခရီးသွားနေရာတခုပါ။ အထူးသဖြင့် အစ္စရေးနဲ့ အီရန်ကြား အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ အခုလို လူအစုအဝေးကြီး စုဝေးတာဟာ ဒေသခံတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျူးဘာသာဝင်များ၏ ပွဲတော်ဖြစ်သည့် ရော့ရှ် ဟာရှာနား (Rosh Hashanah) အခမ်းအနားကို သောကြာနေ့တွင် Chabad Patong Community Centre နှင့် နိုဗိုတယ် ပတောင် ဟိုတယ်တို့၌ ကျင်းပမည်ဖြစ်ပြီး Chabad တွင် လူပေါင်း ၆၀၀ ခန့်နှင့် ဟိုတယ်တွင် လူ ၄၀၀ ခန့် တက်ရောက်ကြမည်ဟု ပွဲစီစဉ်သူများက မျှော်လင့်ထားကြပြီး ရဲတပ်ဖွဲ့၏ လုံခြုံရေး အကူအညီ ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းက ဆမွေကျွန်းရှိ Samui Exotic Park တိရစ္ဆာန်ရုံ ပိုင်ရှင်များအား ခြိမ်းခြောက်မှုဖြင့် အစ္စရေးနိုင်ငံသားနှင့် ပြဿနာဖြစ်ပွားရာမှစ၍ နှစ်ဖက် လူမှုအသိုင်းအဝန်းကြား တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အနုတင်က ထို အစ္စရေးနိုင်ငံသား ယာကော့ဗ် အိုဟာယွန် (Yaacov Ohayon) အား ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာရန် လွန်ခဲ့သည့်သီတင်းပတ်က အမိန့်ထုတ်ပြန်ခဲ့ပြီး တိရစ္ဆာန်ရုံ၏ ပြင်သစ်နိုင်ငံသား အစုရှယ်ယာရှင် ပူးတွဲပိုင်ရှင်အားလည်း အစ္စရေး ခရီးသွားများကို ခြိမ်းခြောက်မှုဖြင့် တနင်္လာနေ့တွင် တိုင်းပြည်မှ နှင်ထုတ်ရန် ထပ်မံ အမိန့်ထုတ်ခဲ့သည်။ အဆိုပါ အမျိုးသားနှစ်ဦးစလုံးသည် အမိန့်အား အယူခံဝင်ရန် အချိန်တပတ်ရရှိမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က နှစ်နိုင်ငံ ဆက်ဆံရေးကို ကာကွယ်စောင့်ရှောက်ရန် ထိုင်းနိုင်ငံသို့ လာရောက်သည့် အစ္စရေး ခရီးသွားများအနေဖြင့် ထိုင်းယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာကြရန်အတွက် အလေးအနက် ထိန်းကျောင်းညွှန်ကြားပေးရန် အစ္စရေး သံအမတ်ကြီး အလိုနာ ဖစ်ရှာခမ်းအား ယနေ့ တောင်းဆိုလိုက်သည်။

ဓာတ်ပုံ-ဘန်ကောက်ပို့စ်

𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠ဒေါ်လာ ၂၁ သန်းဖိုး ရောင်းရတဲ့ တရုတ်က ကျောက်စိမ်းလေလံပွဲဒီတပတ် China Briefing မှာတော့ တရုတ်​မြေ​ပေါ်က မြန်မ...
08/09/2026

𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

ဒေါ်လာ ၂၁ သန်းဖိုး ရောင်းရတဲ့ တရုတ်က ကျောက်စိမ်းလေလံပွဲ

ဒီတပတ် China Briefing မှာတော့ တရုတ်​မြေ​ပေါ်က မြန်မာ့ ​ကျောက်စိမ်းလေလံပွဲ၊ ကချင်နဲ့ရှမ်းက ​မြေရှားတူး​ဖော်မှု​တွေနဲ့ ​ရွှေလီနယ်စပ်ကုန်သွယ်​ရေး အကြောင်းအပါအဝင် တရုတ်မြန်မာထူးခြားတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

https://youtu.be/FaJ8epBCkPE

#မြန်မာ #ဧရာဝတီ #တရုတ် #နိုင်ငံရေး #စီးပွားရေး #မြေရှား #ကျောက်စိမ်း

𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠ဒေါ်လာ ၂၁ သန်းဖိုး ရောင်းရတဲ့ တရုတ်က ကျောက်စိမ်းလေလ...

အညာဒူဘိုင်းမှ ရေနံတွင်း ၄တွင်း စစ်တပ်ဖျက်ဆီး ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာ၌ ရ...
08/09/2026

အညာဒူဘိုင်းမှ ရေနံတွင်း ၄တွင်း စစ်တပ်ဖျက်ဆီး

ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာ၌ ရောက်နေသည့် စစ်တပ်စစ်ကြောင်းသည် ယမန်နေ့နံနက်က အညာဒူဘိုင်းဟု တင်စားခေါ်ကြသည့် ကျောက်ခွက်ရေနံမှော်တွင်းမှ တွင်း ၁နှင့် တွင်း ၂ ကြား ဒေသခံများ တူးဖော်နေသည့် လက်ယက်ရေနံတွင်း ၄တွင်းကို ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

အိမ်ခြေ ၈၀၀ကျော်ရှိ တဲကြီးရွာ မြောက်ဘက် မြက်စပ်တောင်မှ ကျောက်ခွက်ရေနံမြေ တွင်း ၁နှင့် တွင်း ၂ အနီးမှ ရေနံတွင်းများအား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“တဲကြီးရွာကို ခြေကုပ်ယူထားပြီးတော့ စစ်ကြောင်းထွက်ထိုးလိုက် ပြန်ဝင်လိုက် လုပ်နေကြတာ၊ မနေ့မနက်စောပိုင်းက တဲကြီးရွာကနေ မြောက်ဘက်ကို ရှေ့ကင်းတချို့ လှုပ်ရှားမှုရှိခဲ့ပြီးတော့ ပြည်သူပိုင် ရေနံကျင်းတချို့ကို ဖျက်ဆီးခဲ့တယ်၊ ပြီးတော့ တဲကြီးရွာထဲကို ပြန်ဝင်သွားတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ကျောက်ခွက် ရေနံမှော်ဒေသဘက်သို့ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်(တမခ ၁၀၁)နှင့် လက်အောက် ခံ တပ်များဖြစ်သည့် ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၅၉၊ ခလရ ၂၃၅ တို့မှ အင်အား ၈၀၀ ခန့်နှင့်အတူ ကန်တော်ရွာ စစ်တပ်စခန်း၊ ညောင်ဂျစ်ပင်ပျူရွာ၊ တွင်းမပျူရွာတို့မှ ပျူစောထီးအင်အားများဖြင့် ဖြန့်ခွဲ၍ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ပေါက်နှင့် မြိုင်မြို့နယ်များမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်မြေ ထိစပ်နေပြီး စစ်ရေး၊ စီးပွားရေးအရ အရေးပါသည့်လမ်းကြောင်းပေါ်တွင် ရှိနေသလို သပြေညို၊ လက်ပံတို၊ ကျောက်ခွက်၊ ဖလံ ကိုင်း၊ ထောက်ရှာပင်စသည့် ရေနံမှော်များသည် တော်လှန်ရေးတပ်များအတွက် အခွန်ဘဏ္ဍာရရှိရာနေရာလည်း ဖြစ်သည်။

စစ်ကြောင်းထိုးနေစဉ် ရေနံမြေအတွင်းရှိ ကျေးရွာ ၂၀ ကျော်မှ အရပ်သားနေအိမ် ၃၃၀ ကျော်မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ၂၉ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။

ပုံစာ- မကွေးတိုင်း ပေါက်မြို့နယ်အတွင်းက တွင်းတိမ်လက်ယက် ရေနံတွင်း လုပ်ငန်းခွင် (ပုံဟောင်း)/ဧရာဝတီ


08/09/2026

အကြီးစား လက်နက်ပြပွဲကြီး မကျင်းပမီ ပိုလန်စစ်တပ်မှ ကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်

အကြီးစားလက်နက်ပြပွဲကြီး မကျင်းပမီ ပိုလန်စစ်တပ်ဟာ ကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုတခုကို နိုဗာဒေဘာ စစ်ရေးလေ့ကျင့်ကွင်းကြီးမှာ စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒီ‌လေ့ကျင့်မှုမှာ ပြည်တွင်းထုတ် ကိုယ်ပိုင်လက်နက်တွေအပါအ၀င် အဆင့်မြင့် စစ်လက်နက်ပစ္စည်းအမြောက်အများကို ထည့်သွင်းပြသခဲ့ပါတယ်။

#လက်နက်ပြပွဲ #ပိုလန် #စစ်ရေးလေ့ကျင့်မှု #နိုဗာဒေဘာ

08/09/2026

နိုင်ငံတော်အကြီးအကဲတွေကို ကြက်ကလေး ငှက်ကလေးတွေလို ဖမ်းခဲ့တယ်

အာရှရဲ့ နိုဘယ်ဆုလို့ တင်စားကြတဲ့ ရေမွန်မက်ဆေးဆေးဆု ဒီနှစ်အတွက် ချီးမြှင့်ခံခဲ့ရသူ ဦးဘိုကြည်နဲ့ ဧရာဝတီ ဆွေးနွေးချက်ကို မနက်ဖြန် မနက် စောင့်မျှော်အားပေးကြပါဦး

#ဧရာဝတီ #ဦးဘိုကြည် #နိုင်ငံရေးအကျဉ်းသား

ရေဦး တင်းတိမ်ရံရွာ ကားဝပ်ရှော့ ဗုံးကျ၊ ၇ ဦးသေဆုံးဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း၌ စက်တင်ဘာ ၇...
08/09/2026

ရေဦး တင်းတိမ်ရံရွာ ကားဝပ်ရှော့ ဗုံးကျ၊ ၇ ဦးသေဆုံး

ဧရာဝတီ၊ စက်တင်ဘာ ၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း၌ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ တင်းတိမ်ရံရွာ ကားဝပ်ရှော့တခုပေါ် ဗုံးကျပြီး အမျိုးသမီးငယ်တဦးအပါ ဒေသခံ ၇ ဦး သေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တင်းတိမ်ရံရွာအား ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးသေဆုံးခဲ့ရသည့်အပြင် အမျိုးသား ၃ ဦးလည်းဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရေဦးနယ် အနောက်ခြမ်းဇုန် သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “အနီးကပ် ဒလန်သတင်းပေးတာကြောင့် မနေ့ ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာ ၃ စီး၊ Mi35 နဲ့ပါ ၁၃ ကြိမ် ထက်မနည်း ဗုံးကြဲခဲ့တာ။ ကားဝပ်ရှော့မှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးငယ်တဦး အပါအဝင် ၇ ယောက်က ခေါင်းပြတ် ခြေပြတ်လက်ပြတ်ဖြစ်ပြီး နေရာမှာတင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရပါတယ်” ဟု ပြောသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှတက်လာသော ဂျိုင်ရိုကော်ပရာ ၃ စီးနှင့် Mi 35 ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကားဝပ်ရှော့ပျက်စီးခဲ့သလို စျေးဆိုင်ခန်းအချို့နှင့် မော်တော်ယာဉ် ၁၀ စီးထက်မနည်းပျက်စီးမှုရှိကာ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

တင်းတိမ်ရံရွာသည် အိမ်ခြေတထောင်ကျော်ရှိ ကျေးရွာကြီးဖြစ်ကာ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏခံနေရသည့် ကျေးရွာလည်း ဖြစ်သည်။

ဓာတ်ပုံ- Htoo Khant Zaw


Address

Yangon

Alerts

Be the first to know and let us send you an email when The Irrawaddy - Burmese Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Irrawaddy - Burmese Edition:

Shortcuts

Share