
30/07/2025
Spam Messages တွေများနေရင် ပြင်သင့်တဲ့ အချက် ( ၃ ) ချက်
Boost လုပ်တာ Result တော့ကောင်းတယ်၊ Messages ( ၁၀၀ ) လောက်ဝင်ပြီး ၁ ယောက်လောက်ပဲဝယ်တယ်။ စာတွေဝင်ပေမယ့် Sale မဖြစ်ဖူး၊ Spam Messages တွေများနေတယ်ဆိုရင်
ဒီအချက်သုံးချက်ကို ပြင်ကြည့်ပါ။
( ၁ ) Audience မှားခြင်း
ရွေးချယ်ထားတဲ့ Audience မှားတဲ့အခါ စာတွေ ဝင်နေပေမယ့် ဘာမှ ဆက်မဖြစ်လာတာမျိုးဖြစ်တတ်ပါတယ်။၊ဒီလိုအခါမျိုးကျရင် Audience ကို ပြန်ချိန်ညှိကြည့်ပါ။
( ၂ ) Content နဲ့ပေးချင်တဲ့ Message မပါခြင်း
တစ်ချို့ကြေငြာတွေမှာ ကိုယ်ကြေငြာတာက တစ်မျိုး၊ဝယ်သူမြင်သွားတာက တစ်မျိုး နဲ့ တော်တော်လွဲတတ်ပါတယ်၊ဒါကြောင့် Boost လုပ်တဲ့ ပိုစ့်တွေကို အရှင်းလင်းဆုံးဓာတ်ပုံ ၊တစ်ခုတည်းသော Message တို့ဖြင့် ပြုလုပ်သင့်ပါတယ်။ (ဥပမာ- နာချင်ရာနာစမ်း၊တိုက်ဂါးဘန်း)
( ၃ ) Sale Close မနိုင်ခြင်း
တချို့ လုပ်ငန်းရှင်တွေအနေနဲ့ Page Reply ကိုယ်တိုင်ပြန်တဲ့အခါ မနိုင်ပဲ အချိန်အကြာကြီးနေမှ ပြန်တတ်ကြပါတယ်။တချို့ကျ Customer Service မကောင်းတဲ့ ဝန်ထမ်းတွေနဲ့ လွှတ်ထားတတ်ပါတယ်။ဘယ်လောက်ပဲ ပစ္စည်းကောင်းကောင်း Boost Result ကောင်းကောင်း Customer စိတ်တိုင်းကျအောင် မရောင်းနိုင်ရင် Spam Messages ပဲ ဖြစ်သွားမှာပါ။
ဒီအချက် ( ၃ ) ချက်ကိုသုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ အရောင်းများရရှိနိုင်ကြပါစေ။
Digital Marketing ကို ၈ နှစ် Service အတွေ့အကြုံတင်မက ကိုယ်ပိုင် လုပ်ငန်း အတွေ့အကြုံပေါင်းများစွာ ပေါင်းထည့်ပြီး ထိရောက်စွာ တိုင်ပင်ချင်တယ်ဆိုရင် ကျွန်တော်နဲ့ လာရောက်တိုင်ပင်ကြည့်နိုင်ပါတယ်။