The Guy from Rangoon

The Guy from Rangoon " မဖတ်ဘဲ ကျော်သွားရင်တော့...
သင်...ဘာမှ သိလိုက်မှာ မဟုတ်ပါဘူး"

ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်းကျွန်တော်ပြုံးမိပါတယ်။တယ်လည်းလျှာရှည်တဲ့ပညာတတ်တွေပဲလို့။တစ်ခါကမ္ဘာကြီးပြားပြန်ပြီးတဲ့ဘယ်လို...
12/12/2024

ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။

တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီးတဲ့
ဘယ်လို့ဖြစ်ရတာတုန်း။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး။

ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။

သူတို့အလုပ်
တော်တော်လည်းဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။

ကျွန်တော်ဟာ သာမာန်ပြည်သူ
ကဗျာတို၊စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ရေးနေတဲ့
ကဗျာရေးသူပါ။

ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသောကမ္ဘာကြီးသာ
တောင့်တပါ၏။

✍🏻 အောင်ချိမ့် ✍🏻

#အောင်ချိမ့်

 #ချေဂွေဘားရားသူကွပ်မျက်ခံရပြီးနောက်မုတ်ဆိတ်မွေး ပါးသိုင်းမွေးထူထူနဲ့ဘယ်ရီဦးထုပ်ဆောင်း၊ သံလွင်ရောင်စစ်အင်္ကျီဝတ်ထားတဲ့ သ...
27/11/2024

#ချေဂွေဘားရား
သူကွပ်မျက်ခံရပြီးနောက်
မုတ်ဆိတ်မွေး ပါးသိုင်းမွေးထူထူနဲ့
ဘယ်ရီဦးထုပ်ဆောင်း၊
သံလွင်ရောင်စစ်အင်္ကျီဝတ်ထားတဲ့
သူ့ဝိညာဉ်ဟာ
တောင်အမေရိကတိုက်ကို ကျော်ပြီး
တော်လှန်ပုန်ကုန်သူအားလုံးရဲ့ နတ်ဘုရားပုံတူဖြစ်လာ။

◾မောင်ယုပိုင် ( sketch ကဗျာစာအုပ်မှ)

crd. #မောင်ယုပိုင်

19/11/2024



▪️မတရားမှုတွေကို မင်းစိတ်မှာ  ရွံရှာနေသေးသရွေ့တော့ မင်းဟာ ငါ့ မိတ်ဆွေဖြစ်နေတုန်းပဲ...၊ချေဂွေဗားရား ( ၁၉၂၈ - ၁၉၆၇ )    Gu...
14/11/2024

▪️မတရားမှုတွေကို မင်းစိတ်မှာ
ရွံရှာနေသေးသရွေ့တော့ မင်းဟာ
ငါ့ မိတ်ဆွေဖြစ်နေတုန်းပဲ...၊

ချေဂွေဗားရား
( ၁၉၂၈ - ၁၉၆၇ )

Guevara

ကမ္ဘာတစ်ဖက်မှာ ကထိန်ခင်းကမ္ဘာတစ်ဖက်မှာ စစ်တလင်းအိုးစည်ဒိုးပတ်နဲ့ ပျော်သူပျော်မြေကတုတ်ကျင်းမှာ အော်သူအော် တစ်ခဏပျော်ချင်သ...
13/11/2024

ကမ္ဘာတစ်ဖက်မှာ ကထိန်ခင်း
ကမ္ဘာတစ်ဖက်မှာ စစ်တလင်း
အိုးစည်ဒိုးပတ်နဲ့ ပျော်သူပျော်
မြေကတုတ်ကျင်းမှာ အော်သူအော်
တစ်ခဏပျော်ချင်သူနဲ့
တစ်ဘဝပျော်ချင်သူ ကြား
ပေးဆပ်မှုတွေကွာခြားလိုက်တာ
ငါလဲထူးမခြား အချောင်သမားမို့
ပေးဆပ်သူတို့မျက်နှာ မော်လို့ပင်မကြည့်ဝံ့
မင်းတို့တစ်နေ့ငါ့နဲ့တွေ့ခဲ့ရင်
ရွံရှာမုန်းတီးတဲ့အကြည့်တွေကို
လက်ခံဖို့အသင့်ပါပဲ...


အမ်မလေးဟဲ့အနဲတို့က တရုတ် အင်ဂျင်နီယာကို နာမည်ပေးထားပုံများ ကြားကြားချင်း ရီလိုက်ရတာကို။ကိုယ်တွေဗမာအချင်းချင်းက အနဲတို့ကိ...
19/10/2024

အမ်မလေးဟဲ့
အနဲတို့က တရုတ် အင်ဂျင်နီယာကို နာမည်ပေးထားပုံများ ကြားကြားချင်း ရီလိုက်ရတာကို။

ကိုယ်တွေဗမာအချင်းချင်းက အနဲတို့ကို အများအားဖြင့် 'ဂျားကစ်' ဆိုပီး နာမည်ပေးကြတယ်။

'ဂျားကစ်စားဘူးသလီး' ဆိုပီး နောက်ပြောင်ပြောနေရာကနေ အလွယ်ပဲ ကု၊လားဆိုရင် 'ဂျားကစ်' လို့ ပြောလိုက်တာပါ။

ခုနက
အနဲစူပါဗိုက်ဆာကို မေးတယ်...
"ဘယ်မှာလဲ လက်မှတ်ထိုးရမယ့် RFI''

ဆိုတော့...
"ဟို အင်ဂျင်နီယာ ဝေါ်ပုကျိသောက် ယူလာနေပါပြီ" တဲ့။

"ဟမျ... ဘသူ???"

"အင်ဂျင်နီယာ ဝေါ်ပုကျိသောက်"

"ဟို တရုတ်အင်ဂျင်နီယာကို ပြောတာလား"

"ဟုတ်တယ် အာတီအို"

"ဟာ... သူ့နာမည်က လျောင်းဟွေးဟွမ် ဆိုလား၊ ဟိုးဆိုလား ဟီးဆိုလားပါကွာ၊ ဘယ့်နာ့ ဝေါ်ပုကျိသောက် ဖြစ်နေရတာတုန်း"

"အာတီအိုကလည်း၊ သူ့နာမည်က ခေါ်ရခက်တာလေ၊ ခု အာတီအိုတောင် ခေါ်လို့ ရလို့လား"

"အေး... ဒါတော့ ဟုတ်တယ်"

"အဲ့ဒါ ကျနော်တို့က သူ့ကို မေးတာပေါ့၊ မင်းနာမည်က ခေါ်ရခက်လိုက်တာ၊ လွယ်လွယ်ခေါ်ရင် ဘယ်လိုခေါ်ရမလဲ ဆိုတော့..."

"ဆိုတော့ သူကဘာပြောလဲ"

"ဝေါ်ပုကျိသောက် တဲ့ ဆရာရဲ့၊ အာ့နဲ့ သူ့ကို ဝေါ်ပုကျိသောက်လို့ပဲ site ထဲမှာ ခေါ်ကြတာ၊ ဟော ပြောနေတုန်း လာပါပြီဗျာ ဟိုမှာ ဝေါ်ပုကျိသောက်ကြီး"

အေးတာပဲ
သန်၄ကို - ပေါက်ကရ၄၀



¶¶သားတစ်ယောက်ကိုသာ မြင်သည်¶¶====================       ရွာဦးဘုန်းကြီးကျောင်း ရေတွင်းတွင် မိန်းမကြီးသုံးယောက် ရေခပ်နေကြ၏။...
13/10/2024

¶¶သားတစ်ယောက်ကိုသာ မြင်သည်¶¶
====================
ရွာဦးဘုန်းကြီးကျောင်း ရေတွင်းတွင် မိန်းမကြီးသုံးယောက် ရေခပ်နေကြ၏။ မနီးမဝေးရှိ ကျောက်တုံးကြီး တစ်ခုပေါ်တွင် အဘိုးအိုတစ်ယောက်သည် ထိုင်ကာ အပန်းဖြေနေ၏။

မိန်းမကြီးတစ်ယောက်က ကျုပ်သားသည် အလွန် အပြေးသန်လှပါသည်။ သူ့ကို နိုင်အောင်ဘယ်သူမှ မပြေးနိုင်ပါဟု ပြောလေသည်။

ဒုတိယမိန်းမကြီးကလည်း ကျုပ်သားကတော့ အသံ အင်မတန်ကောင်းသည်။ သူ့သီချင်းဆိုသံကို တော်တို့ ကြားစေချင် စမ်းပါဘိဟု အားကျမခံ ကြွားလိုက်လေသည်။

တတိယမိန်းမကြီးကား ဘာမျှမပြော။

မိန်းမကြီး သုံးယောက်တို့သည် ရေခပ်ကြပြီးသောအခါ ရေအိုးများကို ရွက်၍ လက်တွင် ရေပုံးများ ဆွဲကာ ရွာသို့ ပြန်လာကြလေသည်။ အဘိုးအိုလည်း မလှမ်းမကမ်းမှ လိုက်ပါလာလေသည်။ အတန်ငယ်သွားမိကြသောအခါ လက်များကလည်း နာကျင်၊ ရွက်လာရသော ရေအိုးများကလည်း လေးလှသဖြင့် မိန်းမကြီး သုံးယောက်တို့သည် ရေပုံး၊ ရေအိုးများချ၍ ခေတ္တ နားနေကြလေသည်။

ထိုအခိုက် ရွာဘက်မှ ကလေးသုံးယောက်သည် သူတို့ရှိရာသို့ လာကြလေသည်။ အနားသို့ ရောက်သောအခါ တစ်ယောက်သောကလေးက သံခွေလှိမ့်ရင်း ပြေးကစားနေလေသည်။ ဒုတိယကလေးက ဥသြသံကဲ့သို့ သာယာသည့်အသံနှင့် သီချင်းဆိုကာ တဖြည်းဖြည်း လျှောက်လာလေသည်။ ကျန်ကလေးကမူ မိန်းမကြီးများရှိရာသို့ ပြေးလာ၍ သူ့မိခင်ဖြစ်သူ တတိယမိန်းမကြီးထံမှ ရေအိုးနှင့် ရေပုံးကို ကောက်ယူ ထမ်းပိုးကာ ရွာဘက်သို့ သယ်ယူသွားလေသည်။

ပထမမိန်းမကြီးနှင့် ဒုတိယမိန်းမကြီးတို့က အဘိုးအိုဘက်သို့ လှည့်ကာ ကျုပ်တို့သားများ မြင်လိုက်ပါစဟု မေးရာတွင် အဘိုးအိုက ရှင်မတို့သားဆိုသူများကား အဘယ်မှာနည်း။ ကျွန်ုပ်မူ သားတစ်ယောက်တည်းကိုသာ မြင်ပါသည် ဟု ပြန်ပြောလိုက်လေသည်။

*********
ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ တတိယတန်း မြန်မာဖတ်စာအုပ်မှ

#သားတစ်ယောက်ကိုသာမြင်သည်
✍️

ဖိအားမှ တွန်းအားဆီသို့ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲတစ်ခုရှိခဲ့တယ်။ အဲ့တာက ၁၈၉၃ ခုနှစ်က အမေရိကန်နိုင...
12/10/2024

ဖိအားမှ တွန်းအားဆီသို့

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲတစ်ခုရှိခဲ့တယ်။ အဲ့တာက ၁၈၉၃ ခုနှစ်က အမေရိကန်နိုင်ငံမှာ Andy Bowen နဲ့ Jack Burke တို့ထိုးသတ်ခဲ့ကြတာဖြစ်ပြီး နာရီပေါင်း ၇နာရီနဲ့ ၁၉မိနစ်လောက်အထိ အနိုင်မခံ အရှုံးမပေးထိုးသတ်ခဲ့ကြတာဖြစ်ပါတယ်။

အားကစားလုပ်ဖူးသူ အထူးသဖြင့် လက်ဝှေ့ကစားဖူးသူတွေဆိုရင် ပိုသိလိမ့်မယ့် ကြိုး၀ိုင်းထဲမှာ နာရီ၀က် ၄၅မိနစ်လောက်ထိုးရင်ကို လူတော်တော်လေးပြိုင်းပါတယ်။ ဒါပေမယ့် အန်ဒီဘို၀င်နဲ့ ဂျက်ဘာခ့်တို့ ဘာကြောင့်များ ၇နာရီ ၁၉မိနစ်လောက် အထိတောင့်ခံပြီး ထိုးသတ်နေခဲ့တာလဲ? နောက်ကွယ်မှာ ဇာတ်လမ်းတွေရှိခဲ့ပါတယ်။

အတိုချုပ်ပြော ရရင်အန်ဒီဘို၀င်မှာ ဒီပွဲနိုင်မှ ဆေးကုလို့ရမယ့် သမီးငယ်လေးရှိနေသလို ဂျက်ဘာခ့်မှာလည်း ဒီပွဲန်ိုင်မှ အိမ်အကြွေးနဲ့အသိမ်းမခံရမှာဖြစ်ပြီး သူ့မိသားစုလမ်းဘေးမရောက် မှာဖြစ်ပါတယ်။နောက်ဆုံးအနိုင်မခံအရှုံးမပေးပဲ ထိုးသတ်ကြရင်း ပူးတွဲသရေသာရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နှစ်ယောက်သားကျားကုတ်ကျားခဲ ထိုးသတ်မှုအပေါ် နိုင်ငံတစ်ဝှမ်းရဲ့အာရုံစိုက်ခံရပြီး အန်ဒီဘို၀င်လည်း သူ့သမီးကိုဆေးကုပေးနိုင်ခဲ့သလို လက်တစ်ဖက်ကျိုးတာတောင်ထိုးသတ်နေခဲ့တဲ့ ဂျက်ဘာခ်လည်း အိမ်အကြွေးဆပ်နိုင်ပြီး သူတို့မိသားစုလမ်းဘေးမရောက်ရေး ကယ်တင်နိုင်ခဲ့တယ်။

ဒီမှာပြောပြချင်တာက တွန်းအားပါ။လူတွေက pressure လို့ခေါ်တဲ့ လူမှုဖိအားကြောင့် ဘ၀ကိုအရှုံးပေးတတ်ကြတယ်။
အမှန် ဖိအားကို တွန်းအားအဖြစ်ပြောင်းလဲနိုင်ရင် လောကကြီးမှာ ဘာကိုမှ အရှုံးပေးစရာမလိုတော့ဘူး။ဒါဆို စိတ်ကိုလှုပ်ရှားအောင် ဘယ်အရာတွေက တွန်းအားပေးနေတာလဲ? လူတွေကို လှုပ်ရှားအောင် ဖိအားပေးနေသော အကြောင်းရင်းခံ ခြောက်ချက်ရှိသည်။
အဲ့တာတွေက
(၁) ကြောက်ရွံ့မှု
(၂) ယုံလွယ်တတ်မှု
(၃) အကြံဉာဏ်
(၄) အားကျမခံစိတ်
(၅) မျှော်လင့်ချက်
(၆) အချက်အလက်များ ဖြစ်တယ်။

၁။ကြောက်ရွံမှုကိုအရှုံးပေးလိုက်ရင် ဖိအားဖြစ်မယ် သတ္တိရှိလိုက်ရင်တော့ တွန်းအားရလာမယ်။

၂။ယုံလွယ်တတ်မှု တနည်းအားဖြင့် အားနာတတ်မှုဟာလည်း အရှုံးပေးလိုက်ရင် ဖိအားဖြစ်ပြီး အာမနာဘူးဟေ့ဆိုတဲ့စိတ်မာမှုရှိအောင် သတ္တိရှိလိုက်ရင် တွန်းအားဖြစ်သွားမယ်။

၃။အကြံဥာဏ်မထွက်လို့ ဖိအားဖြစ်ရပေမယ့် ကြိုးစားလေ့လာမှုဆိုတဲ့ သတ္တိရှိလိုက်ရင် တွန်းအားဖြစ်သွားမယ်။

၄။အားကျရတဲ့သူက အရမ်းသာလွန်းနေရင် ဖိအားဖြစ်လာတတ်ပြီး တစ်ဖြည်းဖြည်းနဲ့တိုးတတ်အောင်လုပ်မယ်ဆိုတဲ့ ဇွဲရှိရင် တွန်းအားရလာမယ်။

၅။မျှော်လင့်ချက်ဆိုတာ ခပ်ဝေးဝေးလှမ်းမမှီတဲ့နေရာမှာရှိနေရင် ဖိအားဖြစ်နေပေအယ့် ပန်းတိုင်ကို ဦးတည်ချက်မပြောင်းဘဲ သေးသေးလေးဆီ အပိုင်းအခြားလုပ်တတ်ရင် တွန်းအားရလာမယ်။

၆။အချက်အလက်ဆိုတာ Self analysisတစ်ခုခြင်းဆီကနေရလာတဲ့ Main point for everything လို့ဆိုလိုလို့ရပါတယ်။ဘယ်အရာက အရေးကြီးလဲ,လိုအပ်ချက်က ဘာလဲ?,လက်ရှိဖြစ်တည်ခြင်း စသည့်တို့က ဖိအား တစ်ခုဖြစ်လာပြီး ကိုယ့်အတွက်အရေးကြီးတဲ့ အရာတစ်ခုလုပ်ဆောင်ဖို့ တွန်အားတစ်ခုဖြစ်လာစေပါတယ်။

ဒီလိုနဲ့ ဖိအားကို တွန်းအားအဖြစ်ပြောင်းနိုင်လာတဲ့အခါ အခက်အခဲကသေးငယ်သွားပြီး အောင်မြင်မှုနဲ့ နီးကပ်လာမှာပါ။ ဖိအားကို တွန်းအားအဖြစ်ပြောင်းလဲနိုင်ပါစေ။
Credit

ဒီပုံလေးကို တချို့က အထင်မြင်လွဲနေလို့ ရှင်းပြပါ့မယ်သေချာကြည့်ပါ လူတွေအားလုံးက ပုံစံခွက်ထဲအထည့်ခံထားရတာပါ နေ့စဥ်လူပ်ရှားရ...
04/10/2024

ဒီပုံလေးကို တချို့က အထင်မြင်လွဲနေလို့ ရှင်းပြပါ့မယ်
သေချာကြည့်ပါ လူတွေအားလုံးက ပုံစံခွက်ထဲအထည့်ခံထားရတာပါ နေ့စဥ်လူပ်ရှားရုန်းကန်နဲ့ အလုပ်ထဲမှာပဲ အချိန်ကုန်နေကြတယ်
လွတ်လပ်မူကိုရဖို့ ပုံစံခွက်ထဲကနေထွက်ဖို့လိုတယ်ဆိုတာ ပြသထားတာပါ
ပုံစံခွက်ထဲကလူတွေကတော့ မကျေနပ်တဲ့ပုံစံနဲ့ ကြည့်နေကြတာပါ ထည့်ဆွဲထားတယ်
ဒါပေမဲ့ ဂစ်တာတီးနေတဲ့လူကတော့ ဂရုကိုမစိုက်ဘူး သူလုပ်ချင်တာသူလုပ်နေတယ်
လူ့ဘဝမှာ စားဝတ်နေရေးအတွက် အလုပ်တော့လုပ်ရမယ်ဆိုပေမဲ့ ပုံစံခွက်ထဲကနေတော့ ထွက်ဖို့လိုပါတယ်

ကျနော် ပုံစံခွက်အပြင်ကလူပါ 💪



ငိုချင်ရဲ့လက်တို့ တဲ့ အခုက အဆင်ပြေရဲ့လားဆိုပြီးလက်တို့မယ့်လူပဲလိုတော့တာပါ ငိုစရာ အကြောင်းအရာတွေမှ အများကြီးပဲ ။ #ကျေးကို...
06/09/2024

ငိုချင်ရဲ့
လက်တို့ တဲ့

အခုက
အဆင်ပြေရဲ့လားဆိုပြီး
လက်တို့မယ့်လူပဲ
လိုတော့တာပါ

ငိုစရာ အကြောင်းအရာတွေမှ
အများကြီးပဲ ။

#ကျေးကို

photo

ဒီည စကားဝှက်  မိကျောင်းမောင်မြင့်တယောက် အထင်လွဲခံရပြီး စိတ္တဇဆေးရုံမှာ  အချုပ်ကျတယ်ည(၁၂)နာရီလောက်ရောက်တော့ အရူးတယောက်က "...
23/08/2024

ဒီည စကားဝှက် မိကျောင်း

မောင်မြင့်တယောက် အထင်လွဲခံရပြီး စိတ္တဇဆေးရုံမှာ အချုပ်ကျတယ်
ည(၁၂)နာရီလောက်ရောက်တော့ အရူးတယောက်က "အားလုံးဝပ် --ဂျပန်တွေဝင်လာပြီ ပစ် ဒိုင်းညောင့် ဒိုင်းညောင့် "
လို့အော်တယ်
တခြားအရူးတွေအားလုံးလည်း ကိုယ့်ကုတင်အောက်ကိုယ်ပုန်းကြပြီး " ပစ်ကွာ အသေပစ် ဒက်ဒက် ဒိုင်းညောင့်ဒိုင်းညောင့်" စသဖြင့် ပါးစပ်က သေနတ်ပစ်ပြီးအော်ကြတယ်
မောင်မြင့်က တကယ်ရူးနေတာမဟုတ်တော့ ကိုယ့်ကုတင်ပေါ်ကိုယ်ထိုင်ပြီး အရူးတွေကိုအကဲခတ်နေတယ်
ခနအကြာမှာ အရူးတယောက်က "ရဲပေါ်တို့ --ဟို တင့်ကားပေါ်မှာ ဂျပန်ကင်ပေတိုင်တယောက် ဝိုင်းဖမ်းကြ" ဆိုပြီး မောင်မြင့်ကို ကုတင်ပေါ်ကနေ ဆွဲချပြီးထိုးကြိတ်ကျတယ်
အဲ့အချိန် တာဝန်ကျဆရာဆရာမတွေရောက်လာပြီး ဖြန်ဖြေပေးလို့ အားလုံးအေးဆေးဖြစ်သွားတယ်
နောက်နေ့ မနက် နံနက်စာ စားပြီးချိန်မှာ အရူးတယောက်မောင်မြင့်နားလာပြီး
"ရဲဘော် ညက ဂျပန်တယောက် တင့်ကားနဲ့ဝင်လာတာတွေ့တယ်မလား? ဒီညလည်းဒီငပုတွေထပ်လာနိုင်တယ် သတိရှိပါ ဒီညစကားဝှက်က. မိကျောင်း"
လို့ တိုးတိုးလေးပြောတယ်
မောင်မြင့်လည်းသေခြာမကြားလိုက်ပေမည့် ညက ဝိုင်းအတွယ်ခံထားရလို့ကြောက်ပြီး "ဟုတ် ဗိုလ်ကြီး" လို့ပြောပြီးအလေးပြုလိုက်တယ်

ညရောက်တော့ ကိုယ့်ကုတင်ပေါ်ကိုယ်အိပ်နေတုန်း ၁၂ နာရီ ထိုးခါနီးမှာ မနေ့ညကလိုပဲ အရူးတယောက်က "ဂျပန်တွေဝင်လာပြီ ပစ် ပစ် " လို့အော်တယ် ကျန်တဲ့အရူးတွေလည်း ကိုယ့်ကုတင်အောက်ကိုယ်ပုန်းကြဝပ်ကြရင်း ဒက်ဒက်ဒိုင်းဒိုင်းနဲ့ အော်ကြတယ်
မောင်မြင့်လည်း မနေ့ညကလိုဝိုင်းတွယ်ခံမထိအောင် ကုတင်အောက်ဝပ်ပြီး ဒက်ဒက်ဒိုင်းဒိုင်း လို့ အော်ပေးရှာတယ်

အဲ့အချိန် အရူးတယောက် မောင်မြင့်ကို
လှန်းမေးတယ်
"ဟေ့ ရှေ့က ရဲဘော် စကားဝှက် "

မောင်မြင့်လည်း ဘာဖြေရမှန်းမသိခင် အရူးတယောက်က သူ့ လက်ဖျံမှာထိုးထားတဲ့ မိကျောင်းလိုလို.အိမ်မြောင်လိုလို တက်တူး ပုံကိုထောင် ပြတယ်
မောင်မြင့်လည်း ကြောက်ကြောက်နဲ့
" အိမ်--အိမ်မြောင် ပါဗိုလ်ကြီး"
"စကားဝှက်မှားနေတယ်"
" တောက်တဲ့"
" မဟုတ်ဘူးကွ"
ထိုအချိန် အရူးတချို့က "ဗိုလ်ကြီး အဲ့ကောင်စကားဝှက်မသိဘူး ရန်သူ ရန်သူ"
လို့အော်ပြီး မောင်မြင့်ကို ဝိုင်းဖမ်းထိုးကြိတ်ကြတယ်
အဲ့အချိန် တာဝန်ကျ ဆရာဆရာမတွေရောက်လာပြီး ဖျန်ဖြေ ပေးလို့အားလုံးငြိမ်သွားတယ်. မောင်မြင့်ခဗျာတော့မျက်နှာတခုလုံးဖူးယောင်ရှာလို့

နောက်နေ့ မနက် နံနက်စာ စားပြီးချိန်မှာအရင်နေ့လိုပဲ အရူးတယောက်မောင်မြင့်နားလာပြီး
"ရဲဘော် ညက ဂျပန်တယောက် စိမ့်ဝင်လာတယ် ဒီညပိုသတိရှိပါ စကားဝှက်က မိကျောင်း" လို့ ပြောတယ်
မောင်မြင့်လည်း "ဟုတ်ကဲ့ ဗိုလ်ကြီး" လို့ပြောပြီး အလေးပြုလိုက်တယ်
တနေ့လုံး "မိကျောင်း မိကျောင်း ဒီညစကားဝှက် မိကျောင်း" လို့မောင့်မြင့်နှုတ်က တ တွတ်တွတ် ရွတ်နေတယ်

ညရောက်လို့၁၂ နာရီထိုးခါနီးတော့ မောင်မြင့်က ဝုန်းခနဲထပြီး
"အားလုံးဝပ် --ဂျပန်တွေဝင်လာပြီ ပစ် ဒိုင်းညောင့် ဒိုင်းညောင့် "
လို့အော်တယ်
အဲ့အခါ ဘေးကုတင်တွေပေါ်က အရူးတွေက မောင်မြင့်ကို "ဟေ့ကောင် အရူး တိတ်စမ်း ဘာဂျပန်မှမလာဘူး အရင်နေ့တွေက မင်ကို လူသစ်မို့လို့ ငါတို့ပညာပေးတာ" တဲ့
လူသစ်ဆိုမလွယ်ပါလား😒😔

ပြန်လည်မျှဝေ ပါသည် 😊
credit



23/08/2024



Address

Yangon

Telephone

+959788314663

Website

Alerts

Be the first to know and let us send you an email when The Guy from Rangoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share