The NWAY

The NWAY Welcome to my page

24/03/2025

နွေရာသီမှာ အပူရှောင်ရင်း ခေါင်ရိုင်မှာ
ဘယ်နေရာတွေ လည်ကြမလဲ။

ပန်းခင်းကြီးတွေ၊ ကော်ဖီဆိုင်လေးတွေနဲ့
ချစ်စရာကောင်းတဲ့ ခေါင်ရိုင်မြို့လေးက
နွေရာသီမှာ သွားလည်ရင်လည်းနေချင်စရာ
ကောင်းပါတယ်။ Low season ဖြစ်လို့
လူလည်း ရှင်းတဲ့အပြင် ရာသီဥတုကလည်း
အေးအေးလေးနဲ့ဆိုတော့ အပူရှောင်ရင်း
သွားမယ်ဆို ဒီအချိန်က အသင့်တော်ဆုံးပဲ။

ခု နွေရာသီမှာ ခေါင်ရိုင်မြို့လေးဆီ သွားခဲ့တဲ့
နွေးရဲ့ vlog လေးကို youtube မှာ အရှည်
တင်ပေးထားတာမလို့ ဒီအချိန် ဘယ်တွေကို
သွားလည်လို့ ရမလဲ၊ နွေရာသီမှာတောင်
ဘယ်နေရာလေးတွေက လှနေသေးလဲ ဆိုတာ
ဝင်ပြီး ကြည့်ကြည့်သွားကြဦးနော်။

https://youtu.be/P6TWj2OMa-s?si=1mSSLxokBn2S16zB

ဒီနေ့တော့ နိုရာ code လေး တစ်ခု ဖတ်လိုက်မိရာကနေ ဆက်စပ်စဥ်းစားမိရင်း Optimism အကြောင်း ပြောချင်လို့။တော်တော်များများ သတိမမ...
18/08/2023

ဒီနေ့တော့ နိုရာ code လေး တစ်ခု ဖတ်လိုက်မိရာကနေ ဆက်စပ်စဥ်းစားမိရင်း Optimism အကြောင်း ပြောချင်လို့။

တော်တော်များများ သတိမမူမိကြပေမယ့် နိုရာတို့ လူသားတွေရဲ့ တွေးခေါ်ပုံတွေက တကယ်တမ်း ကိုယ့်နေ့စဥ်ဘဝမှာ သက်ရောက်မှုတွေ အများကြီး ရှိတယ်။ အတွေးတွေကြောင့်ပဲ ခံစားချက်တွေ ဖြစ်လာရတယ်၊ ဖြစ်လာတဲ့ ခံစားချက်တွေကြောင့်ပဲ နိုရာတို့တွေက action တွေကို ပြုလုပ်ကြတယ်။ ဒီလိုမျိုး အဆင့်ဆင့် ဖြစ်လာတာမျိုးပေါ့။

အဲ့လို အကျိုးဆက်တွေရှိတာမို့ ကိုယ့်ရဲ့စိတ်ကို တတ်နိုင်သမျှ အပြုသဘောဆောင်တဲ့ စိတ်လေး ထားဖို့ ကြိုးစားကြည့်မယ်ဆိုရင် ကိုယ်ကိုယ်တိုင် တဖြည်းဖြည်း ငြိမ်းချမ်းပျော်ရွှင်လာရတာကို သတိထားမိပါလိမ့်မယ်။ ဒီနေရာမှာ optimisim ဆိုတာကို နိုရာကတော့ အကောင်းမြင်ခြင်း ဆိုတာထက် အပြုသဘောဆောင်သောစိတ် ထားရှိခြင်းလို့ ပိုပြီးပြောချင်တယ်။

ဒါက ဘာကွာလဲဆိုရင် ဘဝကြီးက ကိုယ့်ကို ရှောက်သီးတွေချည်း ယူလာပေးတဲ့အခါ ချဥ်တာလေးက ကောင်းလိုက်တာဆိုပြီး ဇွတ်အတင်း သတ်မှတ်တာမျိုးကကျ ဘာနေနေ အကောင်းမြင်တဲ့သူမျိုးပေါ့။ အပြုသဘောဆောင်တယ်ဆိုတာကတော့ ရှောက်သီး ယူလာပေးတယ်မလား၊ lemonade ဖျော်သောက်ကြည့်ရအောင် ဆိုပြီး တွေးတာမျိုးကို ခေါ်တယ်။ ပြောရရင်တော့ ဘဝမှာ ပြဿနာတွေ ကြုံလာတဲ့အခါ ပြဿနာတွေကို ရှောင်လွှဲတာမျိုး၊ လျစ်လျူရှုတာမျိုး မဟုတ်ဘဲ အပြုသဘောဆောင်တဲ့ အတွေးနဲ့ အဲ့ပြဿနာကို ကောင်းကောင်း ကိုင်တွယ်လိုက်ခြင်းကိုသာ Optimism လို့ နိုရာက သတ်မှတ်ချင်တယ်၊ သဘောထားနဲ့ ခံယူပုံ ကွဲတဲ့လူတွေလည်း ရှိမှာပါ။

ဒီလိုနဲ့ Optimism ထားရှိခြင်းရဲ့ ကောင်းကျိုးလေးတွေကို သိချင်လို့ ရှာကြည့်လိုက်တော့ အံ့သြဖို့ကောင်းအောင်ပဲ ကိုယ်နဲ့ ပတ်သတ်သမျှ အရာအားလုံးကို ပိုကောင်းစေတာ သွားတွေ့တယ်။ အချက်အနေနဲ့ ရွေးထုတ်ပြောရမယ်ဆိုရင်
၁။ စိတ်ဖိစီးမှုကို လျော့ချပေးတယ်
၂။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်
၃။ ခံနိုင်ရည်စွမ်းကို တိုးတက်လာစေတယ်
၄။ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာစေတယ်
၅။ ကိုယ့်ရဲ့ တီထွင်ဖန်းတီးနိုင်မှုတွေနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှုင်နိုင်စွမ်းတွေကို တိုးမြှင့်ပေးတယ်

ဒီအချက်တွေက နိုရာ့ဘာသာ စိတ်ကူးရှိတဲ့အတိုင်း လျှောက်ပြောထားတာ မဟုတ်ပါဘူး။ သုတေသနပညာရှင်တွေ သိပ္ပံပညာရှင်တွေကိုယ်တိုင် ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေပါ။

ဆိုတော့ အဲ့လို ကောင်းကျိုးများတဲ့ အပြုသဘောဆောင်တဲ့စိတ်လေး ထားတတ်လာအောင် ဘယ်လိုလေ့ကျင့်ကြမလဲ? တကယ်တော့ ကောင်းတဲ့ အကျင့်တွေ မွေးမြူဖို့က ခက်ပါတယ်။ ခက်တယ်ဆိုတာထက် အချိန်ပေးရတာပေါ့။ လူဆိုတာက မကောင်းတဲ့အကျင့်တွေ တတ်ဖို့သာ လွယ်တာ မဟုတ်လား။

ကိုယ်ရော၊ စိတ်ရော အပြုသဘောဆောင်တတ်လာဖို့ နိုရာ ခုပြောပြမယ့် နည်းလေးတွေနဲ့ စပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ကြည့်နိုင်တယ်။

နံပါတ် ၁။ ဘယ်လောက်ပဲ သေးငယ်တဲ့ ကိစ္စလေးဆိုပေမယ့်လည်း ကျေးဇူးတင်စကားပြောပါ။ ကျေးဇူးတင်စကား ပြောဖို့က သိပ်အချိန်မပေးရပါဘူး။ ဒါပေမယ့် ကြားရတဲ့ တစ်ဖက်လူလည်း ပျော်ရသလို ကိုယ်တိုင်လည်း ကောင်းတဲ့အကျင့်လေး လေ့ကျင့်ပြီးသား ဖြစ်တယ်။

နံပါတ် ၂။ ကိုယ့်အပေါ် ကောင်းတဲ့သူတွေ၊ ကိုယ်အားကျရပြီး ကိုယ့်ကိုမြင့်မားလာစေတဲ့ လူတွေ၊ ကိုယ့်စိတ်ကို ကြည်လင်စေတဲ့ လူတွေနားမှာပဲ နေပြီး ဆက်ဆံပေါင်းသင်းတာကလည်း ကောင်းတဲ့အချက်ပါပဲ။ မနောပျက်စရာလူတွေနဲ့ နေတော့ ကိုယ်က ပူလောင်ရတယ်လေ။ ပူလောင်ရ၊ ဒေါသထွက်ရဆို ကိုယ့်မှာ negative energy များစေတယ်။ negative energy များရင် တစ်ခုခုဆို အပြုသဘောဆောင်တဲ့ဘက်က တွေးဖြစ်ဖို့ နည်းသွားရော။

နံပါတ် ၃။ ပြဿနာထက် ဖြေရှင်းနည်းကိုပဲ အာရုံစိုက်ပါ။ မြန်မာလူမျိုးအများစုမှာ အရိုးစွဲနေတာက ပြဿနာတစ်ခုခု ဖြစ်လာရင် ပြဿနာဖန်တီးတဲ့သူကို အရင်ဆုံး ဝိုင်းအပြစ်တင်လိုက်ကြတာပဲ။ ပြီးရင် ဖြစ်ခဲ့ပြီးသား ကိစ္စကနေ မရုန်းထွက်နိုင်ဘဲ ပြဿနာမဖြစ်ခင်က အခြေအနေကို စိတ်ကူးယဥ်လိုက်၊ အချင်းချင်း အပြစ်တင်လိုက်နဲ့ အချိန်ကုန်နေကြတော့တာက စိတ်ရှုပ်စရာကောင်းလွန်းတယ်။ အဲ့အစား ဘယ်လို ဖြေရှင်းလို့ ရမလဲ၊ ဘယ်လို ပြုပြင်လို့ရမလဲဆိုတာကိုပဲ အာရုံစိုက်ပြီး အဖြေရှာလိုက်တာက အများကြီး အကျိုးပိုရှိပါတယ်။ ဒါကြောင့် တစ်ခုခုဖြစ်လာရင် ကိုယ်တိုင်က အပြစ်တင်တဲ့သူထက် ဝိုင်းဝန်းအဖြေရှာတဲ့သူ ဖြစ်အောင် လေ့ကျင့်ကြည့်ပါ။

၄။ ကျရှုံးမှာ မှားသွားမှာကို မကြောက်ပါနဲ့။ လူရယ်လို့ ဖြစ်လာရင် ကျရှုံးတတ်တာ မှားတတ်တာက သဘာဝပဲ။ မမှားဖူးတဲ့သူ၊ တစ်ခုခုမှာ ကျရှုံးဖူးတဲ့သူရယ်လို့ လောကမှာ မရှိပါဘူး။ ဆရာတာရာမင်းဝေပြောသလို ပြောရရင် နိုရာတို့လူသားတွေက လက်ဖဝါးပေါ်မှာ အမှားလက္ခဏာ ပါလာကြတာ မဟုတ်လား။ ဒီတော့ တစ်ခုခု မှားတဲ့အခါ တစိမ့်စိမ့်ပြန်စဥ်းစားပြီး စိတ်ဓါတ်ကျနေမယ့်အစား ဖြစ်တတ်တဲ့ သဘောတရားလို့ပဲ တွေးပြီး အဲ့ကျရှုံးမှုကို ကိုယ့်ကို ပိုတိုးတက်လာစေမယ့် အခွင့်အရေးတစ်ခုလိုမျိုး အသုံးချလိုက်စေချင်တယ်။

၅။ နောက်ဆုံးတစ်ခုကတော့ စိတ်အေးချမ်းဖို့နဲ့ ခန္ဓာကိုယ် တည်ငြိမ်ဖို့ အားထုတ်ကြည့်တာပါ။ ခေါတ်ပေါ်စကားလုံးနဲ့ ပြောရရင် mindfulness ပေါ့။ mindfulness အတွက် တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်တာ အဲ့လိုမျိုး နည်းလမ်းတွေ အများကြီး ရှိတာမို့ ကိုယ် အဆင်ပြေမယ့် နည်းလမ်းကို ရွေးပြီး လေ့ကျင့်ကြည့်လို့ ရပါတယ်။

နိုရာကိုယ်တိုင်လည်း တစ်ခုခုဖြစ်တိုင်း အကောင်းမြင်တတ်ဖို့ အပြုသဘောဆောင်တတ်ဖို့ကို ခုထိ တဖြည်းဖြည်းနဲ့ လေ့ကျင့်နေတုန်းပါပဲ။ တကယ်တော့ အပြုသဘောဆောင်တဲ့ အတွေးရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုရော ပိုကောင်းလာစေတာ ဖြစ်တဲ့အတွက် စစချင်း မလွယ်ကူဘူးဆိုရင်တောင် လေ့ကျင့်ကြည့်ကြဖို့ တိုက်တွန်းချင်တယ်။ ဒါဆို စာလည်း ရှည်သွားပြီဆိုတော့ တော်သေးပြီ။ နောက် post မှာ ပြန်တွေ့ကြမယ်နော်။



Hello! အားလုံးပဲ ကျန်းမာအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။page ရဲ့ ပထမဆုံး post က နိုရာ့ရဲ့ မိတ်ဆက်စာလေးပါ။ဒီမိတ်ဆက်စာလေး...
15/08/2023

Hello! အားလုံးပဲ ကျန်းမာအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

page ရဲ့ ပထမဆုံး post က နိုရာ့ရဲ့ မိတ်ဆက်စာလေးပါ။
ဒီမိတ်ဆက်စာလေးမှာ နိုရာ ဘာလို့ ဒီ page လေးကို စလုပ်ဖို့ အကြံရလာခဲ့လဲဆိုတာ ပြောပြချင်ပါတယ်။

နိုရာက professional life မှာ IT Business Analyst အနေနဲ့ လုပ်ကိုင်နေတာပါ။ နိုရာ BA စလုပ်တဲ့အချိန်တုန်းက အမှန်တိုင်းပြောရရင် BA နဲ့ ပတ်သတ်ပြီး sharing လုပ်တဲ့ local page တွေ မရှိခဲ့တာမို့ ခု နိုရာက ကိုယ်သိထားသလောက်လေးတွေ အရမ်း share ပေးချင်လာတယ်။ BA ဆိုတာ ဘာလုပ်တာလဲက အစ နိုရာ့ experience လေးတွေအဆုံး knowledge sharing လုပ်ချင်လာခဲ့တယ်။

ဒီလို ပြောလို့ နိုရာက အရမ်းတော်နေလို့လားဆိုရင်တော့ မဟုတ်ပါဘူးဗျာ။ နိုရာကိုယ်တိုင်လည်း သင်ယူရင်း လေ့လာရင်း BA ကို စိတ်ဝင်စားတဲ့သူများ ရှိခဲ့ရင် သူငယ်ချင်းတစ်ယောက်လိုမျိုး မျှဝေပေးတာ၊ ညီအစ်မတစ်ယောက်လိုမျိုး အကြံပေးတာမျိုး လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ page လေးကို ရိုးရိုးရှင်းရှင်း စတင်လိုက်တာပါပဲ။

ဒါ့အပြင် BA နဲ့ ပတ်သတ်တဲ့ professional topic တွေချည်းပဲ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်မယ့် နိုရာ့ရဲ့ နေ့စဥ် ကြုံတွေ့တာလေးတွေ၊ လုပ်ဖြစ်တဲ့ activity လေးတွေအပြင် တစ်ခါတလေ ရောက်တတ်ရာရာ general topics တွေနဲ့ နိုရာ လတ်တလော စိတ်ဝင်စားနေတဲ့ အရာလေးတွေကိုလည်း တင်မှာဖြစ်ပါတယ်။ နိုရာ့ရဲ့ personal blog လေးပဲ ဆိုကြပါစို့။

ဒါကြောင့်မို့ စိတ်ဝင်စားတယ်ဆိုရင် Like and Follow လေး လုပ်ပေးထားကြပါဦးနော်။ ဒါဆို နို့ရာ့ရဲ့ နောက် post တွေမှာ တွေ့ကြပါမယ်။ နိုရာ့ content လေးတွေကို ကြိုက်တယ်၊ အကျိုးရှိတယ်လို့ ထင်ရင်လည်း Share လုပ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The NWAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The NWAY:

Share