DHMG's Korean Language

DHMG's Korean Language အားလုံးပဲ မင်္ဂလာပါ။
Page ကို like & follow လုပ်ပေးကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

22/05/2023

TOPIK II (level-5)!! ရအောင် ဘယ်လိုစာလုပ်ခဲ့လဲ🤔
အားလုံးပဲ မင်္ဂလာပါ။
안녕하세요, 여러분😍🤗

ဒါလေးကတော့ မင်မင့်pageရဲ့ first postလေးပါ။

ဒီနေ့မှာတော့ မင်မင် ကိုးရီးယားစာကို level-5 ရတဲ့အထိ စာလုပ်ရင်း ကြုံတွေ့ရတာလေးတွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ ကိုးရီးယားစာကို စလေ့လာခဲ့ပုံကို ‌အနည်းငယ်ပြောပြချင်ပါတယ်။မင်မင် ကိုးရီးယားစာကို ဆယ်တန်းအောင်ပြီးမှ စလေ့လာဖြစ်ခဲ့တာပါ။ K-pop songsတွေ dramaတွေ ကြိုက်ရာကနေ ကိုးရီးယားစာကိုသင်ယူဖို့ဖြစ်ခဲ့တာပေါ့နော်။ ဒါကတော့ လူတော်တော်များများရဲ့ ကိုးရီးယားစာ စသင်ယူဖို့ အကြောင်းတွေထဲက တစ်ခုဖြစ်မယ်ထင်တယ်။ အဲ့လိုနဲ့ စာစလုပ်တာကတော့ app ကနေ စလေ့လာဖြစ်ခဲ့တယ်။ ပြီးရင် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဝယ်ပြီးလေ့လာတယ်။ စာအုပ်တွေဆိုတာ grammar ဆိုလည်း ၂အုပ် ၃အုပ်ဝယ်ထားတယ်။ သင်တန်းလည်းမတက်ဖြစ်တော့ စာကလုပ်လိုက်မလုပ်လိုက်နဲ့ သံသရာလည်နေခဲ့တယ်ဆိုပါတော့။ အဲ့မှာ အလွဲမှားဆုံးလုပ်ခဲ့မိတာက စာကို တစ်နေ့ တစ်နေ့ ပုံမှန်မကြည့်ပဲ ကြည့်တဲ့နေ့ဆို အများကြီးကြည့်တယ်။ ပြီးရင် တစ်ပတ်လောက်ပစ်ထားပြန်နဲ့။ self study လုပ်တာဆိုတော့ လုံးဝကို freeဖြစ်နေတာ။အဲ့လိုနဲ့ အချိန်တွေသာကြာသွားတယ်။ ကိုယ့် level က မတက်လာဘူး။ self study လုပ်နေတဲ့သူတိုင်း အဲ့လိုကြုံဖူးကြမယ်ထင်တယ်။ နောက်တော့ TOPIK ဖြေမယ်ဆိုပြီး စာပြန်လုပ်ရင်း ကိုးရီးယားလူမျိုး ဆရာမနဲ့ အချိတ်အဆက်မိပြီး စာမေးပွဲအတွက် ပြင်ဆင်ပြီး ဝင်ဖြေတာ level-5 နဲ့ အောင်သွားပါတယ်။ အခုဆက်ပြီး TOPIK ထပ်ဖြေဖို့ ပြင်ဆင်နေပါတယ်။
ကဲ ယောရောဘွန်းတို့ရော သင်တန်းတက်ရင်း စာလုပ်နေတဲ့သူရှိသလို self study လုပ်နေတဲ့ သူတွေလည်းရှိမှာပဲ။ သင်တန်းတက်တဲ့သူတွေက အတန်းပုံမှန်တက်ရင်း စာလုပ်ဖြစ်ပေမယ့် self study လုပ်နေတဲ့သူတွေက resources ကောင်းကောင်းနဲ့ self control ကောင်းကောင်းရှိဖို့က အရမ်းအရေးကြီးပါတယ်။ မင်မင်အတွက်ကတော့ ဆရာ,မပြ နည်း,မကျဆိုသလိုပဲ😂 အဲ့ဒါကြောင့် သင်တန်းတက်ရင်း ဒီနှစ်စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်လို့😊

ပြီးတော့ မင်မင်သတင်းကောင်းလေးပါးချင်ပါတယ်။ ဘာလဲဆိုတော့ ကိုးရီးယားစာကိုအခုမှ စလေ့လာနေတဲ့သူတွေ အထူးသဖြင့် self study သမားတွေ စာမေးစရာရှိရင် လာမေးလို့ရပါတယ်။ မင်မင်သိသလောက်ပြန်shareပေးပါမယ်နော်🤗
မင်မင်လေ့လာခဲ့တဲ့ စာအုပ်တွေကို နောက်postမှာ မျှဝေပေးပါမယ်နော်။

Korea ဘာသာစကားနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာမို့ မင်မင့် pageလေးကို like&share လုပ်ပေးပါအုံးနော်🥰🥰
안녕^^
'sKoreanLanguage

Address

Yangon

Website

Alerts

Be the first to know and let us send you an email when DHMG's Korean Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share