Myanmar Times TV
Myanmar Times TV The newly integrated Myanmar Times TV involves the production of digital news and marketing content across all web and social media platforms.
Myanmar Consolidated Media Co., Ltd. Email: [email protected]
Fashion :: Beauty :: Entertainment :: Lifestyle :: Women's World::Men Special :: Celebrity Feature :: Learning :: Events :: Social:: International
"စာဖတ်ပရိသတ်များနှင့် ကြော်ငြာရှင်များသို့ အသိပေးကြေညာချက်"==============================
23/02/2021
"စာဖတ်ပရိသတ်များနှင့် ကြော်ငြာရှင်များသို့ အသိပေးကြေညာချက်"
==============================
20/02/2021
(Unicode)
နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်စာ ပါဝင်အားဖြည့်နေတယ်ဆိုတဲ့ G Fatt
ရန်ကုန် - ဖေဖော်ဝါရီ - ၂၀ ၊ ၂၀၂၁
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားရတဲ့ ဒေါက်တာအေးမောင်ဟာ ဖေဖော်ဝါရီ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်၊ မနေ့က မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။
သတင်း - အောင်ကြည်မိုး(စစ်တွေ)
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
20/02/2021
(Unicode)
စစ်ကိုင်းမြို့ ဆန္ဒထုတ်ဖော်မှုတွင် သံဃာတော်အပါး ၁ဝဝ ခန့်ပါဝင်လာ
ရန်ကုန် - ဖေဖော်ဝါရီ - ၂၀ ၊ ၂၀၂၁
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စစ်ကိုင်းမြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ပွဲမှှာ ဖေဖော်ဝါရီ ၁၈ ရက်က စပြီး စစ်ကိုင်းတောင်ရိုးမှ သံဃာတော်အပါး ၁ဝဝ ခန့် စတင်ပါဝင်လာတယ်လို့ သိရပါတယ်။
''ဦးဇင်းတို့ စစ်ကိုင်းက သံဃာနဲ့သီလရှင်များစွာ သီတင်းသုံးနေထိုင်တဲ့မြို့ပါ။ စစ်ကိုင်း သံဃာနဲ့ သီလရှင်များထဲမှာ ခေတ်ပညာတတ်လူငယ်တွေအများကြီးရှိပါတယ်။ ပြည်သူတွေဘာလုပ်နေတယ်။ ဝန်ထမ်းတွေဘာလုပ်နေတယ်ဆိုတာကို ဦးဇင်းတို့မျက်ခြေမပြတ်ကြည့်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ ဒကာ၊ ဒကာမတွေအရေးဟာ ဦးဇင်းတို့ အရေးပါပဲ။အဓိကဖြစ်တဲ့ဝန်ထမ်းတွေ အစိုးရယန္တရားရပ်တန့်အောင်လုပ်ကြဖို့ ဦးဇင်းတို့လို ရဟန်းပျိုတွေညှိနိူင်းပြီး ဒီနေ့စတင်ပါဝင်လာတာပါ''လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။
သတင်း - လှိုင်ထွေးအောင်
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စစ်ကိုင်းမြို့တွင်း လှည့်လည်ဆန္ဒထုတ်ဖော်ပွဲမှာ ဖေဖော်ဝါရီ ၁၈ ရက်က စပြီး စစ်ကိုင်းတောင်ရိုးမှ သံဃာတော်အပါး ၁ဝဝ ခန့် စတင်ပါဝင်လာတယ်လို့ သိရပါတယ်။
20/02/2021
(Unicode)
မန္တလေး၌ ဆန္ဒထုတ်ဖော်သည့် စက်ဘီးစီးအဖွဲ့နောက်မှ သတင်းထောက်ဟုဆိုကာ မှတ်တမ်းယူသူအား စစ်ဆေးရာ ရဲတပ်ဖွဲ့ဝင်ဖြစ်နေ
ရန်ကုန် - ဖေဖော်ဝါရီ - ၂၀၊ ၂၀၂၁
မန္တလေးမြို့မှာစက်ဘီးစီးအဖွဲ့ဝင် ၃၀၀ ကျော်က ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၁၀ နာရီဝန်းကျင်က လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာမှာ ပုသိမ်ကြီးကန်ပတ်လမ်းအရောက် သတင်းထောက်လို့ဆိုပြီး အဲ့ဒီအဖွဲ့နဲ့အတူ လိုက်ပါ ဓါတ်ပုံရိုက်နေသူ တစ်ဦးကို မသင်္ကာလို့ စစ်ဆေးရာက ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေပြီး သေနတ်နဲ့ လေးခွတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
သတင်း - အောင်သန့်ခိုင်
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
20/02/2021
(Unicode)
ပြည်သူ့ဝန်ထမ်းကူညီရေးကွန်ရက် စစ်ကိုင်းမြို့တွင်ဖွဲ့စည်းကူညီနေ
ရန်ကုန် - ဖေဖော်ဝါရီ - ၂၀၊ ၂၀၂၁
ပြည်သူ့ဝန်ထမ်းကူညီရေးကွန်ရက် (Supporting Network for Civil Servants (SNCS) Sagaing Township) ကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်းရှိ လူမှုရေးအသင်းများ၊ လူငယ်တက်ကြွလှုပ်ရှားသူတွေ ပေါင်းစည်းပြီး ပြည်သူ့ဝန်ထမ်းတွေကို ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်နေကြောင်း အဆိုပါအဖွဲ့ဝင် ဦးစိုးမင်းဦးက ပြောပါတယ်။
သတင်း - ဖြိုးဝေကျော်
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
သတင်း - ဖြိုးဝေကျော်
19/02/2021
(Unicode)
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဒေါက်တာအေးမောင်
စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိ
ရန်ကုန် - ဖေဖော်ဝါရီ - ၁၉၊ ၂၀၂၁
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားရတဲ့ ဒေါက်တာအေးမောင်ဟာ ဖေဖော်ဝါရီ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်၊ မနေ့က မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။
သတင်း - အောင်ကြည်မိုး(စစ်တွေ)
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
19/02/2021
(Unicode)
မသန်စွမ်းသူတစ်ဦးကို ရဲတပ်ဖွဲ့က ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများ တောင်းပန်ရန်လိုအပ်ကြောင်း မသန်စွမ်းသူများအသင်းချုပ်က ကြေညာချက်ထုတ်ပြန်
ရန်ကုန် - ဖေဖော်ဝါရီ - ၁၉ ၊ ၂၀၂၁
မန္တလေးမြို့အဝင် မုခ်ဦးမှာ မသန်စွမ်းသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်က ကန့်ကွက်ကြောင်း သဘောထားကြေညာချက်ထုတ်ပြန်ထားပြီး တာဝန်ရှိသူတွေက လူသိရှင်ကြားတောင်းပန်ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း(မန္တလေးတိုင်း) အတွင်းရေးမှူး ဦးကောင်းထက်သာက ပြောပါတယ်။
သတင်း - အောင်သန့်ခိုင်
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
သတင်း - အောင်သန့်ခိုင်
19/02/2021
(Unicode)
မန္တလေးမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေပါ ဒီကနေ့မနက် ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းချီတက်
ရန်ကုန် - ဖေဖော်ဝါရီ - ၁၉၊ ၂၀၂၁
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ကုန်စည်ဒိုင်တွေမှ ကုန်သည်၊ ပွဲစားနဲ့ စက်ပိုင်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ ကျောက်ကုန်သည်တွေ၊ ပုံနှိပ်လုပ်ငန်းရှင်တွေ၊ ဂရပ်ဖစ်ဒီဇိုင်နာများအဖွဲ့၊ ပုံနှိပ်လုပ်သားများအသင်းစတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ကြဖို့ စုရပ်တွေဆီသို့ ကြွေးကြော်ရင်း လမ်းလျှောက်ချီတက်လာကြတာ တွေ့ရပါတယ်။
သတင်း - အောင်သန့်ခိုင်၊ ကျော်ကိုကို
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
19/02/2021
(Unicode)
မြစ်ကြီးနားမြို့မှာ CDMလှုပ်ရှားမှုပြုနေသူတွေကို ဆက်တိုက်ဖမ်းဆီးနေပြီး ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးမှု နှစ်ကြိမ်ရှိ
ရန်ကုန် - ဖေဖော်ဝါရီ - ၁၉ ၊ ၂၀၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ CDM လှုပ်ရှားမှုပြုနေသူတွေကို အာဏာပိုင်တွေက ဆက်တိုက်ဖမ်းဆီးနေပြီး ဖေဖော်ဝါရီ ၁၉ ရက်၊ ဒီကနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးမှု နှစ်ကြိမ်ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
သတင်း - ခင်ဆုဝေ
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
သတင်း - ခင်ဆုဝေ
19/02/2021
(Unicode)
နိုင်ငံရေးအခြေအနေ‌‌ကြောင့် ထီလက်မှတ်အရောင်းကျဆင်း
ရန်ကုန် - ဖေဖော်ဝါရီ - ၁၉ ၊ ၂၀၂၁
တပ်မတော်အာဏာယူပြီးနောက် အခုဖေဖော်ဝါရီလအတွက် အောင်ဘာလေထီလက်မှတ်တွေ အရောင်းကျဆင်းနေကြောင်း ထီရောင်းချတဲ့ လုပ်ငန်းရှင်တွေ ထံမှသိရပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် မြို့နယ်တချို့က ထီအရောင်းဆိုင်တွေ ပိတ်သိမ်းထားကြပြီး ဖွင့်ထားတဲ့ ဆိုင်တချို့မှာလည်း အနည်းငယ်ပဲ ရောင်းချရတော့တာ ဖြစ်ပါတယ်။
သတင်း - ဇေယျာဟိန်း
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
သတင်း - ဇေယျာဟိန်း
18/02/2021
(Unicode)
YBS 21 ခရီးစဉ်လမ်းကြောင်းကို ဒီဇယ်သုံးဘတ်စ်ကားနဲ့ နေ့စဉ်ယာဉ်စီးခ (အခမဲ့) ပြေးဆွဲပေးသွားမယ်
ရန်ကုန် - ဖေဖော်ဝါရီ - ၁၈ ၊ ၂၀၂၁
CNG ဓာတ်ငွေ့ဖြည့်ဖို့ အခက်အခဲကြောင့် YBS ကားထွက်ရှိမှုနည်းပါးနေတဲ့အတွက် YBS 21 ခရီးစဉ်လမ်းကြောင်းကို ဒီဇယ်သုံးဘတ်စ်ကားတွေနဲ့ ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ကစတင်ပြီး ယာဉ်စီးခ (အခမဲ့)နဲ့ နေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ Power Eleven ယာဉ်လိုင်းကုမ္ပဏီက အသိပေးကြေညာထားပါတယ်။
ရန်ကုန်မြို့နေရာအနှံ့အပြား CDM လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ရာ CNG အရောင်းဆိုင်တွေက ဝန်ထမ်းများလည်း CDM ထဲ ပါဝင်နေခဲ့လို့ CNG အရောင်းဆိုင်တွေပိတ်ထားကြပြီး YBS ယာဉ်တွေ ထွက်ရှိနည်းနေတဲ့အတွက် အခုလို YBS ၂၁ ယာဉ်လိုင်းကနေ ဒီဇယ်သုံး ယာဉ် ၃ စီး နဲ့ အခမဲ့ ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
သတင်း - နိုင်အောင်
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
သတင်း - နိုင်အောင်
18/02/2021
(Unicode)
မုံရွာ CDM လှုပ်ရှားမှုမှာ ဝမ်ပေါင်နဲ့မြန်မာယန်စီဝန်ထမ်းတွေ ပါဝင်လာ
ရန်ကုန် - ဖေဖော်ဝါရီ - ၁၈ ၊ ၂၀၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ အလွှာစုံတို့က CDM လှုပ်ရှားမှုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေခဲ့ကြရာ လက်ပတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တို့မှာ ကြေးနီသတ္တုတွင်းထုတ်လုပ်တဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာယန်စီကုမ္ပဏီတို့မှ ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာကြောင်း မြန်မာယန်စီနှင့်မြေယာအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဆာလင်းကြီး ဒေသခံ ကိုတင့်အောင်စိုးက မြန်မာတိုင်းမ်ကို ပြောပါတယ်။
သတင်း - ခင်ဆုဝေ
Android App တွင် ကြည့်ရှုရန်>> http://bit.ly/3oGpfYk
iOS App တွင် ကြည့်ရှုရန်>> https://apple.co/2XzSAaS
(Zawgyi)
သတင်း - ခင်ဆုဝေ
Address
No. 332 (A), Pyay Road, Myaynigone (North) Ward, Sanchaung Township
Yangon
11111
Opening Hours
Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Alerts
Be the first to know and let us send you an email when Myanmar Times TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Myanmar Times TV:
Share