26/02/2026
Research paper ရေးဖို့ အတွက်သိကိုသိရမယ့် AI tool (၁၀)ခု
Research Paper တစ်စောင် ရေးဖို့ စာတမ်းတွေ အပုံလိုက် ဖတ်ရတာ စိတ်ညစ်နေပြီလား? တခြားသူတွေက AI သုံးပြီး အလုပ်တွေ ပြီးနေချိန်မှာ ကိုယ်ကပဲ ကျန်ခဲ့တော့မလို ခံစားနေရတယ် မဟုတ်လား? တကယ်တော့ ၂၀၂၆ မှာ Paper ရေးရတာ အရင်လို မခက်တော့ဘူးနော်။ Literature Review ရှာတာ၊ Citation Analysis လုပ်တာနဲ့ Writing Refinement လုပ်တာတွေကို AI နဲ့ အလန်းစား ရေးကြမယ်။ အခုပြောပြမယ့် Tool ၁၀ ခုကိုသာ သိထားရင် သူငယ်ချင်းတို့လည်း Research Master ဖြစ်ပြီပေါ့။
အဆင့် (၁) - Literature Discovery & Research Analysis
၁. Elicit
✅ https://elicit.com
စာတမ်းပေါင်း များစွာထဲကနေ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို အမြန်ဆုံး ရှာဖွေပြီး Summarize လုပ်ပေးနိုင်တဲ့ AI Assistant လေးပေါ့။
၂. Consensus
✅ https://consensus.app
Scientific Research တွေထဲက အဖြေတွေကို တိုက်ရိုက် ရှာပေးတာမို့ ကိုးကားဖို့ အတွက် အရမ်း စိတ်ချရတယ်လေ။
၃. Scite.ai
✅ https://scite.ai
ကိုယ်ဖတ်နေတဲ့ စာတမ်းကို တခြားသူတွေက ဘယ်လို Cite လုပ်ထားလဲ ဆိုတာကို Smart Citations နဲ့ ပြပေးနိုင်တာ တကယ့်ကို အလန်းပဲနော်။
၄. Research Rabbit
✅ https://www.researchrabbitapp.com
Papers တွေရဲ့ ဆက်စပ်မှုကို Map ဆွဲပြီး ပြပေးတာမို့ လိုအပ်တဲ့ အကိုးအကားတွေကို တစ်ခုမကျန် ရှာတွေ့နိုင်မှာ အသေအချာပဲပေါ့။
၅. Perplexity AI
✅ https://www.perplexity.ai
မေးချင်တဲ့ မေးခွန်းကို မေးလိုက်ရုံနဲ့ Source တွေနဲ့ တကွ အဖြေထုတ်ပေးတာမို့ အချိန်ကုန် အများကြီး သက်သာစေတယ်လေ။
အဆင့် (၂) - Organization & Writing Excellence
၆. Connected Papers
✅ https://www.connectedpapers.com
ကိုယ့် Research Topic နဲ့ သက်ဆိုင်တဲ့ စာတမ်းတွေကို Visual Graph တွေနဲ့ မြင်သာအောင် ပြပေးလို့ ရှာရတာ ပိုလွယ်သွားတာပေါ့။
၇. Zotero
✅ https://www.zotero.org
Citation တွေကို စနစ်တကျ သိမ်းထားဖို့နဲ့ Bibliography ထုတ်ဖို့ ဆိုရင် ဒါကို AI Plugin တွေနဲ့ တွဲသုံးရမယ်နော်။
၈. QuillBot
✅ https://quillbot.com
ကိုယ့်ရဲ့ စာသားတွေကို ပိုပြီး Academic ဆန်ဆန် ဖြစ်အောင် Paraphrase လုပ်ပေးဖို့ အတွက် တကယ့်ကို အသုံးတည့်တဲ့ Tool လေးလေ။
၉. Grammarly
✅ https://www.grammarly.com
Grammar အမှားတွေတင် မကဘဲ Academic Writing စံနှုန်းတွေနဲ့ ကိုက်ညီအောင် လေသံတွေကိုပါ ပြင်ပေးနိုင်လို့ စာတမ်းက ပိုကောင်းလာမှာပေါ့။
၁၀. Scholarcy
✅ https://www.scholarcy.com
Research Papers အရှည်ကြီးတွေကို Summary Flashcards လေးတွေ အဖြစ် ပြောင်းပေးတာမို့ အချိန်တိုအတွင်း အများကြီး ဖတ်နိုင်သွားမယ်တယ်နော်။
နောက်ကျမနေနဲ့တော့နော်၊ အခုပဲ စတင်ပြီး သူငယ်ချင်းတို့ရဲ့ Research Paper ကို AI နဲ့ အတူ အမြန်ဆုံး အပြီးသတ်လိုက်ရအောင်လေ။
တာ၊ Citation Analysis လုပ်တာနဲ့ Writing Refinement လုပ်တာတွေကို AI က အကုန် ကူညီပေးနိုင်လို့ပဲ။ အခုပြောပြမယ့် Tool ၁၀ ခုကိုသာ သိထားရင် သူငယ်ချင်းတို့လည်း Research Master ဖြစ်ပြီပေါ့။