14/06/2023
၁၄.၆.၂၀၂၃ရက်နေ့
သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏မေတ္တာ
အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင်သီတဂူအဓီပတိဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူနယ်လှည့်မျက်စိအထူးကုအဖွဲ့သည် သီတဂူရန်ကုန်စက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များကို ခွဲစိပ်ကုသပေးရာ (၁၃.၆.၂၀၂၃)ရက်နေ့တွင် မျက်စိဝေဒနာရှင် (၄၉၃)ဦးကို စမ်းသပ်စစ်ဆေးပေးပြီး မျက်စိဝေဒနာရှင်(၃၂)ဦးကို ခွဲစိပ်ကုသ အလင်းအလှူပြုလုပ်ခဲ့ပါသည။
သီတဂူနယ်လှည့်စက္ခုဒါနအဖွဲ့သည် မျက်စိဝေဒနာရှင်များကို (၁၈.၆.၂၀၂၃)ရက်နေ့တိုင်အောင်အခမဲ့ခွဲစိပ်ကုသပေးမည်ဖြစ်ပါကြောင်း ရိုသေစွာသတင်းကောင်းပါးလိုက်ပါသည်။
ထို့ကြောင်အနယ်နယ်အရပ်ရပ်ရှိ မျက်စိဝေဒနာရှင်များအနေဖြင့် (၁၈.၆.၂၀၂၃)ထက်နောက်မကျဘဲ အခမဲ့ လာရောက်စမ်းသပ်နိုင်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
🙏🙏🙏