28/12/2024
ရေခဲရေပုံးလိုက် လောင်းပြီး ဒေါ်လာသန်း 200 ကျော်ရခဲ့တဲ့ Campaign
ALS ICE Bucket Challenge
Campaign က ဘယ်ကနေဘယ်လိုစခဲ့တာလဲ ?
ဒီ campaign ကို 2014 ခုနှစ်မှာ Pat Quinn နဲ့ Pete Frates ဆိုတဲ့ လူနစ်ယောက်ကစခဲ့တာဖြစ်ပြီး သူတို့ လုပ်ခဲ့တဲ့ campaign လေးတစ်ခုကနေ လူ့အသက်ပေါင်းများစွာကို ကယ်နိုင်ခဲ့ပါတယ်။
Campaign အကြောင်းကိုရှင်းပြမယ်
Ice Bucket ဆိုတဲ့အတိုင်း Challenge ခေါ်ခံရတဲ့ သူက သူ့ကိုယ်သူ ရေခဲရေပုံးနဲ့လောင်းပြီး Social Media ပေါ်မှာ video တင်ရတာဖြစ်ပါတယ်။တင်တဲ့အချိန်မှာလဲ နောက်ထပ်လူ ၃ ယောက်ကို Challenge ထပ်ခေါ်လို့ရမှာဖြစ်ပါတယ်။
Campaign က စီးပွါးရေးအတွက် လုပ်တဲ့ campaign မဟုတ်ဘဲ ALS လို့ခေါ်တဲ့ အာရုံကြောတွေရပ်တန့်သေဆုံးသွားတဲ့ရောဂါခံစားနေရသူတွေအတွက် သုသေသနလုပ်ဖို့Fund ရှာတဲ့ Campaign ကြီးတစ်ခုဖြစ်ပါတယ်။ALS ကိုမြင်အောင်ပြောရမယ်ဆိုရင် Stephen Hawking ဖြစ်ခဲ့တဲ့ ရောဂါ က ALS ပါပဲ။
Campaign က ဘယ်လောက်ထိ Viral ဖြစ်ခဲ့လဲ ?
ဒီ Campaign မှာ Donal Trump,Bill Gates,Mark Zuckerberg,Justin Bieber,Taylor Swift,Kendrick Lamar,Dr.Dre,LeBron James အပြင်အခြား ကမ္ဘာကျော် နာမည်ကြီး celebrities တွေ,အားကစားသမားတွေ,နိုင်ငံံ့ခေါင်းဆောင်တွေအထိပါ ပါဝင်ခဲ့ကြပါတယ်။Facebook ပေါ်မှာ Videos ပေါင်း 1.2M,Twitter မှာ Tweets ပေါင်း 2M လောက်ထိရှိပြီး July နဲ့ August လတွေမှာဆိုရင် တစ်ရက်ကို tweets 70,000 ကျော်လောက်ကိုရရှိခဲ့ပါတယ်။ ဒီ Campaign လုပ်လိုက်တဲ့အချိန်မှာ ဒေါ်လာ ၁၁၅ သန်း လောက်ကို Fund အဖြစ်ရခဲ့တယ်။
မိတ်ဆွေတို့ထဲမှာရော ဒီ Campaign ကိုသိလိုက်တဲ့သူတွေရှိလား ? ဒီ Campaign ပေါ်မှာဘယ်လိုအမြင်တွေရှိလဲဆိုတာမျှဝေပေးသွားကြပါဦး။