Sitt Taung News

Sitt Taung News သတင်းမီဒီယာ

အိမ်ရှင်အသင်း ၃ သင်းလုံး ရှုံးပွဲမရှိဖြင့် စတင်ဖွင့်လှစ်လိုက်သည့်  2026  FIFA World Cup  World Cup
13/06/2026

အိမ်ရှင်အသင်း ၃ သင်းလုံး ရှုံးပွဲမရှိဖြင့် စတင်ဖွင့်လှစ်လိုက်သည့် 2026 FIFA World Cup

World Cup

မြန်မာအသင်းအတွက် ကိုးခုမြောက်ရွှေတံဆိပ်ဆုကို ဗိုဗီနမ်ပြိုင်ပွဲမှ  ဆွတ်ခူးဗီယက်နမ်  ၊ မေ ၂၂ ယနေ့ယှဉ်ပြိုင်ခဲ့သည့် အရှေ့တေ...
22/05/2022

မြန်မာအသင်းအတွက် ကိုးခုမြောက်ရွှေတံဆိပ်ဆုကို ဗိုဗီနမ်ပြိုင်ပွဲမှ ဆွတ်ခူး

ဗီယက်နမ် ၊ မေ ၂၂

ယနေ့ယှဉ်ပြိုင်ခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲတွင် Male Leg attack technique 04 males, each performs 2 legs attack technique ပွဲစဉ်၌ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအားကစားအဖွဲ့မှ အောင်ခိုင်လင်း၊ ရာဇာထွန်း၊ ဟိန်းထက်အောင် နှင့် ကျော်သူစိုးအောင်တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမ (ရွှေတံဆိပ်)ဆုကို ဆွတ်ခူးရရှိခဲ့သည်။

ထို့ပြင် ယနေ့ယှဉ်ပြိုင်ခဲ့သည့် ဗိုဗီနမ်ပြိုင်ပွဲတွင် (60kg) အတိုက်ဆီမီးဖိုင်နယ်ပွဲစဉ်၌ မြန်မာအားကစားမယ် ရွှေသက်ထားက ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး တတိယ(ကြေးတံဆိပ်)ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာအားကစားအဖွဲ့များအနေဖြင့် လက်ရှိအချိန်ထိ ရွှေတံဆိပ် ၉ခု ၊ ငွေတံဆိပ် ၁၈ခုနှင့် ကြေးတံဆိပ် ၃၂ ခု ဆွတ်ခူးရရှိထားပြီး နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နေကာ အိမ်ရှင်ဗီယက်နမ်အနေဖြင့် ရွှေတံဆိပ် ၁၉၂ ခု ၊ ငွေတံဆိပ် ၁၁၅ ခုနှင့် ကြေးတံဆိပ် ၁၀၉ ခုတို့ဖြင့် နိုင်ငံအလိုက်အဆင့် ၁ တွင် ပြတ်ပြတ်သားသား ရပ်တည်နေကြောင်း သိရသည်။

Photo-SYA

Photo News ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ မကြီးကြီးလမ်းတွင် ယနေ့ နံနက် ၁၀...
22/05/2022

Photo News

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ မကြီးကြီးလမ်းတွင် ယနေ့ နံနက် ၁၀နာရီခွဲခန့်က သစ်ပင်လဲကျမှုဖြစ်ပွားပြီး ရပ်ထားသော Nissan TIIDA အမျိုးအစား(အနက်ရောင်)ယာဉ်ပေါ်သို့ ပိမိခဲ့ကြောင်း သိရသည်။

ယင်းနေရာသို့ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရပြီး ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

PHOTO -MFSD

ဆီးဂိမ်း တတိယနေရာလုပွဲတွင် ဖိလစ်ပိုင်ကိုရှုံးတဲ့ မြန်မာအမျိုးသမီးအသင်းရန်ကုန်၊ မေ ၂၁ ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည...
21/05/2022

ဆီးဂိမ်း တတိယနေရာလုပွဲတွင် ဖိလစ်ပိုင်ကိုရှုံးတဲ့ မြန်မာအမျိုးသမီးအသင်း

ရန်ကုန်၊ မေ ၂၁

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းက မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။

photo- MFF

ရွှေသုဝဏ်ဆရာတော်ကြီး ပျံလွန်တော်မူရန်ကုန် ၊ မေ ၂၁နိုင်ငံတော်သြဝါ ဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဘိဓဇမဟာရဋ္ဌဂုရု ၊ အဂ္...
21/05/2022

ရွှေသုဝဏ်ဆရာတော်ကြီး ပျံလွန်တော်မူ

ရန်ကုန် ၊ မေ ၂၁

နိုင်ငံတော်သြဝါ ဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဘိဓဇမဟာရဋ္ဌဂုရု ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသဒ္ဓိယ D.Litt (Doctor of Literature) ရွှေသုဝဏ်ဆရာတော်ဘုရားကြီးသည် ယနေ့ နံနက်(၁:၄၀)နာရီတွင် အမှတ်(၂ )တပ်မတော်ဆေးရုံ (ကုတင် ၅၀၀)၌ ဆေးကုသမှု ခံယူနေရာမှ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။

ဆရာတော်ကြီး၏ ကြွင်း ကျန်ရစ်သည့် ရုပ်ကလာပ်တော်အား ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ် ကွက်၊ ရွှေသုဝဏ်ကျောင်းတိုက်တွင် မေလ၂၈ရက်ထိ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ၊ မြဝတီ မြို့နယ်အတွင်း ယနေ့(မေ ၂၁) မွန်းလွဲပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ...
21/05/2022

ကရင်ပြည်နယ် ၊ မြဝတီ မြို့နယ်အတွင်း ယနေ့(မေ ၂၁) မွန်းလွဲပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ တိုးဝင်မြင့်တက်လာခြင်းနှင့်အတူ မိုးရေကြောင့် ရပ်ကွက်အနိမ့်ပိုင်း နေရာများ ရေကြီးရေလျှံ မှုများဖြစ်ပေါ် နေလျက်ရှိကြောင်း သိရသည်။

Photo-CJ

မြေငလျင်သတင်း၂၀၂၂ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၄)မိနစ်၊ (၀၇)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စ...
21/05/2022

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၄)မိနစ်၊ (၀၇)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထန်တလန်မြို့၏ မြောက်ဘက် (၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၃)ဒီဂရီ၊ အနက် (၃၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

credit -မိုး/ဇလ

မြန်မာနိုင်ငံအတွက် ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကိုဆွတ်ခူးပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦးရန်ကုန်၊ မေ ၁၈ (၃၁)ကြိမ်မြောက်အရှေ့တောင်အ...
18/05/2022

မြန်မာနိုင်ငံအတွက် ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကိုဆွတ်ခူးပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦး

ရန်ကုန်၊ မေ ၁၈

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်အားကစားနည်း၏ (အမျိုးသမီး)နှစ်ယောက်တွဲ လက်နက်မဲ့ အပြပြိုင်ပွဲ၌ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင်တို့မှ မြန်မာနိုင်ငံအတွက် ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကိုဆွတ်ခူးရရှိခဲ့သည်။

photo- SYA

အိမ်ရှင်ဗီယက်နမ်ကိုရှုံးလို့ မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ရန်ကုန် ၊ မေ ၁၈ ဗီယက်နမ်နိုင်ငံမှာ မတ်လ ၁၈ ရက...
18/05/2022

အိမ်ရှင်ဗီယက်နမ်ကိုရှုံးလို့ မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲနှင့် လွဲချော်

ရန်ကုန် ၊ မေ ၁၈

ဗီယက်နမ်နိုင်ငံမှာ မတ်လ ၁၈ ရက် ဒီနေ့ညနေပိုင်းကန်သွားတဲ့ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင် နယ်ပွဲစဉ်မှာ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းက မြန်မာအမျိုးသမီးအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နောက် ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ဒါကြောင့် မြန်မာအမျိုးသမီးအသင်းဟာ တတိယနေရာလုပွဲအဖြစ် ထိုင်းအသင်းကိုရှုံးတဲ့ ဖိလစ်ပိုင်နဲ့ ကစားရ မှာဖြစ်ပါတယ်။

အိမ်ရှင်ဗီယက်နမ်ကတော့ ထိုင်းအမျိုးသမီးအသင်းနဲ့ ဗိုလ်လုရတော့မှာဖြစ်ပါတယ်။

photo- MFF

စင်ကာပူကိုနိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာအမျိုးသမီးအသင်း ဗီယက်နမ် ၊ မေ ၁၅ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အ...
15/05/2022

စင်ကာပူကိုနိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာအမျိုးသမီးအသင်း

ဗီယက်နမ် ၊ မေ ၁၅

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာနှင့် စင်ကာပူအသင်းတို့ ယနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များ အပြီးတွင် ၃ ပွဲကစား ရမှတ်(၇) မှတ်ဖြင့် အကြိုဗိုလ်လုပွဲ သို့ တက်ရောက်သွားခဲ့ခြင်း
ဖြစ်သည်။

Photo- MFF

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Alerts

Be the first to know and let us send you an email when Sitt Taung News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sitt Taung News:

Share