JPMM Hub

JPMM Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JPMM Hub, Digital creator, Yangon.

အီရန်အ​ရေး​ကြောင့် ဂျပန်​ပေါ် ဘာ​တွေ သက်​ရောက်မှု ရှိမလဲ❓🇯🇵🇮🇷အရင်ဆုံး ဂျပန်နဲ့အီရန်က ဘယ်လိုဆက်ဆံ​ရေးမျိုးရှိလဲဆိုတာ သ်ိထ...
23/06/2025

အီရန်အ​ရေး​ကြောင့် ဂျပန်​ပေါ် ဘာ​တွေ သက်​ရောက်မှု ရှိမလဲ❓🇯🇵🇮🇷

အရင်ဆုံး ဂျပန်နဲ့အီရန်က ဘယ်လိုဆက်ဆံ​ရေးမျိုးရှိလဲဆိုတာ သ်ိထားဖို့လိုပါတယ်။ တကယ်​တော့ ဂျပန်နဲ့ အီရန် ဆက်ဆံရေးဟာ နှစ်ရှည်ကာလများစွာတည်းက တည်ရှိခဲ့တာပါ။ နှစ်နိုင်ငံဆက်ဆံ​ရေးမှာ Energy Security နဲ့ Diplomatic Engagement တွေက အဓိကကျပါတယ်။

________________
ရေနံတင်သွင်းမှု _ Oil Imports 🛢

အားလုံးသိတဲ့အတိုင်း ဂျပန်ဟာ သဘာဝသယံဇာတ နည်းပါးတာကြောင့် Crude Oil နဲ့ Natural Gas ကို ပြည်ပကနေ Highly Dependent လုပ်ကိုလုပ်ရပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေမှာဆိုရင် အီရန်ဟာ ဂျပန်ရဲ့ အဓိကရေနံတင်ပို့သူ ဖြစ်ခဲ့ပြီး စုစုပေါင်း ရေနံတင်သွင်းမှုရဲ့ ၅၀% နီးပါး အထိရှိခဲ့ဖူးပါတယ်လို့သိရပါတယ်။ (Source: The Jerusalem Strategic Tribune)
၁၉၇၉ အီရန် အစ္စလာမ်မစ်တော်လှန်ရေး နောက်ပိုင်းမှာတောင် ၂၀၁၁ ခုနှစ်အထိ ဂျပန်ရဲ့ ရေနံတင်သွင်းမှုရဲ့ ၁၀% ဝန်းကျင်ဟာ အီရန်ကနေ လာခဲ့ပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကြောင့် International Sanctions တွေ ကျရောက်လာတဲ့အခါ ဂျပန်ဟာ အီရန်ဆီက ရေနံတင်သွင်းမှုကို သိသိသာသာ လျှော့ချခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် စာရင်းအရဆိုရင်​တော့ ဂျပန်ရဲ့ Crude Oil တင်သွင်းမှုရဲ့ ၉၀% ကျော်ဟာ Middle East ဒေသကနေ လာတာဖြစ်ပြီး၊ အဓိကအားဖြင့် ဆော်ဒီအာရေဗျ (Saudi Arabia)၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နဲ့ ကူဝိတ် (Kuwait) တို့ကနေ ဖြစ်ပါတယ် (Source: IEA, Enecho)။

________________

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု (Business & Investment)💴

ရေနံကဏ္ဍအပြင် ဂျပန်ကုမ္ပဏီတွေဟာ အီရန်ရဲ့ Infrastructure Development အပြင် Automobile Industry ​တွေနဲ့ အခြား​သော Industrial Sectors တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ရှိခဲ့ဖူးပါတယ်။

ဥပမာ - ၁၉၉၂ ဘဏ္ဍာရေးနှစ်မှာ ဂျပန်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Direct Investment) ဟာ အီရန်မှာ အမေရိကန်ဒေါ်လာ ၃၇၈ သန်း (US$378 million) ရှိခဲ့ပါတယ် (Source: MOFA Japan) ။

ဒါပေမဲ့ နိုင်ငံတကာရဲ့ Sanctions တွေကြောင့် Direct Investment နဲ့ Trade တွေ အများစုဟာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဂျပန်ရဲ့ အီရန်အပေါ် Outward Foreign Direct Investment Position ဟာ JPY 1,433.676 million ( roughly US$9.1 million) သာရှိပါ​တော့တယ် (Source: CEIC Data)။
________________

သံတမန်အခန်းကဏ္ဍ (Diplomatic Role) 📢

ဂျပန်ဟာ Middle East ဒေသရဲ့ Stability ကို အလေးထားပြီး Non-Confrontational Diplomacy ကို ကျင့်သုံးတဲ့ နိုင်ငံပါ။ ဒါကြောင့် အီရန်နဲ့လည်း Good Diplomatic Relations ကို ထိန်းသိမ်းထားလေ့ရှိပြီး ဒေသတွင်း Tensions တွေကို လျှော့ချရာမှာလည်း Mediator တစ်ဦးအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အရင်ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကိုယ်တိုင် ၂၀၁၉ ခုနှစ်မှာ အီရန်ကို သွားရောက်ခဲ့ဖူးပြီး​တော့ US-Iran Tensions တွေကို လျှော့ချဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဂျပန်ရဲ့ ဒီလိုdiplomacy ချဉ်းကပ်မှုအရ Energy Security နဲ့ Regional Peace နဲ့ ပတ်သက်ပြီး အီရန်အပေါ် စိတ်ဝင်စားမှုရှိတယ်လို့ ယူဆလို့ရပါတယ်။

______________________________________________________

လက်ရှိ အရှေ့အလယ်ပိုင်း အီရန်အရေးက ဂျပန်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ ❓

လက်ရှိ အစ္စရေး/အ​မေရိကန်-အီရန် တင်းမာမှုတွေအပါအဝင် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ဂျပန်အတွက် ​တော်တော်သိသာမယ့် Concerns အကြီးကြီးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

⚠️ရေနံစျေးနှုန်းများ မြင့်တက်မယ် (Oil Price Spikes)

Middle East ဒေသဟာ ကမ္ဘာ့ရေနံထွက်ရှိမှုရဲ့ လုံးဝ Critical Part တစ်ခု ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ရေနံနဲ့ ရေနံထွက်ကုန် ၂၀% ခန့် (တစ်နေ့ကို ပျမ်းမျှ စည် ၂၀ သန်း) ဟာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကနေ ဖြတ်သန်းပါတယ်။ အီရန်နဲ့ပတ်သက်တဲ့ Geopolitical Tensions တွေ ပိုမိုပြင်းထန်လာရင် Global Oil Prices တွေ အကြီးအကျယ် မြင့်တက်လာနိုင်တယ်ပါတယ်။ ဒိလိုဆိုရင် ဂျပန်ဟာ ရေနံကို ပြည်ပကနေ အဓိကတင်သွင်းရတာကြောင့် ရေနံစျေးနှုန်း တိုးလာတာနဲ့အမျှ ဂျပန်စီးပွားရေးအပေါ် ကြီးကြီးမားမား Impact ရှိလာနိုင်ပါတယ်။ အ​ခြေခံအားဖြင့် ဂျပန်မှာ Energy Costs တွေ တိုးလာပြီး Manufacturing Costs တွေလည်း မြင့်တက်လာနိုင်ပါတယ်။ ဆို​တော့ အခုဆီ​စျေးနဲ့ ကားစီးလို့မရ​လောက်​တော့ပါဘူး။

⚠️ရေနံထောက်ပံ့မှု လမ်းကြောင်းများ ထိခိုက်နိုင်(Disruption to Supply Routes)

အရှေ့အလယ်ပိုင်းမှာ Escalation of Conflict ဖြစ်လာရင် ရေနံတင်ပို့ရာမှာ အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားလို Chokepoints တွေ ပိတ်ဆို့ခံရနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ Strait of Hormuz ကနေ ဖြတ်သန်းသွားတဲ့ Crude Oil နဲ့ Petroleum Product တွေရဲ့ ၈၃% - ၈၄% ဟာ အာရှဈေးကွက်ကို ဦးတည်ပါတယ်။ အဲဒီအထဲမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့ဟာ Crude Oil စီးဆင်းမှုရဲ့ ၆၉% ကို ရယူခဲ့ပါတယ် (Source: Financial Express quoting EIA)။ ဆို​တော့ ဒီလိုဖြစ်ခဲ့ရင် ဂျပန်ရဲ့ Energy Supply Chain Security ကို ကြီးမားစွာ ထိခိုက်စေပြီး ဂျပန်စီးပွားရေးမှာ ​မ​ရေတွက်နိုင်တဲ့ Challenges တွေ ရင်ဆိုင်လာရနိုင်ပါတယ်လို့ ယူဆနိုင်ပါတယ်။

⚠️ဒေသတွင်း တည်ငြိမ်ရေးနှင့် ဂျပန်၏ သံတမန်အခန်းကဏ္ဍ (Regional Stability & Japan's Diplomatic Role)

ဂျပန်ဟာ Middle East ဒေသမှာ Peace and Stability ကို ​ခေတ်အဆက်ဆက် အပြင်းအထန်ဆုံး လိုလားသူပါ။ အီရန်နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာရင် ဒေသတွင်း Instability တွေ များပြားလာပြီး ဂျပန်ရဲ့ ဒေသတွင်း Investments နဲ့ Business Operations တွေကို ထိခိုက်စေနိုင်ပါတာ​ကြောင့်ပါ။

⚠️ရေကြောင်းလုံခြုံရေး (Maritime Security):

အခုလက်ရှိအချိန် အ​ရှေ့အလယ်ပိုင်းဒေသပင်လယ်ပြင်မှာ Tensions တွေ တက်နေတာကြောင့် ဂျပန်ရဲ့ Merchant Vessels တွေရဲ့ ရေကြောင်းလုံခြုံရေး ကလည်း အဓိကစိုးရိမ်စရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဂျပန်ကြီးက သူ့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကာကွယ်ဖို့အတွက် ဂျပန်ကာကွယ်​ရေးတပ်(JSDF) ကို အ​ရှေ့အလယ်ပိုင်းဒေသမှာ ပုံမှန်စေလွှတ်ပြီး Information-Gathering Missions လိုမျိုး​တွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဒါ​ပေမယ့် အခုလိုတင်းမာမှုတွေကြောင့် JSDF လဲ တိုင်ပက်​နေပါလိမ့်မယ်။

🙏ကြားဝင်ဆောင်ရွက်ရင်​ရော?

ဂျပန်ဟာ အီရန်နဲ့ Western Powers (အထူးသဖြင့် US) ကြားမှာ Dialogue ကို မြှင့်တင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ Tensions တွေ ပိုမိုမြင့်မားလာပြီး Full-Blown Conflict အသွင်ဆောင်လာရင် ဂျပန်ရဲ့ Diplomatic Leverage နဲ့ Mediation Efforts တွေဟာ ဘယ်လိုမှ တိုးမ​ပေါက်နိုင်ပါဘူး ။
______________________________________________________

နိဂုံးအ​နေနဲ့ဆိုရင် လက်ရှိ အရှေ့အလယ်ပိုင်းဒေသရဲ့ အခြေအနေ၊ အထူးသဖြင့် အီရန်နဲ့ပတ်သက်တဲ့ Geopolitical Dynamics တွေဟာ ဂျပန်ရဲ့ Energy Security နဲ့ Overall Economic Stability အပေါ် တိုက်ရိုက် Impact ​တွေရှိလာနိုင်ပါတယ်။ ဒါ့​ကြောင့် အ​ရှေ့အလယ်ပိုင်းဒေသတွင်း Peace and Stability အတွက်လည်း Diplomatic Initiatives တွေကို ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိပါတယ်။ (​၂ဖက်လုံး တော်ကြပါ​တော့လို့ ထိုင်​အော်​ဦးမှာပါ🤣) ဂျပန်ကြီးအတွက် အ​ရှေ့အလယ်ပိုင်း​ဒေသရဲ့တည်ငြိမ်မှုဆိုတာ အ​ရေးကြီးပါတယ်။ ဘာလို့လဲဆို​တော့ သူတို့ရဲ့ စီးပွားရေး "Lifeline" က အ​ရှေ့အလယ်ပိုင်းကရေနံဖြစ်​နေလို့ပါပဲ။

ဘယ်လိုဖြစ်မလဲဆိုတာ​တော့ ဆက်​စောင့်ကြည့်ရပါမယ်။ 👽

Japan-Myanmar Hub | JPMM Hub | 20250623

Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when JPMM Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JPMM Hub:

Share