Thingangyun News

Thingangyun News The News of Thingangyun Township

14/09/2025

ဆိုင်ကယ်ဘေးတွဲများကို ရပ်ကွက်များထဲအထိ ဝင်ရောက်ဖမ်းဆီးနေပြီဖြစ်သည်။ယခင်က လမ်းမကြီးများအပေါ်၌သာ ဖမ်းလေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ရပ်ကွက်များထဲအထိ ဝင်ရောက်ဖမ်းဆီးနေကြောင်း သတင်းရသည်။
ဘေးတွဲမောင်းသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို အပြည့်အဝလိုက်နာပြီး မောင်းနှင်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။

#မိဘပြည်သူများ_လူလုပ်ဘေးအပေါင်းမှ_အမြန်ကင်းဝေးကြပါစေ

စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ စကစ က တရားဝင် သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။မတော်မတရား ခြိမ်းခြောက်ငွေညှစ်ပါက တိုင်ကြား၍ ရပါ...
07/09/2025

စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ စကစ က တရားဝင် သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။မတော်မတရား ခြိမ်းခြောက်ငွေညှစ်ပါက တိုင်ကြား၍ ရပါသည်။ကိုယ်ဘက်ကသာ အထောက်အထားအတိအကျနှင့် တိုင်ဖို့လိုပါသည်။
စစ်မှုထမ်းအမည်စာရင်း ဖျောက်ပေးထားမည်။မဲနှိုက်ရာတွင် မပါအောင်လုပ်ပေးမည်ဟု ပြောဆိုကာ ငွေကြေးကောက်ခံပါက တိတိကျကျ တိုင်ကြားပါ။ထိုသူများသည် လိမ်လည်ပြီး ကိုယ်ကျိုးရှာနေသူများဖြစ်သည်။ စကစ လက်အောက်ရှိ မည်သူမဆို စကစ မှ ထုတ်ပြန်ထားသော ဥပဒေနှင့် ညွှန်ကြားချက်များကို မလိုက်နာဘဲ ကိုယ်ကျိုးစီးပွားရှာနေပါက စကစ (စကမ)မှ ပြတ်ပြတ်သားသား အရေးယူလိမ့်မည်ဖြစ်သည်။
ရွေးကောက်ပွဲ ကနဦးလုပ်မည့် မြို့နယ်များထဲ သင်္ဃန်းကျွန်းပါနေ၍ သင်္ဃန်းကျွန်းရှိပြည်သူများ အခက်တွေ့မည့်ကိစ္စများ စကမ လုပ်မည်မထင်ပါ။ဘယ်လောက်ရာထူးရှိရှိ စစ်မှုထမ်းအတွက် ငွေတောင်းခြင်းခံရပါက ရဲရဲတိုင်ပါ။ရဲရဲဖြေရှင်းကြပါ။

31/08/2025

၂၉-၈-၂၀၂၅ ရက်နေ့ ည ၉:၃၀ ခန့်၌ စုပေါင်း ၅၃ အရက်အေးဂျင့်ဆိုင်ဘေး၌ အရက်သောက်နေသူအားလုံးကို စကမ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရသည်။

18/08/2025

လူကုန်ကူးမှုများ အရှိအဟုန်ဖြင့် တိုက်ဖျက်ဖို့ လိုအပ်နေပြီဖြစ်သည်။
နိုင်ငံ၏ လတ်တလော အခြေအနေအရ လူငယ်လူရွယ်များ ရသည့်နည်းမျိုးစုံဖြင့် နိုင်ငံတကာသို့ ထွက်ခွာရန်ကြိုးပမ်းနေကြသည့်အချက်ကို အခွင့်ကောင်းယူကာ လူလိမ်များက ဟိုနိုင်ငံ ဒီနိုင်ငံ ပို့ပေးမည်ဟုဆိုပြီး အသိပညာနည်းပါးသော ဒေသအတော်များများ၌ ငွေကြေးလိမ်လည်ယူကြသည့် ဖြစ်ရပ်များစွာ ကြားသိနေရသည်။ကလိမ်ကကျစ် လူလိမ်များက မှတ်ပုံတင်မရှိ နိုင်ငံကူးလက်မှတ်မရှိသူများကိုပင် နိုင်ငံခြားအရောက် အလုပ်ပါတခါတည်းအရဆိုကာ ကျပ်သိန်းသုံးဆယ်၊လေးဆယ် လိမ်လည်တောင်းယူကြသည့်အပြင် တချို့လူလိမ်များက လူငယ်လူရွယ်များကို ကျားဖောင်လုပ်ငန်းများ၊ကျားဖြန့်လုပ်ငန်းများ စသည့်နေရာများသို့ ရောင်းစားတက်ကြသည်။မိသားစုများမှာ တပူမှနှစ်ပူ နှစ်ပူမှသုံးပူ အပူလုံးဆင့်ကာ ငွေဆုံးရှုံးကြရသည့်အပြင် ကိုယ့်သားသမီး ဘယ်ဘဝရောက်နေလဲပါ မသိရကြသည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။
လွန်ခဲ့သော တနှစ်နီးပါးက သင်္ဃန်းကျွန်းရှိ ဘုန်ကြီးကျောင်းတကျောင်း၌ လူဆယ့်ငါးဦးခန့် ရောက်ရှိနေသည်။အားလုံးမှာ တရွာတည်းကဖြစ်သည်။နိုင်ငံခြားပို့ပေးမည်ဟု လိမ်လည်သူက ရန်ကုန်သို့ ခေါ်သောကြောင့် ရောက်ရှိနေခြင်းဖြစ်သည်။သူတို့အားလုံး အလိမ်ခံလိုက်ရသည်။
စကစ မှလည်း ဝန်ထမ်းသားသမီးများပင်မချန် နိုင်ငံအတွင်းမှ လူငယ်များ ထွက်ခွာနေမှုကို ဥပဒေများထုတ်ကာ ပိတ်ပင်နေဆဲဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတော်တော်များများ၌ နိုင်ငံခြားပို့ပေးမည်၊ ဝင်ငွေကောင်းသည့် အလုပ်ရမည်၊ဘာစာရွက်စာတမ်းမှ မလို၊ငွေသုံးလေးဆယ်သိန်းပေး အပြီးဟုဆိုကာ ရိုက်စားလုပ်နေသည့် လူကုန်ကူး အဖွဲ့များ စိမ့်ဝင်ပျံ့နှံ့နေပြီဖြစ်သည်။
မည်သည့်နိုင်ငံကမှ နိုင်ငံကူးလက်မှတ်မရှိသူများကို လက်မခဲကြပါ။အရင်လို ခိုးဝင်ကြဖို့လဲ မလွယ်ကူကြတော့ပေ။ယိုးဒယားသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာများ နေ့စဉ်နီးပါး အဖမ်းခံနေကြရပါသည်။
ကိုယ့်ပတ်ဝန်းကျင်၌ တရုတ်အရောက် ဘယ်လောက်၊ယိုးဒယားအရောက်ဘယ်လောက်၊မလေးအရောက်ဘယ်လောက်ဆိုသူများ တွေ့မြင်ကြားသိပါက တုံ့ဆိုင်းမနေဘဲ သက်ဆိုင်ရာသို့ ဟဲလို လုပ်ကြပါရန် မိဘပြည်သူများအား တိုက်တွန်းအပ်ပါသည်။

16/08/2025

မူလွန်ကျောင်းတကျောင်း၌ ငါးတန်းကျောင်းသားတချို့ ကျောင်းထဲ ဖဲထုပ်ယူလာရာ ဆရာ၊ဆရာမတွေ မိသော်လည်း ကျောင်းသားများက ပြန်တောင်း၍ ပြန်ပေးလိုက်သည်ဟု သတင်းရသည်။ထိုကျောင်း၌ အသစ်ရောက်နေသည့် ကျောင်းဆရာတယောက်က စာတပုဒ်မရပါက ထိုင်ထအခါ ၂၀၀လုပ်ခိုင်းတက်သော်လည်း ဖဲထုပ်ကျောင်းယူလာသည့် ကျောင်းသားများကို အရေးယူခြင်း မရှိခဲ့ဟု ကြားရသည်။
၀,၁,၂,၃,၄,၅,၆,၇,၈,၉,၀ ဂဏန်းများပါသည့် လေးစင်တီမီတာခန့်ရှိသော စက္ကူအရုပ်ကဒ်များဖြင့် ဖဲချကြသည်ကို အားမရကြတော့ဘဲ ဖဲထုပ်အစစ်များဖြင့် လောင်းကစားလုပ်ကြရန် အားထုတ်လာကြခြင်းဖြစ်သည်။
ကျောင်းအုပ်ဖြစ်သူက ကျောင်းအပ်နှံရေးကာလ၌ပင် တကိုယ်တော်ကျောင်းအပ်ခံပြီး အလှူခံငွေများကောက်ယူခဲ့ကာ လစဉ်နီးပါး မိဘများကို အစည်းအဝေးအကြိမ်ကြိမ်ခေါ်ကာ အလှူခံနေတုန်းဟု သတင်းရသည်။ယခုလပိုင်းအတွင်း ကျောင်းပတ်ဝန်းကျင်နှင့် အတော်အလှမ်းဝေးသည့်နေရာရှိ စက်ဘီးပြင်ဆိုင်၊ကွမ်းယာဆိုင်များကို စည်ပင်ခေါ်၍ ဖျက်ခိုင်းခဲ့သည်။
တိုင်းပြည်၌ စလော့ဂိမ်းများ၊နှစ်လုံးထီ၊ဘောလုံးလောင်းကစားများကြောင့် မိသားစုများ ဘဝပျက်နေကြပြီလည်းဖြစ်သည်။လူငယ်များဆိုရင်လည်း မူးယစ်ဆေးဝါးနှင့်ကင်းသူကို လက်ချိုးရေတွက်လို့ ရတော့မည့်ပုံစံဖြစ်နေပါပြီ။
ဆင်ခြင်တုံ့တရား အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် ဝေခွဲတက်ဖို့ ပညာတက်ဖို့ လိုအပ်သည်။ ပညာရေးကောင်းမှ တိုင်းပြည်အနာဂတ်ကောင်းမည်။ပညာရေးကောင်းဖို့ မူလတန်းအဆင့်မှပင် ပြုစုပျိုးထောင်ဖို့ လိုအပ်သည်။အတုမြင် အတက်သင်လွယ်သော ယခုခေတ်မျိုးဆက်သစ်ကလေးများရှေ့၌ မိဘ၊ဆရာများကိုယ်တိုင် အနေအထိုင် အပြောအဆို အစားအသောက်ကအစ ဆင်ဆင်ခြင်ခြင်နေတက်ဖို့ အထူးလိုအပ်လှပါသည်။

အချိန်တန်ရင် သူတို့နိုင်ငံကခေါင်းဆောင်တွေ ထုတ်ပေးမှာပဲအတွေးနဲ့ နိုင်ငံငယ်တွေပတ်ပြီး လူပါးဝ‌ေနတာလားမသိ။သူတို့နိုင်ငံထဲမှာ...
08/08/2025

အချိန်တန်ရင် သူတို့နိုင်ငံကခေါင်းဆောင်တွေ ထုတ်ပေးမှာပဲအတွေးနဲ့ နိုင်ငံငယ်တွေပတ်ပြီး လူပါးဝ‌ေနတာလားမသိ။သူတို့နိုင်ငံထဲမှာ သူတို့လုပ်ချင်ရာ မလုပ်ကြဘဲ သူတို့တော့ မထိရဲပါဘူးအထင်နဲ့ သူများနိုင်ငံတွေထဲ မဖွယ်မရာတွေ လုပ်နေကြတယ်။

Photo-BBC Burmese

အမှတ်စာရင်းများ ထုတ်ပေးခဲ့ရာတွင် လျင်လျင်မြန်မြန် ရရှိစေရန် စေတနာထားဆောင်ရွက်ခဲ့သော်လည်း ဆာဗာချို့ယွင်းမှုကြောင့် အမှားအ...
05/08/2025

အမှတ်စာရင်းများ ထုတ်ပေးခဲ့ရာတွင် လျင်လျင်မြန်မြန် ရရှိစေရန် စေတနာထားဆောင်ရွက်ခဲ့သော်လည်း ဆာဗာချို့ယွင်းမှုကြောင့် အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ဟု ပညာရေးဌာနက ပြန်လည်ဖြေကြားထားသည်။
အောင်စာရင်းတွင် ပါဝင်ခဲ့သူများ တကယ်အောင်ကြပြီဟု ထင်မြင်မိသည်။

Photo-internet

ဩဂုတ်လအတွင်း မီးပေးမည့် အချိန်စာရင်းPhoto-internet
31/07/2025

ဩဂုတ်လအတွင်း မီးပေးမည့် အချိန်စာရင်း

Photo-internet

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(သုဝဏ္ဏ))
26/07/2025

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(သုဝဏ္ဏ))

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(၁))
26/07/2025

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(၁))

Address

Yangon
11071/11072

Website

Alerts

Be the first to know and let us send you an email when Thingangyun News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thingangyun News:

Share