Myanmar Digital Life

Myanmar Digital Life Everything is Digital / Digital is Everything

နည်းပညာဆာလောင်နေတဲ့ လူကြီးလူငယ်မရွေး ဖတ်ရှုနိုင်ပြီး နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ နည်းပညာရပ်ဝန်းရှိ ပြည်တွင်း၊ ပြည်ပကိစ္စရပ်တွေကို ဖော်ပြပေးနေတဲ့ IT Knowledge Sharing သတင်းစာမျက်နှာ ဖြစ်ပါတယ်။

အသုံးဝင်တဲ့ စွမ်းအားပြည့် AI လုပ်‌ဆောင်ချက်တွေနဲ့ OPPO Pad Air 5 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ==============ကမ္ဘာ့ထိပ်တန...
22/07/2026

အသုံးဝင်တဲ့ စွမ်းအားပြည့် AI လုပ်‌ဆောင်ချက်တွေနဲ့ OPPO Pad Air 5 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ
==============
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က ဒီနေ့မှာတော့ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေပါရှိသလို ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်၊ မြင့်မားလှတဲ့ အရည်အသွေး ပါရှိတဲ့ ရုပ်ထွက်ပိုင်း နဲ့ အသံပိုင်းအခြေအနေ၊ စွမ်းအားပြည့် AI လုပ်ဆောင်ချက်တွေကို အသုံးပြုလာနိုင်မဲ့ မှတ်စုမှတ်သားခြင်းစနစ်နဲ့ ပိုမိုထိရောက်တဲ့ အချက်အလက်လွှဲပြောင်းကူးယူမှု အစရှိတဲ့ နေ့စဉ်သုံး စွမ်းရည်တွေအတွက် အထူး အဆင်ပြေအောင် ဖန်တီးထားတဲ့ OPPO Pad Air 5 ကို ၂,၇၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။

၁၂.၁ လက်မ ရှိပြီး 2.8K Eye-Comfort Display ပါရှိလာတဲ့ OPPO Pad Air 5 ဟာ Screen Time ကြာရှည်မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်စိညောင်းညာပင်ပန်းမှုတွေကို လျှော့ချပေးကာ ရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ကိုပါ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် 10,050mAh အရွယ်အစားရှိ ကြီးမားကာ ကြာရှည်ခံတဲ့ ဘက်ထရီနဲ့ Quad-Speaker Immersive Sound System တို့ ပါဝင်တဲ့အတွက် စာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းနှင့် ဖျော်ဖြေရေးအတွက် အချိန်ကြာမြင့်စွာ အနှောင့်အယှက်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် Cross-Platform Connectivity စွမ်းရည်ဖြင့် OPPO နဲ့ iOS device တွေအကြား အချက်အလက်ဒေတာတွေကို အချိန်နဲ့ တစ်ပြေးညီ ချောမွေ့စွာ လွှဲပြောင်းအသုံးပြုနိုင်တာကြောင့် ဘယ်လိုနေရာမျိုးမှာမဆို ချိတ်ဆက်အသုံးပြုနိုင်ပြီး လုပ်ငန်းဆောင်တာတွေကိုလဲ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Hardware အဆင့် Low Blue Light နည်းပညာနဲ့ Flicker-Free Display စွမ်းဆောင်ရည်တို့ ပါဝင်တဲ့အတွက် OPPO Pad Air 5 ဟာ ကမ္ဘာတစ်ဝန်းမှာဆိုရင် TÜV Rheinland Intelligent Eye Care 4.0 Certification ကို ရရှိထားတဲ့ OPPO ရဲ့ ပထမဆုံး Tablet ဖြစ်ပါတယ်။

ဒါအပြင် TÜV SÜD 48-Month Class A Fluency Certification ကိုလဲ ရရှိထားတာကြောင့် OPPO Pad Air 5 ဟာ လေးနှစ်တာကာလအတွင်း ချောမွေ့တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။

AI စွမ်းရည်နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း
--------------
OPPO Pad Air 5 ဟာ နေ့စဉ် စာသင်ယူခြင်းနဲ့ အလုပ်လုပ်ခြင်းတွေကို ပိုမိုထိရောက်စေဖို့အတွက် AI ကို အသုံးပြုပြီး မိမိရဲ့ မှတ်စုကို ပြန်လည် ရေးသားပြုစုနိုင်မဲ့ AI-Powered Note-Taking စွမ်းရည်တွေကို ထည့်သွင်းပေးထားပါတယ်။ အသံသွင်းထားတဲ့ အသံသွင်းမှတ်တမ်းပေါ် မူတည်ပြီး အတိုချုံးဖြစ်စဉ်ကို ပြန်လည်ဖော်ပြပေးတဲ့ AI Recording Summary ၊ ဘေးက ဆူညံသံတွေကို လျှော့ချပေးတဲ့ AI Noise Reduction ၊ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ခြင်းကို အမှန်ကန်ဆုံးဆောင်ရွက်ပေးနိုင်မဲ့ Real-Time Role-Based Transcription ၊ ယနေ့ခေတ် လူမှုကွန်ရက်မှာ ပိုအသုံးဝင်လာမဲ့ Smart Title Generation နဲ့ မတူညီတဲ့ အမျိုးမျိုးသော Multiple Summary အစရှိတဲ့ လက်တွေ့ဘဝမှာ အမှန်တကယ်အသုံးဝင်တဲ့ AI လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ပေးထားတာကြောင့် ကြာရှည်ချိန် ရှည်လျားတဲ့ သင်ခန်းစာတွေနဲ့ အစည်းအဝေးတွေကိုတောင် အချိန်တိုအတွင်း အကျဉ်းချုပ်ပြီး လွယ်ကူစွာ ပြန်လည်မှတ်တမ်းတင်နိုင်မဲ့ မှတ်တမ်းတွေအဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

အ‌ချောမွေ့ဆုံး ချိတ်ဆက် ဆက်သွယ်မှုများဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်စေမဲ့ OPPO Pad Air 5
--------------
OPPO Ecosystem အတွင်းသာမက iPhone ၊ Mac ၊ Windows PC ၊ Insta360 တို့နဲ့ပါ ချောမွေ့စွာ ချိတ်ဆက်အသုံးပြုနိုင်မဲ့ OPPO Pad Air 5 ဟာ ခေတ်မီတဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ရုံသာမက နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလဲ ယခင်ကထက် ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ် ကွန်ရက်မျှဝေသုံးစွဲခြင်း OPPO Pad Air 5 နဲ့ OPPO စမတ်ဖုန်းတို့ကို တူညီတဲ့ OPPO Account ဖြင့် ဝင်ရောက်အသုံးပြုထားမယ်ဆိုပါက စက်နှစ်ခု နီးကပ်နေတဲ့အချိန်မှာ OPPO Pad Air 5 ဟာ OPPO စမတ်ဖုန်းက Mobile Data ကို ကိုယ်တိုင်ပင် Hotspot ဖွင့်ရန် မလိုအပ်ဘဲ အလိုအလျောက် ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ...
19/07/2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော အက်တမ်(ATOM) ၏ ‘ကံထူးရင်းကံမြူး’ အစီအစဉ် မှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင်သစ် (၃) ဦးအား ထုတ်ပြန်ကြေညာ
==============
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိသည့် ‘ကံထူးရင်းကံမြူး’ အစီအစဉ်၏ ဒုတိယသုံးလပတ် ကံထူးရှင် (၃) ဦးကို တရားဝင် ရွေးချယ် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် Sule Square ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပခဲ့ပြီး ကံထူးရှင်များမှ ယခုရရှိသော ဆုကြီးသည် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုလူနေမှု ဘဝအပေါ် မည်ကဲ့သို့ အပြုသဘောဆောင်သည့် ပြောင်းလဲမှုကောင်းများ သယ်ဆောင်လာကြောင်း ကျေးဇူးတင်စကားနဲ့အတူ မျှဝေပြောကြားခဲ့ကြသည်။ ယခုအကြိမ် မဲနှိုက်ရွေးချယ်မှုနှင့်အတူ အက်တမ်(ATOM) အနေဖြင့် ပထမနှစ်ဝက်ကာလအတွင်း၌ ကျပ်သိန်း (၁,၀၀၀) ကံထူးရှင် စုစုပေါင်း (၆) ဦးအထိ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်သည် သုံးစွဲသူများ၏ ယုံကြည်အားပေးမှုကို အသိအမှတ်ပြုရန်၊ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဖန်တီးပေးရန်နှင့် နေ့စဉ် အက်တမ်(ATOM) ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှတစ်ဆင့် ထပ်ဆောင်း ဆုလာဘ်များကို ပိုင်ဆိုင်ကာ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြုလုပ်သွားမည့် ဤ ‘ကံထူးရင်းကံမြူး’ အစီအစဉ်တွင် စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်းပေါင်း (၁၂,၀၀၀) အထိ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ဧပြီလမှ ဇွန်လအထိ ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သော ကံစမ်းမဲလက်မှတ်များအနက် မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်မှ ကိုးတန်းကျောင်းသား ကိုခိုင်ခန့်ကျော်၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှ ကွမ်းသီးအရောင်းအဝယ် ပြုလုပ်သူ ဦးမောင်ဌေး နှင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ အရောင်းဝန်ထမ်း မဝင်းစန္ဒာ တို့သည် ကျပ်သိန်း (၁,၀၀၀) စီ အသီးသီးရရှိကာ အထူးဆုရှင် (၃) ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ အဆိုပါ အထူးဆုကြီးများအပြင် အခြားသော သုံးစွဲသူ ရာပေါင်းများစွာကိုလည်း ဖုန်းငွေဖြည့်ကတ်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပါဝင်ကံစမ်းသူများအတွက် ပိုမိုစိတ်လှုပ်ရှားစရာ အစီအစဉ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို တကယ်တမ်း ပြောင်းလဲတိုးတက်စေမယ့် အခွင့်အလမ်း ကောင်းတွေကို ဖန်တီးပေးပြီး မြန်မာပြည်သူတွေရဲ့ ဘဝကို ပိုမိုအနှစ်သာရရှိအောင် မြှင့်တင်ပေးဖို့ ကတိပြု ထားပါတယ်" ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။

ဇူလိုင်လလယ် မှစတင်၍ အက်တမ်(ATOM) သည် သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်၊ ချောမွေ့ပြီး ပွင့်လင်း မြင်သာမှုရှိသော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ နေ့စဉ်သုံးဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသည်နှင့်တစ်ပြိုင်နက် ကံစမ်းမဲလက်မှတ်များကို ချက်ချင်းရရှိနိုင်မည့်စနစ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် အက်တမ်(ATOM) ၏ first-to-market ဖြစ်သည့် ‘Angel Hour’ အစီအစဉ်မှတစ်ဆင့် နေ့တစ်နေ့၏ သတ်မှတ်ထားသော အချိန်အပိုင်းအခြားများတွင် ဝန်ဆောင်မှုရယူပါက ကံစမ်းခွင့်လက်မှတ် နှစ်ဆအထိ ပေးအပ်ပြီး ပိုမိုကံထူးနိုင်မည့် အခွင့်အရေးများကို ဆက်လက်ဖန်တီးပေးထားသည်။

အက်တမ်(ATOM) အနေဖြင့် စနစ်တကျ စိစစ်မှုများနှင့် အများပြည်သူရှေ့မှောက်တွင် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိသော ကံထူးရှင်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို အသေအချာ ပြုလုပ်ပေးလျက် ရှိသည်။ ‘ကံထူးရင်းကံမြူး’ အစီအစဉ်ကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ ဆက်လက်ပြုလုပ် သွားမည် ဟု သိရသည်။

မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ အကြား Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း ၁၀ သင်း  ===...
17/07/2026

မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ အကြား Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း ၁၀ သင်း
==============
ရန်ကုန်၊ မြန်မာ၊ ဇူလိုင် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် – မြန်မာနိုင်ငံရှိ ဘောလုံးဝါသနာရှင်များသည် ယခုလက်ရှိ ဘောလုံးပွဲစဉ်ကြီးကို Rakuten Viber ပေါ်တွင် အနီးကပ် စောင့်ကြည့်အားပေးခဲ့ကြသည်။ Viber အက်ပလီကေးရှင်းအတွင်းရှိ သီးသန့် ဘောလုံးကဏ္ဍ (football experience) ကြောင့် အသုံးပြုသူများသည် မိမိတို့ ကြိုက်နှစ်သက်သည့် နိုင်ငံလက်ရွေးစင်အသင်းများကို စိတ်ကြိုက်ရွေးချယ်နိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်လုံးတွင် ၎င်းတို့ရွေးချယ်ထားသော အသင်းများ၏ နောက်ဆုံးရ ပွဲစဉ်သတင်းများ၊ တိုက်ရိုက်ရလဒ်များနှင့် အဓိက ပွဲစဉ်အချက်အလက်များကို အချိန်နှင့် တပြေးညီ ရရှိနိုင်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများအကြား Follow လုပ်မှု အများဆုံး ထိပ်တန်း နိုင်ငံလက်ရွေးစင် ၁၀ သင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁. 🇵🇹 ပေါ်တူဂီ - ၁၅.၈၆ %
၂. 🇦🇷 အာဂျင်တီးနား - ၁၄.၀၂ %
၃. 🇧🇷 ဘရာဇီး - ၁၃.၂၈ %
၄. 🏴󠁧󠁢󠁥󠁮󠁧󠁿 အင်္ဂလန် - ၁၀.၅၈ %
၅. 🇫🇷 ပြင်သစ် - ၁၀.၀၆ %
၆. 🇪🇸 စပိန် - ၈.၃၀ %
၇. 🇩🇪 ဂျာမနီ - ၈.၀၀ %
၈. 🇯🇵 ဂျပန် - ၆.၉၇ %
၉. 🇺🇸 ယူအက်စ်အေ (အမေရိကန်) - ၆.၅၀ %
၁၀. 🇰🇷 တောင်ကိုရီးယား - ၆.၄၂ %

အဆိုပါ သီးသန့် ဘောလုံးကဏ္ဍကို ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် Viber ၏ မိုဘိုင်းဗားရှင်း၌ ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ ကြိုက်နှစ်သက်သည့် အသင်းများကို ရွေးချယ်ထားသော အသုံးပြုသူများသည် လာမည့် ပွဲစဉ်ဇယားများ၊ ပွဲကစားနေစဉ် တိုက်ရိုက်အခြေအနေများနှင့် နောက်ဆုံးရလဒ်များဆိုင်ရာ အသိပေးချက် (Notifications) များကို လက်ခံရရှိခဲ့ကြသည်။

ChatGPT ကို Viber တွင် စတင်အသုံးပြုနိုင်ပြီ==============ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် – Rakuten Viber သည် ...
30/06/2026

ChatGPT ကို Viber တွင် စတင်အသုံးပြုနိုင်ပြီ
==============
ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် – Rakuten Viber သည် ChatGPT လုပ်ဆောင်ချက်ကို လက်တစ်ကမ်းတွင် အလွယ်တကူ အသုံးပြုနိုင်အောင် ယူဆောင်ပေးလာပြီ ဖြစ်သည်။ OpenAI နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများသည် Viber အက်ပလီကေးရှင်း (App) ထဲမှာပင် တိုက်ရိုက် ChatGPT ၏ AI စွမ်းဆောင်ရည်သုံး လုပ်ဆောင်ချက်များကို အခမဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

အဆိုပါလုပ်ဆောင်ချက်များကို Viber တွင် အသုံးပြုရန် နည်းပညာကျွမ်းကျင်သူဖြစ်ရန်မလိုအပ်ပဲ AI အကူအညီပေးစနစ်ကို တစ်ကြိမ်တစ်ခါမှမသုံးဖူးသူများအပါအဝင် မည်သူမဆို AI ကို အလွယ်တကူ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ ဓာတ်ပုံပြင်ဆင်ရန်ဖြစ်စေ၊ ကောင်းမွန်ပြည့်စုံသောစာတိုပေးပို့မှုတစ်ခု ရေးသားရန်ဖြစ်စေ သို့မဟုတ် ဟင်းချက်နည်းအသစ်များအတွက် စိတ်ကူးစိတ်သန်း ရှာဖွေရန်ဖြစ်စေ ဤလုပ်ဆောင်ချက်အသစ်များကို တစ်ချက်နှိပ်ရုံမျှဖြင့် အလွယ်တကူ အသုံးပြုနိုင်ပြီ ဖြစ်သည် (အသုံးပြုမှု အကြိမ်အရေအတွက် ကန့်သတ်ချက်များ ရှိသည်)။

နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမည့် လုပ်ဆောင်ချက်များ
--------------
ChatGPT ၏ AI စွမ်းဆောင်ရည်သုံး အောက်ပါလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံရှိ Viber အသုံးပြုသူအားလုံးအတွက် iOS နှင့် Android တို့တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး၊ ကွန်ပျူတာ (Desktop) ဗားရှင်းအတွက်လည်း မကြာမီ ရရှိနိုင်တော့မည် ဖြစ်သည်-

ChatGPT ကို သီးသန့် Contact နှင့် Tab တစ်ခုအနေနှင့် Viber တွင် ရရှိနိုင်ခြင်း - ChatGPT ကို သီးသန့် Viber chat တစ်ခုအနေနှင့် အသုံးပြုနိုင်မည် ဖြစ်ပြီး သိလိုသည်များကို မေးမြန်းခြင်း၊ အချက်အလက်ရှာဖွေခြင်း၊ လုပ်ငန်းဆောင်တာများတွင် အကူအညီရယူခြင်း သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အသေးစိတ် စဉ်းစားတွေးတောခြင်းများအတွက် အခြား App တစ်ခုဖွင့်စရာမလိုဘဲ အသုံးပြုနိုင်ပါသည်။ စတင်အသုံးပြုရန် ChatGPT အကောင့် မလိုအပ်သော်လည်း အကောင့်အသစ်ဖွင့်ခြင်း သို့မဟုတ် Login ဝင်ခြင်းဖြင့် ပိုမိုမြင့်မားသော အသုံးပြုခွင့် ကန့်သတ်ချက်များကို တိုးမြှင့်ရယူနိုင်သည်။

ChatGPT ကို မည်သည့် စကားပြောဆိုမှု (Conversation) တွင်မဆို Tag ပြုလုပ်၍ ဆွဲခေါ်အသုံးပြုနိုင်ခြင်း - စကားပြောဆို ဆွေးနွေးမှုများအတွင်း ChatGPT ကို ပါဝင်စေပြီး အကြံပြုချက်များ ရယူနိုင်ပါသည်။ ဥပမာ - အားကစားပွဲကြည့်ရန် နေရာကောင်းများအတွက် အကြံဉာဏ်လိုအပ်ပါက Private Chat သို့မဟုတ် Group Chat အတွင်း ကို ခေါ်ယူ၍ မေးမြန်းနိုင်ပါသည်။ မေးခွန်းများမေးမြန်းရန် “@” ကို ရိုက်ထည့်ပြီး Menu တွင် ပထမဆုံးပြသမည့် ChatGPT ကို ရွေးချယ်ရုံနှင့် အသုံးပြုနိုင်ပါသည်။ Chat အတွင်းရှိ မည်သူမဆို ChatGPT ၏ တုံ့ပြန်မှုကို ပြန်လည်ဖြေကြား (Reply) နိုင်သောကြောင့် စကားပြောဆိုမှုများ ပြတ်တောက်သွားခြင်းမရှိဘဲ ဆက်လက်ပြောဆိုနိုင်မည် ဖြစ်သည်။ ChatGPT ၏ တုံ့ပြန်မှုများကို အခြားသူများ၏ စာတိုပေးပို့မှုများနှင့် မတူညီအောင် ကွဲပြားစွာ ဖော်ပြပေးထားသောကြောင့် ChatGPT မှ ပေးပို့ထားခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပါသည်။ ထိုသို့ Tag ပြုလုပ်၍ ပေးပို့လိုက်သော မက်ဆေ့ဂျ်ကိုသာ ChatGPT နှင့် မျှဝေမည်ဖြစ်ပြီး စကားပြောဆိုမှု Chat အတွင်းရှိ အခြားအချက်အလက်များအား မျှဝေမည်မဟုတ်ဟု ဆိုသည်။

Image Remix လုပ်ဆောင်ချက်: ဤလုပ်ဆောင်ချက်ဖြင့် ဓာတ်ပုံများကို ပုံစံအသစ်အဖြစ် ပြန်လည်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ChatGPT Images လုပ်ဆောင်ချက်ဖြင့် ဓာတ်ပုံများကို တိုက်ရိုက် ပြင်ဆင်ခြင်းနှင့် စိတ်ကြိုက် ပြောင်းလဲခြင်းများကို တစ်ဦးချင်းနှင့် အဖွဲ့လိုက် Chat များအတွင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံ၏ စတိုင်ကို ပြောင်းလဲခြင်း၊ ထူးခြားဆန်းသစ်သော ပုံစံများ ထည့်သွင်းခြင်းများပြုလုပ်နိုင်ရုံသာမက သာမန်ဓာတ်ပုံတစ်ပုံကို ထူးခြားတဲ့ အထိမ်းအမှတ်နေ့ အမှတ်တရပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးနိုင်ပါသည်။ Viber တွင် အသင့်ဖန်တီးထားသော Template များကိုလည်း ထည့်သွင်းပေးထားသောကြောင့် ချက်ချင်းစတင်အသုံးပြုနိုင်ပါသည်။ Remix Button ကို နှိပ်ပြီး စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ဖန်တီးနိုင်မည်ဖြစ်သည်။

Link Summary လုပ်ဆောင်ချက် - မျှဝေထားသော Article၊ Blog Post သို့မဟုတ် Document တစ်ခု၏ အဓိကအချက်အလက်များကို ChatGPT က အကျဉ်းချုပ်ဖော်ပြပေးနိုင်ပါသည်။ မျှဝေထားသော Link အောက်ရှိ Button ကို နှိပ်ရုံဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး လုပ်ဆောင်ချက် ကို Group Chat အားလုံးတွင် Default အနေဖြင့် အလိုအလျောက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပြီးသား ဖြစ်သည်။

Chat Summary လုပ်ဆောင်ချက် - စာတိုပေးပို့မှုများပြားလှသော Group Chat များကို လွယ်ကူလျင်မြန်စွာ အမီလိုက် ဖတ်ရှုနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ တစ်ချက်နှိပ်ရုံဖြင့် ပြောဆိုထားသော အကြောင်းအရာများ၏ အကျဉ်းချုပ် (Private Summary) ကို ရရှိနိုင်ပြီး ထိုအကျဉ်းချုပ်ကို သုံးစွဲသူတစ်ဦးတည်းသာ မြင်နိုင်ပါသည်။ ကျောင်းခရီးစဉ် စီစဉ်ခြင်း သို့မဟုတ် လုပ်ငန်းတိုးတက်မှု နောက်ဆုံးအခြေအနေတင်ပြချက်များကို ပြန်လည်ကြည့်ရှုခြင်းကဲ့သို့သော လုပ်ဆောင်ချက်များတွင် အရေးကြီးအချက်အလက်များနှင့် သဘောတူညီထားသော လုပ်ဆောင်ချက်များကို လွဲချော်မှုမရှိစေရန် အနီးကပ် စောင့်ကြည့်နိုင်စေမည်ဖြစ်သည်။

စာတိုများကို ကူညီအချောသတ်ပေးမည့် Polish Messages လုပ်ဆောင်ချက် - အရေးကြီးသည့်အကြောင်းအရာတစ်ခုကို မည်သို့ပြောဆိုရမည် မသေချာပါက Chat၊ Community သို့မဟုတ် Channel (Comment Thread များ မပါဝင်) အတွင်းရှိ Pen Icon ကို နှိပ်၍ ရေးသားထားသော အကြောင်းအရာကို ပိုမိုသင့်လျော်သော Tone ဖြစ်အောင် ပြုပြင်နိုင်ပြီး ရှင်းလင်းပြတ်သားမှုရှိအောင် ပြန်လည်ရေးသားနိုင်ပါသည်။ ဤလုပ်ဆောင်ချက် ကို အသုံးပြုထားကြောင်း အခြားသူများ မြင်နိုင်မည် မဟုတ်သောကြောင့် စိတ်ချစွာ အသုံးပြုနိုင်သည်။

စာတိုပေးပို့မှုများကို ဘာသာပြန်ပေးမည့် Translate Message လုပ်ဆောင်ချက် - ဤလုပ်ဆောင်ချက်ဖြင့် ဘာသာစကား အတားအဆီးများကို ချက်ချင်းကျော်လွှားနိုင်ပါသည်။ အားလပ်ရက်ခရီးစဉ်အတွင်း ဒေသခံလုပ်ငန်းတစ်ခုနှင့် ဆက်သွယ်ရာတွင်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ၎င်း၏ မိခင်ဘာသာစကားဖြင့် မွေးနေ့ဆုတောင်းပေးလိုသည်ဖြစ်စေ၊ Pen Icon ကို နှိပ်ရုံဖြင့် ဘာသာပြန်သည့်လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သည်။

အဆိုပါလုပ်ဆောင်ချက်များကို အသုံးပြုရန် Viber App ကို နောက်ဆုံးဗားရှင်း သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ Image Remix လုပ်ဆောင်ချက် ကို အသုံးပြုလိုပါက App အတွင်းမှ ChatGPT အကောင့်သို့ Login ဝင်နိုင်သလို၊ အခမဲ့ အကောင့်အသစ်တစ်ခုကို လွယ်ကူမြန်ဆန်သော တစ်ကြိမ်တည်း လုပ်ငန်းစဉ်ဖြင့် ဖွင့်ပြီးအသုံးပြုနိုင်ပါသည် (အခကြေးငွေပေးသွင်းရသော စာရင်းသွင်းအသုံးပြုမှု ပြုလုပ်ရန် မလိုအပ်ပါ)။ အခြား လုပ်ဆောင်ချက်များအားလုံးကိုလည်း အကောင့်အသစ် Registration သို့မဟုတ် Sign-up ပြုလုပ်စရာမလိုဘဲ ချက်ချင်းအသုံးပြုနိုင်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နေ့စဉ် ဆက်သွယ်ပြောဆိုမှုတွေကို ပိုမိုလွယ်ကူစေပြီး စိတ်ကူးစိတ်သန်းတွေအတိုင်း ပိုမိုဖန်တီးနိုင်အောင် ဖော်ဆောင်ပေးချင်တာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။ “OpenAI နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံက အသုံးပြုသူများဆီ ChatGPT ကို ယူဆောင်လာနိုင်ခဲ့ပါပြီ။ အသုံးပြုသူတွေအနေနဲ့ ကိုယ်တိုင် တကူးတက ရှာဖွေအသုံးပြုမှု မလုပ်ဖြစ်ရင်တောင်မှ နေ့စဉ်ဘဝအတွက် အမှန်တကယ် အသုံးဝင်စေမယ့် အဖိုးတန်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တော့မှာပါ။ ပြီးပြည့်စုံတဲ့ Message တစ်စောင်ရေးဖို့ပဲဖြစ်ဖြစ်၊ ပုံတစ်ပုံကို Remix ပြုလုပ် ပြုပြင်ဖို့ပဲဖြစ်ဖြစ် အကြံဉာဏ်သစ်တွေကို ရှာဖွေချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုသူတွေနေ့တိုင်း သုံးနေတဲ့ App ထဲမှာတင် အသင့် စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

OpenAI ၏ VP and Head of Global Business Development ဖြစ်သူ Torben Severson ကလည်း “ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများက မက်ဆေ့ဂျ်ပေးပို့ ဆက်သွယ်မှုတွေမှာ ရှိနေတာပါ။ “ChatGPT in Viber” လုပ်ဆောင်ချက်နဲ့အတူ အသုံးပြုသူတွေအနေနဲ့ သင့်လျော်တဲ့ စကားအသုံးအနှုန်းတွေ ရွေးချယ်ရာမှစလို့ စာတိုတွေ အဆက်မပြတ်ပို့နေတဲ့ Chat တွေကို အမီလိုက် ဖတ်ရှုနိုင်ဖို့ကနေ ဓာတ်ပုံတွေ ပြုပြင်ဖို့အထိ အချိန်နှင့်တပြေးညီ အကူအညီတွေ ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကို လူများနေ့စဉ်အသုံးပြုနေတဲ့ App တစ်ခုဆီ ယူဆောင်လာနိုင်ဖို့ Rakuten Viber နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။” ဟု ပြောကြားခဲ့သည်။

200MP ကင်မရာစနစ်နှင့် ကြီးမားသော 7000 mAh ဘက်ထရီပါဝင်သော vivo V70 FE ကို မြန်မာငွေ ၂,၀၉၉,၈၀၀ ကျပ်ဖြင့် စတင် ရောင်းချ====...
12/06/2026

200MP ကင်မရာစနစ်နှင့် ကြီးမားသော 7000 mAh ဘက်ထရီပါဝင်သော
vivo V70 FE ကို မြန်မာငွေ ၂,၀၉၉,၈၀၀ ကျပ်ဖြင့် စတင် ရောင်းချ
==============
200MP ကင်မရာစနစ်နှင့် ကြီးမားသော 7000 mAh ဘက်ထရီ ပါဝင်သော ဏီတစ်ခုဖြစ်သော vivo သည် ‌နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုသူများထံ စဉ်ဆက်မပြတ်ယူဆောင်လျက်ရှိရာ ယခုအခါတွင်လည်း V စီးရီး ၏နောက်ဆက်တွဲ ထုတ်ကုန်တစ်ခုဖြစ်သော vivo V70FE ကို မြန်မာငွေ ၂,,၀၉၉,၈၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်ပါပြီ။ vivo V70 FE သည် အသုံးပြုသူများထံ ပေါ့ပါးပြီးစတိုင်ကျလှပသော ပရီမီယံဒီဇိုင်း၊ ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများကို ဖမ်းယူရိုက်ကူးနိုင်မည့် 200MP ကင်မရာ၊ စွမ်းရည်မြင့် ကြီးမားသော 7000 mAh ဘက်ထရီ၊ရေစိုဒဏ်နှင့် ဖုန်ဒဏ်များကို ကာကွယ်နိုင်သော IP68 & IP69 Dust & Water Resistanceတို့နှင့် အဆင့်မြှင့်တင်ထားသော စွမ်းဆောင်ရည် တို့ပါဝင်သောကြောင့် ခရီးတိုသွားခြင်းနှင့် နေ့စဉ် content ဖန်တီးခြင်းများကို အကောင်းဆုံးလုပ်ဆောင် နိုင်မည်ဖြစ်သည်။

Flagship အဆင့်မီ ပေါ့ပါးပြီး ကျစ်လစ်သောဒီဇိုင်း
--------------
V70 FE သည် တည်ငြိမ်သော ကျော့ရှင်းလှပသော ဒီဇိုင်းကို ပုံဖော်ထားသည်။ ကြီးမားသော ဘက်ထရီပမာဏထည့်သွင်းထားသော်လည်း ဖုန်းအထူသည် ၇.၅၉ မီလီမီတာနှင့် ၂၀၀ဂရမ်အလေးချိန်သာရှိသောကြောင့် လက်ထဲတွင် သက်သောင့်သက်သာ ဖြစ်စေမည်။ ဒေါင်လိုက်တပ်ဆင်ထားသောကင်ရာဒီဇိုင်းသည် ပရီမီယံဆန်သည့်အပြင် ရှင်းလင်းလှပသော အသွင်ကို ပေးစွမ်းနိုင်သည်။ vivo V70 FE ၏ Muse Purple အရောင်သည် ဖက်ရှင်အသားပေးဒီဇိုင်း တည်ဆောက်ထားပြီး Ocean Bule အရောင်သည် အေးဆေးတည်ငြိမ်သောခံစားချက်ကို ယူဆောင်လာပေးမည်ဖြစ်သည်။

ခရီးစဉ်တစ်လျှောက် အသေးစိတ်တွေကို ဖမ်းယူရိုက်ကူးနိုင်မည့် ဓာတ်ပုံစနစ်
--------------
200 MP အဆင့်မြင့်အရည်အသွေးမြင့်ကင်မရာတပ်ဆင်ထားသော V70 FE သည် ခရီးသွားရာနှင့် နေ့စဉ်ရိုက်ကူးမှုများ အတွက် ကြည်လင်ပြတ်သားပြီး တည်ငြိမ်သောဓာတ်ပုံများကိုရိုက်ကူးနိုင်မည်။ 1/1.56” Sensor နှင့် C**A 4.0 အဆင့် ပုံရိပ်ဝါးခြင်းကိုလျှော့ချပေးသောနည်းပညာကြောင့် ဓာတ်ပုံများကို ၃၀ဆ အထိ ချဲ့နိုင်မည်ဖြစ်ပြီး အကွာအဝေးများကြား ရိုက်ကူးမှုကို တစ်ချက်နှိပ်လိုက်ရုံဖြင့် တိကျပြတ်သားသောပုံများကို ရရှိနိုင်မည်။

Cropping ဟုခေါ်သည့် ပုံဖြတ်ထုတ်သည့်စနစ်တွင် ဓာတ်ပုံတစ်ပုံတည်းကို ပုံများစွာရအောင်ဖြတ်ထုတ်ခြင်း၊ Reframing အချိုးအစားပြောင်းခြင်းများ ပြုလုပ်ရာတွင် အသေးစိတ်ကျကျ တိကျပြတ်သားသောပုံများကိုပေးစွမ်းနိုင်ပြီး မတူညီသော အသွင်အပြင်နှင့်ခံစားချက်များကို ရရှိစေမည်ဖြစ်သည်။ ထပ်ခါတလဲလဲပုံများ Crop လုပ်ရာတွင်လည်း ဓာတ်ပုံ၏ အရည်အသွေးကျသွားခြင်းမရှိပဲ ၉၀၀ရာခိုင်နှုန်းအထိချဲ့နိုင်မည့်အပြင် ခြွင်းချက်မရှိသောပုံများကို ယူဆောင်လာမည် ဖြစ်သည်။

ခရီးသွားရာမှာလည်း ခန့်မှန်းမရသော ရာသီဥတုအခြေအနေများနှင့် တွေ့ကြုံရပြီး မိုးအုံ့ခြင်း၊တိမ်ထူခြင်းများကိုလည်း AI Magic Weather လုပ်ဆောင်ချက်ကို တစ်ချက်နှိပ်လိုက်ရုံဖြင့် ကြည်လင်သန့်ရှင်းသော ကောင်းကင်အဖြစ် ချက်ချင်း ပြောင်းလဲနိုင်မည်။ ထို့အပြင် AI Magic Landscape သည် ပတ်ဝန်းကျင်အခြေအနေနှင့်နောက်ခံအရောင်ကို ထိန်းညှိမြှင့်တင်ပေးပြီး AI ဖြင့် အရာဝတ္ထုများကိုအလွယ်တကူ ဖြည့်ပေးနိုင်ပြီး ပြီးပြည့်စုံသော သဘာဝအလှတရား ပေါင်းစပ်မှုကို ပေးစွမ်းနိုင်မည်။

အထင်ကရနေရာများတွင် ဓာတ်ပုံရိုက်ရာမှာလည်း 85mm Close-Up Portrait သည် နောက်ခံက ရှုပ်ထွေးသောအရာများကို Blurring လုပ်ဆောင်ချက်ဖြင့် ပိုမိုနီးကပ်သောပုံရိပ်ကို မျက်နှာနှင့်ခံစားချက် တိကျပေါ်လွင်စေရန် လွယ်ကူစွာ ရိုက်ကူးနိုင်သည်။ ဓာတ်ပုံရိုက်ရခက်ခဲသော လူထူထပ်သည့်နေရာများတွင် ရိုက်ကူးရာတွင်လည်း AI Retouch ၏ လုပ်‌ဆောင်ချက်တစ်ခုဖြစ်သော AI Erase သည် မလိုချင်သော အရာများကို အလွယ်တကူ ဖယ်ရှားနိုင်သည်။ AI UHD သည် ဓာတ်ပုံ၏အရည်အသွေးကို ပိုပြီးကြည်လင်စေရန် လုပ်ဆောင်ပေးသည်။AI Color Adjustment သည် အရောင်မညီသောဓာတ်ပုံများကို သဘာဝအတိုင်းလှပစေရန် အရောင်ကိုချိန်ညှိပေးသည်။

တစ်နေ့တာလုံး စိတ်ချယုံကြည်ရသောလုပ်ဆောင်ချက်
--------------
အဆင့်မြင့်ကင်မရာစွမ်းဆောင်ရည်ပါဝင်သော V70 FE သည် V စီးရီးသမိုင်းတစ်လျှောက် အကြီးဆုံးနှင့် စွမ်းအားအမြင့်ဆုံး ဘက်ထရီစနစ်တပ်ဆင်ထားပြီး တစ်နေကုန်ရိုက်ကူးခြင်း၊လမ်းညွှန်မြေပုံသုံးခြင်းနှင့် ဆိုရှယ်မီဒီယာ အသုံးပြု ခြင်းတို့အတွက် စိတ်ချရသော စွမ်းဆောင်ရည်ကို တစ်နေ့တာလုံးအတွက် ယူဆောင်လာပေးမည်ဖြစ်သည်။

7000 mAh BlueVolt ဘက်ထရီနှင့် 90W FlashCharge အမြန်အားသွင်းနစ်တို့ပါဝင်သောကြောင့် ခရီးသွားခြင်းနှင့် တစ်နေ့တာလှုပ်ရှားသွားလာရခြင်းတို့အတွက် အချိန်ကြာကြာသုံးစွဲနိုင်မည်ဖြစ်သည်။ ၁၀၀ရာခိုင်နှုန်းအားအပြည့်ရှိသော V70 FE သည် ၄၃.၈ နာရီကျော်ကြာအောင် YouTube ကြည့်နိုင်သောကြောင့် ခရီးရှည်ထွက်ခြင်း၊ စခန်းချခရီးစဉ်များ အတွက် အချိန်ကြာကြာ ဖျော်ဖြေမှုရသကို ပေးစွမ်းနိုင်မည်။

ထို့အပြင် ဘက်ထရီ ၅ရာခိုင်နှုန်းသာကျန်ရှိသည့်တိုင်အောင် V70 FE သည် ၂၁.၆ နာရီကျော် Standby ထားနိုင်ခြင်း၊ ၁၅၇မိနစ် ဖုန်းခေါ်ဆိုခြင်းတို့ကို Super Battery Saver ဖြင့် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အသုံးပြုများအနေဖြင့် ချက်ချင်းအားသွင်းဖို့မလိုဘဲ စိတ်အေးချမ်းသာစွာဖြင့် ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်သည်။ V70 FEတွင် အချိန်ကြာရှည်စွာ သုံးစွဲနိုင်ရန် 4-Year Battery Health စနစ်လည်းပါဝင်သည်။

V70 FE တွင် ထိပ်တန်း ရေစိုဒဏ်နှင့်ဖုန်ဒဏ်ကိုခံနိုင်သော IP68 နှင့် IP69 Top-Rated Dust and Water Resistance ပါဝင်လာသည်။ ထို့ကြောင့် ရေအောက် အနက် ၁.၅ မီတာတွင် မိနစ် ၁၂၀ အထိ ခံနိုင်ရည်ရှိသည်။ထို့ကြောင့် ရေအောက်ဓာတ်ပုံများရိုက်ကူးရာမှာ ယုံကြည်ချက်ရှိရှိ မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

MediaTek Dimensity 7360 Turbo တပ်ဆင်ထားသော V70 FE သည် နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ဂိမ်းဆော့ခြင်းများနှင့် တပြိုင်နက်တည်း တာဝန်များလုပ်ဆောင်ခြင်း စသည့် လုပ်ဆောင်ချက်များကို ချောမွေ့မြန်ဆန်စွာ စွမ်း‌ဆောင်နိုင်မည်ဖြစ်သည်။ ကြည်လင်စိုတောက်သော 1.5K Ultra-Clear AMOLED မျက်နှာပြင်နှင့် Dual Stereo Speaker ပေါင်းစပ်မှုကြောင့် သက်ဝင်သော ဖျော်ဖြေရေးအတွေ့အကြုံကို ခံစားရရှိနိုင်မည်။

ချိတ်ဆက်မှုများကို ပိုမိုကောင်းမွန်သောအသွင်နှင့်အတူ ယူဆောင်လာမည့် OriginOS
--------------
အဆင့်မြင့် Hardware စွမ်းဆောင်ရည်ကို အခြေခံထားသော V70 FE တွင် OriginOS 6 နှင့်အတူ ပို၍ကောင်းသော၊ ပို၍ချောမွေ့သော ချိတ်ဆက်သည့်အတွေ့အကြုံများကို နေ့စဉ်ဘဝမှာ အသုံးပြုနိုင်စေရန် ယူဆောင်လာပါပြီ။ Origin Island သည် သတိပေးအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြသပေးမည်ဖြစ်ပြီး AI စနစ်ထောက်ပံ့ထားသော လုပ်ဆောင်ချက်များဖြစ်သည့် AI Search ၊AI Creation ၊ AI Caption နှင့် အဆင့်မြင့် Google Gemini သည် နေ့စဉ်လုပ်ဆောင်ချက်များကို အရှိန်အဟုန်ဖြင့် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဝယ်ယူရရှိနိုင်မည့်သတင်းအချက်အလက်
--------------
vivo V70 FE ကို မြန်မာငွေ ၂,၀၉၉,၈၀၀ ကျပ်ဖြင့် ဇွန်လ (၁၂)ရက်နေ့က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး ဇွန်လ (၁၃)ရက်နေ့မှ စတင်၍ အမြို့မြို့အနယ်နယ်ရှိ vivo Showroom များနှင့် vivo အရောင်းကောင်တာရှိသော မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့အပြင် ဇွန်လ (၁၃)ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ vivo V70 FE ဝယ်ယူအားပေးမည့် ကာစတမ်မာများကို ၁၀ သိန်းကျပ်တန်ဖိုးရှိသော ဆုလက်ဆောင်များဖြစ်သည့် Bluetooth Earphone နှင့် 10,000 mAh Power Bank၊ ဖုန်းမှန်မကွဲ (၁)နှစ်အာမခံ၊ 2-Year Service Warranty နှင့် 4-Year Battery Protection စသည့်လက်ဆောင်များကို ပစ္စည်းလက်ကျန်ရှိသည်အထိ ပေးအပ်သွားမည်ဟု သိရသည်။

အမြင့်ဆုံး Durability စွမ်းဆောင်ရည်နှင့် အကောင်းဆုံး စွမ်းဆောင်ရည်မြင့် ချောမွေ့မှုတွေနဲ့အတူ 6 Years Fluency Protection ...
10/06/2026

အမြင့်ဆုံး Durability စွမ်းဆောင်ရည်နှင့် အကောင်းဆုံး စွမ်းဆောင်ရည်မြင့် ချောမွေ့မှုတွေနဲ့အတူ 6 Years Fluency Protection အထိ ပါဝင်လာမဲ့ OPPO A6s Pro
==============
ဇွန် ၁၀ ၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO မှ ယနေ့ ဇွန် (၁၀) ရက်နေ့တွင် နေ့စဉ်အသုံးပြုမှုအတွက် ထိပ်တန်းချောမွေ့မှုနဲ့ စွမ်းဆောင်ရည်မြင့်မားရုံသာမက ယုံကြည်စိတ်ချရတဲ့ အတွေ့အကြုံတွေ ပါရှိလာတဲ့ OPPO A6s Pro ကို ၁,၉၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

သုံးစွဲသူတွေရဲ့ လိုအပ်ချက်အပေါ် အပြည့်အဝ အားစိုက်ကာ ဖန်တီးပုံဖော်ထားတဲ့ အဆိုပါ OPPO A6s Pro မှာ ဆိုရင် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား ပိုပြီးကောင်းမွန် လှပတဲ့ ဒီဇိုင်း၊ အဆင့်မြင့် ဓာတ်ပုံရိုက်ကူးနိုင်မှု၊ Group Selfie တွေအတွက် ပိုမိုကျယ်ပြန့်ရှင်းလင်းတဲ့ မြင်ကွင်း၊ ထူးခြားတဲ့ တာရှည်ခံမှု၊ အချိန်ကြာရှည်စွာ အသုံးပြုနိုင်တဲ့ ကြီးမားတဲ့ ဘက်ထရီ နဲ့အတူ အမြဲတမ်း ချောမွေ့နေတဲ့ စွမ်းဆောင်ရည်တို့ကို ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။

ဒါတင်သာမက ဇွန် (၁၀) ရက်နေ့မှ စတင်ကာ ဇူလိုင် (၃၁) ရက်နေ့အတွင်း OPPO A6s Pro ကို ဝယ်ယူမဲ့ သုံးစွဲသူတွေအတွက် 5-years Battery Protection Plan ၊ 180 days Screen Protection Plan နဲ့ ATOM Package တွေကို လက်ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါအပြင် iPhone အသုံးပြုသူတွေနဲ့ Trade-in လုပ်နိုင်မဲ့အခွင့်အ‌ရေးတစ်ခုကလဲ ပါရှိလာပြီဖြစ်ပါတယ်။

ဈေးနှုန်းတူ စမတ်ဖုန်းတွေကြားက တစ်ခုတည်းသော 0.6x Ultra Wide Selfie Camera ပါရှိလာတဲ့ OPPO A6s Pro
--------------
OPPO A6s Pro မှာဆိုရင် 50MP Dual Camera System နဲ့အတူ မိုဘိုင်း ဓာတ်ပုံရိုက်ကူးမှုကို အဆင့်မြှင့်တင် ပေးထားသလို ၎င်းမှာ ပါရှိလာတဲ့ 50MP Ultra Wide Selfie Camera ဟာ 0.6x Ultra Wide Selfie Camera အဖြစ်ပါရှိလာတာကြောင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား မြင်ကွင်းအကျယ်ဆုံး တစ်ခုတည်းသော Ultra Wide Selfie Camera ဖြစ်သလို အဆိုပါ စျေးနှုန်းအပိုင်းအခြားအတွင်း အစွမ်းထက်ဆုံး 100-degree မြင်ကွင်းကျယ်နှင့် Advanced Autofocus စနစ်တို့ကြောင့် လူအများပါဝင်တဲ့ Selfie ဓာတ်ပုံ ပုံရိပ်ကို တစ်ပြိုင်နက်တည်း ဖမ်းယူနိုင်သလို မျက်နှာတွေကိုလဲ ပြတ်သားစွာ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် AI Portrait Glow ၊ AI Flash Photography နှင့် AI Eraser တို့ကဲ့သို့သော လုပ်ဆောင်ချက်တွေကို ရရှိနိုင်စေမှာဖြစ်ပါတယ်။

အရင်ထက် ပိုမို အဆင့်မြင့် ထူးခြားလာတဲ့ OPPO A6s Pro ရဲ့ ဒီဇိုင်း
--------------
OPPO A6s Pro မှာဆိုရင် အရောင်အားဖြင့် အရောင်နှစ်မျိုးဖြစ်တဲ့ Lumina Forest နှင့် Eclipse Blue တို့ဖြင့် ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါတင်သာမက ၎င်းရဲ့ ပါးလွှာ ကျစ်လစ်လှပတဲ့ ကိုယ်ထည်ဒီဇိုင်းကို IMAX-level Immersive Display နဲ့အတူ ပေါင်းစပ်ထားပြီး ပါးလျတဲ့ Ultra-narrow Bezels ကြောင့် သုံးစွဲသူတွေအနေနဲ့ မျက်နှာပြင်ကို ခပ်ကျယ်ကျယ် အသုံးပြုရတဲ့အတွေ့အကြုံကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

အချောမွေ့ဆုံး အတွေ့အကြုံတွေကို ပေးစွမ်းသွားမဲ့ OPPO A6s Pro
--------------
OPPO A6s Pro အနေနဲ့ သုံးစွဲသူတွေအဆင်ပြေအောင် မျက်နှာပြင်ကို IMAX-level Immersive Display အသုံးပြုမှုအတွေ့အကြုံပါရှိမဲ့အပြင် ချောမွေ့မှုအတွက် ပိုမိုမြှင့်တင်ပေးနိုင်မဲ့ 120Hz AMOLED ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါအပြင် Signal အားနည်းမှု မဖြစ်စေရန် AI LinkBoost နည်းပညာကို အသုံးပြုထားပြီး Antenna ဒီဇိုင်းနဲ့ AI Software Optimization တို့ကို ပေါင်းစပ်ကာ Signal အားကို မြှင့်တင်ပေးဦးမှာဖြစ်ပါတယ်။ ဒါတင်သာမက A Series ထုတ်ကုန်တွေထဲမှာ ထည့်သွင်းပေးလေ့ မရှိတဲ့ Super VC Cooling System ပါရှိလာတာကြောင့် ဖုန်းအသုံးပြုတဲ့အခါမှာ ပူခြင်း ၊ နှေးခြင်းမရှိဘဲ ဂိမ်းဆော့ခြင်းနဲ့ တခြားသော ဖုန်းအသုံးပြုတဲ့နေရာတွေမှာ အပူလွန်ကဲမှုဖြစ်မလာတာကိုလဲ ခံစားရမှာဖြစ်ပါတယ်။

ဒါတင်သာမက OPPO A6s Pro ဟာ Luminous Rendering Engine နဲ့ Trinity Engine တို့ကို ပေါင်းစပ်ထားတဲ့ ColorOS 16 ပထမဦးဆုံးပါရှိလာတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် နေ့စဉ်အသုံးပြုမှုတွေ အပြင် Multitasking လိုမျိုး အလုပ်များစွာကို တစ်ပြိုင်တည်း လုပ်ဆောင်ရင်တောင်မှ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ချောမွေ့စွာ ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် OPPO ရဲ့ 6-Year Fluency Protection ဖြင့် အချိန်ကြာမြင့်စွာ လျင်မြန်ပြီး နှောင့်နှေးမှု လုံးဝမရှိတဲ့ စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံကို ဆက်လက်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ကြီးမားတဲ့ ဘက်ထရီနဲ့အတူ ခံနိုင်ရည်စွမ်းဆောင်မှုအားပြင်းတဲ့ OPPO A6s Pro
--------------
ကြီးမားတဲ့ 7000mAh Ultra-Large Battery ကို အသုံးပြုထားပြီး နေ့စဉ်အားသွင်းအသုံးပြုမှု ၅ နှစ်ကျော်အထိတောင်မှ မူလစွမ်းဆောင်ရည်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်အထိ ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါအပြင် OPPO ရဲ့ နာမည်ကျော် အားသွင်းမြန်စနစ် 80W SUPERVOOC Flash Charge ဖြင့် အချိန်တစ်နာရီဝန်းကျင်အတွင်း အားအပြည့်သွင်းယူနိုင်တာကြောင့် ဖုန်းအသုံးပြုမှုကို မနှောင့်နှေးအောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် စမတ်ဖုန်းရဲ့ တာရှည်ခံမှုကိုလဲ အထူး အာရုံစိုက်ထားပြီး နဂို A Series ထုတ်ကုန်တွေမှာ ပါရှိထားပြီးသား IP69 Dust & Water Resistance အဆင့်မှ IP69K အဆင့်ရှိ IP69K Dust & Water Resistance ဖြင့် ရေ၊ ဖုန်ကာကွယ်မှုအထိ ထိပ်တန်းအဆင့် အဆင့်မြှင့်တင်လိုက်ရုံသာမက Military-grade Shock Resistance တို့ဖြင့် ခိုင်မာအောင် ဖန်တီးထားတာကြောင့် တော်ရုံ ဘယ်လိုအခြေအနေမျိုးကိုမဆို ခံနိုင်ရည်ရှိနေမှာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် နည်းပညာပါရှိတဲ့ အပါးလွှာဆုံး ဒီဇိုင်းနဲ့ OPPO Watch S==============နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သုံးစွဲသူတွ...
19/05/2026

နောက်ဆုံးပေါ် နည်းပညာပါရှိတဲ့ အပါးလွှာဆုံး ဒီဇိုင်းနဲ့ OPPO Watch S
==============
နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သုံးစွဲသူတွေကို အမှန်တကယ်အကျိုးပြုနိုင်မဲ့ ခေတ်မီ နည်းပညာတွေနဲ့ ထိတွေ့ခွင့်ပေးလေ့ရှိတဲ့ OPPO က နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်တဲ့ ပါးလွှာ အပေါ့ပါးဆုံး Stainless Steel ဒီဇိုင်းနဲ့အတူ သက်သောင့်သက်သာဖြစ်ရုံသာမက ဖက်ရှင်အကျဆုံး စတိုင်နဲ့ နေ့စဉ်ဝတ်ဆင်လို့ရမဲ့ OPPO Watch S ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ခန့်ညားတောက်ပနေမဲ့ 3000 Nits Ultra-bright Display နဲ့ အတူ နာမည်ကျော် အားကစား နည်းလမ်းတွေ အထိ နေ့စဉ်စစ်ဆေးထောက်လှမ်းနေနိုင်မဲ့ ခေတ်မီနည်းပညာတွေပါရှိလာမဲ့ OPPO Watch S က ကျန်းမာ ကျစ်လျစ်လှပမှုအတွက် တကယ်ကို အားကောင်းတဲ့ စွမ်းအားပြင်း စက်ပစ္စည်းဖြစ်သလို နှလုံးကျန်းမာရေးကို စစ်ဆေးနိုင်မဲ့ ECG-based health analysis ၊ စက္ကန့် ၆၀ အတွင်း အမြန်ဆုံး ကြည့်ရှုနိုင်မဲ့ မိမိရဲ့ အလုံးစုံ ကျန်းမာရေးအခြေအနေ ၊ မိမိရဲ့ အိပ်ချိန်စနစ်ကို ပြန်လည်စစ်ဆေးပေးမဲ့ ခေတ်မီ နည်းပညာ နဲ့ ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာမှုရှိမရှိ အစရှိတဲ့အခြေအနေတွေကို OPPO Watch S ပတ်ထားရုံနဲ့ နာရီရဲ့ မျက်နှာပြင်မှ တစ်ဆင့်ဖော်ပြနေမှာဖြစ်ပါတယ်။

ပေါ့ပါး ပါးလွှာလွန်းတဲ့ ဒီဇိုင်းနဲ့ သုံးစွဲသူတွေအတွက် ဖက်ရှင်ကျနေစေမဲ့ OPPO Watch S
--------------
OPPO Watch S ရဲ့ ပေါ့ပါး ပါးလွှာမှု၊ ကျစ်လျစ်မှု နဲ့ အဆင့်မြင့် PREMIUM ဆန်ဆန် တည်ဆောက် ပုံဖော်ထားမှုကြောင့် မနက်မှ ည အထိ ဝတ်ဆင်ရင်တောင် သက်သောင့်သက်သာ ဖြစ်ဖြစ်နဲ့ ဖက်ရှင်ကျတဲ့ ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။ OPPO Watch S ကို ပတ်ထားရင်တောင် နေရာသိပ်မယူဘဲ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ခံစားချက်ကို ခံစားရစေမဲ့၊ နာရီအတွင်း မလိုအပ်တဲ့ နေရာကို မယူဘဲ နည်းပညာ စုံလင်အောင် စီစဉ်ပေးနိုင်မဲ့ Component-stacking Technology ကြောင့် ပေါ့ပါးကျစ်လျစ် ပါးလွှာလှတဲ့ OPPO Watch S ဟာ ၈.၉ စတုရန်းမီလီမီတာ အထူနဲ့ ၃၅ ဂရမ်အလေးချိန်အထိပဲ ရှိမှာဖြစ်ပါတယ်။ ဒီလိုပေါ့ပါးကျစ်လစ်မှုကြောင့် နေ့စဉ် လေ့ကျင့်ခန်း လုပ်နေရင်း ချွေးထွက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်နေချိန်မှာပဲဖြစ်ဖြစ် ဝတ်ဆင်ထားမယ်ဆိုရင်လဲ သုံးစွဲသူတွေကို သက်သောင့်သက်သာအဖြစ်ဆုံး ခံစားရစေမှာဖြစ်ပါတယ်။

ပေါ့ပါးပြီး နေ့စဉ်အတွက် သက်သောင့်သက်သာဖြစ်စေမဲ့ ဒီဇိုင်းကို အခြေခံကာ နာရီလက်ပတ်ကြိုးအရောင်ကို မတူညီကွဲပြားတဲ့အရောင် ၂ မျိုးနဲ့အတူ ပုံဖော်လာမှာဖြစ်ပါတယ်။ ရွေးချယ်စရာအနေနဲ့ Fluoroelastomer Strap ကို လက်ကောက်ဝတ်ရဲ့ အကွေးအတိုင်း ပုံဖော် ဖန်တီးထားတာကြောင့် နူးညံ့သက်သောင့်သက်သာနဲ့ ဝတ်ဆင်နိုင်မဲ့ Phantom Black နဲ့ Air Silver ဆိုပြီး အရောင် (၂) မျိုးအဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။

ခေတ်မီဆန်းသစ်တဲ့ အရောင်ဒီဇိုင်းတွေနဲ့အတူ စိတ်ကြိုက်ပြင်ဆင်နိုင်မဲ့ လှပပြီး လိုက်ဖက်ညီတဲ့ Watch Face ရွေးချယ်စရာတွေလဲ ပါဝင်လာပါတယ်။ OPPO Watch S မှာ အသုံးပြုသူတွေအတွက် စိတ်ခံစားချက်၊ Vibe နဲ့ ဝတ်စားဆင်ယင်မှုအလိုက် လိုက်ဖက်စွာ အသုံးပြုနိုင်မဲ့ Custom Watch Faces (၃၅၀) ကျော်နဲ့ Widgets မျိုးစုံကို ထည့်သွင်းပေးထားပါတယ်။ ဒီလို စတိုင်ကျမှုကို ပိုမိုထင်ရှားစေတဲ့အရာကတော့ ၁.၄၆ လက်မသာ ရှိပြီး Peak Brightness 3000 Nits နဲ့အတူ ကြည်လင်ပြတ်သားလွန်းလှတဲ့ AMOLED Ultra-bright Display၊ 75% Screen-to-body Ratio နဲ့ ၂.၈ မီလီမီတာအထိ ပါးလွှာကျဉ်းမြောင်းလှမဲ့ Ultra-narrow Bezel တို့ပါဝင်တဲ့ အမြင်အာရုံပိုင်းဆိုင်ရာ အတွေ့အကြုံကို အကန့်အသတ်မရှိ ပေးစွမ်းနိုင်မဲ့ မျက်နှာပြင်ဖြစ်ပါတယ်။

မိမိရဲ့ ကျန်းမာရေး၊ အားကစားနဲ့ Fitness Goals တွေကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်မဲ့ အဆင့်မြင့် Tracking စနစ်
--------------
OPPO Watch S ဟာ လူကြိုက်များတဲ့ အားကစားအမျိုးအစားတွေကို ပိုမိုကျယ်ပြန့်စွာ Support ပေးထားပြီး အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုအချက်အလက်တွေကို အသေးစိတ်နားလည်နိုင်စေမဲ့ Comprehensive Data တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် ပုံမှန်ပြေးလေ့ရှိသူတွေကနေ ပြိုင်ပွဲဝင် Athlete အဆင့်ရှိသူတွေအထိ ကိုယ့် Performance ကို ပိုမိုလုံခြုံပြီး ထိရောက်စွာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ Workout Modes (၁၀၀) ကျော်နဲ့အတူ အပြေးအားကစား၊ ကြက်တောင်ရိုက်အားကစား၊ တင်းနစ် နဲ့ ရေကူးခြင်း အပါအဝင် လူကြိုက်များတဲ့ အားကစား (၁၂) မျိုးအတွက် အဆင့်မြင့် Tracking စနစ်တွေ ပါဝင်ပြီး ပိုမိုစမတ်ကျတဲ့ လှုပ်ရှားမှုနဲ့ ထိရောက်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ရန်အတွက် Science-backed Insights တွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။

အပြေးအားကစားကို အခြေပြုတဲ့ အားကစားတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် OPPO Watch S မှာဆိုရင် Flagship Model တွေမှာမှ အသုံးပြုထားတဲ့ Dual-band GPS စနစ်ကို ထည့်သွင်းပေးထားပြီး ခက်ခဲတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာတောင် တိကျမှန်ကန်တဲ့ နေရာအတိအကျကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Outdoor Run၊ Indoor Run နဲ့ Fat Burn Run စတဲ့ Running Monitoring Modes မျိုးစုံကို ထောက်ပံ့ပေးထားပြီး Total Run Time၊ Calories Burned နဲ့ Heart Rate စတဲ့ အချက်အလက်များကို တိုင်းတာပေးနိုင်ပါတယ်။

ဒါ့အပြင် Ground Contact Time (GCT)၊ Vertical Oscillation နဲ့ Lactate Threshold Heart Rate (LTHR) ကဲ့သို့သော Professional Running Metrics တွေကိုပါ ခြေရာခံ Track လုပ်ပေးနိုင်တာကြောင့် အသုံးပြုသူတွေအနေနဲ့ Running Form ကို ပိုမိုကောင်းမွန်အောင် Optimize လုပ်နိုင်ပြီး ဒဏ်ရာရနိုင်ခြေနဲ့ Injury ဖြစ်နိုင်ခြေတို့ကို လျှော့ချကာ Training Intensity ကို ပိုမိုတိကျစွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

Real-time Data တွေကို Treadmills နဲ့ Cycling Computers ကဲ့သို့ အစရှိတဲ့ ပြင်ပ စက်ပစ္စည်းတွေအထိပါ Sync လုပ်ပေးနိုင်တဲ့ Heart Rate Broadcast Feature ကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ် OPPO Watch S ကို မကြာခဏ ကြည့်စရာမလိုဘဲ Built-in Monitors တွေကနေ တိုက်ရိုက် စစ်ဆေးနိုင်မှာဖြစ်ပြီး OPPO Watch S ကို အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝထဲမှာ အဆင်ပြေချောမွေ့စွာနဲ့ ပေါင်းစည်းအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

အချိန်ပြည့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် Flagship-Level Health Analysis Features တွေ ပါဝင်လာတဲ့ OPPO Watch S
--------------
OPPO Watch S မှာ Flagship-Level Sensors တွေကို ထည့်သွင်းပေးထားပြီး ထိပ်တန်းအဆင့်မီ ကျန်းမာရေးစစ်ဆေးနိုင်မဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်တွေမှာ ဆိုရင် 8-channel Heart Rate Sensor ၊ 16-channel Blood Oxygen Sensor ၊ Wrist Temperature Sensor နဲ့ ECG-enabled Electrode Heart Rate Sensor တို့ ပါဝင်ပြီး ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တိကျစွာ စုဆောင်းပေးနိုင်ကာ နေ့စဉ်ကျန်းမာရေးစောင့်ကြည့်မှုမှစ၍ အဆက်မပြတ် အနက်ရှိုင်းဆုံး Well-being Insights တွေအထိ ပံ့ပိုးပေးနိုင်ပါတယ်။

အထူးထင်ရှားတဲ့ Feature တစ်ခုကတော့ 60s Wellness Overview ဖြစ်ပြီး အရေးကြီးတဲ့ Health Indicators 10 မျိုးကို တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ စစ်ဆေးနိုင်အောင် စုစည်းပေးထားတာ ဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ECG၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ အိပ်စက်မှုစက်ဝန်း၊ မိမိရဲ့ အိပ်စက်မှု ကြိမ်နှုန်း နဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု အဆင့် တို့ အပါအဝင် Comprehensive Metrics တွေကို စစ်ဆေးနိုင်ပြီး ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို အချိန်တိုအတွင်း အမြန်ဆန်ဆုံးနဲ့ အသေးစိတ်အထိ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါတိုင်းတာမှုတွေအနက် ECG လုပ်ဆောင်ချက်ဟာ ပုံမှန်အားဖြင့် Flagship Smartwatch တွေမှာသာ တွေ့ရလေ့ရှိတဲ့ Capability တစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်း စည်းချက်ကျမှု ပုံမှန် ရှိ မရှိ ၊ နှလုံးခုန်မှန်မမှန် နဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေအထိကို စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မီ သတိပေးနိုင်မှာဖြစ်သလို ပရော်ဖက်ရှင်နယ် ‌ဆေးပညာဆိုင်ရာ အကြံပေးချက်တွေအတွက်ပါ အသုံးပြုနိုင်မဲ့ အရေးပါတဲ့ အချက်အလက်တွေကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါအပြင် Ground Contact Time (GCT)၊ Vertical Oscillation နဲ့ Lactate Threshold Heart Rate (LTHR) ကဲ့သို့သော Professional Running Metrics တွေကိုပါ ခြေရာခံ Track လုပ်ပေးနိုင်တာကြောင့် အသုံးပြုသူတွေအနေနဲ့ Running Form ကို ပိုမိုကောင်းမွန်အောင် Optimize လုပ်နိုင်ပြီး ဒဏ်ရာရနိုင်ခြေနဲ့ Injury ဖြစ်နိုင်ခြေတို့ကို လျှော့ချကာ Training Intensity ကို ပိုမိုတိကျစွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Sleep Health Analysis Function က Sleeping Heart Rate၊ Respiratory Rate၊ Deep Sleep နဲ့ မိနစ် ၂၀ ခန့်သာ အိပ်တဲ့ Short Naps တွေအတွင်း ဖြစ်ပေါ်လာတတ်တဲ့ Physical Indicator Changes တွေကိုပါ Track လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ယင်း Data တွေအပေါ် အခြေခံပြီး အသုံးပြုသူတစ်ဦးချင်းစီရဲ့ အိပ်ချိန်စက်ဝန်းတွေကို ပိုမိုနားလည်နိုင်စေမဲ့ Personal Sleep Reports တွေကိုလဲ ပြန်လည် ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Dual-Connection Convenience နဲ့ All-Round Reliability ကို ပေးစွမ်းနိုင်တဲ့ OPPO Watch S
--------------
OPPO Watch S ဟာ Android နဲ့ iOS Devices နှစ်မျိုးလုံးအတွက် Smooth Connectivity ကို ပံ့ပိုးပေးနိုင်ပြီး Smartphone နှစ်လုံးအထိ တစ်ပြိုင်နက် Pair လုပ်အသုံးပြုနိုင်ပါတယ်။ Industry-leading Dual-Connection Capability ကြောင့် Devices နှစ်ခုလုံးမှ Calls နဲ့ Message Notifications တွေကို တစ်ချိန်တည်း လက်ခံနိုင်တာကြောင့် ဖုန်းနှစ်လုံးအသုံးပြုသူတွေအတွက် အထူးသင့်တော်တဲ့ Companion Device တစ်ခု ဖြစ်လာစေပါတယ်။ ပင်တိုင်သုံးတဲ့ စမတ်ဖုန်း သို့မဟုတ် စက်တွေနဲ့ ချိတ်ဆက်ထားတဲ့အခါ Contacts တွေကိုပါ Sync လုပ်နိုင်သလို ဖုန်းခေါ်ဆိုမှုတွေကို အမြန်ဆုံး ခေါ်ဆိုနိုင်ပြီး Remote Camera Control ကိုလဲ Watch က တိုက်ရိုက်အသုံးပြုနိုင်တာကြောင့် နေ့စဉ်အသုံးပြုမှုကို ပိုမိုလွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Ultra-slim Design ကို ပိုင်ဆိုင်ထားတဲ့ OPPO Watch S ဟာ ဘက်ထရီသက်တမ်း နဲ့ အကြမ်းခံမှု အပိုင်းမှာလဲ တစ်စက်မှကို အလျော့မပေးထားပါဘူး။ 330mAh Battery ကို တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်းအနေနဲ့လဲ ၁၀ ရက်အထိ အသုံးပြုနိုင်သလို ၁၀ မိနစ်အတွင်း Quick Charge လုပ်ရုံနဲ့ တစ်နေ့တာအပြည့် အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အပြင်သွားလာနေချိန်တွေမှာတောင် ပိုမိုစိတ်ချရစေမှာ ဖြစ်ပါတယ်။ OPPO Watch S ကို 2.5D Curved Glass Cover ၊ Impact-resistant Edge နဲ့ Stainless Steel ကိုယ်ထည်တို့ဖြင့် တည်ဆောက်ထားပြီး Strength နဲ့ Corrosion Resistance ကို ပိုမိုကောင်းမွန်စေကာ နေ့စဉ်အသုံးပြုရာမှာ ဖြစ်တတ်တဲ့ ထိခိုက်မှုတွေထက် ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် IP68 Dust & Water Resistance နဲ့ 5ATM Water Resistance Rating တွေ ပါဝင်တာကြောင့် ရေကူးခြင်း၊ ရေငုပ်ခြင်းနဲ့ အခြားသော ရေနဲ့ ပတ်သက်တဲ့ အားကစားတွေ လုပ်ဆောင်နေတဲ့အချိန်အတွင်း မိမိရဲ့ Workout Tracking ကိုလဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ခေတ်မီတိုးတက်တဲ့ နည်းပညာတွေနဲ့အတူ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မဲ့ OPPO Watch S ကို ၈၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချနေပြီလို့ သိရပါတယ်။

Address

Thanthumar Street, Thingangyun Township
Yangon
11071

Telephone

+959254970654

Website

Alerts

Be the first to know and let us send you an email when Myanmar Digital Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Digital Life:

Shortcuts

Share