Sports Myanmar Highlights and Skills Video

Sports Myanmar Highlights and Skills Video ဘောလုံးသတင်းများကို အခမဲ့ဖတ်နိုင်ပါပြီ Sports Myanmar is a sports media company Founded on September 1, 2015.
(1903)

လီဗာပူး မရရင် ဘာစီလိုနာကိုပဲ UCL ရစေချင်ပါတယ် …“ ဒီရာသီမှာ လီဗာပူးအသင်းသာ ချန်ပီယံလိဂ်ဖလား မရခဲ့ဘူးဆိုရင် ဘာစီလိုနာ ဗိုလ...
10/09/2026

လီဗာပူး မရရင် ဘာစီလိုနာကိုပဲ UCL ရစေချင်ပါတယ် …

“ ဒီရာသီမှာ လီဗာပူးအသင်းသာ ချန်ပီယံလိဂ်ဖလား မရခဲ့ဘူးဆိုရင် ဘာစီလိုနာ ဗိုလ်စွဲတာကိုပဲ ကျွန်တော် မြင်တွေ့ချင်ပါတယ် “ 🗣️ ဂျေမီ ကာရေဂါ

ဒီဘရိုင်းက သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူ တဦးပါ …" နာပိုလီမှာ ကျွန်တော့်ကို အထင်ကြီးစေခဲ့တဲ့ ကစားသမား ရှိလား? နာ...
10/09/2026

ဒီဘရိုင်းက သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူ တဦးပါ …

" နာပိုလီမှာ ကျွန်တော့်ကို အထင်ကြီးစေခဲ့တဲ့ ကစားသမား ရှိလား? နာပိုလီမှာ ကျွန်တော် အကြိုက်ဆုံး ကစားသမားတစ်ယောက် ရှိတယ်ဆိုရင်တော့ အဲဒါ ကယ်ဗင် ဒီဘရိုင်းပါပဲ။

ကျွန်တော့်အမြင်ပြောရရင်တော့ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ ကစားတာကို စောင့်ကြည့်ရတာဟာ အမြဲတမ်း စိတ်ကျေနပ်စရာကောင်းနေတုန်းပါပဲ။ “ 🗣️ မီခေးလ် အာတီတာ

ငါ့မှာ ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလား ရှိတယ် … ငချွပ်ကောင်ယနေ့မနက်က ကစားသွားတဲ့ ချီကာဂိုဖိုင်းယား - အင်တာမိုင်ယာမီ မေဂျာလိဂ်ပ...
10/09/2026

ငါ့မှာ ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလား ရှိတယ် … ငချွပ်ကောင်

ယနေ့မနက်က ကစားသွားတဲ့ ချီကာဂိုဖိုင်းယား - အင်တာမိုင်ယာမီ မေဂျာလိဂ်ပွဲက တဖက် တဂိုးစီ သရေကျခဲ့ပေမယ့်၊ ကွင်းတွင်းမှာ ချီကာဂိုဖက်က ရောဘတ် လီဝမ်ဒေါစကီးနဲ့ မိုင်ယာမီဖက်က ရိုဒရီဂို ဒီပေါလ်တို့ ခိုက်ရန် ဖြစ်ပွါးခဲ့ပြီး ဒီပေါလ်က ယင်းပိုလန်ဝါရင့် striker ကို အခုလို ရန်စခဲ့ပါတယ်။

ဒီပေါလ် 🗣️ “ မင်းက ဘာကောင်မို့လဲ? ငါ့မှာ ကိုပါအမေရိက ၂လုံးနဲ့ ကမ္ဘာ့ဖလား တလုံး ရှိတယ် .. မင်းမှာရော ငချွပ်ကောင်?

သရေတမှတ်စီ ခွဲယူခဲ့ကြတဲ့ မက်ဆီနဲ့ လီဝမ်ဒေါစကီးယနေ့မနက်မှာ ကစားသွားတဲ့ ချီကာဂိုဖိုင်းယား - အင်တာမိုင်ယာမီ မေဂျာလိဂ်ပွဲကတေ...
10/09/2026

သရေတမှတ်စီ ခွဲယူခဲ့ကြတဲ့ မက်ဆီနဲ့ လီဝမ်ဒေါစကီး

ယနေ့မနက်မှာ ကစားသွားတဲ့ ချီကာဂိုဖိုင်းယား - အင်တာမိုင်ယာမီ မေဂျာလိဂ်ပွဲကတော့ တဖက် တဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားပါပြီ။

လီဝမ်ဒေါစကီးက အိမ်ရှင် အတွက် အဖွင့်ဂိုး သွင်းပေမယ့်၊ လက်ရှိ ချန်ပီယံ မိုင်ယာမီ အတွက် ဒုတိယပိုင်းမှာ ချေပဂိုးကို မက်ဆီရဲ့ ဖန်တီးမှုကနေ ကတ်ဆီမီရိုက သွင်းယူခဲ့လို့ မျှတတဲ့ သရေ တမှတ်စီ အသီးသီး ခွဲယူခဲ့ပါပြီ။

မက်ဆီရဲ့ ဖန်တီးမှုနဲ့ ဂိုးသွင်းမရပ်တော့တဲ့ ကတ်ဆီမီရိုဒုတိယပိုင်း စစချင်းမှာပဲ မက်ဆီရဲ့ ဖန်တီးမှုကနေ ဂိုးမြူးနေတဲ့ ဘရာဇီး...
10/09/2026

မက်ဆီရဲ့ ဖန်တီးမှုနဲ့ ဂိုးသွင်းမရပ်တော့တဲ့ ကတ်ဆီမီရို

ဒုတိယပိုင်း စစချင်းမှာပဲ မက်ဆီရဲ့ ဖန်တီးမှုကနေ ဂိုးမြူးနေတဲ့ ဘရာဇီး ဝါရင့်ကွင်းလယ်လူ ကားလို့စ် ကတ်ဆီမီရိုက မိုင်ယာမီ အတွက် ချေပဂိုး သွင်းပေးလိုက်ပါပြီ။

လီဝမ်ဒေါစကီးရဲ့ ဂိုးနဲ့ ရှုံးနေတဲ့ မက်ဆီနဲ့ မိုင်ယာမီယနေ့မနက်မှာ ကစားနေတဲ့ ချီကာဂိုဖိုင်းယား - အင်တာမိုင်ယာမီ မေဂျာလိဂ်ပ...
10/09/2026

လီဝမ်ဒေါစကီးရဲ့ ဂိုးနဲ့ ရှုံးနေတဲ့ မက်ဆီနဲ့ မိုင်ယာမီ

ယနေ့မနက်မှာ ကစားနေတဲ့ ချီကာဂိုဖိုင်းယား - အင်တာမိုင်ယာမီ မေဂျာလိဂ်ပွဲကတော့ ပထမပိုင်း ပြီးဆုံးသွားပါပြီ။

မိုင်ယာမီတို့ ဒီပွဲမှာ ထူးထူးဆန်းဆန်းပဲ ပထမပိုင်း ဂိုးမရခဲ့ပေမယ့်၊ ပြိုင်ဖက် ချီကာဂိုဖက်ကတော့ အဖွင့် ၁၀မိနစ်မှာတင် ရောဘတ် လီဝမ်ဒေါစကီးရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားပါတယ်။

ဒုတိယပိုင်း မက်ဆီနဲ့ မိုင်ယာမီတို့ တခုခု လုပ်ပြမလား စောင့်ကြည့်ရမှာပါ။

အသင်းကြီး အားလုံး အမှားအယွင်းမရှိ နိုင်ခဲ့ပြန်တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ဒုတိယနေ့မနေ့ညနဲ့ ယနေ့မနက်မှာ ဒုတိယနေ့ အဖြစ် ...
10/09/2026

အသင်းကြီး အားလုံး အမှားအယွင်းမရှိ နိုင်ခဲ့ပြန်တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ဒုတိယနေ့

မနေ့ညနဲ့ ယနေ့မနက်မှာ ဒုတိယနေ့ အဖြစ် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေ ဆက်လက် ကစားခဲ့ရာ၊ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီတို့ ဆလိုဗက်ကီးယား ကလပ် ဆလိုဗန် ဘတ်တီဆလာဗာကို ဂိုးဒါဇင်ဝက် သွင်းပြီး နိုင်ခဲ့ပါတယ်။

ထို့အတူ ပြီးခဲ့တဲ့ ရာသီ ဖိုင်နယ်တက်ခဲ့တဲ့ အာဆင်နယ်ကလည်း နာပိုလီကို အဝေးကွင်းမှာ ဂိုးမြူးနေတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ နိုင်ခဲ့ပါတယ်။

ဘာစီလိုနာကလည်း မနေ့ည အစောပိုင်းပွဲမှာ ဖိုင်ယင်နော့ကို အိမ်ကွင်းမှာ ၅-၁ နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပြီး၊ လီဗာပူးကလည်း အန်းဖီးလ်မှာ အက်သလက်တီကိုကို အနောက်ကနေ ကစားခဲ့ရပေမယ့်၊ ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။

အာဆင်နယ်ကို ရှုံးပြီးနောက် ဂိုးဒါဇင်ဝက်နဲ့ ပြန်ပေါက်ကွဲပြခဲ့တဲ့ ချဲလ်ဆီးချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက လန်ဒန...
10/09/2026

အာဆင်နယ်ကို ရှုံးပြီးနောက် ဂိုးဒါဇင်ဝက်နဲ့ ပြန်ပေါက်ကွဲပြခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက လန်ဒန်ဒါဘီပွဲမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ ၂-၁ နဲ့ ရှုံးခဲ့ပြီးနောက်၊ ယနေ့မနက်က ကစားသွားတဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲမှာ ပြန်လည် ပေါက်ကွဲပြသွားခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံတဲ့ ဒီပွဲမှာတော့ ခြင်္သေ့ပြာတို့ဟာ အဖွင့်၂ဂိုး ဆက်တိုက် အရင်ပေးခဲ့ရပေမယ့်၊ ကိုးလ်ပါလ်မာရဲ့ ပင်နယ်တီ ချေပဂိုး ရအပြီး ဂိုးဒါဇင်ဝက် အထိ သွင်းကာ၊ ပေါက်ကွဲမှုအားကို ပြသပြီး၊ နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။

ရော်နယ်ဒို ဂိုးပေါက် ပြန်တွေ့ပြီး နိုင်ပွဲ ပြန်ရှာနိုင်ခဲ့တဲ့ အယ်နက်ဆာမနေ့ညက ကစားသွားတဲ့ အယ်နက်ဆာ - အက်ဘ်ဟာ ဆော်ဒီပရိုလိ...
09/09/2026

ရော်နယ်ဒို ဂိုးပေါက် ပြန်တွေ့ပြီး နိုင်ပွဲ ပြန်ရှာနိုင်ခဲ့တဲ့ အယ်နက်ဆာ

မနေ့ညက ကစားသွားတဲ့ အယ်နက်ဆာ - အက်ဘ်ဟာ ဆော်ဒီပရိုလိဂ်ပွဲမှာ ခရစ်တီယာနို ရော်နယ်ဒို တယောက် ဂိုးပေါက်ပြန်တွေ့ခဲ့သလို၊ အယ်နက်ဆာကလည်း ၂-၁ ရလဒ်နဲ့ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပါတယ်။

ရှေ့ပွဲတုန်းက ရော်နယ်ဒို တယောက် ဂိုးပေါက်ပျောက်ကာ၊ အယ်နက်ဆာတို့ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပေမယ့်၊ မနေ့က ပွဲမှာတော့ ယင်းပေါ်တူဂီစူပါစတား ချက်ချင်းပဲ ဂိုးပြန်သွင်းပြီး၊ အယ်နက်ဆာအတွက် နိုင်ပွဲ ယူပေးနိုင်ခဲ့တာပါ။

ရွှေဖိနပ် ၃မျိုး ရထားတဲ့ အမ်ဘတ်ပေပဲ Ballon D’Or ရသင့်ပါတယ် …‘ ကျွန်တော့ အမြင်မှာတော့ ကီလီယန် ( အမ်ဘတ်ပေ ) ကပဲ Ballon D’O...
09/09/2026

ရွှေဖိနပ် ၃မျိုး ရထားတဲ့ အမ်ဘတ်ပေပဲ Ballon D’Or ရသင့်ပါတယ် …

‘ ကျွန်တော့ အမြင်မှာတော့ ကီလီယန် ( အမ်ဘတ်ပေ ) ကပဲ Ballon D’Or ရသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက တဦးချင်းမှာ ဒီနှစ်အတွင်း အကောင်းဆုံး စွမ်းဆောင်ထားလို့ပါ။

သူဟာ လာလီဂါမှာ ရွှေဖိနပ်၊ ချန်ပီယံလိဂ်မှာ ရွှေဖိနပ်၊ ကမ္ဘာ့ဖလားမှာလည်း ရွှေဖိနပ် ရခဲ့ပါတယ်။ သူ့အနောက် Ballon D’Or နဲ့ အနီးစပ်ဆုံးက မိုက်ကယ် အိုလီဆေးပါ။ ‘ 🗣️ သီယာရီ အွန်နရီ

Address

Baho Road, Kamaryut
Yangon

Alerts

Be the first to know and let us send you an email when Sports Myanmar Highlights and Skills Video posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sports Myanmar Highlights and Skills Video:

Shortcuts

Share