Myanmar Sports Media Federation

Myanmar Sports Media Federation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Sports Media Federation, Media/News Company, Yangon.

မြန်မာ ကစားသမားများ ဂျပန်နိုင်ငံတွင် သွားရောက် ကစားနိုင်မည့် အခွင့်အလမ်းများ အတွက် MFF ဥက္ကဋ္ဌ နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ...
05/02/2020

မြန်မာ ကစားသမားများ ဂျပန်နိုင်ငံတွင် သွားရောက် ကစားနိုင်မည့် အခွင့်အလမ်းများ အတွက် MFF ဥက္ကဋ္ဌ နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေး🇲🇲🇯🇵⚽️🇲🇲🇯🇵⚽️🇯🇵🇲🇲⚽️🇲🇲🇯🇵⚽️
ရန်ကုန် ဖေဖော်ဝါရီ ၅
အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံတွင် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် JFA ဥက္ကဋ္ဌ ကာဇိုတာရှီးမား၊ JFA ဥက္ကဋ္ဌဟောင်း ကာဝါဘူချီ တို့နှင့် တွေ့ဆုံ၍ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံ ဘောလုံးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
MFF ဥက္ကဋ္ဌအနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ အလားအလာရှိသည့် ကစားသမားများကို ဂျပန်၏ အဆင့်မြင့် ပရော်ဖက်ရှင်နယ် ကလပ်အသင်းများတွင် ထည့်သွင်းကစားနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ရာ ဂျပန်ကလပ်အသင်းများနှင့် ညှိနိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း JFA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆန်ခါတင် ရွေးချယ်ထားသည့် မြန်မာလူငယ်ကစားသမား စုစုပေါင်း ၂၅ ဦးကိုလည်း ဂျပန်နိုင်ငံတွင် ယခုနှစ် ဧပြီလကုန်ပိုင်းနှင့် မေလ ပထမအပတ်အတွင်း သွားရောက်လေ့ကျင့်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။
ယနေ့ နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများ ဆွေးနွေးမှုအရ ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် မြန်မာအတွက် နည်းစနစ်ပိုင်း ပံ့ပိုးကူညီသည့်အနေဖြင့် နည်းပြသင်တန်းများ စီစဉ်ခြင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်နေရာအတွက် သင့်တော်သည့် နည်းပြတစ်ဦး ခန့်အပ်တာဝန်ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အောင်မြင်မှု မရှိသော အား/ကာသိပ္ပံကျောင်းများကိုလုံးဝပြောင်းလဲပစ်မည်ဟု ပြည်ထောင်စု ၀န်ကြီးပြောရန်ကုန် ​ဖေ​ဖော်​ဝါရီ ၄ ကျပ်သ...
04/02/2020

အောင်မြင်မှု မရှိသော အား/ကာသိပ္ပံကျောင်းများကိုလုံးဝပြောင်းလဲပစ်မည်ဟု ပြည်ထောင်စု ၀န်ကြီးပြော
ရန်ကုန် ​ဖေ​ဖော်​ဝါရီ ၎
ကျပ်သိန်းခြောက်သောင်းကျော်အထိဘတ်ဂျက်ထားရှိပြီးအောင်မြင်မှုမရရှိသောအားကစားနှင့်ကာယသိပ္ပံကျောင်းများကိုအပြောင်းအလဲပြုလုပ်သွားနိုင်ရန်ယနေ့တွင် နေပြည်တော်၌ ကွန်းဖရန့်တစ်ခုပြုလုပ်၍စတင်အကောင်အထည်ဖော်နေပြီးယင်းကျောင်းများကိုအပြောင်းအလဲကြီးကြီးမားမားပြုလုပ်သွားမည်ဖြစ်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးက ပြောသည်။
မျိုးဆက်သစ်ကစားသမားများကို အဓိက မွေးထုတ်ပေးနေသည့်မြန်မာတစ်နိုင်ငံလုံးရှိအားကစားနှင့်ကာယသိပ္ပံကျောင်းခြောက်ကျောင်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ် ဘတ်ဂျတ်ထားရှိမှုသည် ကျပ် သိန်းပေါင်း ၆၂၀၀၀ကျော်အထိ ရှိနေသည်။
ထို့ကဲ့သို့ငွေကြေးများစွာနှစ်စဉ်အသုံးပြုနေရသော်လည်းမြန်မာ့အားကစားလောကမှာတဖြည်းဖြည်းနှင့် အကျဘက် ရောက်လာသဖြင့် အဓိက ပင်မဖြစ်သည့် အားကစားနှင့်ကာယသိပ္ပံကျောင်းများကို စနစ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
''ကျွန်တော်တို့မှာအားကစားနဲ့ကာယပညာကျောင်းခြောက်ကျောင်း ရှိပါတယ်။ ဒီအားကစားကျောင်းခြောက်ကျောင်းရဲ့လုပ်ဆောင်မှုကို ကျွန်တော်တို့ကကွန်ဖရန့်လုပ်ပြီးတော့လုံးဝပြောင်းမှာဖြစ်ပါတယ်။လုံးဝလုံးဝပြောင်းပါမယ်။ကားလောကမှာဆိုရင်အင်ဂျင်လုံးချိန်းပြောင်းတဲ့ပုံစံလောက်အထိကိုကျွန်တော်လုပ်ဖို့ရှိပါတယ်။အဲ့ကွန်ဖရန်မှာ အကုန်လုံးရဲ့ အကြံဥာဏ်ယူပြီး လုံးဝပြောင်းမှာဖြစ်ပါတယ်'' ဟုဖေဖော်ဝါရီ၂ရက်တွင်ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ကပြုလုပ်ခဲ့သော ဆီးဂိမ်းစ်ဆုတံဆိပ်ရ အားကစားသမားများ ဆုပေးပွဲ၌ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်၊ မန္တလေး၊ ကယား၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ တို့ရှိ အားကစားနှင့်ကာယသိပ္ပံကျောင်းခြောက်ကျောင်းတွင်ကျောင်းသားပေါင်း၁၄၀၀ကျော်ကိုအားကစားနည်း၂၂မျိုးအားသင်ကြားပေးလျက်ရှိနေပြီး ၀န်ထမ်းပေါင်းမှာလည်း ၈၀၀ကျော် ရှိနေကြောင်း သိရသည်။
'' အဓိကဘာလဲဆိုတော့ ပြန်ပြီးတော့သုံးသပ်တာပေါ့ ။ ကုန်ကျတဲ့ငွေတွေနဲ့ ထွက်လာတဲ့ ကလေးတွေရဲ့ အရည်အသွေးနဲ့က တကယ်ပဲနိုင်ငံအတွက် အကျိုး ရှိရဲ့လား။ အကျိုးမရှိဘူးဆိုဘာလုပ်ကြမလဲ။ ဘယ်လိုနည်းနဲ့ သွားမလဲဆိုတဲ့ဟာကို အဖြေရှာတာ ဖြစ်ပါတယ်။
နောက် စင်ကာပူ၊ အိန္ဒိယ၊ တရုတ်တို့မှာ ရှိတဲ့ ကျောင်းတွေကို သွားလေ့လာမယ်။ သူတို့တွေဘာကြောင့်အောင်မြင်တာလဲကျွန်မတို့ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ ဆိုတာကို လေ့လာပြီးတော့ စနစ်တကျ ရှေ့ဆက်သွားမှာဖြစ်ပါတယ်'' ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။
အားကစားနှင့်ကာယသိပ္ပံကျောင်းများ၏ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍အဖြေရှာမည့်အဆိုပါကွန်းဖရန့်ကို ဖေဖော်ဝါရီ၅ရက်အထိပြုလုပ်သွားမည်ဖြစ်ကာတစ်ပြည်လုံးရှိညွှန်ကြားရေးမှူးများအထိပါဝင်ပြီးအမေရိက၊ ဂျာမနီ၊ ရုရှား၊ တရုတ်၊ သြစတြေးလျတို့၌ အားကစားနှင့်ပတ်သည့် ပညာတော်သင်များသွားရောက်ခဲ့သော ပြည်တွင်းမှကျွမ်းကျင်ပညာရှင်ကြီးများလည်းပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

MPT Myanmar National League 2020 ပွဲစဉ် (၁) အပြီး အမှတ်ပေးဇယားကို ရတနာပုံအက်ဖ်စီအသင်းက ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဦးဆ...
12/01/2020

MPT Myanmar National League 2020
ပွဲစဉ် (၁) အပြီး အမှတ်ပေးဇယားကို ရတနာပုံအက်ဖ်စီအသင်းက ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်ထားတာ တွေ့ရပါတယ်။
ပွဲစဉ် (၁)ရလဒ်များ
ISPE (ဝ-၁) ရှမ်းယူနိုက်တက်
ဧရာဝတီယူနိုက်တက် (ဝ-၀) မကွေးအက်ဖ်စီ
ဇွဲကပင်ယူနိုက်တက် (ဝ-၂) ရတနာပုံအက်ဖ်စီ
ရန်ကုန်ယူနိုက်တက် (၂-၁) ချင်းယူနိုက်တက်
ဟံသာဝတီယူနိုက်တက် (၁-ဝ) ရခိုင်ယူနိုက်တက်
ဆောက်သမ်းမြန်မာ (၂-၃) စစ်ကိုင်းယူနိုက်တက်



မြန်မာနိုင်ငံအတွက်တတိယမြောက်ရွှေတံဆိပ်ဆုကို အမျိုးသမီး ၄  ယောက်တွဲ  #ရိုးရာလှေကစားနည်းမှ ရယူပေးနိုင်ခဲ့ပါတယ်. 🇲🇲
07/12/2019

မြန်မာနိုင်ငံအတွက်တတိယမြောက်ရွှေတံဆိပ်ဆုကို
အမျိုးသမီး ၄ ယောက်တွဲ #ရိုးရာလှေကစားနည်းမှ ရယူပေးနိုင်ခဲ့ပါတယ်. 🇲🇲

ကနူးလှေ, မီတာ (၂၀၀)တစ်ဦးချင်း။ မျိုးလှိုင်ဝင်း(ငွေ)Hermie Philippines claims gold 🥇 after a close race at the 200m men's...
07/12/2019

ကနူးလှေ, မီတာ (၂၀၀)တစ်ဦးချင်း။ မျိုးလှိုင်ဝင်း(ငွေ)
Hermie Philippines claims gold 🥇
after a close race at the 200m men's canoe finals!
earned silver 🥈 and
Anh Duc Duong took home bronze 🥉. Congratulations to all the athletes!

 #အနောက်တိုင်းလှေမီတာ၁၀၀၀နီလာဝင်း၊ ရွှေဇင်လတ် တတိယ၊‌ေကြးတံဆိပ်ရရှိGolds for the Philippines! Joanie Delgaco and Jen Caba...
07/12/2019

#အနောက်တိုင်းလှေမီတာ၁၀၀၀
နီလာဝင်း၊ ရွှေဇင်လတ် တတိယ၊‌ေကြးတံဆိပ်ရရှိ

Golds for the Philippines! Joanie Delgaco and Jen Caballero bags the gold medal for women’s Lightweight Double Skulls.

Followed by Dinh Thi Hao and Ta Thanh Huyen of Vietnam for silver, and and of ends with bronze.

မြန်မာကနူးလှေလှော်မီတာ ၁၀၀၀ တယောက်လှော်သန့်ဇင်ဦး အုပ်စုပထမဖြင့် ဖိုင်နယ်တက်ရောက်ပါပြီ။
06/12/2019

မြန်မာကနူးလှေလှော်မီတာ ၁၀၀၀ တယောက်လှော်သန့်ဇင်ဦး အုပ်စုပထမဖြင့် ဖိုင်နယ်တက်ရောက်ပါပြီ။

ထိုင်းအသင်းနှင့် ကစားမည့်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲထွက်လူစာရင်း.............
05/12/2019

ထိုင်းအသင်းနှင့် ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပွဲထွက်လူစာရင်း.............

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားများအား တစ်ဦးလျင် အမေရိကန်ဒေါ်လာ 200 နှုန်း ထေ...
03/12/2019

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားများအား တစ်ဦးလျင် အမေရိကန်ဒေါ်လာ 200 နှုန်း ထောက်ပံ့ပေးအပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၂ အသင်းနှင့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း တို့သည်လည်း တစ်သင်းလျင် အမေရိကန် ဒေါ်လာ ၅၂၀၀ စီရရှိခဲ့ကြပါသည်။

အုပ်စု ပထမနေရာမှ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း=============================...
02/12/2019

အုပ်စု ပထမနေရာမှ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
================================================================================
အကြိမ် (၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စု(က)နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီး တို့ ဖိလစ်ပိုင်နိုင်ငံ Binan Stadium တွင် ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက (၅-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စု ပထမနေရာမှ တက်ရောက်ခဲ့သည်။

အုပ်စု (က)တွင် မြန်မာ၊ ဖိလစ်ပိုင်အသင်းတို့သည် ၁ပွဲနိုင်၊ ၁ပွဲ သရေ၊ ရဂိုး (၅)ဂိုး တူညီခဲ့သောကြောင့် FairPlay စည်းမျဉ်းအရ မြန်မာအသင်းက အသာရကာ အုပ်စုပထမနေရာမှ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(ခ) ဒုတိယနေရာမှ ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် တွေ့ဆုံမည်ဖြစ်သည်။

"အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဒီနေ့ အဆုံးသတ်ပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိပြီး ဆီမီးဖိုင်နယ်မှာအကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကစားသမားတွေ ၅ရက်အနားရတာကြောင့် အနည်းငယ်လေးလံနေပါတယ်။ ‌ ကျွန်တော်တို့အနေနဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ချင်လို့ ပွဲကို ချိန်ပြီးကစားနေခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာ သတ်မှတ်တဲ့ဂိုးရအောင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ကြိုးစားပေးတဲ့ ကစားသမားအားလုံးကို ချီးကျူးပါတယ်" ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက ဆိုသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်
ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်အဖြစ်
ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်၊
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Credit MFF

မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်(MSMF)၏နိုဝင်ဘာလ ၂၆ရက်နေ့တွင်ကျင်းပခဲ့သောအသက် ၇၀နှစ်အထက် #သက်ကြီးဝါရင့်အားကစားကလောင်...
29/11/2019

မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်(MSMF)၏
နိုဝင်ဘာလ ၂၆ရက်နေ့တွင်ကျင်းပခဲ့သော
အသက် ၇၀နှစ်အထက်
#သက်ကြီးဝါရင့်အားကစားကလောင်ရှင်များကန်‌ေတာ့ပွဲအတွက်

၂၀၁၈ခုနှစ်, တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရှင် #အေးသစ္စာမြင့် မှလည်း
အလှူငွေ ၅ သောင်း ကျပ်တိတိ ပါဝင်လှူဒါန်းထားပါသည်။
သာဓုသာဓုသာဓုပါခင်ဗျာ

မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်(MSMF)၏နိုဝင်ဘာလ ၂၆ရက်နေ့တွင်ကျင်းပခဲ့သောအသက် ၇၀နှစ်အထက် #သက်ကြီးဝါရင့်အားကစားကလောင်...
29/11/2019

မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်(MSMF)၏
နိုဝင်ဘာလ ၂၆ရက်နေ့တွင်ကျင်းပခဲ့သော
အသက် ၇၀နှစ်အထက်
#သက်ကြီးဝါရင့်အားကစားကလောင်ရှင်များကန်‌ေတာ့ပွဲအတွက်

မော်ဒယ်သရုပ်ဆောင် #ထားထက်ထက် မှလည်း
အလှူငွေ ၁ သိန်း ကျပ်တိတိ ပါဝင်လှူဒါန်းထားပါသည်။
သာဓုသာဓုသာဓုပါခင်ဗျာ

Address

Yangon
951

Website

Alerts

Be the first to know and let us send you an email when Myanmar Sports Media Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share