
20/08/2025
THE MASK (မျက်နှာဖုံး)
ခွန်းညိုသွေး
၉၀၀၀ ကျပ်
ဆရာခွန်းညိုသွေးရဲ့ ဝတ္ထုတိုစုစည်းမှု အဖြစ် ဝတ္ထတို၁၂ပုဒ် ပါဝင်ဖွဲ့စည်းထားပါတယ်။ ၂၀၂၂ ခုနှစ်က နောက်ဆုံးထွက်ခဲ့တဲ့ "ခရမ်းရင့်ရောင်မိုးတိမ်များ" ဝတ္ထုတို စုစည်းမှုအပြီး ၃နှစ်အကြာမှာ ပုံစံတစ်မျိုး Theme တစ်မျိုးနဲ့ ထွက်ရှိလာတဲ့ ဝတ္ထုတိုစုစည်းမှု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကြားမှာပဲ လှုပ်ရှားသွားလာနေတဲ့ ဒီဝတ္ထုတို ၁၂ပုဒ်ကို မိတ်ဆွေတို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ တသားတည်း စီးဝင်ဖတ်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ကောက်စာတချို့ကို ထုတ်နုတ်ပြရရင်
" ငွေကြေး။ ချစ်ခြင်းမေတ္တာ။ ယုံကြည်မှု နဲ့ သံယောဇဉ်။
လူတို့ရဲ့ အရောင်ပြောင်းလဲမှုများ။
ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေဟာ တန်ဖိုးထားတတ်တဲ့သူဆီမှာမှ တန်ဖိုးရှိတဲ့ အရာတွေလေ။ လူ့အဖွဲ့အစည်းမှာ လူတွေက သူတို့ကိုယ်တိုင် တန်ဖိုးမထားဘဲ လွှတ်ချလိုက်ကြတဲ့ အရာတွေ အများကြီးပဲ မဟုတ်လား။ "