28/07/2026
Yangon Galacticos (MLBB) အသင်းကို အားပေးမည့် "Galactic Watch Party" ပြုလုပ်မည်
ရန်ကုန်၊ ဇူလိုင် ၂၇
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် MSC at EWC 2026 ပြိုင်ပွဲ၏ Knockout Stageသို့ တက်ရောက်သွားနိုင်ခဲ့သည့် မြန်မာ့ကိုယ်စားပြု Yangon Galacticos (YG) MLBB အသင်း၏ ပွဲစဉ်များကို ပရိသတ်များ အတူတကွ စုပေါင်းအားပေးနိုင်ရန် "Galactic Watch Party" ကို ကျင်းပသွားမည်ဖြစ်ကြောင်း Yangon Galacticos (YG) ၏ Facebook စာမျက်နာတွင် ဇူလိုင် ၂၇ရက်က ထုတ်ပြန်သည်။
အဆိုပါ Watch Party တွင် MLBB ပရိသတ်များ အထူးနှစ်သက်ကြသည့် အထူးဧည့်သည်တော် A Tar Mon လည်း တက်ရောက်မည်ဖြစ်ပြီး၊ ပရိသတ်များနှင့်အတူ ပျော်ရွှင်စွာ စားသောက်ရင်း YG MLBB အသင်းကို အားပေးသွားကြမည်ဖြစ်ကြာင်း YG၏ Facebook စာမျက်နာတွင် ထုတ်ပြန်ထားသည်။
Yangon galatiocos (YG)က ပြုလုပ်သည့် Watch Party ပွဲကို Beer Vibe(ပြည်သာယာ) တွင် ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး ကနဦး ပွဲစဉ်ကို ဇူလိုင် ၂၉ရက်
ညနေ ၄:၃၀ နာရီ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း watch Party ပွဲသို့ မည်သူမဆို လာရောက်အားပေးနိုင်ရန် စီစဉ်ထားရှိပြီး၊ Register ပြုလုပ်ထားသူများအတွက် အထူးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ရာ ပါဝင်လိုသူများအနေဖြင့် https://forms.gle/fEmYwh4Lf7REBUY မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
တင်အောင်