01/09/2026
🔥 Redmi K100 Pro နဲ့ Redmi K100 Pro Max တို့ရဲ့ Global Version တွေလာပြီ POCO F9 Pro နဲ့ POCO F9 Ultra တရားဝင်မိတ်ဆက်!
POCO က F9 Series ကို Global Market မှာ တရားဝင်မိတ်ဆက်လိုက်ပြီး POCO F9 Pro နဲ့ POCO F9 Ultra ဆိုတဲ့ Flagship Smartphone နှစ်လုံးကို ထုတ်လုပ်ပေးလိုက်ပါတယ်။ Gaming Performance၊ 185Hz AMOLED Display၊ Battery အကြီးစားနဲ့ 200MP Camera တို့ကို အဓိကအားသာချက်အဖြစ် ထည့်သွင်းပေးထားတဲ့ ဒီ Model နှစ်လုံးဟာ Redmi K100 Pro နဲ့ Redmi K100 Pro Max တို့ရဲ့ Global Version တွေအဖြစ် ထွက်ရှိလာတာကြောင့် Smartphone Fans တွေအကြား အထူးစိတ်ဝင်စားမှုရရှိနေပါတယ်။
POCO F9 Ultra က Series ရဲ့ Top Model ဖြစ်ပြီး Qualcomm Snapdragon 8 Elite Gen 5 Processor ကို အသုံးပြုထားပါတယ်။ 3nm Process နဲ့ ထုတ်လုပ်ထားတဲ့ ဒီ Flagship Chipset မှာ Prime Core ၂ လုံးက 4.6GHz အထိ Clock Speed ရရှိနိုင်ပြီး Performance Core ၆ လုံးကတော့ 3.62GHz အထိ ရောက်ရှိနိုင်ပါတယ်။ Gaming နဲ့ Graphics Performance ကို ပိုမိုကောင်းမွန်စေဖို့ POCO ရဲ့ VisionBoost D8 Chipset ကိုလည်း ထည့်သွင်းထားပြီး Image Enhancement၊ Frame Interpolation နဲ့ Supported Games တွေအတွက် Game HDR Feature တွေကို ပံ့ပိုးပေးထားပါတယ်။
Memory ပိုင်းမှာ LPDDR5X Ultra RAM ကို 16GB အထိ ရရှိနိုင်ပြီး UFS 4.1 Storage ကို 1TB အထိ ရွေးချယ်နိုင်ပါတယ်။ Gaming ကို အဓိကထားတဲ့ Smartphone ဖြစ်တာကြောင့် 3D IceLoop Cooling System နဲ့ Graphite Layer အကြီးစားကို အသုံးပြုပေးထားပြီး အချိန်ကြာကြာ Game ကစားတဲ့အခါ Heat Management ကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ထားပါတယ်။ POCO ရဲ့ WildBoost Engine ကလည်း ကစားနေတဲ့ Game အလိုက် Performance နဲ့ Power Consumption ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။
POCO F9 Ultra မှာ 6.9-inch AMOLED Display ကို အသုံးပြုထားပြီး 2608 x 1200 Pixels Resolution၊ 12-bit Color၊ Dolby Vision၊ HDR10 Plus နဲ့ DCI-P3 Wide Color Gamut တို့ကို Support ပေးထားပါတယ်။ အထူးစိတ်ဝင်စားစရာကတော့ 185Hz Refresh Rate ဖြစ်ပြီး Supported Games အချို့မှာ 185fps အထိ အသုံးချနိုင်မယ်လို့ POCO က ပြောထားပါတယ်။ Game Turbo Mode အသုံးပြုတဲ့အချိန်မှာ Instant Touch Sampling Rate ကို 4,800Hz အထိ ရရှိနိုင်ပေမယ့် ဒီ Feature ကတော့ Compatible ဖြစ်တဲ့ Games နဲ့ Software Settings တွေပေါ်မှာ မူတည်မှာဖြစ်ပါတယ်။
Camera ပိုင်းမှာ 200MP Main Camera ကို OIS နဲ့အတူ ထည့်သွင်းပေးထားပြီး 50MP Periscope Telephoto Camera နဲ့ 50MP Ultrawide Camera တို့ ပါဝင်ပါတယ်။ 50MP Periscope Telephoto Camera က 5x Optical Zoom နဲ့ 120mm Equivalent Focal Length ကို Support ပေးထားပြီး 30cm ခန့်အကွာအဝေးကနေ Close-up Photography တွေလည်း ရိုက်ကူးနိုင်ပါတယ်။ Rear Camera နဲ့ 8K 30fps Video Recording နဲ့ 4K 60fps Video Recording တို့ကို ရိုက်ကူးနိုင်သလို 32MP Front Camera နဲ့တောင် 4K Video Recording ကို Support ပေးထားပါတယ်။
Battery ပိုင်းမှာတော့ POCO F9 Ultra ရဲ့ အားအကောင်းဆုံး Feature တစ်ခုဖြစ်တဲ့ 8,050mAh Battery အကြီးစားကို အသုံးပြုထားပါတယ်။ 100W Wired Charging နဲ့ 50W Wireless Charging တို့ကို Support ပေးထားပြီး POCO ရဲ့အဆိုအရ 100W Wired Charging အသုံးပြုပါက Battery အပြည့်အားသွင်းဖို့ မိနစ် 50 ခန့်သာ ကြာမြင့်မယ်လို့ ဆိုပါတယ်။ Wireless Charging နဲ့တော့ မိနစ် 37 ခန့်အတွင်း Battery 50% အထိ အားသွင်းနိုင်ပါတယ်။ Cable ဖြင့် အခြား Device တွေကို 27W အထိ Reverse Charging ပြုလုပ်နိုင်သလို Wireless Reverse Charging ကိုလည်း 22.5W အထိ Support ပေးထားပါတယ်။
Audio ပိုင်းမှာ Bose Tuning ပြုလုပ်ထားတဲ့ Stereo Speakers နဲ့ သီးသန့် Subwoofer ပါဝင်လာတာကြောင့် Gaming နဲ့ Entertainment Experience ကို ပိုမိုကောင်းမွန်စေမယ်လို့ မျှော်လင့်ရပါတယ်။ Wi-Fi 7၊ Bluetooth 6.0၊ NFC၊ IR Blaster၊ USB 3.2 Gen 1၊ Ultrasonic Fingerprint Sensor နဲ့ IP68 Dust and Water Resistance တို့လည်း ပါဝင်လာပါတယ်။ POCO F9 Ultra ကို Black နဲ့ Dark Cherry Color နှစ်မျိုးနဲ့ ရရှိနိုင်ပြီး 12GB + 256GB Version ကို $799၊ 16GB + 512GB Version ကို $949 နဲ့ Top Model ဖြစ်တဲ့ 16GB + 1TB Version ကိုတော့ $1,199 နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
တစ်ဖက်မှာ POCO F9 Pro ကတော့ Flagship Gaming Performance ကို ပိုမို Balance ဖြစ်တဲ့ဈေးနှုန်းနဲ့ ရရှိစေမယ့် Model ဖြစ်ပါတယ်။ Snapdragon 8 Elite Gen 5 V Series Processor ကို အသုံးပြုထားပြီး 3nm Process နဲ့ ထုတ်လုပ်ထားတဲ့ Third-generation Qualcomm Oryon CPU Cores တွေ ပါဝင်ကာ အမြင့်ဆုံး Clock Speed 4.6GHz အထိ ရရှိနိုင်ပါတယ်။ VisionBoost D8 Graphics Chipset ကိုလည်း ထည့်သွင်းပေးထားပြီး Supported Games တွေမှာ Frame Interpolation ကို 185fps အထိ Support ပေးနိုင်သလို Game HDR နဲ့ AI Super Resolution Feature တွေလည်း ပါဝင်ပါတယ်။
POCO F9 Pro မှာ 6.59-inch AMOLED Display၊ 2510 x 1156 Pixels Resolution နဲ့ 185Hz Refresh Rate ကို အသုံးပြုထားပါတယ်။ 68 Billion Colors၊ DCI-P3 Color Gamut နဲ့ Multi-scenario အသုံးပြုမှုအတွက် 4,500 nits Brightness ကို ရရှိနိုင်ပြီး Selected HDR Content တွေအတွက် Peak Brightness ကတော့ 10,000 nits အထိ ရောက်ရှိနိုင်ပါတယ်။ Full-range DC Dimming၊ 16,000 Dimming Levels နဲ့ Minimum Brightness 1 nit တို့လည်း ပါဝင်လာပါတယ်။
Camera ပိုင်းမှာ 200MP Main Camera ကို OIS နဲ့ တွဲဖက်ပေးထားပြီး 50MP Floating Telephoto Camera နဲ့ 8MP Ultrawide Camera တို့ ပါဝင်ပါတယ်။ Telephoto Camera က 60mm Equivalent Focal Length၊ 2.5x Optical Zoom နဲ့ Minimum Focusing Distance 10cm အထိ Support ပေးထားတာကြောင့် Close-up Photography တွေအတွက်လည်း အသုံးဝင်နိုင်ပါတယ်။ Selfie Camera ကတော့ 32MP ဖြစ်ပါတယ်။
Battery ပိုင်းမှာ 6,330mAh Silicon-Carbon Battery ကို အသုံးပြုထားပြီး 100W Wired Charging နဲ့ 50W Wireless Charging ကို Support ပေးထားပါတယ်။ Wired Charging နဲ့ Battery 50% ကို 19 Minutes အတွင်း အားသွင်းနိုင်တယ်လို့ POCO က ဆိုထားပြီး Wireless Charging နဲ့တော့ 50% ကို 35 Minutes အတွင်း ရရှိနိုင်ပါတယ်။ အခြား Device တွေကိုလည်း Cable ဖြင့် 27W အထိနဲ့ Wireless ဖြင့် 22.5W အထိ Reverse Charging ပြုလုပ်နိုင်ပါတယ်။
POCO F9 Pro မှာ Bose Tuning ပြုလုပ်ထားတဲ့ Symmetrical Stereo Speakers တွေ ပါဝင်ပြီး IP68 Dust and Water Resistance ကိုလည်း Support ပေးထားပါတယ်။ White နဲ့ Aurora Green Color နှစ်မျိုးနဲ့ ရရှိနိုင်ပြီး Aurora Green Version မှာ နေရောင် သို့မဟုတ် Indoor Light နဲ့ ထိတွေ့ပြီးနောက် Rear Panel မှာ Glow Effect ထွက်လာနိုင်တဲ့ Design ကို အသုံးပြုထားပါတယ်။ POCO F9 Pro 12GB + 256GB Version ကို $699 နဲ့ ရောင်းချသွားမှာဖြစ်ပြီး 12GB + 512GB Version ကိုတော့ $769 နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
Redmi K100 Pro နဲ့ Redmi K100 Pro Max တို့ရဲ့ Global Version တွေအဖြစ် POCO Branding နဲ့ ထွက်ရှိလာတဲ့ POCO F9 Pro နဲ့ POCO F9 Ultra တို့ဟာ 2026 Flagship Smartphone Market အတွက် တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ Model နှစ်လုံးဖြစ်လာပါတယ်။ POCO F9 Pro က 185Hz Display၊ 200MP Camera၊ 2.5x Telephoto Camera နဲ့ 6,330mAh Battery တို့ကို ပိုမို Balance ဖြစ်တဲ့ဈေးနှုန်းနဲ့ ပေးထားပြီး POCO F9 Ultra ကတော့ 185Hz Display၊ Snapdragon 8 Elite Gen 5၊ 200MP Camera၊ 5x Periscope Zoom နဲ့ 8,050mAh Battery အကြီးစားတို့ကို တစ်လုံးတည်းမှာ ပေါင်းစပ်ပေးထားတဲ့ Ultimate Flagship Model အဖြစ် ထွက်ရှိလာတာဖြစ်ပါတယ်။