Evan's Reviews

Evan's Reviews Video Creator From Myanmar. Content Creator. Massive Love For All Things Tech! Evan နဲ့အတူ Review ကြည့်မယ်

PMWC 2025 ချန်ပီယံဆုကြီးကို Yangon Galacticos PUBG Mobile eSports အသင်းက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ eSports ...
08/08/2025

PMWC 2025 ချန်ပီယံဆုကြီးကို Yangon Galacticos PUBG Mobile eSports အသင်းက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှုတစ်ခုအဖြစ် မှတ်တိုင်ထူခဲ့

ယခုနှစ် PUBG Mobile World Cup (PMWC) တွင် ထူးခြားပြောင်မြောက်သော ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်နှင့် စိတ်အားထက်သန်မှုများကို မြင်တွေ့ခဲ့ရပြီး မြန်မာအသင်းသည် PUBG Mobile ၏ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် သမိုင်းဝင် အောင်မြင်မှုကြီးကို ရယူဆွတ်ခူးခဲ့သည်။

သြဂုတ် ၈၊ ၂၀၂၅၊ ရန်ကုန်၊ မြန်မာ မြန်မာနိုင်ငံ၏ ထိပ်တန်း eSports အသင်းဖြစ်သည့် Yangon Galacticos (YG) သည် PUBG MOBILE World Cup (PMWC) 2025 တွင် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ ထိပ်တန်း ပြိုင်ဘက်အသင်းများကို အနိုင်ရယူကာ မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

PUBG MOBILE World Cup (PMWC) ပြိုင်ပွဲကို eSports World Cup (EWC) 2025 ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာအနှံ့မှ ထိပ်တန်း PUBG MOBILE အသင်းများကို စုစည်းစေခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Yangon Galacticos သည် ဒေသတွင်းပြိုင်ပွဲနှင့် SEA Challengers League တို့ကို အောင်မြင်ခဲ့ပြီး Underdog အသင်းအဖြစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Grand Finals ပွဲစဉ်သို့ တက်ရောက်လာသည့် အသင်းအနေဖြင့် Yangon Galacticos သည် စုစုပေါင်းအမှတ် ၁၅၇ မှတ်ဖြင့် Weibo Gaming ကဲ့သို့ နာမည်ကြီးအသင်းများကို အံ့အားသင့်ဖွယ် ဖြတ်ကျော်အနိုင်ရယူကာ ပထမနေရာတွင် ရပ်တည်ခဲ့သည်။

မြန်မာနိုင်ငံကနေ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ PMWC စင်မြင့်ပေါ်မှာ ရပ်ပြီးတော့ ချန်ပီယံဆုကြီးကို အိမ်ကို ပြန်ယူလာမယ်ဆိုတဲ့ အိပ်မက်ကို တကယ်အကောင်အထည်ဖော်လိုက်နိုင်ပါပြီ ဟု YG အသင်းခေါင်းဆောင် Master Smile က ပြောကြားခဲ့သည်။ ဒီအောင်ပွဲက ကျွန်တော်တို့အတွက် အရာအားလုံးပါပဲ။ ဒီအခိုက်အတန့်က ကျွန်တော်တို့အတွက်တင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို ယုံကြည်အားပေးနေတဲ့ ပရိသတ်တိုင်းအတွက်ပါ မဆုတ်မနစ် ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ချန်ပီယံဆုကြီး ယူလာနိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ် ဟု ထပ်လောင်းပြောကြားခဲ့သည်။

ချန်ပီယံဆုသည် Yangon Galacticos အသင်းအတွက် သာမက ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုနှင့် အရှိန်အဟုန် အပြည့်ရှိသော မြန်မာ့ eSports အသိုင်းအဝိုင်းအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ YG ၏ ဒေသတွင်း ပြိုင်ပွဲများမှ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သည့် ခရီးစဉ်သည် ကျွမ်းကျင်မှု၊ စည်းကမ်းနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို ထင်ဟပ်စေသည်။

YG အသင်းနည်းပြ MaKo က "ကျွန်တော်တို့ Yangon Galacticos ရဲ့ အနိုင်ရမှုက ကမ္ဘာ့ eSports အခင်းအကျင်းမှာ အရှေ့တောင်အာရှအသင်းတွေရဲ့ တိုးတက်လာမှုကိုလဲ ပေါ်လွင်စေပါတယ်။ ဒါက အခုမှ အစပဲရှိပါသေးတယ်။ ဒီအခိုက်အတန့်က မြန်မာနိုင်ငံက Gamer မျိုးဆက်သစ်တွေအတွက် ခွန်အားတစ်ခုဖြစ်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ် ဟု ပြောကြားခဲ့သည်။

PMWC 2025 သည် ကြည့်ရှုသူဦးရေ ၁.၃၈ သန်းအထိ စံချိန်တင်ရရှိခဲ့ပြီး ပရိသတ်များ၊ Content Creator များနှင့် ကမ္ဘာလုံးဆိုင်ရာ ဂိမ်းအသိုင်းအဝန်းအကြား အားပေးမှုများစွာ ရရှိခဲ့သည်။ ယခုနှစ် PUBG MOBILE World Cup Grand Finals တွင် ထူးခြားသော "Smash Rule" စည်းမျဉ်းတစ်ခုကို အသုံးပြုခဲ့ခြင်းကြောင့် ရလဒ်များကို မခန့်မှန်းနိုင်အောင်ဖြစ်ရပြီး နောက်ဆုံးပွဲစဉ်အထိ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည်။

ယခုပြိုင်ပွဲအပြင် PUBG MOBILE သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတစ်ဝန်းရှိ eSports ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ PUBG MOBILE ၏ ကောင်းမွန်ပြီး အရည်အချင်းပြည့်မီသော ဖွဲ့စည်းမှုပုံစံသည် ရည်မှန်းချက်ကြီးမားသော အသင်းများကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲများနှင့် ထိတွေ့မှု ရရှိစေပြီး ကမ္ဘာ့အမြင့်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်။

PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က PUBG MOBILE အနေနဲ့ မတူညီတဲ့ Background မျိုးစုံက အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် အောင်မြင်တောက်ပလာနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ကို ပံ့ပိုးပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ် ဟု ပြောကြားခဲ့သည်။ Yangon Galacticos ရဲ့ PMWC 2025 မှာ သမိုင်းဝင် အနိုင်ရမှုက ပွင့်လင်းတဲ့ ယှဉ်ပြိုင်မှုတွေဟာ အခွင့်အလမ်းတွေ တိုးပွားလာစေကြောင်းနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂိမ်းအသိုင်းအဝိုင်းတွေကို မျှော်လင့်ချက် ခွန်အားပေးနိုင်ကြောင်း ပေါ်လွင်စေပါတယ် ဟု ထပ်လောင်းပြောကြားခဲ့သည်။

Yangon Galacticos ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ eSports အသိုင်းအဝန်းများတွင် ထင်ဟပ်နေပြီး ပရိသတ်များ၊ ဖန်တီးသူများနှင့် ပံ့ပိုးသူများထံမှ အားပေးထောက်ခံမှုများ ရရှိခဲ့သည်။ ၎င်းတို့၏ အောင်မြင်မှုခရီးစဉ်သည် eSports အသိုက်အဝန်းများအတွက် ပိုမိုကြီးထွားလာသော စိတ်အားထက်သန်မှုနှင့် မတူညီသော နေရာများမှ ကစားသမားများကို တစ်စုတစ်စည်းတည်းဖြစ်စေသည့် Mobile eSports ၏ ထူးခြားသော စွမ်းအားကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။

အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့မှ မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ  ချဲ့ထွင်ဝန်ဆောင်မှုပေးသွားနို...
08/08/2025

အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့မှ
မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ချဲ့ထွင်ဝန်ဆောင်မှုပေးသွားနိုင်ရန် လက်တွဲပူးပေါင်းဆောင်ရွက်

အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့မှ လုံခြုံစိတ်ချရပြီး လက်လှမ်းမီသော ခေတ်မီဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများ ပူးပေါင်းဖန်တီးရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး။

လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ တိုးတက်စေလိုတဲ့ တူညီသောရည်ရွယ်ချက်ကို ဖော်ညွှန်းနေပါတယ် ဟု ပြောကြားခဲ့သည်။

အက်တမ် application များတွင် သုံးစွဲသူ customer များအနေဖြင့် KBZPay နှင့် payment များ ပြုလုပ်နိုင်ပြီး အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့၏ သုံးစွဲသူအမျိုးအစားအလိုက် လိုအပ်သော အကြွေးဝယ်ကဒ် (Credit Card) ဝန်ဆောင်မှုများ၊ အသေးစားချေးငွေ (Micro Loans) များ၊ E-commerce လုပ်ဆောင်ချက်များ စသည်ဖြင့် စုံလင်သော ခေတ်မီငွေကြေးဝန်ဆောင်မှုများစွာ အပြင် အစဉ်အမြဲ သုံးစွဲသူများအတွက် အထူးအကျိုးခံစားခွင့်များ ပါဝင်သွားမည်ဖြစ်သည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့သည် ဤလက်တွဲပူးပေါင်းမှုမှတစ်ဆင့် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှု ဖြစ်စေရန် ဝန်ဆောင်မှုအမျိုးအစားများစွာကို ဖန်တီး ဖြန့်ကျက်သွားမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့၏ စံချိန်စံညွှန်းနှင့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ဈေးကွက်ချဲ့ထွင်သွားမည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင် မှ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရဲ့ လူတိုင်း ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေးလမ်းစဉ်မှာ အက်တမ် (ATOM) နဲ့အတူတူ ပူးတွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံအတွင်း လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အထူးကိုက်ညီနေတာတွေ့ရပါတယ်။ ကျွန်တော်တို့က ဘဏ်လုပ်ငန်းမှတစ်ဆင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးမျိုးသော ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုများကို ဘက်ပေါင်းစုံမှ ပိုရရှိလာစေခြင်းဖြင့် လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်သောဘဝအရည်အသွေးတွေနဲ့ အခွင့်အလမ်းကောင်းတွေကို ဖန်တီးဖော်ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုအတွက်အကျိုးရှိစေမယ့် အကောင်းဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုတွေကို ဖော်ထုတ်ပေးစွမ်းသွားပါမယ်။ အသုံးပြုရလွယ်ပြီး ခေတ်မီဆန်းသစ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ပိုမိုလုံခြုံစိတ်ချရပြီး အားလုံးပါဝင်အသုံးပြုလာနိုင်အောင် ဆက်လက်ချဲ့ထွင်ရင်း လူနေမှုဘ၀တွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကူညီပံ့ပိုးပေးသွားမှာပါ ဟု ပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ဘဏ္ဍာရေးကဏ္ဍတွင် ဆက်သွယ်ရေးနည်းပညာများနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင် မှုများ ပေါင်းစည်းခြင်းအားဖြင့် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သောငွေကြေးဝန်ဆောင်မှုများ ပိုမိုတိုးတက်လာ စေပြီး စျေးကွက်အတွင်း အဆိုပါဝန်ဆောင်မှုများ ပိုမိုထိရောက်တွင်ကျယ်လာစေမည်ဖြစ်ပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့အကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူတိုင်း အတွက် လူနေမှုဘ၀များ တိုးတက်အောင်မြင်ပြီး အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည့် ပိုမိုကောင်းမွန်သော မြန်မာ့အနာဂတ် ဖော်ဆောင်ရန် တူညီသောမျှော်မှန်းချက်ကို ထင်ဟပ်နေပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့သည် သုံးစွဲသူများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အဓိပ်ပါယျရှိပွီး၊ အကျိုးသက်ရောက်မှုကောင်းများရှိသော လက်တွဲဆောင်ရွက်ချက်များ ဆက်လက်ဖန်တီး အကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်။
အားလုံးပါဝင်အသုံးပြုနိုင်သော ငွေကြေးနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများအား ကျေးလက်နှင့် ဘဏ်ဝန်ဆောင်မှုရယူရန် ခက်ခဲသောနေရာများအထိ တိုးချဲ့။
အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့၏ တတ်ကျွမ်းနားလည်မှုများ တိုးမြှင့်ပေါင်းစပ်ခြင်းမှတစ်ဆင့် သုံးစွဲသူများနှင့် လူမှုအသိုင်းအဝိုင်းအတွက် ထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊သြဂုတ်လ (၆) ရက်နေ့။ ။မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် မြန်မာနိုင်ငံ၏အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် တို့သည် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများအား မြန်မာနိုင်ငံအနှံ့ရှိ ကျေးလက်နှင့် ဝန်ဆောင်မှု နည်းပါးသောဒေသများအထိ တိုးချဲ့ပေးအပ်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)အား လက်မှတ်ရေးထိုးခဲ့ကြသည်။

ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန်နှင့် လူတိုင်းရာနှုန်းပြည့် ပါဝင်အသုံးပြု လာနိုင်စေရန်အတွက် အက်တမ် (ATOM) မှ ဘဏ္ဍာရေးနည်းပညာနှင့် ထိပ်တန်းဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ် နှင့်အတူ မဟာဗျူဟာကျ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အက်တမ် (ATOM) ၏ ခေတ်မီဆန်းသစ်သော တယ်လီကွန်းဝန်ဆောင်မှုများ နှင့် ကမ္ဘောဇဘဏ်၏ ငွေကြေးဆိုင်ရာ တတ်ကျွမ်းနားလည်မှုများပေါင်းစပ်ကာ မိုဘိုင်းလ်ပိုက်ဆံအိတ် (mobile wallets) များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများနှင့် အသေးစားချေးငွေများအပါအဝင် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအား ပူးတွဲဖန်တီးဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ တယ်လီကွန်းဝန်ဆောင်မှုများ နိုင်ငံအနှံ့ ပိုမိုလက်လှမ်းမီရရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက်နဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံတွေကို အသုံးပြုပြီး မြန်မာပြည်သူတွေအတွက်၊ အထူးသဖြင့် ဘဏ်ဝန်ဆောင်မှုရယူဖို့ခက်ခဲတဲ့ ဒေသတွေအထိ အက်တမ် (ATOM) ရဲ့ လက်ရှိပေးနေသော ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပိုအားကောင်းလာစေမှာဖြစ်သလို ငွေကြေးဝန်ဆောင်များ ပိုမိုလက်လှမ်းမီရရှိလာအောင် ကူညီပေးသွားမှာပါ။ ကမ္ဘောဇဘဏ်နဲ့ အခုလို လက်တွဲပူးပေါင်းခြင်းက လူတိုင်းလက်လှမ်းမီအသုံးပြုနိုင်တဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ မိုဘိုင်းလ်ကတစ်ဆင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူနိုင်ကြပြီး လူတစ်ဦးချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ တိုးတက်စေလိုတဲ့ တူညီသောရည်ရွယ်ချက်ကို ဖော်ညွှန်းနေပါတယ် ဟု ပြောကြားခဲ့သည်။

အက်တမ် application များတွင် သုံးစွဲသူ customer များအနေဖြင့် KBZPay နှင့် payment များ ပြုလုပ်နိုင်ပြီး အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့၏ သုံးစွဲသူအမျိုးအစားအလိုက် လိုအပ်သော အကြွေးဝယ်ကဒ် (Credit Card) ဝန်ဆောင်မှုများ၊ အသေးစားချေးငွေ (Micro Loans) များ၊ E-commerce လုပ်ဆောင်ချက်များ စသည်ဖြင့် စုံလင်သော ခေတ်မီငွေကြေးဝန်ဆောင်မှုများစွာ အပြင် အစဉ်အမြဲ သုံးစွဲသူများအတွက် အထူးအကျိုးခံစားခွင့်များ ပါဝင်သွားမည်ဖြစ်သည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့သည် ဤလက်တွဲပူးပေါင်းမှုမှတစ်ဆင့် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှု ဖြစ်စေရန် ဝန်ဆောင်မှုအမျိုးအစားများစွာကို ဖန်တီး ဖြန့်ကျက်သွားမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့၏ စံချိန်စံညွှန်းနှင့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ဈေးကွက်ချဲ့ထွင်သွားမည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင် မှ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရဲ့ လူတိုင်း ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေးလမ်းစဉ်မှာ အက်တမ် (ATOM) နဲ့အတူတူ ပူးတွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံအတွင်း လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ အထူးကိုက်ညီနေတာတွေ့ရပါတယ်။ ကျွန်တော်တို့က ဘဏ်လုပ်ငန်းမှတစ်ဆင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးမျိုးသော ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုများကို ဘက်ပေါင်းစုံမှ ပိုရရှိလာစေခြင်းဖြင့် လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်သောဘဝအရည်အသွေးတွေနဲ့ အခွင့်အလမ်းကောင်းတွေကို ဖန်တီးဖော်ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုအတွက်အကျိုးရှိစေမယ့် အကောင်းဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုတွေကို ဖော်ထုတ်ပေးစွမ်းသွားပါမယ်။ အသုံးပြုရလွယ်ပြီး ခေတ်မီဆန်းသစ်တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ပိုမိုလုံခြုံစိတ်ချရပြီး အားလုံးပါဝင်အသုံးပြုလာနိုင်အောင် ဆက်လက်ချဲ့ထွင်ရင်း လူနေမှုဘ၀တွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကူညီပံ့ပိုးပေးသွားမှာပါ ဟု ပြောကြားခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ဘဏ္ဍာရေးကဏ္ဍတွင် ဆက်သွယ်ရေးနည်းပညာများနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင် မှုများ ပေါင်းစည်းခြင်းအားဖြင့် လူတိုင်းလက်လှမ်းမီ အသုံးပြုနိုင်သောငွေကြေးဝန်ဆောင်မှုများ ပိုမိုတိုးတက်လာ စေပြီး စျေးကွက်အတွင်း အဆိုပါဝန်ဆောင်မှုများ ပိုမိုထိရောက်တွင်ကျယ်လာစေမည်ဖြစ်ပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ်တို့အကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူတိုင်း အတွက် လူနေမှုဘ၀များ တိုးတက်အောင်မြင်ပြီး အားလုံးပါဝင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည့် ပိုမိုကောင်းမွန်သော မြန်မာ့အနာဂတ် ဖော်ဆောင်ရန် တူညီသောမျှော်မှန်းချက်ကို ထင်ဟပ်နေပါသည်။ အက်တမ် (ATOM) နှင့် ကမ္ဘောဇဘဏ် တို့သည် သုံးစွဲသူများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အဓိပ်ပါယျရှိပွီး၊ အကျိုးသက်ရောက်မှုကောင်းများရှိသော လက်တွဲဆောင်ရွက်ချက်များ ဆက်လက်ဖန်တီး အကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်။

"အက်တမ် (ATOM) မှ ကူညီထောက်ပံ့မှုလိုအပ်လျက်ရှိသော ကလေးငယ်များအတွက် မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပြန်လည်ဆောက်လု...
05/08/2025

"အက်တမ် (ATOM) မှ ကူညီထောက်ပံ့မှုလိုအပ်လျက်ရှိသော ကလေးငယ်များအတွက် မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန် ငွေကျပ်သိန်းပေါင်း (၁,၂၀၀) ကျော်ကို ထောက်ပံ့လှူဒါန်း"

ရည်ရွယ်ချက်ကောင်းများနှင့် စံတန်ဖိုးများအတိုင်း အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုကို ပေးအပ်နေသည့် အက်တမ် (ATOM) သည် ပဲခူးတိုင်းဒေသကြီး၊ မြို့လှမြို့နယ်ရှိ မေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန် ငွေကျပ်သိန်း (၁,၂၀၀) ကျော်ကို သဒ်ဓါထကျသနျစှာ ထောက်ပံ့လှူဒါန်း ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုသည် မျှဝေခံစားအက်တမ်၏ နှလုံးသား ဆောင်ပုဒ်အောက်ရှိ လူမှုဘဝနှင့် ပညာရေးတိုးတက်ဖွံ့ဖြိုးရေး မဏ္ဏိုင်ရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံအတွင်းရှိ လူမှုဘဝများကို မြှင့်တင်လိုသည့် အက်တမ် (ATOM) ၏ ကတိကဝတ်များကို ထင်ဟပ်စေပါသည်။ ဧပြီလနှင့် ဇူလိုင်လ ၂၀၂၅ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ပေ (၂၀x၆၀) အကျယ်အဝန်းရှိ စာသင်ကျောင်းသစ်သည် အက်တမ် (ATOM) ၏ လူမှု အသိုင်းအဝိုင်း ဦးစားပေးသည့် ယဉ်ကျေးမှုနှင့် ထိရောက်သော အကျိုးသက်ရောက်မှုကောင်းများ ဖော်ဆောင်ရန် စိတ်အားထက်သန်မှုကို မီးမောင်းထိုးပြလျက်ရှိသည်။ အဆိုပါကျောင်းဆောင်သစ်သည် ရေဘေးဒုက္ခကြောင့် နဂို မူလစာသင်ကျောင်း ပျက်စီးသွားခဲ့ရပြီး အခက်အခဲကြုံတွေ့ခဲ့ရသော မွေးကင်းစကလေးငယ်များနှင့် ကျောင်းနေ အရွယ်ကလေး ဦးရေ စုစုပေါင်း (၃၄၀) အတွက် လုံခြုံစိတ်ချရပြီး တည်တံ့ခိုင်မြဲသော သင်ကြားရေးနဲ့ သင်ယူရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေမည်ဖြစ်ပါသည်။ အကူအညီလိုအပ်လျက်ရှိသော ကလေးငယ်များအတွက် ပညာသင်ကြားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နဂိုမူလ စာသင်ကျောင်းအား ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် မကြာသေးမီက ဖြစ်ပေါ် ခဲ့သော သဘာဝရေဘေးအန္တရာယ်၏ ရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆိုပါ စာသင်ကျောင်းကို အက်တမ် (ATOM) ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့် ပြန်လည်ဆောက်လုပ်ပေးခဲ့ပြီး ကလေးငယ်များ အတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်နေရာကောင်းတစ်ခုဖန်တီး၍ အဓိပ်ပါယျပွည့ျဝသော လူမှုကူညီရေး မှတ်ကျောက်ထူနိုင်ခဲ့ပါသည်။

ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ အခန်းကဏ္ဍက ကုမ္ပဏီတစ်ခုဆိုတာထက် မြန်မာနိုင်ငံအတွက် အားလုံးပါဝင် ချိတ်ဆက်နိုင်ပြီး မြင့်မားတဲ့အနာဂတ်တစ်ခုကို ပုံဖော်တည်ဆောက်ပေးလိုတာဖြစ်ပါတယ်။ ပညာရေးဆိုတာ ကလည်း အခွင့်အလမ်းတွေ ပွင့်လန်းလာစေဖို့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့အလျောက် အခုလို စာသင်ကျောင်း သစ်ကြီး ပြန်လည်ဆောက်လုပ်ပေးခြင်းအားဖြင့် ကလေးငယ်တွေအတွက် လိုအပ်နေတဲ့ ပညာရေး၊ အနာဂတ်နဲ့ မျှော်လင့်ချက်တွေရဲ့ ပြယုဂ်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအနှံ့ ချိတ်ဆက်မှုတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသလို ကလေးငယ်တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်ထွန်းလာစေဖို့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ လိုအပ်သလို ကူညီထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ် ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Ahmad Abdallah က ပြောကြားခဲ့ပါသည်။

စာသင်ကျောင်းအား ကျောင်းထိုင်ဆရာတော် အရှင်ဝိမလမှ ဦးစီးသွားမည်ဖြစ်ပြီး ကျောင်းတွင်း ဆရာမ (၆) ဦးမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ကျောင်းစာသင်ကြားရေး နှင့် ဘာသာရေးအဆုံးအမများ၊ စိတ်အေးချမ်းတည်ငြိမ်မှုများ ပိုမိုရရှိအောင် မွေးထုတ် ပေးနိုင်သော ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် တည်ရှိသွားမည်ဖြစ်ပြီး နေထိုင်ရေးနှင့် ဘ၀အခက်အခဲကြုံတွေ့ခဲ့ရသော ကလေးငယ်များအတွက် လုံခြုံသည့် အသိုက်အဝန်းတစ်ခုကို ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

ဒီကလေးတွေရဲ့ ငွေကြေးခက်ခဲမှု၊ မပြေလည်မှုအခက်အခဲတွေကြားက ပြင်းပြတဲ့ လေ့လာသင်ယူလိုစိတ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ဒီပရောဂျက်က စာသင်ကျောင်းဆောင်အသစ်တစ်ခု တည်ဆောက်ခြင်း မဟုတ်ဘဲ ကလေးတွေအားလုံး တန်းတူညီမျှပညာသင်ကြားနိုင်စေဖို့နဲ့ တည်တံ့ခိုင်မြဲတဲ့ အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်ပေးဖို့ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာလိုအပ်တဲ့ အဆောက်အအုံတွေ ဖြည့်ဆည်းတည်ဆောက်ပြီး အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းအတွက် ပညာအရည်အသွေးကို မြှင့်တင်ပေးသွားမှာပါ။ အခုလို လူမှုဦးစားပေးယဉ်ကျေးမှု၊ လုပ်ဆောင်ချက်တွေနဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် အရေးပါပြီး အဓွန့်ရှည်တဲ့ သက်ရောက်မှုကောင်းတွေကို ဆက်လက်ဖန်တီးဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟု အက်တမ် (ATOM) ၏ ကော်ပရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားခဲ့ပါသည်။
ကျောင်းထိုင်ဆရာတော်အရှင်ဝိမလ မှလည်း တဲငယ်လေးမှာနေထိုင်ခဲ့ရတာ စိန်ခေါ်မှုများခဲ့ပါတယ်။ အခုဆိုရင် ကျောင်းဆောင်သစ်ကြီးရှိလာတဲ့အတွက် ဆရာတော်တို့ ပခုံးပေါ်ထမ်းထားရတဲ့ စိတ်ပူပန်မှုတွေ၊ ဝန်တွေ တော်တော်လျော့ကျသွားပါတယ်။ ကလေးငယ်တွေအပါအဝင် ဆရာတော်တို့အတွက် လုံခြုံစိတ်ချရပြီး နေထိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးတဲ့ နေရာတစ်ခုဖြစ်လာမှာပါ။ အက်တမ် (ATOM) ရဲ့ အခုလို သဒ်ဓါထကျသနျလှူဒါနျးမှုအတှကျ အင်မတန်ကြည်နူးမိပါတယ်။ အခုလို ကောင်းမှုကုသိုလ်တွေပြုလုပ်ခြင်းဖြင့် အသီးအပွင့်တွေများစွာ ခံစားရရှိနိုင်မှာပါ ဟုပြောကြားခဲ့ပါသည်။

အက်တမ် (ATOM) သည် စာသင်ကျောင်းများအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်း၊ အခြေခံအဆောက်အအုံ များကို လိုအပ်သော နေရာဒေသများ၌ ပံ့ပိုးဖြည့်ဆည်း၍ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ အက်တမ် (ATOM) သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၁ သန်းနီးပါးအား ကူညီပေးနိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့် ဒစ်ဂျစ်တယ်ပညာရေးကဲ့သို့သော အရေးပါသည့်ကဏ္ဍများတွင် အာရုံစိုက်ကာ လူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုးအတွက် ၇.၃ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

အက်တမ် (ATOM) မှ မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်လျက်ရှိပြီး တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို တူညီသောအခွင့်အရေး၊ လုံခြုံစိတ်ချရမှုနှင့် မျှော်လင့်ချက်များ ပိုင်ဆိုင်နိုင်သော အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ရန် ဆက်လက်အကောင်အထည်ဖော်နေပါသည်။ လူမှုအသိုငြးအ၀ိုငြး ဦးစားပေး ယဉ်ကျေးမှုနှင့် ရည်မှန်းချက်ကောင်းများအတိုင်း ရှေ့ဆက်လျက်ရှိသော အက်တမ် (ATOM) အနေဖြင့် ချိတ်ဆက်မှု များသည် နည်းပညာတစ်ခုထက်ကျော်လွန်၍ နိုင်ငံအနှံ့ရှိ လူမှုဘ၀များကို မြှင့်တင်နိုင်ပြီး လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအား တိုးတက်ပြောင်းလဲပေးနိုင်ကြောင်း သက်သေပြုကြိုးစား ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

01/08/2025

0 - 100km ကို ၃.၈ စက္ကန့် နဲ့ အရောက်မောင်းလို့ရတဲ့ BYD SEAL First Impression

28/07/2025

OPPO Reno14 Series 5G မှာပါဝင်တဲ့ နေ့စဥ်ဘဝအတွက် အရမ်းကို အဆင်ပြေတဲ့ AI Features တွေအကြောင်းပြောမယ်။


2025 ရဲ့ budget king ဆိုပြီး နိုင်ငံတကာမှာအမွှန်းတင်နေကြတဲ့ HONOR X6c ကို (၄၉၉,၉၀၀) ကျပ် နဲ့ ဇူလိုင်လ (၂၇) ရက်နေ့၊ မြန်မ...
25/07/2025

2025 ရဲ့ budget king ဆိုပြီး နိုင်ငံတကာမှာအမွှန်းတင်နေကြတဲ့ HONOR X6c ကို (၄၉၉,၉၀၀) ကျပ် နဲ့ ဇူလိုင်လ (၂၇) ရက်နေ့၊ မြန်မာနိုင်ငံမှာ Official စတင်ရောင်းချပါပြီ။

HONOR X6c က ...

စျေးချိုဖုန်းတွေထဲမှာ ပထမဦးဆုံး AI Button (One-click Access) ပါဝင်တဲ့ဖုန်းဖြစ်ပြီး HONOR 400 Series မှာမြင်တွေ့ခဲ့ရတဲ့ AI Features အလန်းစားတွေထဲကအချို့ကို HONOR X6c မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

HONOR X Series အဖွဲ့ဝင်ဖြစ်တာကြောင့် Build Quality အထူးကောင်းမွန်ပြီး သူ့ရဲ့နောင်တော် X9c လို SGS Premium Performance Certification of Drop&Crush Resistance ပါရရှိထားပြီး မာကြောမှုပိုင်းမှာဆရာတစ်ဆူပါပဲ။

တစ်ကြိမ်အားသွင်းပြီး (၂) ရက်လောက်သုံးနိုင်မယ့် 5300mAh Battery အကိတ်ပါဝင်ပြီး အမြန်ဆုံးအားပြန်သွင်းဖို့ 35W HONOR SuperCharge လည်းပါဝင်ပါတယ်။ Battery စွမ်းဆောင်ရည်ကို (၄) နှစ်တိတိကြာတဲ့အထိ ဝယ်ခါစစွမ်းဆောင်ရည်အတိုင်း ထိမ်းထားပေးပါသေးတယ်။

Display ကျယ်ကျယ် ရုပ်ထွက်ကောင်းကောင်းရှာနေသူများ အကြိုက်တွေ့စေမယ့် 6.61 inches 16.7 million colors 120Hz LCD Display ကိုအသုံးပြုပေးထားပြီး စျေးတန်းတူတွေထဲမှာလင်းအားအကောင်းဆုံး 1010 nits brighness အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Storage ပိုင်းမှာ RAM 12GB (6+6) နဲ့ ROM 128GB ပါဝင်တာကြောင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ပေါ့ပေါ့ပါးပါးစီမံဆောင်ရွက်နိုင်မှာဖြစ်ပြီး MediaTek Helio G81 Ultra processor ကိုအသုံးပြုပေးထားတာကြောင့် စျေးချိုဖုန်းတစ်လုံးပေါ်မှာ အပျင်းပြေပေါ့ပေါ့ပါးပါး mobile game များကိုဆော့ကစားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

50MP Main Camera + 5 MP Camera တို့နဲ့ဖွဲ့စည်းထားလို့ ရိုက်သမျှပုံတိုင်းကို ကျေနပ်အားရစေမှာပါ။

Premium ဒီဇိုင်း၊ အကြမ်းခံတဲ့ Build Quality၊ အမိုက်စား Feature တွေနဲ့ဖွဲ့စည်းထားတဲ့ HONOR X6c ကို Midnight Black ၊ Moonlight White ၊ Ocean Cyan ဆိုပြီးအရောင် (၃) မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

HONOR X6c ကိုဝယ်ယူအားပေးမယ်ဆိုရင်လည်း HONOR Shoulder Bag ကို လက်ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။


ဲ့လန်းဖုန်းကကြမ်း

အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့် AI သုံးစွဲမှုအတွေ့အကြုံအတွက် အသင့်ဖြစ်နေတဲ့ Samsung ရဲ့ မိုဘိုင်းလုံခြုံရေး ...
23/07/2025

အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့် AI သုံးစွဲမှုအတွေ့အကြုံအတွက် အသင့်ဖြစ်နေတဲ့ Samsung ရဲ့ မိုဘိုင်းလုံခြုံရေး နည်းပညာအသစ်

Knox Enhanced Encrypted Protection နည်းပညာ၊ အဆင့်မြှင့်တင်ပေးထားတဲ့ Knox Matrix threat response နဲ့ Quantum-resistant Secure Wi-Fi စနစ် စတဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေက Galaxy စမတ်ဖုန်းအသစ်တွေရဲ့ လုံခြုံရေးနဲ့ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကို ပိုမိုကောင်းမွန်စေမှာပါ

Samsung Electronics Co., Ltd ကနေ Samsung Galaxy စမတ်ဖုန်းအသစ်တွေအတွက် One UI 8 နဲ့အတူ Security နဲ့ Privacy Update အသစ်တွေကို မကြာသေးခင်ကပဲ ယူဆောင်ပေးလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Update အသစ်တွေနဲ့ On-Device AI အတွက် အကာကာအကွယ်အသစ်တွေ မိတ်ဆက်ပေးလိုက်ခြင်းက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ စွမ်းဆောင်ရည်မြင့်ပြီး ယုံကြည်စိတ်ချရတဲ့ မိုဘိုင်းနည်းပညာတွေကို ယူဆောင်လာပေးရန်ဆိုတဲ့ Samsung ရဲ့ ကတိကဝတ်ကို ဖော်ဆောင်နေတာပဲဖြစ်ပါတယ်။

AI Personalization အတွက် မျိုးဆက်သစ် မိုဘိုင်းလုံခြုံရေး

Samsung ကနေ မျိုးဆက်သစ် AI နည်းပညာနဲ့ လုပ်ဆောင်ချက်တွေရဲ့ လုံခြုံရေးကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားတဲ့ နောက်ဆုံးပေါ် မိုဘိုင်းလုံခြုံရေး ဆန်းသစ်တီထွင်မှုတစ်ခုအနေနဲ့ Knox Enhanced Encrypted Protection (KEEP) နည်းပညာကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ KEEP ဟာ မိုဘိုင်းထုတ်ကုန်ပစ္စည်းရဲ့ မှတ်ဉာဏ်သိုလှောင်မှုအတွင်းမှာပဲ Application တစ်ခုချင်းစီအတွက် Encrypt ပြုလုပ်ပြီး ကုဒ်ဝှက်ထားတဲ့ နေရာမှာ အချက်အလက်တွေကို သိမ်းဆည်းပေးမှာဖြစ်ပြီး Application တွေကနေ မဖြစ်မနေလိုအပ်တဲ့ အချက်အလက်ကလွဲပြီး ဘယ်အချက်အလက်ကိုမှ မရရှိနိုင်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ Samsung Galaxy ရဲ့ Personal Data Engine (PDE) နဲ့ ထောက်ပံ့ပေးထားတဲ့ KEEP ဟာ Now Brief နဲ့ Smart Gallery search လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်စေတဲ့ အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကာကွယ်ပေးမှာပါ။ KEEP နည်းပညာတစ်ခုတည်းနဲ့တင်မဘဲ Samsung ရဲ့ Knox Vault နည်းပညာနဲ့ပါ ထပ်မံ ကာကွယ်ပေးထားသေးတာဖြစ်လို့ အဆိုပါအချက်အလက်တွေက အသုံးပြုသူရဲ့ မိုဘိုင်းထုတ်ကုန်ပစ္စည်းထဲမှာပဲ လုံခြုံစွာရှိနေမှာဖြစ်ပြီး လုံခြုံစိတ်ချစွာနဲ့ Galaxy AI လုပ်ဆောင်ချက်တွေကို ချောချောမွေ့မွေ့ အသုံးပြုနိုင်စေမှာပါ။

Knox Matrix ရဲ့ ပိုမို အဆင့်မြင့်စွာချိတ်ဆက်နိုင်လာတဲ့ Threat Response

AI နည်းပညာကို Ecosystem တစ်ခုလုံးမှာ တိုးချဲ့ထည့်သွင်းပေးလာတာနဲ့အတူ Samsung ဟာ ပိုမိုခိုင်မာတဲ့ လုံခြုံရေး စနစ်ကိုသာမဘဲ ပိုမိုပွင့်လင်းမြင်သာပြီး သုံးစွဲသူများအနေနဲ့ ပိုမိုထိန်းချုပ်မှုများပြုလုပ်နိုင်တဲ့ Knox Matrix နည်းပညာနဲ့အကာအကွယ်များကို မြှင့်တင်လျက်ရှိပါတယ်။ ချိတ်ဆက်ထားတဲ့ Galaxy ထုတ်ကုန်တွေအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပြီးး အသုံးပြုရပိုမိုလွယ်ကူစေဖို့အတွက် One UI 8 ကနေတစ်ဆင့် Knox Matrix ကို တိုးတက်လာအောင် ဖော်ဆောင်နေတာဖြစ်ပါတယ်။ အသုံးပြုနေတဲ့ မိုဘိုင်းထုတ်ကုန်ပစ္စည်းရဲ့ စနစ်ကို ဝင်ရောက်ခြယ်လှယ်ခြင်း သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အတုအပပြုလုပ်ခြင်းများကဲ့သိုသော လုံခြုံရေးပိုင်းဆိုင်ရာ အန္တရာယ်များရှိနေသည်ကို အချက်ပြတဲ့အခါမှာ အဆိုပါအခြေအနေကို ထိန်းချုပ်နိုင်ပြီး မပြန့်ပွားစေရန်တွက် Samsung Account မှ အလိုအလျောက်ထွက်ပြီး Cloud နဲ့ ချိတ်ဆက်ထားတဲ့ လုပ်ဆောက်ချက်များးသို့ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ပေးမှာပါ။ အသုံးပြုသူအနေနဲ့ချိတ်ဆက်ထားတဲ့ Galaxy ထုတ်ကုန်အားလုံးမှာ အသိပေးချက်တွေရရှိမှာဖြစ်ပြီး Security status of your devices သို့ ဝင်ရောက်ကာ အခြေအနေကို စစ်ဆေးပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် Security Status Updates များနဲ့ လုံခြုံရေး အဆင့်မမြှင့်တင်ရသေးတဲ့ ထုတ်ကုန်ပစ္စည်းများမှာပင် အဝါရောင်အဆင့် သတိပေးချက်များရရှိနိုင်မှာဖြစ်ပြီး အခြေအနေပိုမို မကြီးထွားမီမှာ ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်နိုင်အောင် ကူညီပေးမှာပါ။

Secure Wi-Fi စနစ်ကို ပိုမိုအားကောင်းစေတဲ့ Quantum-Resistant Encryption နည်းပညာ

Samsung ဟာ Galaxy S25 စီးရီးစမတ်ဖုန်းတွေမှာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Quantum-safe Security ကို ဆက်လက်တိုးချဲ့ပေးအပ်ပြီး Secure Wi-Fi စနစ်ကို ပိုမိုအားကောင်းစေမယ့် Post-quantum Cryptography နည်းပညာ ကို Post-Quantum Enhanced Data Protection (EDP) နည်းပညာကတစ်ဆင့် ယူဆောင်ပေးလာခဲ့ပြီဖြစ်ပါတယ်။ Secure Wi-Fi ကို ယခုအခါမှာ Cryptographic Framework အသစ်နဲ့ အဆင့်မြှင့်တင်ပေးလိုက်ပြီဖြစ်ပြီးအထူးသဖြင့် Quantum Computing နည်းပညာခေတ်မှာ အဓိကတွေ့ကြုံရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ပေးနိုင်မှာပါ။ အဆိုပါအဆင့်မြှင့်တင်မှုတွေက အများနဲ့ မျှဝေသုံးစွဲရတဲ့ Public Networks များအသုံးပြုချိန်မှာတောင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံခြုံအောင် ကူညီပေးနိုင်ဦးမှာပါ။ အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့်နည်းပညာတွေအတွက်ပါ အသင့်ဖြစ်နေတဲ့ အဆိုပါအခြေခံအုတ်မြစ် နည်းပညာများအပြင် Secure Wi-Fi မှာ Auto Protect၊ Enhanced Privacy Protection (EPP) နဲ့ Protection Activity စတဲ့ အဆင့်မြင့်လုံခြုံရေးလုပ်ဆောင်ချက်တွေပါ ပါဝင်လာသေးတာဖြစ်ပါတယ်။

အဆင့်မြင့် အကာအကွယ်များ ပါဝင်ပြီးသားဖြစ်ပြီး စိတ်ချယုံကြည်ရတဲ့ Platform တစ်ခု

Samsung ဟာ ၎င်းရဲ့ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများအပြင်၊ Galaxy ထုတ်ကုန်များသုံးစွဲမှု အတွေ့အကြုံကို ပိုမိုကောင်းမွန်ခိုင်မာစေတဲ့ ပင်မလုံခြုံရေးအကာအကွယ်များကို အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ထီုလုပ်ဆောင်ချက်တွေက ထုတ်ကုန်တွေရဲ့ Hardware ရော Software အပိုင်းကိုပါ လုံခြုံရေးအလွှာများစွာနဲ့ ကာကွယ်ပေးထားသလို ပွင့်လင်းမြင်သာပြီး အသုံးပြုသူအနေနဲ့ ပိုမိုထိန်းချုပ်နိုင်စွမ်းတွေရှိစေမှာပါ။
စကားဝှက်များ၊ ပင်နံပါတ်များနှင့် Biometrics အချက်အလက်များကဲ့သို့ အရေးကြီးတဲ့ အချက်အလက်တွေကို ရုပ်ပိုင်းဆိုင်ရာအချက်အလက်သိမ်းဆည်းမှုများနဲ့ သီးခြားခွဲထုတ်သိမ်းဆည်းပေးထားတဲ့အတွက် ပင်မလည်ပတ်မှုစနစ် ပျက်စီးသွားသည့်တိုင်အကာအကွယ်ရရှိနေစေဦးမယ့် Knox Vault စနစ်၊
အလိုအလျှောက် အကာအကွယ်တွေပြု လုပ်ပေးထားပြီး ခွင့်ပြုထားခြင်းမရှိတဲ့ Application များ ထည့်သွင်းခြင်း Command-based လုံခြုံရေးထိုးဖောက်တိုက်ခိုက်မှုများကို ကန့်သတ်ခြင်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ Zero-click လုံခြုံရေး ထိုးဖောက်မှု အန္တရာယ်များကို လျော့ပါးစေမယ့် Auto Blocker၊
AI လုပ်ဆောင်ချက်များအတွက် အချက်အလက်များ Online ပေါ် တင်ပို့မှုကို ပိတ်ရန် ရွေးချယ်နိုင့် ပြီး အသုံပြုသူအနေနဲ့ မိမိအချက်အလက်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်စေမယ့် Advanced Intelligence Settings၊
လုယက်ခံရမှုကဲ့သို့သော အန္တရာယ်များသော အခြေအနေများတွင်ပင် Identity Check နှင့် Security Delay ကဲ့သို့သော အကာအကွယ်လုပ်ဆောင်ချက်များနဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားဆီးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးမယ့် Enhanced Theft Protection စတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေနဲ့ အကာအကွယ် ရရှိနိုင်မှာဖြစ်ပါတယ်။

နည်းပညာများတိုးတက်မှုနဲ့အတူ လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ Samsung ဟာ ထုတ်ကုန်များမှာ တစ်ပါတည်းပါဝင်ပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် အမြဲအဆင်သင့်ဖြစ်နေတဲ့ အကာအကွယ်များကို ပေးဆောင်ရန် အာရုံစိုက်ကာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိနေပါတယ်။

အဆိုပါ နောက်ဆုံးပေါ် အဆင့်မြင့်လုံခြုံရေးနည်းပညာများ စတင်ပါဝင်လာတဲ့ Galaxy ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy Z Fold7 နဲ့ Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းအသစ်တွေကိုတော့ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၂၉) ရက်အတွင်း Pre-Order အထူးဈေးနှုန်းများ၊ လက်ဆောင်များ၊ အထူးခံစားခွင့်များနဲ့အတူ [http://smsng.co/galaxy-zfold7-zflip7-pre-order-now] ကနေ ကြိုတင်စာရင်းသွင်းမှာယူသွားနိုင်မှာပါ။

Galaxy Z Fold7 ကို ၇,၉၅၀,၀၀၀ ကျပ်၊ Galaxy Z Flip7 ကို ၄,၉၃၀,၀၀၀ကျပ် တို့နဲ့ Pre-Order မှာယူနိုင်မှာဖြစ်ပြီး စုစုပေါင်း မြန်မာငွေကျပ် (၇) သိန်းကျပ်အထိ တန်ဖိုးရှိ လက်ဆောင်တွေအပြင် (၆) လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူခွင့်၊ Trade In အခွင့်အရေး၊ (၁၈) လအထိ ကာကွယ်မှုပေးထားမယ့် Samsung Care+ နဲ့ Operator Bundle Benefits စတဲ့ Pre-order ကာလအတွင်းမှာပဲ ရယူနိုင်မယ့် အထူးအခွင့်အရေးတွေကိုလည်း ရရှိသွားနိုင်မှာဖြစ်ပါတယ်။

Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်ပါတယ်။

‎OPPO Reno14 F 5G ရဲ့ ကင်မရာပိုင်းကို စမ်းသပ်ပြီးတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ဒီဖုန်းမှာပါတဲ့ Low Light Photography ပို...
21/07/2025

‎OPPO Reno14 F 5G ရဲ့ ကင်မရာပိုင်းကို စမ်းသပ်ပြီးတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ဒီဖုန်းမှာပါတဲ့ Low Light Photography ပိုင်းနဲ့ AI Flash Photography တို့ရဲ့ ထူခြားတဲ့ အချက်တွေကို တွေ့ရလို့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

‎‎OPPO Reno14 F 5G ရဲ့ Low Light Photography ပိုင်းကအတော်လေးကိုမှ အားရဖို့ကောင်းတယ်။ မှောင်တဲ့နေရာတွေမှာပုံထွက် Quality က ကြည်လင်ပြတ်သားပြီး Nosie တွေ မရှိသလောက်နည်းပါးတာကိုတွေ့ရတယ်။ Details ပိုင်းတွေကောင်းပြီး Sharpness ကာလာပိုင်းတွေကို တိတိကျကျ ထုတ်ပေးနိုင်တာတွေ့ရသလို Exposure ပိုင်းမှာ သိသိသာသာကြီးအားကောင်းတာတွေ့ရလို့ ညဘက် အလင်းအားနည်းတဲ့အချိန်တွေမှာ ဓာတ်ပုံရိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ ‎OPPO Reno14 F 5G ရဲ့ Camera ပိုင်းဟာ ယုံကြည်လို့ရတယ်လို့မြင်မိတာအမှန်ပဲ။

‎OPPO Reno14 F 5G မှာ ပါဝင်တဲ့ AI Flash Photography ကတော့ ပုံမှန် Flash တွေလိုမျိုး မျက်နှာကို ဖြူဖွေးသွားအောင် ဒါမှမဟုတ် နောက်ခံကို မှောင်သွားအောင် လုပ်တာမျိုး မဟုတ်ဘဲ AI ကို အခြေခံပြီး အလင်းကို ချိန်ညှိပေးတဲ့အချက်က အတော်လေးကိုမှ သဘောကျဖို့ကောင်းတယ်။ AI က အခြေအနေ‌ပေါ်မူတည်ပြီး လိုအပ်တဲ့ ပမာဏအတိုင်းပဲ Flash ကို အသုံးပြုတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံထဲက လူတွေရဲ့ မျက်နှာတွေဟာ ဖြူဖတ်ဖြူယော် ဖြစ်တာမျိုး မရှိဘဲ Natural Tone ကိုရအောင်ထုတ်ပေးတာတွေ့ရတယ်။ ပြီးတော့ Flash ထိုးလိုက်လို့ နောက်ခံ Background က ပျောက်သွားတာမျိုး မဖြစ်ဘဲ ရှေ့မြင်ကွင်းနဲ့ Background တို့ရဲ့ Exposure ကို ဟန်ချက်ညီညီထုတ်ပေးနိုင်တာလဲတွေ့ရတယ်။ ဒါအပြင် ဓာတ်ပုံထဲက မျက်နှာပေါ် ဒါမှမဟုတ် အရာဝတ္ထုတွေပေါ်မှာ Shadow ထူနေတဲ့ ပြဿနာမျိုးကို လျှော့ချပေးနိုင်တဲ့အတွက် ပုံထွက် Quality က အတော်လေးကိုမှ သဘောကျဖို့ကောင်းတာတွေ့ရတယ်။ ဒီ AI Flash Photography ပါဝင်တာကြောင့် အလင်းရောင်အား မကောင်းတဲ့ နေရာတွေမှာတောင် Flash ဖွင့်ပြီး ရိုက်လိုက်တဲ့အခါ OPPO ရဲ့ AI က Optimize လုပ်ပြီး သဘာဝကျကျနဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။


20/07/2025

၂၀၂၅ ရဲ့ AI features ပါတဲ့ အကောင်းဆုံး budget ဖုန်း HONOR X6c



ဲ့လန်းဖုန်းကကြမ်း

19 ဂျုလိုင် မမေ့နိုင် အာဇာနည်နေ့ ဒို့မမေ့------------------------------မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြသောကျဆုံး...
19/07/2025

19 ဂျုလိုင် မမေ့နိုင် အာဇာနည်နေ့ ဒို့မမေ့
------------------------------
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းပေးခဲ့ကြသော
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အစဉ်ထာဝရလေးစားလျက်ရှိပါသည်။ 🙏

#အာဇာနည်နေ့

16/07/2025

One-Tap Button ပါတဲ့ TECNO CAMON 40 Pro 5G

16/07/2025

အရမ်းကိုလှတဲ့ deisgn နဲ့ AI Features တွေအများကြီးပါတဲ့ OPPO Reno14 F 5G


Address

Yangon
0951

Telephone

+959798174909

Website

Alerts

Be the first to know and let us send you an email when Evan's Reviews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Evan's Reviews:

Share

Category