Moments News

Moments News New Media

ရန်ကုန်-မော်လမြိုင်လမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကာ နှစ်ဦးသေဆုံး ***************************************...
17/08/2026

ရန်ကုန်-မော်လမြိုင်လမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကာ နှစ်ဦးသေဆုံး
*****************************************
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြိုနယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈/၃)တွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
#ရန်ကုန် #မော်လမြိုင် #ယာဉ်တိုက်မှု #ကယ်ဆယ်ရေး

YBS ယာဉ်စီးခတိုးမြှင့်ရန် ကြေညာခြင်းအား ပယ်ဖျက်YBS ယာဉ်စီးခတိုးမြှင့်ရန်ကြေညာခြင်းအား ပယ်ဖျက်ထားပါကြောင်း ရန်ကုန်တိုင်းဒ...
16/08/2026

YBS ယာဉ်စီးခတိုးမြှင့်ရန် ကြေညာခြင်းအား ပယ်ဖျက်
YBS ယာဉ်စီးခတိုးမြှင့်ရန်ကြေညာခြင်းအား ပယ်ဖျက်ထားပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) က ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
#ယာဉ်စီးခ #သယ်ယူပို့ဆောင်ရေး #ရန်ကုန်

13/08/2026

ရန်ကုန် လသာ ၁၉ လမ်း
ဩဂုတ် ၁၃ ရက် အခြေအနေ

မန္တလေး ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ*****************************...
11/08/2026

မန္တလေး ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
******************************************************************************
ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၁၀၇ (F) လမ်း၊ ၄၈ လမ်း နှင့် ၄၉ လမ်းကြား၌ ရောင်စုံပလတ်စတစ်ဆပ်ပြာခွက် ၆၆၀၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံ) အား HIJET မော်တော်ယာဉ် တစ်စီးနှင့်အတူ ဩဂုတ် ၃ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#မန္တလေး #ချမ်းမြသာစည် #ဘိန်းဖြူ #မူးယစ်ဆေးဝါး

ဒေါ်လာသုံးသန်းခန့်ကုန်ကျမည့် ဘောလုံးအကယ်ဒမီ (မန္တလေး) အား၂၀၂၇ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်အမေရိကန် ‌‎‌ဒေါ်လ...
02/08/2026

ဒေါ်လာသုံးသန်းခန့်ကုန်ကျမည့် ဘောလုံးအကယ်ဒမီ (မန္တလေး) အား၂၀၂၇ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်

အမေရိကန် ‌‎‌ဒေါ်လာသုံးသန်းခန့်ကုန်ကျမည့် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အဆောက်အဦးအား လာမည့် ၂၀၂၇ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

#ဘောလံုးအကယ်ဒမီ #မန္တလေး

28/07/2026

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ယမံုနာလမ်းမပေါ် တွင် ကုန်တင်တွဲကားယာဉ်တိမ်းမှောက်မှုဖြစ်ပွါး

လူစီးအမြန်ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူပြောဆိုနေထိုင်သူ အမျိုးသမီးလေးဦး အမှုဖွင့်အရေးယူ*********************************...
24/07/2026

လူစီးအမြန်ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူပြောဆိုနေထိုင်သူ အမျိုးသမီးလေးဦး အမှုဖွင့်အရေးယူ
***************************************
ဇူလိုင် ၂၀ ရက်နံနက်ပိုင်းတွင် ရန်ကုန်မှ မန္တလေးသို ထွက်ခွာလာသည့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထား၊ အထက်တန်းတွဲ(၁)၊ ခုံအမှတ် 3A, 3B, 4A, 4B တိုတွင် လိုက်ပါစီးနင်းခဲ့ကြသည့် အမျိုးသမီးလေးဦးသည် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေအောင် စကားကျယ်လောင်စွာ ပြောဆိုခြင်း၊ ကွမ်းယာစားပြီး ထိုင်ခုံအစွပ်များတွင် ကွမ်း/ထုံးနှင့် ကွမ်းတံတွေးများအား ပေကျံစေခြင်း၊ ကွမ်းတံတွေးထည့်ထားသည့် ဘူးများအား စည်းကမ်းမဲ့ ထားခဲ့ခြင်းတို ပြုလုပ်ခဲ့ကြောင်း တာဝန်သိ ခရီးသွားပြည်သူများက သတင်းပေးပို့ တိုင်ကြားလာခဲ့သည်။

ထိုသို တိုင်ကြားချက်အရ မြန်မာ့မီးရထားနှင့် မီးရထားရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲက စိစစ်ဆောင်ရွက်ခဲ့ရာ အဆိုပါ အထက်တန်းတွဲ(၁)၊ ခုံအမှတ် 3A, 3B, 4A, 4B တိုတွင် လိုက်ပါစီးနင်းခဲ့သူများမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို၊ ရွာကောက်ရပ်ကွက်နေ ခင်မာလွင် (၅၉)နှစ်၊ ဖြူဖြူလွင် (၅၇)နှစ်၊ သန်းသန်းထွေး (၄၈)နှစ်နှင့် ခင်သန္တာအောင် (၅၀)နှစ်တိုဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတိုလေးဦးသည် ရထားပေါ်တွင် အခြားသူများကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆို နေထိုင်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတိုကို ပြုလုပ်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပျဉ်းမနားမြိုမရဲစခန်း၌ (ပ)၂၃၃/၂၀၂၆၊ ရထားပိုဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#အမြန်ရထား #စည်းကမ်းမဲ့ #ခရီးသွား

ရှမ်းပြည်နယ် မူဆယ်မြို့ ဟိုးနားနယ်မြေ မြို့ရှောင်လမ်းတွင် အဆောက်အဦပေါ်သို့ မြေပြိုကျကာ အမျိုးသမီးတစ်ဦး ခြေထောက်အောက်ပိုင...
20/07/2026

ရှမ်းပြည်နယ် မူဆယ်မြို့ ဟိုးနားနယ်မြေ မြို့ရှောင်လမ်းတွင် အဆောက်အဦပေါ်သို့ မြေပြိုကျကာ အမျိုးသမီးတစ်ဦး ခြေထောက်အောက်ပိုင်း ပိမိ
*************************************
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုးတုံရပ်ကွက်၊ ဟိုးနားနယ်မြေ၊ မြို့ရှောင်လမ်းတွင် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက အဆောက်အဦပေါ်သို့ မြေပြိုကျ၍ အမျိုးသမီး(၁)ဦး ခြေထောက်အောက်ပိုင်း ပိမိနေကြောင်း သတင်းရရှိသဖြင့် မူဆယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
#မူဆယ် #မြေပြို #ရှာဖွေကယ်ဆယ်ရေး

ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်  FIFA Rank ထိပ်ဆုံး ၄ သင်းစလံုး ဆီမီးဖိုင်နယ်သို့ တက်ရောက်ယခုနှစ် ၂၀၂၆ ဖီဖာကမ္ဘ...
13/07/2026

ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် FIFA Rank ထိပ်ဆုံး ၄ သင်းစလံုး ဆီမီးဖိုင်နယ်သို့ တက်ရောက်

ယခုနှစ် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီး၏ ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးပြီးနောက် FIFA World Rankings (ကမ္ဘာအဆင့်သတ်မှတ်ချက်) ၏ ထိပ်ဆုံးလေးသင်းစလုံး ဆီမီးဖိုင်နယ် (Semi-finals) သို့ အသီးသီး တက်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။

#ကမ္ဘာဖလား #အဆင့်သတ်မှတ်ချက်

ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်း(၉)ခု ဖွင့်လှစ် ၊ လူဦးရေ တစ်ထောင်ကျော် ရေဘေးရှောင် 🛟👨‍🚒🇲🇲***************...
12/07/2026

ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်း(၉)ခု ဖွင့်လှစ် ၊ လူဦးရေ တစ်ထောင်ကျော် ရေဘေးရှောင် 🛟👨‍🚒🇲🇲
***************************************
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းတွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက် (၄)ခု နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ဒေသမှ ပြည်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၉)ခုဖွင့်လှစ်၍ အိမ်ထောင်စု (၄၂၇)စု လူဦးရေ (၁၆၂၆) ဦးတို့အား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။
#မွန်ပြည်နယ် #ဘီးလင်း #မြစ်ရေ #ရေဘေးကယ်ဆယ်ရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Moments News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share