Into your dream

Into your dream Just share info for fun.

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပွန်းstar တလက်ဖြစ်တဲ့ Mia Malkova ကို ၁၉၉၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့ မှာ မွေးဖွားခဲ့ကာ အမေရိကာ...
23/05/2025

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပွန်းstar တလက်ဖြစ်တဲ့ Mia Malkova ကို ၁၉၉၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့ မှာ မွေးဖွားခဲ့ကာ အမေရိကား ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ပလန်းစပရင်း မှာကြီးပြင်းလာခဲ့ပါတယ်။ Mac Donald မှာ ဝင်အလုပ်လုပ်ရင်း ၂၀၁၂ လောက်မှာ industry ထဲကိုစဝင်ခဲ့ပြီး ထူးချွန်ဆုများစွာလဲ ရရှိထားသူဖြစ်ပါတယ်။ ၂၀၂၀ ကစပြီး live streamer အဖြစ် တင်ဆက်ခဲ့ပြီး ၂၀၂၂ လောက်မှာ live gaming streamer အဖြစ်ပါ တင်ဆက်ခဲ့ပါတယ်။

သူ့ရဲ့ မောင်ဖြစ်သူကလည်း ပွန်းစတားမင်းသားတလက်ဖြစ်ပြီး သူမရဲ့ဝင်ငွေဟာ တနှစ်ကို ဒေါ်ခာ ၁ သန်းကျော်ဖြစ်ပါတယ်။

The world's most famous p--nstar, Mia Malkova, was born on July 1, 1992, and grew up in Plain Spring, California, USA. She started working at McDonal and move to Ad--t industry in 2012 and has won many awards. She has been a live streamer since 2020 and a live gaming streamer since 2022.

Her brother is also a p--nstar and her annual income is over 1 million dollars.

ကျွန်တော်တို့အနေနဲ့ Bitcoin ရဲ့ အနာဂတ်ကိုခန့်မှန်းကြည့်မယ်ဆို မယုံနိုင်လောက်အောင်စိန်ခေါ်မှုများနှင့်မှန်းဆရပါလိမ့်မယ်။ ...
27/12/2024

ကျွန်တော်တို့အနေနဲ့ Bitcoin ရဲ့ အနာဂတ်ကိုခန့်မှန်းကြည့်မယ်ဆို မယုံနိုင်လောက်အောင်စိန်ခေါ်မှုများနှင့်မှန်းဆရပါလိမ့်မယ်။ သို့သော်လည်း Bitcoin ကိုအကျိုးသက်ရောက်နိုင်တဲ့ အလားအလာရှိသောအနာဂတ်ဖွံ့ဖြိုးတိုးတက်မှု များလည်း ရှိနေပါတယ်။ လပိုင်းအတွင်း Bitcoin ရဲ့ ကြီးမားတဲ့ အပြောင်းအလဲ နှင့် ဈေးနှုန်းဟာ ‌ယနေ့ခေတ် Cryptocurrency လောကကို အများကြီးသက်ရောက်မှု ရှိနေတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ပိုမိုတွက်ဆဖို့ လိုအပ်လာပါတယ်။

၁။ Increased Adoption and Mainstream Acceptance

အထက်ပါစကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးကြပေမယ့် မြန်မာလိုပြောဖို့က ခက်တာကြောင့် အလွယ်ဆုံး နားလည်အောင်ပြောရမယ်ဆို ဘစ်ကွိုင် ကို နိုင်ငံတော်အရန်ငွေအဖြစ် ပိုပြီးသွတ်သွင်းလာချင်ကြတာနဲ့ ဘဏ္ဍာရေး ပင်မရေစီးကြောင်းထဲ ဆွဲသွင်းဖို့ လက်ခံလိုလာကြတာဖြစ်ပါတယ်

(ကျယ်ပြန့်လာတဲ့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ) ကော်ပိုရေးရှင်းတွေ၊ ဘဏ္ဍာရေး အကာအကွယ်ရန်ပုံငွေများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများထံက အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ခြင်းဖြင့် သိသာထင်ရှားသော ဈေးနှုန်းများ တက်လာနိုင် ပါတယ်။

(အစိုးရစည်းမျဉ်းများနှင့် မူဝါဒများ) ပိုမိုရှင်းလင်းပြီး ပိုမိုအဆင်ပြေသော အစိုးရစည်းမျဉ်းများကလည်း ရင်းနှီးမြုပ်နှံသူများရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်ပြီး Adoption ကို အရှိန်မြှင့်နိုင်ပါတယ်။

(ပုံမှန် ဘဏ္ဍာရေးသို့ ပေါင်းစည်းခြင်း) ငွေပေးချေမှုလုပ်ဆောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကဲ့သို့သော မိရိုးဖလာဘဏ္ဌာရေးစနစ်များမှာ Bitcoin ပေါင်းစည်းမှုက ၎င်းရဲ့ တရားဝင်မှုနှင့် သုံးစွဲနိုင်မှုကို ပိုမိုတိုးတက်စေနိုင်ပါတယ်။

၂- နည်းပညာတိုးတက်မှုများ Technological Advancements

မြန်နှုန်းမြင့်သော solutions, Lighting Network လို ငွေပေးချေမှုအမြန်နှုန်းများမှာ တိုးတက်မှုများရှိနေတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် Bitcoin အသုံးပြုနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု- စွမ်းအင်သက်သာသော mining technologies နည်းပညာများတွင် ဆက်လက်တိုးတက်မှုများရှိလာတာကြောင့် mining နှင့် ဆက်စပ်နေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်မှာပါ။

အပြန်အလှန်လုပ်ဆောင်နိုင်မှု- အခြား cryptocurrencies နှင့် blockchain ကွန်ရက်များနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးလာခြင်းသည်လည်း Bitcoin ရဲ့ လုပ်ဆောင်နိုင်စွမ်းနှင့် အသုံးဝင်မှုကို ချဲ့ထွင်နိုင်ပါတယ်။

၃။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးအချက်များ

ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမသေချာမရေရာမှု

Bitcoin က ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမသေချာမရေရာမှုတို့ကို ဆန့်ကျင်ကာ ဝယ်လိုအားတန်ဖိုး ရှိနေသော ဝယ်ချင်စရာအဖြစ် မောင်းနှင် လာနိုင်ပါတယ်။

ပထဝီဝင်နိုင်ငံရေးဖြစ်ရပ်များ- ပထဝီနိုင်ငံရေးမတည်မငြိမ်ခြင်း သို့မဟုတ် စီးပွားရေးအကျပ်အတည်းများကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များကလည်း ဗဟိုချုပ်ကိုင်မှုကင်းရှင်းပြီး ပိတ်ဆို့မှုဒဏ်ခံနိုင်သော ပိုင်ဆိုင်မှုတစ်ခုအဖြစ် Bitcoin အတွက် ဝယ်လိုအား တရပ်ဖြစ်လာပါတယ်။

၄။ ပြိုင်ဆိုင်မှုနှင့် ဆန်းသစ်တီထွင်မှုများ

အခြားသော Cryptocurrencies တွေရဲ့ ပြိုင်ဆိုင်မှု

Bitcoin သည် ပိုမိုမြန်ဆန်သော ငွေပေးငွေယူအမြန်နှုန်း၊ အခကြေးငွေ သက်သာသော သို့မဟုတ် ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းများကို ပေးဆောင်သည့် အခြားသော cryptocurrencies များမှ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရပါတယ်။

နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု

cryptocurrency space တွင် ဆက်လက်ဆန်းသစ်တီထွင်မှုများကလည်း Bitcoin ရဲ့လွှမ်းမိုးမှုကို စိန်ခေါ်လာတဲ့ နည်းပညာအသစ်များ ပေါ်ပေါက်လာစေရန် ဦးတည်သွားနိုင်ပါတယ်။

၅။ စည်းမျဉ်းစည်းကမ်းများ

အစိုးရစည်းကမ်းများ

cryptocurrencies ပတ်ဝန်းကျင်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်းအခင်းအကျင်းများကလည်း အဆက်မပြတ် ပြောင်းလဲနေပါတယ်။ တင်းကျပ်လာတဲ့ စည်းမျဉ်းတွေကတီထွင်ဆန်းသစ်မှုကို ဟန့်တားနိုင်ပြီး နိုင်ငံတကာငွေကြေးအဖြစ် မွေးစားခြင်းကို နှောင့်ယှက်နိုင် သလို ပိုမိုအဆင်ပြေသောစည်းမျဉ်းများကလည်း တိုးတက်မှုကို အရှိန်မြှင့်ပေးနိုင် ပါလိမ့်မယ်။ ဒါက ဝိယောဓိ ဖြစ်နေဆဲပါ။

ဥပဒေရေးရာနှင့် လိုက်လျောညီထွေမှုဆိုင်ရာ စိန်ခေါ်မှုများ

cryptocurrency ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်တဲ့ ဥပဒေကြောင်းနှင့် လိုက်နာမှုဆိုင်ရာ ပြဿနာများကို ဆန်းစစ် ရှာဖွေလာ ခြင်းကလည်း သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

အရေးကြီးသော ထည့်သွင်းစဉ်းစားရမယ့်အချက်များ

မတည်ငြိမ်မှု- Bitcoin သည် သိသာထင်ရှားသောစျေးနှုန်းအတက်အကျများကို ဦးတည်စေတဲ့ ၎င်းရဲ့ မတည်ငြိမ်မှုများကြောင့် လူသိများခြင်း

အန္တရာယ်- Bitcoin တွင် ရင်းနှီးမြှုပ်နှံခြင်းသည် သိသာထင်ရှားသော ဆုံးရှုံးမှုများ ဖြစ်နိုင်ခြေ အပါအဝင် မွေးရာပါ အန္တရာယ်များကို သယ်ဆောင်ထားခြင်း

မသေချာမရေရာမှု- Bitcoin ၏အနာဂတ်သည် အလွန်မရေမရာဖြစ်ပြီး ကျွန်တော်တို့ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သည့်အချက်များစွာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အနာဂါတ်ကို ဖန်တီးတဲ့နေရာမှာ အလွန်အကြွံယုံစားပြီး စွန့်စားဖို့ ထိုက်တန်ရဲ့လား မထိုက်တန်ဘူး လားဆိုတာ ကိုယ်တိုင် အသိနဲ့ သတိ ကသာ အရာရာဖြစ်ပါလိမ့်မယ်။ သတင်းအချက်အလက်ကို လေ့လာခြင်း၊ ဈေးကွက် ကို ဆန်းစစ်ခြင်း၊ အာရုံစူးစိုက်ခြင်းတွေက အောင်မြင်မှုကို ရယူနိုင်မယ်လို့ ထင်ပါတယ်။

29/08/2024

Monetization ရထဲက အောက်စလွတ်ကုန်တာဘဲ

ဗြိတိန်ဘဏ်လုပ်ငန်းရှင်နှင့် နိုင်ငံရေးသမား ၊Rothschild မိသားစုမှ Baron Rothschild က တခါ ပြောဘူးတယ်။ "when there is blood...
23/07/2024

ဗြိတိန်ဘဏ်လုပ်ငန်းရှင်နှင့် နိုင်ငံရေးသမား ၊Rothschild မိသားစုမှ Baron Rothschild က တခါ ပြောဘူးတယ်။ "when there is blood in the streets" ပေါ့ တင်စားပြောရရင် ဈေးကွက်ပျက်နေချိန်ဝယ်ရန်အကောင်းဆုံးအချိန် လို့ဆိုဖူးတယ်။ရိုးရိုးရှင်းရှင်း ပြောရရင်တော့ တခြားသူတွေ ရောင်းနေတဲ့အချိန်မှာ ဝယ်ဖို့ အချိန်ကောင်းပါပဲ။

နောက်တခါ ကမ္ဘာ့ဘီလီယံနာကြီး ရော့ကာဖဲလားကလဲ ဒီလိုပြောတယ်

The way to make money is to buy when blood is running in the streets.

John D. Rockefeller

ဆိုတော့ ပုံမှန်မဟုတ်တဲ့အချိန်ကဘဲ မရေမရာနဲ့ ကိုယ့်ငွေတွေအဆုံးရှုံးမခံဘဲ စွန့်စားရင်းနှီးမြှုပ်နှံချိန်ဖြစ်ပါတယ်။

စိတ်ဝင်စားရင် ပြောပါ။

16/06/2024

e-commerce scam တွေကိုဘယ်လို တားဆည်းနိုင်ဖို့ ပြင်ဆင်ထားသင့်လဲ အပိုင်း (၁)



e-commerce အွန်လိုင်းစျေးဝယ်လောကဆိုတာ စားသုံးသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများ စွာကို ယူဆောင်လာပေးနေပါတယ်။ သို့သော်လည်း ဒီအချက်ဟာ eCommerce လိမ်လည်မှုများအတွက် နည်းစနစ်ကျကျ ဖန်တီးထားတဲ့ လိမ်လည်လှည့်ဖြားသူများအတွက်လည်း အလားတူအခွင့်အရေးများကို ရရှိနေပြီ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်နှင့် eCommerce လိမ်လည်မှုများမှ သင့်ရဲ့ ဖောက်သည်များကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း ကတော့အချိန်တိုင်း လိမ်လည်လှည့်ဖြားနေသည့် အပြုအမူများကို ခြေတစ်လှမ်းအသာနဲ့ ကြိုတင် ကာကွယ်မှု အစီအမံများကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ သုံးစွဲသူများအတွက်သာ မဟုတ်ဘဲ eCommerce ဖြင့် လုပ်ငန်းစတင်မည့် စတိုးဆိုင်ပိုင်ရှင်များ နှင့် eCommerce ဆိုဒ်ထူထောင်မည့် သူများကို ရည်ရွယ်ပါတယ်။ သင့်စတိုးက ဖြစ်ဖြစ် သင့်စတိုးမှာတင်ထားတဲ့ eCommerce သုံးပြီး ရောင်းဝယ်ဖောက်ကားသူ ဖြစ်ဖြစ် နစ်နာမှု တစ်စုံ တစ်ရာ မဖြစ်ပေါ်စေရန် အတွက် နိုင်ငံတကာမှာ ကြုံတွေ့ နေရလေ့ရှိတဲ့ e-commerce scam အခြေအနေ အပြု အမူတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ။



eCommerce လိမ်လည်မှုဆိုတာဘာလဲ?

eCommerce လိမ်လည်မှုများဟာ eCommerce ဆိုက် သို့မဟုတ် ပလပ်ဖောင်းတစ်ခုပေါ်တွင် ဖြစ်ပွားသော၊ ပစ်မှတ် သို့မဟုတ် အယောင်ဆောင်သည့် မည်သည့်လိမ်လည်မှုအမျိုးအစားကိုမဆို လွှမ်းခြုံထားပါတယ်။ COVID-19 ကပ်ရောဂါကြောင့် လူအများက အွန်လိုင်းမှ ဈေးဝယ်ခြင်းဆီသို့ သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ခဲ့ကြရပြီး ဖြစ်မှာပါ။ ဤအပြောင်းအလဲမှာ လူများက အွန်လိုင်းဈေးဝယ်မှု ပိုမိုများပြားလာသည်နှင့်အမျှ eCommerce လိမ်လည်မှုလည်း ယခင်ကထက် 18% ခုန်တက်သွားပြီး ကမ္ဘာတစ်လွှား ဆုံးရှုံးမှုစုစုပေါင်း $20 ဘီလီယံကျော်သွားခဲ့တယ်လို့ မှတ်တမ်းများက ဖော်ပြကြပါတယ်။ လက်ရှိ တရုတ်ပြည် တစ်ပြည်ထဲမှာ Popular Scam တွေ အနေနဲ့

Prize or lottery winning scams 38%,

Online Shopping scams 34.3%,

Online part time jobs scams 26.2%,

Scams involving fake relationship 21.1%,

Phishing websites 24.4%,

Scam involving fake employment 22% နဲ့ အသီးသီး ရှိနေပြီး နည်းလမ်းတွေက စုံပါတယ်။

တရုတ်နိုင်ငံမှာ 2022 ခုနှစ်အတွင်း တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်မှုပေါင်း 464,000 ကို နှိမ်နင်းခဲ့ရပြီး 2020 ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ လိမ်လည်မှုပေါင်း 256,000 မှုနှင့် နှိုင်းယှဉ်နိုင်ဖို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရပါတယ်။ အာဏာပိုင်များ အနေနဲ့ လိမ်လည်သူများထံမှ ယွမ် ၃၁၈ ဘီလီယံ (ဒေါ်လာ ၄၄ ဘီလီယံ) ရှိသော သံသယဖြစ်ဖွယ် ငွေလွှဲမှုများကို ပိတ်ဆို့ ရပ်တန့်ခဲ့ရကြောင်း အာဏာပိုင်များက ပြောပါတယ်။

eCommerce ရဲ့သုံးစွဲပုံစနစ်သည် သုံးစွဲသူများ၏ အကြွေးဝယ်ကတ်အသေးစိတ်အချက်အလက်များကို လက်ထဲသို့ရယူရန်၊ ဆွဲဆောင်မှုရှိသော eCommerce လိမ်လည်မှုများကို ဖန်တီးရန်နှင့် ၎င်းတို့ရဲ့ မည်သူမည်ဝါ အထောက်အထားကို ဖုံးကွယ်ထားစဉ်မှာဘဲ ဆိုက်ဘာရာဇ၀တ်ကောင်များကို လွယ်ကူစွာယုံကြည်စေရန် အတွက် eCommerce ဂေဟစနစ်ကိုယ်တိုင် ကိုက လုပ်ကိုင်ရပိုမိုလွယ်ကူစေပါတယ်။ အင်တာနက် မထွန်းကားချိန်ကာလနှင့် နှိုင်းယှဉ်မယ်ဆိုပါက eCommerce လိမ်လည်မှုများ၏ လွယ်ကူမှုနှင့် အမည်မျိုးစုံသုံးစွဲရလွယ်ခြင်းက လိမ်လည်သူများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဥပမာ ကျွန်တော်တို့ အနေနဲ့ Grab or food panda လို အရာတွေသုံးစွဲရန်အတွက်ဘဏ် ကတ်ရဲ့အချက်အလက်တွေကို ထဲ့သွင်းရတာမျိုးအလားတူပါတယ်။

သုံးစွဲသူများရဲ့ ၆၆ ရာခိုင်းနှုန်းဟာ ၎င်းတို့အကောင့်ကို အခိုးခံရသည့်အွန်လိုင်းစတိုးမှ ထပ်မံမ၀ယ်တော့ပါဘူး။ ဒါ့ကြောင့်၊ သင့်စတိုးကို eCommerce လိမ်လည်မှုဖြင့် ပစ်မှတ်ထားခံရပါက၊ သင်သည် ဖောက်သည်များနှင့် ငွေကြေးဆုံးရှုံး နိုင်ခြေရှိပါနေပါတယ်။

eCommerce လိမ်လည်မှုရဲ့ ရေရှည်အကျိုးသက်ရောက်မှုက ပြန်လည်ကောင်းမွန်ရန် ခက်ခဲနိုင်ပြီး စားသုံးသူယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်းဆိုတာလည်း လျင်မြန်သောလုပ်ငန်းစဉ်မဟုတ်ပါဘူး။ ထို့အတူ ဆုံးရှုံးသွားသော ဝင်ငွေလည်း ပြန်လည်ရရှိနိုင်ဖို့ ခက်ခဲမှာလည်းဖြစ်ပါတယ်။



ဒါကြောင့် သတိထားပြီး သင့်စတိုးနှင့် ဖောက်သည်များအပေါ် သက်ရောက်မှုရှိနိုင်နေတဲ့ သာမာန် eCommerce လိမ်လည်မှု နည်းလမ်းများနှင့် ရင်းနှီးစေရန်အတွက် အမြဲတစေ လေ့လာနေဖို့လိုအပ်မှာဖြစ်ပါတယ်။

အဖြစ်များနေတဲ့ eCommerce လိမ်လည်မှု ၁၀ ကို သတိပြုရှောင်ရှားစေရန်အတွက် အောက်ပါအချက်များကို ဂရုပြုဖို့ တိုက်တွန်းလိုပါတယ်။

အမှတ်တံဆိပ်အယောင်ဆောင်ခြင်းမှသည် ကံစမ်းမဲလိမ်လည်လှည့်ဖြားမှု၊ ပြန်အမ်းငွေလိမ်လည်မှုနှင့် သွေးဆောင်ဖြား ယောင်းခြင်းအထိ၊ eCommerce လိမ်လည်မှုများက နေရာတိုင်းတွင်ရှိပါတယ်။ ဒီမှာ အချို့သော eCommerce လိမ်လည်လှည့်ဖြားမှုများကတော့ ၎င်းတို့ကို မည်သို့ရှာဖွေရမည်နှင့် သင့်စတိုးနှင့် ဖောက်သည်များအား မသမာသောလုပ်ဆောင်ချက်များမှ ကာကွယ်ရန် အတွက် ယနေ့ မှစပြီး သင်လုပ်ဆောင် နိုင်သော ရိုးရှင်းတဲ့ အရာများကို ဆက်လက်ပြီးလေ့လာကြည့်ရအောင်ပါ။



(၁) အမှတ်တံဆိပ်အယောင်ဆောင်ခြင်း။

ကုန်အမှတ်တံဆိပ်အယောင်ဆောင်ခြင်းဆိုသည်မှာ သုံးစွဲသူများအား ၎င်းတို့၏ဘဏ်အကောင့်အသေးစိတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ရန် တစ်စုံတစ်ဦးမှ ယုံကြည်ရသောအမှတ်တံဆိပ် သို့မဟုတ် ကုမ္ပဏီတစ်ခုအဖြစ် ဟန်ဆောင်သည့်အခြေအနေများကိုဆိုလိုပါတယ်။ ဥပမာ မြန်မာပြည်မှာတော့ Kpay အမှတ်တံဆိပ်ကို အသုံးပြုပြီး တစ်ခါသုံး OTP နံပတ်တောင်းခံခြင်း၊ မှတ်ပုံတင်နံပတ်တောင်းခံခြင်းများဖြင့် ငွေကြေး လိမ်လည်မှုများ အများအပြားဖြစ်ခဲ့သည်ကို နမူနာ ထားနိုင်ပါတယ်။

ဤအယောင်ဆောင်မှုဟာ ပုံစံအမျိုးမျိုးဖြင့် လာနိုင်ပါတယ်။ ဆိုက်ဘာရာဇ၀တ်ကောင်များသည် ကုမ္ပဏီအီးမေးလ်လိပ်စာကို ကိုယ်စားအယောင်ဆောင်ရန် အတွက် မသမာသောနည်းဖြင့် လျှို့ဝှက်ကာ အပိုင်စီးခြင်းကို အသုံးပြုနိုင်ပြီး တရားဝင်ပုံပေါက်သည့် အီးမေးလ်များကို ပေးပို့နိုင်ပါတယ်။ တနည်းအားဖြင့် သုံးစွဲသူများထံမှ အရေးကြီးတဲ့ မှတ်ပုံတင်နံပတ်လို ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်း ရန်အတွက် အမှတ်တံဆိပ်၏ ဖောက်သည်ဝန်ဆောင်မှု တာဝန်ရှိသူ အဖြစ် ဟန်ဆောင်သည့် ဝန်ဆောင်မှု အယောင်ဆောင်ခြင်း နည်းလမ်းမျိုးကို အသုံးပြုကြပါတယ်။ သို့မဟုတ် ဆင်တူရိုးမှားသော ဖုံး၊ အီးမေးလ်လိပ်စာ၊ ဝဘ်ဆိုဒ်လိပ်စာများ အသုံးပြု ၍သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

အမှတ်တံဆိပ်အယောင်ဆောင်ခြင်းသည် အွန်လိုင်း၊ ဖုန်း၊ အီးမေးလ်ဖြင့် သို့မဟုတ် စာတိုက်မေးလ်ဖြင့်ပင် ဖြစ်ပွားနိုင်ပါတယ်။ ထို့ကြောင့် အမှတ်တံဆိပ်အယောင်ဆောင်တိုက်ခိုက်မှုတစ်ခု ပျံ့နှံ့နေတာကို သတိပြုမိပါက ချက်ချင်းအရေးယူပါ။ spam များကို လူသိရှင်ကြား ကိုင်တွယ်ဖြေရှင်းပြီး အမှတ်တံဆိပ်အယောင်ဆောင်ခြင်းကို မည်ကဲ့သို့ သတိပြုရမည်ကို သုံးစွဲသူများအား အသိပေးပါ။ ဒါ့အပြင် လိမ်လည်မှုလို့ သံသယရှိရင် ဘာလုပ်ရမလဲ ဆိုတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကြိုတင်လေ့လာထားသင့်ပါတယ်။ ထို့အပြင် စားသုံးသူရေးရာ၊ ဆိုက်ဘာမှုခင်း ဆိုင်ရာ ဌာနများ၊ ရဲစခန်းနှင့် တခြားသော လိုအပ်သည့် ဥပဒေအကာအကွယ်နှင့် တုန့်ပြန်မှုများ အတွက် ပြင်ဆင်ထားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

TikTok ကနေ အာရကေရှာလို့ရမယ့် နည်းလမ်းများ၂၀၂၄ updateLive လွှင့်ပြီး လက်ဆောင်ယူမယ်TikTok  တိုက်ရိုက်လွှင့်နည်းအကြောင်း သိ...
06/06/2024

TikTok ကနေ အာရကေရှာလို့ရမယ့် နည်းလမ်းများ
၂၀၂၄ update

Live လွှင့်ပြီး လက်ဆောင်ယူမယ်
TikTok တိုက်ရိုက်လွှင့်နည်းအကြောင်း သိပြီးထင်ပါတယ် အဲဒီကနေတိုက်ရိုက်ထုတ်လွှင့်ပြီး ကြည့်ရှုသူတွေ ကပေးတဲ့ လက်ဆောင်တွေရယူရန် ဖြစ်လို့ အဲဒီလို ရဖို့ သတ်မှတ်ချက်များ ပြည့်မီရန် လိုအပ်ပါတယ်။
အသက် ၁၈ နှစ်ကျော်ပြီဖြစ်ရပါမယ် Follower 1000 ကျော်ရှိရမှာဖြစ်ပါတယ်။ လိုအပ်ချက်များ ပြည့်မီတဲ့အခါ ကိုယ့် ဗီဒီယိုကို ကြည့်ရှုသူတွေက အကြွေစေ့တွေဝယ်ယူပြီး ကိုယ့်ကို လက်ဆောင်ပေးနိုင်ပါတယ်။ အဲဒီတုံကင်ပြားများကို တကယ့်ပိုက်ဆံဖြင့် ငွေထုတ်နိုင်ပါလိမ့်မယ်။
ကိုယ်တင်တဲ့ content အရည်အသွေးပေါ်မူတည်ပြီးဝင်ငွေက ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် ဘယ်အရာက လူတွေပိုစိတ် ဝင်စားမယ်ဆိုတာ ကို ရွေးချယ်ဖို့လိုပါတယ်။
အခြား App များကတဆင့် TikTok ကိုသုံးကြည့်ပါ
TikTok ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်ပြီး အဲဒီ App မှတစ်ဆင့် ငွေရှာနိုင်တဲ့ မရေမတွက်နိုင်သော App များရှိပါတယ်။ အချို့က တော့ သူတို့ရဲ့ အကြောင်းအရာတွေကို ထည့်သွင်းမှုကို တောင်းဆိုကြပြီး အချို့ကလည်း ကြည့်ရှုသည့် ဗီဒီယိုအရေအတွက်ပေါ်မူတည်ပြီး ပေးကြပါတယ်။ Swagbucks နှင့် Coinbase တို့လို အက်ပ်များက စတင်ရန် နေရာကောင်းများ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း အလားတူ ဝင်ငွေရှာနိုင်တဲ့ အခွင့်အလမ်းများနှင့်အတူ နောက်ထပ် App များ ရှိပါသေးတယ်။
ဒီအရာတွေကတော့ အများကြီးငွေမရှာနိုင်ပေမယ့် သူ့မှာလည်း ငွေသား ဒါမှမဟုတ် လက်ဆောင်ကတ်တွေ ကို ရွေးပြီးထုတ်လို့ရပါတယ်။ တကယ် ငွေရနိုင်တာကတော့ referral links တွေပါ။ ခုပြောပြောနေတဲ့ TikTok ကြည့်ပြီး ငွေရတယ်ဆိုတာမျိုးလေးပါ။
TikTok Creator Fund လျောက်ပါ
TikTok Creator Fund က ပိုမို ကောင်းမွန်တဲ့ content တွေကိုထုတ်ပြပြီး ပလက်ဖောင်းကိုမြှင့်တင်ပေးတဲ့ အကောင့်များအတွက်ဖြစ်သလို အသုံးပြုသူများအတွက် အမိုက်စားဗီဒီယိုတွေဖန်တီးနိုင်စေပြီး ဝင်ငွေများများရ အောင်ဖန်တီးပေးနိုင်ပါတယ်။
TikTok Creator Fund ကိုရဖို့ အောက်ပါလိုအပ်ချက်များ ပြည့်မီရန် လိုအပ်ပါတယ်။
အနည်းဆုံး အသက် ၁၈ နှစ် ဖြစ်ရမယ်။ သူကန့်သတ်မထားတဲ့ နိုင်ငံမှာဖြစ်ရမယ်။ အနည်းဆုံး Follower 10,000 လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း အနည်းဆုံး ကြည့်ရှုမှု 100,000 ရှိရပါမယ်။ ကွန်မြူနတီ လမ်းညွှန်ချက်များ၊ ဝန်ဆောင်မှု စည်းမျဉ်းများနှင့် ကိုက်ညီသော အကြောင်းအရာကို ဖန်တီးရပါမယ်။

Audio တွေ ဖန်တီးပြီး အခကြေးငွေယူပါ
အသံပရိုမိုးရှင်းလုပ်တယ်ဆိုတာ ဂီတသံဖန်တီးသူတွေ သိသင့်တဲ့ TikTok မှာငွေရှာတဲ့အထဲက လူသိနည်းတဲ့နည်းလမ်းဖြစ်ပါတယ်။ ကမ္ဘာတလွှားက အော်ဒီယိုကုမ္ပဏီတွေ၊ တီးဝိုင်းတွေနဲ့ တေးဂီတအဖွဲ့တွေက သီချင်း အသစ်တွေ၊ သံစဉ်အသစ်၊ စတာတွေကို ရှာဖွေနေကြပါတယ်။
ဗီဒီယိုတွေမှာ သူတို့ သီချင်း ကိုအသုံးပြုနိုင်ဖို့ ဖန်တီးနေကြသလို ကိုယ့်သီချင်းကို အသုံးပြုရန်အတွက် ဒီကုမ္ပဏီများကိုလည်း ကမ်းလှမ်းနိုင်ပါလိမ့်မယ်။ သူတို့အနေနဲ့ အသုံးပြုခအလိုက် ကိုယ့်အတွက် ဝင်ငွေ ရရှိနေမှာ ဖြစ်ပါတယ်။
Review တွေ ဖန်တီးပေးပါ
ကိုယ်က TikTok မှာ ကိုယ်ပိုင်ထုတ်ကုန်ရှိရင်ရှိ၊ မရှိတဲ့အခါ တခြား ပစ္စည်းတွေ လုပ်ငန်းတွေရဲ့ အကြောင်း သုံးသပ်ချက်တွေနဲ့ ဝန်ဆောင်မှုတွေကို ထုတ်ပြပြီးတင်ဆက်နေမယ်ဆို ဒါက တကယ့်ကို မိုက်နေပါပြီ။ သူတို့ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေ အကြောင်းလူပိုသိစေတဲ့အတွက် ကြော်ငြာစပွန်ဆာကြေးတွေကမ်းလှမ်း လာနိုင်ပါတယ်။ ဒါက ရှေးရိုးနည်းလေးပါဘဲ။
ဝင်ငွေကတော့ မှန်းမရပေမယ့် ကိုယ့်မှာ ပရိတ်သတ်ခိုင်ခိုင်မာမာရှိနေရင်လုပ်သင့်တဲ့ အရာပါ။ ခုဆို အရမ်းတွေ အောင်မြင်နေတဲ့ Supercar blondie လိုပါ။
TikTok Rewards ရအောင်လုပ်ပါ။
TikTok မှာ TikTok ကို ဒေါင်းလုဒ်အတွက် ရည်ညွှန်းလင့်ခ်များကို သင်မျှဝေနိုင်တဲ့ referral program ရှိပါတယ်။ ကိုယ့် ဗီဒီယိုတွေကိုကြည့်ရှုတဲ့ သူတွေကို referral ပေးခြင်းနဲ့ ဆုတွေရနိုင်ပါတယ်။ သူကတော့ အမှတ်များများရလေ၊ ငွေများများရလေဖြစ်ပါတယ်။ ပုံမှန်အားဖြင့်၊ အမှတ် 1000 ဆို လက်ဆောင်ကတ်မှာ $5 ခန့် ရရှိမည်ဖြစ်ပါတယ်။ အမှတ် 3000 ဆို $15 ခန့် ရရှိမှာဖြစ်ပါတယ်။ အဲဒီအတွက် referral program မှာစာရင်း သွင်းဖို့လိုပါတယ်။
သီးသန့် Paid Content များ ဖန်တီးပါ
ကိုယ်က တယ့်ကိုကောင်းမွန်တဲ့ လူကြိုက်များတဲ့ အကြောင်းအရာများများ တင်ပြီး ပရိတ်သတ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ပြီဆို ဒါကိုဖန်တီးနိုင်ပါတယ်။
ဥပမာ- TikTok Live မှတဆင့် အခမဲ့ ဆွေးနွေးပွဲတွေလုပ်ပြီး ကိုယ့်ရဲ့ ရောင်းကုန်တွေ၊ သင်တန်းတွေ၊ စတာတွေကို ဝယ်ယူဖို့ ပရိတ်သတ်ကို ချိတ်ဆက်နိုင်ပါတယ်။ ကိုယ်က ဝန်ဆောင်မှုလုပ်တာလဲ ဖြစ်ရင် ဖြစ်မယ်။ ဘယ်လိုဟာဘဲ ဖြစ်ဖြစ် ကိုယ့် live ကိုကြည့်တဲ့သူ ခိုင်ခိုင်မာမာရှိရင် ဒါကို ငွေကြေးအဖြစ် ပြောင်းနိုင်နဲ့ နည်းလမ်းတွေ ရှိပါတယ်။ အခု live လွှင့်ဈေးရောင်းနေတဲ့သဘောအတိုင်းပါဘဲ။ ကိုယ့်ချန်နယ်က အလုပ်ဖြစ်တယ်ဆို ငွေပေးမယ့်သူ တွေလိုက်လာပါလိမ့်မယ်။ ကမ္ဘာပေါ်က အောင်မြင်ပြီးဝင်ငွေကောင်းနေတဲ့ TikTok သုံးသူတွေက ဒီနည်းလမ်းကနေပြီး ဝင်ငွေ တလကို ဒေါ်လာ သိန်းချီရှာနေတယ်လို့ သိရပါတယ်။
စပွန်ဆာလက်ခံပါ
ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကြော်ငြာဖို့ TikTok မှာ သြဇာလွှမ်းမိုးနိုင်သူတွေကို အမြဲရှာဖွေနေကြတာ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့် အကောင့်က ငွေတောင်းခံလွှာ ဆိုတာ မမေ့ပါနဲ့။
ဒါပေမယ့် ကုမ္ပဏီတွေက ကိုယ့်ဆီလာဖို့ စောင့်မနေပါနဲ့။ ဘယ်ထုတ်ကုန်တွေက ကိုယ့်ရဲ့နယ်ပယ်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မလဲဆိုတာ စူးစမ်းကြည့်ပါ။ ကိုယ့်ဘက်ကနေပြီး ကမ်းလှမ်းတာမျိုးလဲ လုပ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ follower များလာပြီ viewer များနေပြီ ဆိုရင် စလုပ်လို့ရတဲ့ လုပ်ငန်း မျိုးဖြစ်ပါတယ်။ အဆင့်အလိုက် ဈေးနှုန်းတွေ သတ်မှတ်ပြီး အနည်းဆုံး ဒေါ်လာ ၁၀၀ ကနေ ၁၀၀၀ ထိက ပို့စ်တစ်ခု အတွက် တန်ကြေးဖြစ်နိုင်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ မှန်ကန်တဲ့ လုပ်ငန်းများဖြင့်တွဲလုပ်ဖို့ဖြစ်ပါတယ်။
ဆိုလိုချင်တာကတော့ အပြင်မှာလည်း လူသိများထင်ရှားတဲ့ ဘရန်းတွေ နဲ့ ကိုယ်ကတွဲလုပ်သင့်ပါတယ်။ တခါတလေ အခုမှ ဈေးကွက်ကိုထိုးဖောက်မယ့် လုပ်ငန်းလည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကိုယ်က တယ်လီဖုန်းတွေကို review လုပ်တာမျိုးကို အဓိက ထားတဲ့သူဆိုပါစို့၊ ကိုယ်နဲ့ လက်တွဲမယ့် လုပ်ငန်းကလည်း တကယ့်ကို အရည် အသွေးကောင်းတဲ့ ဖုန်းတွေကို ဈေးကွက်နဲ့မိတ်ဆက်တာမျိုးဆို ကိုယ်က သူတို့လုပ်ငန်းကို ပူးတွဲမြှင့်တင်ပေး နိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ မှန်ကန်တဲ့ သုံးသပ်ချက်နဲ့ ခိုင်မာတဲ့ ယုံကြည်မှု ရှိတဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဂုဏ်သတင်း လည်းအရေးကြီးတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုနဲ့ တူတူ ဝေမျှပေးနိုင်ပါတယ်။ ဒီလုပ်ငန်းကလည်း လစဉ်ဝင်ငွေ ဒေါ်လာ ထောင်ပေါင်းများစွာ ရရှိနိုင်တယ်ဆိုတာပါ။
အားလုံးပေါင်းလိုက်တဲ့အခါမှာတော့ ဘယ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းကိုသုံးသည်ဖြစ်စေ ရေရှည် ရပ်တည် သွားမယ်ဆို ကောင်းမွန်တဲ့၊ ဖျော်ဖြေရေးဖြစ်စေတဲ့ ပျော်ရွှင်စေတဲ့ တင်ဆက်မှုမျိုးနဲ့ တည်ဆောက်သွား မယ်ဆို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာမယ်လို့ ထင်ပါတယ်။

24/05/2024

VERTU တွေ မြန်မာပြည်မှာ ဝယ်လို့ရပြီတဲ့။

VERTU Myanmar သည် VERTU အသိအမှတ်ပြု မြန်မာပြည်၏တဦးတည်း တိုက်ရိုက်တင်သွင်းသူဖြစ်ပါသည်။

04/03/2024

စကြာ၀ဠာ ပြောင်းလဲမှုတစ်ခုလုံးမှာ အရေးကြီးဆုံးက time and space ဘဲ။ လူ့ဘ၀မှာလဲ အချိန်နဲ့နေရာက အဓိက ပြောင်းလဲမှုကို ပေးစွမ်းနိုင်ပါတယ်။

The most important thing in the whole universe is time and space. In human life, time and place can provide major changes.

Address

Yangon
11091

Website

Alerts

Be the first to know and let us send you an email when Into your dream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share