Women United MM

Women United MM Sport can benefit your life in many ways.

24/07/2025

📣 ⚽ ယနေ့ညနေပိုင်းတွင် 🇩🇪ဂျာမနီအမျိုးသမီးအသင်းက UEFA Women’s Euro 2025 ဆီမီးဖိုင်နယ်တွင် 🇪🇸စပိန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး 🏆ချန်ပီယံဆုလမ်းကြောင်းပေါ်ရောက်လာနိုင်ပါတယ်။
ယနေ့ ဂျာမနီတွင် အမျိုးသမီးဘောလုံးအသင်းက ပိုမိုရေပန်းစားလာသော်လည်း အခက်အခဲများစွာ ဖြတ်သန်းခဲ့ရပါတယ်။ ၁၉၇၀ ခုနှစ်အထိ အနောက်ဂျာမနီရှိ အမျိုးသမီးများသည် ကလပ်အသင်းများ သို့မဟုတ် ပြိုင်ပွဲများတွင် ဘောလုံးကစားခြင်းမှ တရားဝင်တားမြစ်ခံခဲ့ရပါတယ်။၁၉၈၉ ခုနှစ်တွင် ဂျာမန်အမျိုးသမီးဘောလုံးအသင်းက ဥရောပချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိခဲ့ပြီးဆုကြေးငွေမဟုတ်ဘဲ ပန်းကန်ခွက်ယောက်အစုံကိုသာ ရရှိခဲ့တယ်။မျက်မှောက်ကာလအထိ ပရီမီယံဘောလုံးအသင်းအဓိက ပွဲများတွင် ဆုကြေးအဖြစ်အမျိုးသားအသင်းများက အမျိုးသမီးအသင်းများထက် ၁၀ ဆနီးပါး ပိုမိုရရှိဆဲဖြစ်ပါတယ်။
ယနေ့အောင်မြင်မှုက အမျိုးသမီးအခွင့်အရေးနှင့်အားကစားအတွက် အသိအမှတ်ပြုမှုတို့တွင် မည်မျှအထိ ခရီးရောက်လာသည်ကို ပြသနေပါသော်လည်း ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းအတွင်း ဂျာမနီနှင့်တခြားနိုင်ငံများရှိကျားမတန်းတူအခွင့်အရေးရရှိမှုအပြည့်အ၀ရရှိရန် သွားရမည့်လမ်းမှာ ဝေးကွာနေသေးပါတယ်။
🙌🇩🇪 ဒီညနေမှာတော့ အမျိုးသမီးအသင်းကိုအားပေးရင်း ရှေ့ဆက်ကြပါစို့။



📣 ⚽ This evening, 🇩🇪 Germany faces 🇪🇸 Spain in the UEFA Women’s Euro 2025 semi-final — and maybe a path to the championship!

Women’s soccer is increasingly popular in Germany today, but it’s been a long road: Until 1970, women in West Germany were officially barred from playing in clubs or at tournaments at all. In 1989, the German women’s national soccer team won the European Championship for the first time — and received a set of tableware, not prize money. Even today, the premiums male soccer teams receive for succeeding in major tournaments are nearly 10 times higher than for their female counterparts.

Today’s success shows how far we’ve come in women’s rights and recognition in sports — but it is also a reminder that we still have a long way to go to reach full equality of all genders in our societies, in Germany and beyond.

🙌🇩🇪 Let‘s cheer on the team and keep pushing forward!


© Picture Alliance/dpa

Aston Villa အသင်းနဲ့ စာချုပ်သစ် ၂ နှစ်သက်တမ်းတိုးလိုက်တဲ့ အင်္ဂလန်လက်ရွေးစင်(ဟောင်း) Rachel Daly....သူမက အင်္ဂလန်အမျိုးသ...
31/05/2025

Aston Villa အသင်းနဲ့ စာချုပ်သစ် ၂ နှစ်သက်တမ်းတိုးလိုက်တဲ့ အင်္ဂလန်လက်ရွေးစင်(ဟောင်း) Rachel Daly....

သူမက အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်း ၂၀၂၂ ဥရောပဖလားဗိုလ်စွဲခဲ့တဲ့အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး 2024 ဧပရယ်တုန်းကမှ နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူထားခဲ့သူပါ။

Photo credits to AVW

It's ARSENAL, Champions of Europe.၁၈ နှစ်အကြာမှ "ဒုတိယအကြိမ်" ပြန်ယူနိုင်ခဲ့တဲ့ ချန်ပီယံဆု ဖြစ်ပါတယ်။ အသက် ၃၆ နှစ်သာရှိသ...
25/05/2025

It's ARSENAL, Champions of Europe.

၁၈ နှစ်အကြာမှ "ဒုတိယအကြိမ်" ပြန်ယူနိုင်ခဲ့တဲ့ ချန်ပီယံဆု ဖြစ်ပါတယ်။

အသက် ၃၆ နှစ်သာရှိသေးတဲ့ နည်းပြသစ်လက်ထက်မှာ ဥရောပချန်ပီယံဆု ရပြီ။
ဖိုင်နယ်ကန်ရတာက ကမ္ဘာ့ချန်ပီယံတွေ စုဝေးနေတဲ့ ဘာစီလိုနာနဲ့။
သူတို့ကို ငယ်နိုင်လို သုတ်သင်နေကျအသင်းပေါ့။
တပွဲလုံးလည်း ဘာကာကပဲ ခြေအသာနဲ့ပါ၊
ဒါပေမယ့် အနိုင်ဂိုးကိုတော့ ၆၇ မိနစ်မှာ လူစားလဲ ဝင်လာတဲ့ ဆွီဒင်လက်ရွေးစင်၊ ဘလက်ခ်စတိန်းနီးယပ်စ်က ဝင်ကစားပြီး ၇ မိနစ်အကြာမှာ သွင်းလို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

Bravo, !!!

2007 UEFA Women Champion league တုန်းက အာဆင်နယ်အမျိုးသမီးဘောလုံးကစားသမားတွေနဲ့အတူ ကွင်းထဲကို mascot အဖြစ်ရောက်လာခဲ့ဖူးတဲ...
07/05/2025

2007 UEFA Women Champion league တုန်းက အာဆင်နယ်အမျိုးသမီးဘောလုံးကစားသမားတွေနဲ့အတူ ကွင်းထဲကို mascot အဖြစ်ရောက်လာခဲ့ဖူးတဲ့ ကလေးလေး... Leah...
အခု သူကိုယ်တိုင် ချန်ပီယံလိဂ်ဖိုင်နယ် ကစားတော့မယ်၊ ဘာစီလိုနာနဲ့ပါ။
မေလ ၂၄ ရက်နေ့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့။

Dreams can come true ✨ ❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Women United MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share