Duwun Cele YatKwat

Duwun Cele YatKwat အလုပ်ကိစ္စများအတွက် ဆက်သွယ်ရန်
09 955 002 015
09 955 002 016
(3692)

Bringing you the best of celebrity social life in Myanmar...

This page is operated by NorthernX Company Limited

14/09/2026

“မြန်မာအကကိုဟာသလုပ်တာပါ မလေးမစားလုပ်တာ မဟုတ်ပါဘူး”

"စင်ပေါ်မှာ ပရိသတ်လည်းပျော်အောင်၊ ကိုဆန်းမင်းလည်းဟာသဥာဏ်ရွှင်တော့ ကျွန်တော်တို့က ပရိသတ်ကို ဟာဒယရွင်ဆေးတိုက်ကျွေးတာပါ၊ဦးချမ်းကပြောနေပြီ၊ မင်းဟာက ဘဲဖြစ်နေပြီ၊ ငှက်ကလေးမဟုတ်တော့ဘူးတဲ့၊ကရင်းကရင်းနဲ့ဟာသလေးဖြစ်သွားတာပါ၊ မလေးမစားလုပ်တာမဟုတ်ပါဘူး''လို့ တင်မောင်ဆန်းမင်းဝင်း မွေးနေ့ပွဲကအမှတ်တရတွေကိုပြန်လည်ပြောပြလာတဲ့ ထွန်းထွန်း.

14/09/2026

“အဖေ့ကိုရှာကျွေးချင်လို့ ဆိုက်ကားပဲ နင်းတက်ချင်တာ ကျောင်းမတက်ချင်ဘူး”

"အမေကို ၇ တန်းရောက်မှ ကျွန်တော်ပြန်မြင်ဖူးတယ်၊ ကျွန်တော်က ဆိုက်ကားသမားဘဝကလာတာ၊ ကျွန်တော့်ကိုမွေးတော့ အဖေက ဆိုက်ကားနင်နေပြီ၊ အဖေနဲ့အမေက ကျွန်တော်ငယ်ငယ်လေးကတည်းက ကွဲနေတာ၊ကျွန်တော်က ကျောင်းကိုမတက်ချင်ဘူး၊ ဆိုက်ကားပဲ နင်းတက်ချင်တာ၊ဘာဖြစ်လို့လဲဆိုတော့ အဖေက ကိုယ့်ရှေ့မှာ ပင်ပင်ပန်းပန်းနဲ့ ဆိုက်ကားနင်းပြီး ရှာကျွေးနေတာလေ၊ းြဒါကြောင့် အဖေ့ကို ကိုယ်က ပြန်ပြီးပံ့ပိုးပေးချင်တာ'' ဆိုပြီး ငယ်ငယ်ကအမှတ်တရတွေကိုပြန်လည်ပြောပြလာတဲ့ ရွှေခေါ

14/09/2026

"သမီးအတွက် ပိုက်ဆံအကုန်အကျမခံနိုင်လို့ ပြိုင်ပွဲကပြုတ်တာဝမ်းသာနေတာ''

"ဝမ်းမနည်းဘူး၊ သူကထပ်မပြိုင်ရတဲ့အတွက်ဝမ်းသာနေတာ၊ အရမ်းပင်ပန်းတယ်လေ၊ အကုန်အကျတွေများတယ်လေ၊ အဲ့ဒီအချိန်မှာကိုယ်ကလည်းအလုပ်ပျက်နေတဲ့အချိန်၊ ကိုယ်လည်းမလုပ်ပေးနိုင်ဘူး၊ သူမပါတော့ ကိုယ်နဲ့ မိန်းမနဲ့ သက်ပြင်းချပြီးအမလေးတော်ပါသေးရဲ့ '' ဆိုပြီး miss universe pathein 2026 အဖြစ်ဝင်ပြိုင်ခဲ့တဲ့ သမီးလေးအ​ကြောင်းပြောပြလာတဲ့ ကျော်​ဇေယျ

14/09/2026

“ညီမင်းခိုင်က အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီ” ဆိုတဲ့ နေတိုး

"ကျွန်တော်တို့ ရုပ်ရှင်အတွက် ဇာတ်၀င်တေးသီချင်းကောင်းတွေဖန်တီးပေးတဲ့ ညီမင်းခိုင်ရဲ့ ဂီတသက်တမ်း ၁၉ နှစ်ပြည့်မှာ ကျွန်တော်လည်း ညီလေးအတွက် သီချင်း ၂ ပုဒ်ပါ၀င်သီဆိုပေးသွားမှာပါ။ လူပျိုကြီးညီမင်းခိုင်ကို စွံစေချင်ပါပြီ။ သူလည်း အိမ်ထောင်ပြုသင့်တဲ့အရွယ်တစ်ခုရောက်နေပြီ" လို့ လူပျိုကြီး ညီမင်းခိုင်ကို စွံစေချင်နေတဲ့အကြောင်းပြောလာတဲ့ နေတိုး

14/09/2026

ကလေးအဖေဖြစ်ချင်တဲ့ ဂီတသက်တမ်း ၁၉ နှစ်သား ညီမင်းခိုင်

"ကျွန်တော့်ဂီတသက်တမ်း ၁၉ နှစ်ပြည့်ပွဲမှာ ကျွန်တော်နဲ့အတူပါ၀င်ဖျော်ဖြေပေးမယ့် အနုပညာမောင်နှစ်မတွေအကုန်လုံးကိုကျေးဇူးတင်တယ်။ ကိုညီမင်းခိုင်က ကျွန်တော်တို့ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော်ပဲ၊ သူ့ပွဲမှာပါ၀င်ခွင့်ပေးလို့၀မ်းသာပါတယ်။ ကျွန်တော်တို့နှစ်ယောက်တွဲသီချင်းက အသည်းကွဲသီချင်းတွေတော့ဖြစ်နေတယ်။ လူပျိုကြီးအိမ်ထောင်တော့အခုထိမကျသေးပေမယ့် အဖေတော့ဖြစ်ချင်တယ်"....ဆိုတဲ့ ညီမင်းခိုင် နဲ့ ဖြိုးမြတ်အောင်

13/09/2026

“ပန်းချီဆရာမတွေ အရမ်းချစ်တတ်လို့ အသည်းခဏခဏကွဲနေတာ”

"ပန်းချီဆရာမတွေက အရမ်းချစ်တတ်လို့အသည်းလည်း ခဏခဏကွဲရတယ်။ ချစ်တတ်တဲ့လူက ပိုနစ်နာရတယ် ။ အသည်းကွဲပြီးနောက်​ပိုင်းကိုယ်ပဲ ဒဏ်ရာတွေရလာတော့ မိန်းကလေးအချင်းချင်းပဲ ပိုချစ်ပြီး ဖေးမတယ်"....ဆိုတဲ့ ပန်းချီဆရာမ ဟေမာစုကြည်နဲ့ နေနေထူး

#ပန်းချီ

13/09/2026

“မြန်မာစကားကိုတောင် လိမ့်ပတ်မလည်လို့ Miss ပြိုင်ဖို့ Confidence မရှိဘူး”

"သံစဥ်က Body ပိုင်းကိုအရမ်းလုပ်စရာမလိုဘူး။ သူငယ်ချင်းတွေကလဲ နင်အရမ်းလှနေသေးတယ် Miss ပြိုင်ပါလားပြောပေမယ့် Miss တစ်ယောက်ဖြစ်ဖို့ဆိုတာ Body လှနေယုံနဲ့မပြီးဘူး။ လိုအပ်ချက်တွေများတယ်။ သံစဥ်က မြန်မာစာ မြန်မာစကားကိုတောင် လိမ့်ပတ်မလည်တာဆိုတော့ Miss ပြိုင်ဖို့လောက်အထိတော့ Confidence မရှိဘူး။ စင်ပေါ်မှာ Show လျှောက်နေရင်လဲ သူများတွေကသာ လှလိုက်တာ Confidence ရှိတယ်လို့ထင်ကြပေမယ့် တစ်ကယ်က သံစဥ်မောင်ကြောက်နေတာ"....ဆိုပြီးပြောလာတဲ့ သံစဥ်မောင်နဲ့ ဟန်သာဇေ

13/09/2026

လူပျိုကြီးဖြစ်တာ မကောင်းဘူးလားလို့ မေးခွန်းထုတ်လိုက်တဲ့ အောင်ထက်

" ကိုအောင်ထက်ချောလာတယ်ဆိုရင် မိန်းမရတော့မှာ၊ ဒါမှမဟုတ်ရင် လူပျိုကြီးလုပ်မှာလား၊
တစ်ယောက်တည်းနေတာက ကိုယ့်ကိုယ်ကိုယ်နေလို့အကောင်းဆုံး၊ စိတ်အချမ်းသာဆုံးလို့မထင်ဘူးလား " ဆိုတဲ့ အောင်ထက်

"မှန်တယ်၊ ပိုက လျှောက်စနေတာ၊ အမှန်က သူအိမ်ထောင်ပြုမယ်ဆိုလည်း သူ့ကိစ္စပေါ့၊ မပြုဘူးဆိုလည်း ထောက်ခံတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်တည်းနေရတာ အရမ်းစိတ်ချမ်းသာတယ်" ဆိုတဲ့ ပိုပို

13/09/2026

One Lady Show အတွက် သီချင်းတိုက်နေတဲ့ ပိုပိုနဲ့ အဆိုတော်များ

အောက်တိုဘာ၁၇ရက်နေ့ Hexagon မှာကျင်းပပြုလုပ်မယ့် အဆိုတော်ပိုပိုရဲ့ Dear Heart One Lady Show အတွက် ကျော်ကျော်ဗိုလ်၊ ညီမင်းခိုင်၊ အောင်ထက်တို့နဲ့ သီချင်းတိုက်နေတဲ့ ပုံရိပ်များ

13/09/2026

“အစ်ကိုကရှေ့မှာ ပဲများ ပိုပိုက နောက်မှာချော်လဲ”

“ကျွန်တော်ကအရှေ့မှာ သီချင်းဆိုနေတော့ ပိုပိုချော်လဲသွားတာ မသိလိုက်ဘူး၊ အမျိုးသမီးက ပြောပြမှ သိတာ၊ ပိုပိုချော်လဲသွားတယ်ဆိုပြီး၊

အစ်ကိုကအရှေ့မှာပဲများ၊ ပိုပိုက နောက်မှာ ဒေါက်က မနိုင်ပဲ ဘုတ်ခနဲချော်လဲတာ၊ Rehersal မှာတုန်းကဖိနပ်အပါးနဲ့လေ့ကျင့်ခဲ့တာဆိုပြီး “ လွန်ခဲ့တဲ့ ၁၂နှစ်ခန့်က ShweFM ပွဲမှာ Breaking Heart သီချင်းဖျော်ဖြေရင်းနဲ့ ချော်လဲခဲ့တဲ့အမှတ်တရ ပြောပြလာတဲ့ ကျော်ကျော်ဗိုလ်နဲ့ ပိုပို

Address

Diamond Condo
Yangon
11161

Alerts

Be the first to know and let us send you an email when Duwun Cele YatKwat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Duwun Cele YatKwat:

Shortcuts

Share