LUSH Magazine Myanmar

LUSH Magazine Myanmar Connecting Myanmar to the world in the sense of fashion and lifestyle.

LUSH Myanmar will bring the audience to the world of fashion and the way of modern living by creating unique editorials with our blend of intelligent commentary and dynamic photography

အသက် ၅၉ နှစ်အရွယ် Nicole Kidman ဟာ Hollywood ရဲ့ ခေတ်မီပြီး အမြဲတမ်းမရိုးသွားတဲ့ Elegance & Style ကို သူမရဲ့အလှနဲ့အတူ ယန...
28/08/2026

အသက် ၅၉ နှစ်အရွယ် Nicole Kidman ဟာ Hollywood ရဲ့ ခေတ်မီပြီး အမြဲတမ်းမရိုးသွားတဲ့ Elegance & Style ကို သူမရဲ့အလှနဲ့အတူ ယနေ့တိုင် ပိုင်ဆိုင်ထားဆဲပါ။

သူမရဲ့ Fashion Style မှာ Feminine Sophistication, Quiet Glamour နဲ့ Cinematic Drama တွေကို သဘာဝကျကျ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ အလွန်အကျွံ ပြင်ဆင်ထားသလိုမခံစားရဘဲ Silhouette တစ်ခုတည်းနဲ့တောင် memorable ဖြစ်အောင် ဖန်တီးနိုင်တာက သူမရဲ့ signature style တစ်ခုပါ။

Practical Magic 2 ရဲ့ European Premiere အတွက် London ကို ရောက်ရှိလာတဲ့ Nicole Kidman ဟာ မူရင်းဇာတ်ကားထဲက iconic character Gillian Owens အဖြစ် Sandra Bullock နဲ့အတူ ပြန်လည်တွေ့ဆုံလာခဲ့ပါတယ်။ 🪄✨

London Premiere ရဲ့ ဒီ ethereal blue look ကလည်း သူမရဲ့ signature elegance ကို ပြည့်ပြည့်ဝဝ ဖော်ပြနေပါတယ်။ 🩵

Nicole Kidman
Born — June 20, 1967
Age — 59
Occupation — Actress & Producer
Known for — Moulin Rouge!, The Hours, Big Little Lies, Practical Magic

Style ဟာ အသက်အရွယ်နဲ့ မသတ်မှတ်ပါဘူး။�Presence နဲ့ သတ်မှတ်တာပါ။ ✨

ဒီ Premiere ရဲ့ full style story ကို သိချင်ရင် — LUSH Magazine Myanmarမှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။

📸 Image Credit: Nicole Kidman / Official Facebook

28/08/2026

Jean Paul Gaultier Haute Couture: A New Chapter in Couture ✨

Jean Paul Gaultier’s Fall/Winter 2026–2027 Haute Couture collection marks the first Couture collection of ‘Duran Lantink’ for the house, bringing together the rebellious spirit of Gaultier with a new, experimental approach to couture.

This season, historical couture meets technology. Lantink experimented with 3D-printed TPU and PA12, creating sculptural exoskeleton-like structures, exaggerated shoulders, dramatic collars, corsetry and silhouettes that almost seem to transform the body itself.

The collection also looks back to the past, drawing from 18th-century court dress and Marie Antoinette, while revisiting some of Jean Paul Gaultier’s most recognisable codes, from corsets and tailored jackets to tulle, sculptural tailoring and the iconic cone bra. Even pieces from the house’s archives, including fabrics from the 2002–03 Haute Couture collection, were given a new life.
And, of course, it wouldn’t be Gaultier without a little playfulness. With exaggerated proportions, unexpected forms and silhouettes designed to be seen from every angle, this collection challenges what couture can look like, turning clothing into something almost architectural. ✨
A new chapter for Jean Paul Gaultier, but one that still feels unmistakably Gaultier. 🤍

Translation
Jean Paul Gaultier ရဲ့ Fall/Winter 2026–2027 Haute Couture ကတော့ Fashion House အတွက် Duran Lantink ရဲ့ ပထမဆုံး Couture Collection ဖြစ်ပါတယ်။ Gaultier ရဲ့ signature code တွေနဲ့ Lantink ရဲ့ စမ်းသပ်ဖန်တီးမှုတွေ ပေါင်းစပ်ထားတဲ့ Collection တစ်ခုလို့ ပြောလို့ရပါတယ်။

ဒီ Collection မှာ အရင်ကCouture ရဲ့ အလှတရားနဲ့ အခုခေတ် Technology ကို ရောစပ်ထားပါတယ်။ 3D-printed TPU နဲ့ PA12 တွေကို အသုံးပြုပြီး ခန္ဓာကိုယ်ပုံစံကို ပိုမိုထင်ရှားစေတဲ့ Sculptural Pieces တွေ၊ အရွယ်အစားကြီးတဲ့ Shoulders တွေ၊ Dramatic Collars တွေနဲ့ Corsetry တွေကို ဖန်တီးထားပါတယ်။ ဝတ်စုံတွေက ရိုးရိုးအဝတ်အစားတစ်ခုထက် ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားတဲ့ အနုပညာလက်ရာတစ်ခုလိုတောင် ခံစားရပါတယ်။

Inspiration အနေနဲ့တော့ 18th-century Court Dress နဲ့ Marie Antoinette တို့ရဲ့ အလှအပတွေကို ပြန်လည်ဖန်တီးထားပြီး Gaultier ရဲ့ Signature ဖြစ်တဲ့ Corset၊ Tailored Jacket၊ Tulle နဲ့ Iconic Cone Bra တွေကိုလည်း ပုံစံအသစ်တွေနဲ့ ပြန်လည်ဖန်တီးထားပါတယ်။ အရင် 2002–03 Haute Couture Collection မှာ အသုံးပြုခဲ့တဲ့ Fabric တွေကိုပါ Archive ထဲကနေ ပြန်ထုတ်ပြီး ဒီ Collection ထဲမှာ အသစ်တစ်ဖန် အသက်သွင်းထားပါတယ်။

အရွယ်အစားတွေကို ပိုပြီးချဲ့ကားထားတဲ့ Silhouette တွေ၊ မမျှော်လင့်ထားတဲ့ ပုံစံတွေနဲ့ Gaultier ရဲ့ Playful Spirit တွေက Collection တစ်ခုလုံးကို ပိုပြီး အသက်ဝင်စေပါတယ်။
Duran Lantink အတွက် Jean Paul Gaultier ရဲ့ ကမ္ဘာထဲက ပထမဆုံး Couture Chapter ဖြစ်ပေမယ့်၊ မျှော်လင့်မထားတဲ့ပုံစံတွေနဲ့ အမြဲတမ်း စိန်ခေါ်တတ်တဲ့ Gaultier ရဲ့ စိတ်ဓာတ်ကတော့ ဒီ Collection ထဲမှာ အပြည့်အဝ ရှိနေဆဲပါပဲ။ 🤍✨
VIDEO SOURCE: Jean Paul Gaultier Official

A new chapter, a beautiful celebration, and jewellery worth looking closer at. ✨ Cristiano Ronaldo and Georgina Rodrígue...
27/08/2026

A new chapter, a beautiful celebration, and jewellery worth looking closer at. ✨

Cristiano Ronaldo and Georgina Rodríguez have officially tied the knot in an intimate wedding in Portugal. While the day itself was kept personal and understated, Georgina’s bridal look brought another layer of glamour to the occasion.

In our latest story, we look beyond the ceremony and into the details of Georgina’s bridal look, taking a closer look at the jewellery that accompanied her through the day. 💎

🔗 Read the full story via link:
https://lushmagazinemm.com/georgina-rodriguezs-diamonds-on-her-wedding-day/

Translation
Cristiano Ronaldo နဲ့ Georgina Rodríguez တို့ဟာ Portugal မှာ တရားဝင် လက်ထပ်လိုက်ကြပါပြီ။ မင်္ဂလာနေ့ကိုတော့ intimate ဆန်ဆန်နဲ့ ရိုးရိုးရှင်းရှင်းပဲ ကျင်းပခဲ့ပေမယ့် Georgina ရဲ့ Bridal Look ကတော့ ဒီအခမ်းအနားလေးကို Glamour တစ်မျိုးနဲ့ ပိုပြီး ပြည့်စုံစေခဲ့ပါတယ်။

LUSH ရဲ့ နောက်ဆုံး Story မှာတော့ မင်္ဂလာပွဲအကြောင်းထက်ပိုပြီး Georgina ရဲ့ Bridal Look ရဲ့ story နဲ့ အဲဒီနေ့တစ်လျှောက် သူမဝတ်ဆင်ခဲ့တဲ့ Jewellery တွေကို အသေးစိတ်ပြောပြပေးထားပါတယ်။ 💎

🔗 Read the full story via link:
https://lushmagazinemm.com/georgina-rodriguezs-diamonds-on-her-wedding-day/

What happens when food becomes a way to connect cultures? 🇲🇾✨Following our coverage of “Taste of Malaysia”, we sat down ...
26/08/2026

What happens when food becomes a way to connect cultures? 🇲🇾✨

Following our coverage of “Taste of Malaysia”, we sat down with Mr.Hew Tse Hou, Chargé d’Affaires of the Embassy of Malaysia, to talk about the story behind the celebration, why the event was intentionally kept intimate, and how Malaysian cuisine reflects the country’s multicultural heritage.
From introducing Malaysian cuisine to bringing people together around the dining table, the event was about more than just food. It was about creating conversations, connections and a deeper understanding between Malaysia and Myanmar.
So, what did the Embassy hope guests would take away from the experience? And what makes Malaysian cuisine so unique?

🔗Read the full article:
https://lushmagazinemm.com/taste-of-malaysia-a-celebration-of-culture-and-culinary-heritage/

Translation
“Taste of Malaysia” ပွဲလေးအပြီးမှာ Malaysia သံရုံးရဲ့ Chargé d’Affaires ဖြစ်တဲ့ Mr.Hew Tse Hou နဲ့ တွေ့ဆုံပြီး ဒီပွဲလေးရဲ့ အကြောင်းအရာ၊ ဘာကြောင့် intimate gathering လေးအဖြစ် ကျင်းပခဲ့တာလဲ၊ ပြီးတော့ Malaysian Cuisine က Malaysia ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ဘယ်လိုထင်ဟပ်ပြသပေးလဲဆိုတာတွေကို မေးမြန်းထားပါတယ်။

Malaysian Cuisine ကို မိတ်ဆက်ပေးတာအပြင် ဧည့်သည်တွေအချင်းချင်း စကားပြောခွင့်ရဖို့၊ အတွေ့အကြုံတွေ မျှဝေဖို့နဲ့ connection အသစ်တွေ တည်ဆောက်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါဆို ဒီပွဲကနေ ဧည့်သည်တွေအနေနဲ့ ဘာတွေကို ရရှိသွားစေချင်ခဲ့တာလဲ။ ပြီးတော့ Malaysian Cuisine ရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ ဆိုတာသိဖို့အတွက် article လေးကို linkကနေတစ်ဆင့် ဖတ်လိုက်ပါဦးနော်။

🔗Read the full article:
https://lushmagazinemm.com/taste-of-malaysia-a-celebration-of-culture-and-culinary-heritage/

26/08/2026

POV:
Your wardrobe is mostly neutrals,
but one iconic accessory changes everything.

Neutral colour တွေနဲ့ timeless silhouette တွေကို အခြေခံထားတဲ့ wardrobe ဆိုရင် ဘယ်လို look မျိုးရမလဲ?
ရိုးရိုးရှင်းရှင်းနဲ့ effortless ဖြစ်နေမယ်။
တကယ်တော့ ဒီလို look တွေရဲ့ secret က detail လေးတွေမှာပါ။
ဒီ Look ကို ဘယ်လိုရအောင် ဝတ်မလဲ?

→ Ivory, beige, white, black ဒါမှမဟုတ် soft grey လို neutral colour တစ်ခုကို base အဖြစ်ရွေးပါ။

→ Outfit ကို clean ဖြစ်အောင် ရိုးရိုးရှင်းရှင်းလေးထားပါ။

→ Statement bag, sunglasses, belt, watch ဒါမှမဟုတ် jewellery လို iconic accessory တစ်ခု ထည့်ပါ။

→ Accessory တစ်ခုကိုပဲ highlight ဖြစ်အောင်ထားပြီး outfit တစ်ခုလုံးနဲ့ balance ဖြစ်အောင် styling လုပ်ပါ။
အများကြီးဝတ်ဖို့ မလိုဘူး။
ရွေးချယ်တာ ပိုကောင်းဖို့ပဲ လိုတယ်။
Effortless chic ဆိုတာ
ရိုးရှင်းတဲ့ look ကို ကိုယ့် style နဲ့ intentional ဖြစ်အောင် ဖန်တီးနိုင်တာပါ။

25/08/2026

🇲🇾 A Taste of Malaysia in Yangon!

Malaysia’s rich culinary heritage came to Yangon as the Embassy of Malaysia hosted “Taste of Malaysia” at Saan Restaurant, Pan Pacific Yangon, in celebration of Malaysia’s National Day.

The event brought guests together through the universal language of food, featuring a live cooking demonstration of authentic Malaysian dishes prepared with fresh, locally sourced ingredients, followed by a tasting session to experience the vibrant flavours of Malaysian cuisine.
Beyond the food, the celebration was also about cultural exchange, meaningful connections and bringing people closer through Malaysia’s diverse culinary traditions.
It was a wonderful afternoon filled with delicious flavours, new connections and a little taste of Malaysia right here in Yangon. 🇲🇾✨

Translation
Malaysia နိုင်ငံရဲ့ National Day ကို ဂုဏ်ပြုတဲ့အနေနဲ့ Embassy of Malaysia က စီစဉ်ကျင်းပတဲ့ “Taste of Malaysia” ပွဲလေးကိုတော့ Pan Pacific Yangon က Saan Restaurant မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Malaysia နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအစားအသောက်နဲ့ မြန်မာနိုင်ငံနဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို အစားအသောက်ကနေတစ်ဆင့် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီပွဲမှာတော့ Malaysian ရိုးရာအစားအစာတွေကို လတ်ဆတ်တဲ့ ဒေသထွက်ပစ္စည်းတွေနဲ့ ချက်ပြုတ်ပြသပေးတဲ့ live cooking demonstration နဲ့အတူ ပြင်ဆင်ပြီးသားအစားအစာတွေကို မြည်းစမ်းနိုင်မယ့် tasting session လည်း ပါဝင်ခဲ့ပါတယ်။

အစားအသောက်တွေရဲ့ ထူးခြားတဲ့အရသာတွေကို ခံစားရင်း Malaysia ရဲ့ မတူကွဲပြားတဲ့ culinary traditions တွေကိုလည်း သိရှိခံစားခွင့်ရခဲ့သလို၊ ယဉ်ကျေးမှုချင်း ဖလှယ်မှုတွေ၊ မိတ်ဆွေသစ်တွေ ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အရသာရှိတဲ့ အစားအစာတွေနဲ့အတူ အတွေ့အကြုံသစ်တွေ ရရှိပြီး Yangon မှာ Malaysia ရဲ့ အရသာတစ်စိတ်တစ်ပိုင်းကို ခံစားခဲ့ရတဲ့ အမှတ်တရ နေ့လေးတစ်နေ့ဖြစ်ပါတယ်။ 🇲🇾✨

WHAT DOES SOUTHEAST ASIA TASTE LIKE? 🍜🌏From Myanmar’s comforting Mohinga to Thailand’s fragrant Khao Soi, Malaysia’s ric...
24/08/2026

WHAT DOES SOUTHEAST ASIA TASTE LIKE? 🍜🌏

From Myanmar’s comforting Mohinga to Thailand’s fragrant Khao Soi, Malaysia’s rich Laksa and Vietnam’s iconic Phở — four countries, four distinctive flavour worlds.
ချို၊ ချဉ်၊ ငန်၊ မွှေး၊ စပ် — တစ်နိုင်ငံချင်းစီရဲ့ ကိုယ်ပိုင်အရသာတွေက ဘာတွေကွာခြားလဲ?


👉 Read the full article:
A TASTE OF SOUTHEAST ASIA - LUSH Magazine Myanmar https://lushmagazinemm.com/a-taste-of-southeast-asia-%f0%9f%8d%9c%f0%9f%8c%8f/?fbclid=IwdGRjcAT5Dq50ZGNwBPkOUWNsY2sE-Q5EcGRvZgVleHRuA2FlbQIxMQBzcnRjBmFwcF9pZAwzNTA2ODU1MzE3MjgAAR65uScOtlMkF4lzB5RgMoPxwf8WiodaTBS_5wbRv3Np-y_puZlSJ34YjqeK-Q_aem_pUnXSrkIwXnQWIjlj8hcdg

A TASTE OF SOUTHEAST ASIA 🍜🌏 Four countries, distinctive flavours, and the foods that make…

24/08/2026

A TASTE OF SOUTHEAST ASIA 🍜🌏

From Myanmar to Thailand, Malaysia to Vietnam — explore the signature flavours, comforting noodles, and beloved foods that shape Southeast Asian food culture.
🇲🇲 🇹🇭 🇲🇾 🇻🇳
Four countries. Four culinary stories. A world of flavour.
From Mohinga and Khao Soi to Laksa and Phở — a taste of Southeast Asia. 🍜

အရသာတစ်မျိုးချင်းစီမှာ ကိုယ်ပိုင်အရသာ၊ ယဉ်ကျေးမှုနဲ့ အမှတ်တရတွေ ရှိပါတယ်။ 🍜
Which one would you try first?

21/08/2026

Lushers, Iris van Herpen has once again blurred the line between fashion, science, and art. ✨🌌

At Paris Haute Couture Week, the Dutch couturier unveiled “Sonic Starquakes”, a collection inspired by vibrating stars, exploding supernovas, swirling galaxies, and the invisible energy that moves through the universe. Instead of simply recreating the cosmos, Iris transforms its hidden forces into breathtaking couture.
The true magic lies in the craftsmanship. One of the collection's standout creations, the ‘Helix Nebula gown’, is the first couture dress to incorporate plasma, the fourth state of matter that makes up the stars. Featuring hand-blown glass, illusion tulle, and glowing plasma, the dress even responds to the wearer's touch, making it feel almost alive.

Another highlight is 'Fractal Universe’, a gown charged inside a particle accelerator before the show. As the trapped energy naturally escaped, lightning-like patterns formed across the dress on their own, allowing nature itself to complete the final design.

Throughout the collection, more than 30,000 individually hand-blown glass spheres, laser-cut velvets, flowing chiffons, and sculptural carbon fibre come together to create silhouettes that appear to float between the human body and the universe.
With Sonic Starquakes, Iris van Herpen proves once again that couture isn't just about what we wear. It's about turning the impossible into reality. ✨💫

Translation
Lushers တို့ရေ... Iris van Herpen ကတော့ Fashion၊ Scienceနဲ့ Art ကြားက boundariesကို ဖျောက်ပစ်လိုက်ပြန်ပါပြီ။ ✨🌌

Paris Haute Couture Week မှာ မိတ်ဆက်ခဲ့တဲ့ “Sonic Starquakes Collection” က တုန်ခါနေတဲ့ ကြယ်တွေ (Starquakes)၊ ပေါက်ကွဲနေတဲ့ Supernova တွေ၊ လှည့်ပတ်နေတဲ့ Galaxy တွေနဲ့ စကြဝဠာအတွင်း စီးဆင်းနေတဲ့ မမြင်နိုင်တဲ့ Plasma Energy တွေဆီကနေ Inspiration ယူထားတာပါ။ သဘာဝတရားကို ပြန်လည်ပုံဖော်ရုံမကဘဲ အဲဒီ မမြင်နိုင်တဲ့ စွမ်းအင်တွေကို Couture အဖြစ် ပြောင်းလဲဖန်တီးထားတာက ဒီ Collection ရဲ့ ထူးခြားချက်ပါပဲ။

Collection ရဲ့ အထင်ရှားဆုံးလက်ရာတစ်ခုဖြစ်တဲ့ ‘Helix Nebula Dress’ ကတော့ ကြယ်တွေရဲ့ အဓိကဖွဲ့စည်းပစ္စည်းဖြစ်တဲ့ Plasma ကို အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး Couture Dress ဖြစ်ပါတယ်။ Hand-blown Glass၊ Illusion Tulle နဲ့ Plasma ကို ပေါင်းစပ်ဖန်တီးထားတဲ့ ဒီဝတ်စုံဟာ ဝတ်ဆင်သူရဲ့ ထိတွေ့မှုကိုတောင် တုံ့ပြန်နိုင်တာကြောင့် အသက်ရှင်နေတဲ့ Couture လို့တောင် ခံစားရစေပါတယ်။

နောက်ထပ် Showstopper တစ်ခုဖြစ်တဲ့ ‘Fractal Universe Dress’ ကိုတော့ Fashion Show မတိုင်ခင် Particle Accelerator ထဲမှာ Energy သွင်းထားခဲ့ပါတယ်။ အဲဒီ Energy တွေ တဖြည်းဖြည်း ထွက်လာတဲ့အချိန် Dress ပေါ်မှာ မိုးကြိုးတန်းလို Pattern တွေ အလိုအလျောက် ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံး Design ကို သဘာဝတရားကိုယ်တိုင် အပြီးသတ်ဖန်တီးပေးခဲ့သလို ဖြစ်သွားတာက ဒီ Collection ရဲ့ အံ့ဩစရာအကောင်းဆုံး Moment တစ်ခုပါပဲ။

Collection တစ်ခုလုံးမှာတော့ Hand-blown Glass Sphere ပေါင်း ၃၀,၀၀၀ ကျော်၊ Laser-cut Velvet၊ ပျော့ပျောင်းတဲ့ Chiffon၊ Carbon Fibre နဲ့ အသေးစိတ်လက်ရာမြောက်တဲ့ Embroidery တွေကို ပေါင်းစပ်ဖန်တီးထားပြီး လူ့ခန္ဓာကိုယ်နဲ့ စကြဝဠာကြားက နယ်နိမိတ်ကို မှုန်ဝါးသွားစေတဲ့ Silhouette တွေကို ဖန်တီးထားပါတယ်။

Sonic Starquakes ကတော့ Couture ဆိုတာ လှပတဲ့ဝတ်စုံတွေကို ဖန်တီးတာထက် ပိုပါတယ်ဆိုတာကို ထပ်မံသက်သေပြခဲ့တဲ့ Collection တစ်ခုပါ။ မမြင်နိုင်တဲ့ စွမ်းအင်တွေ၊ သိပ္ပံပညာနဲ့ စိတ်ကူးယဉ်အနုပညာတို့ ပေါင်းစပ်ပြီး မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို Fashion အဖြစ် အသက်သွင်းပြခဲ့တဲ့ Iris van Herpen ရဲ့ နောက်ထပ်လက်ရာတစ်ခု လို့ပဲ ဆိုရမှာပါ။ ✨💫

Video Source: Iris van Herpen

Vivienne Westwood & Jewellery is coming to Bangkok. 👀After travelling through Shanghai, Chengdu and Macau, Vivienne West...
20/08/2026

Vivienne Westwood & Jewellery is coming to Bangkok. 👀

After travelling through Shanghai, Chengdu and Macau, Vivienne Westwood & Jewellery – The Exhibition is making its way to Bangkok for the first time this September. The exhibition brings together four decades of Vivienne Westwood’s archive and runway jewellery, offering a closer look at the jewellery that has always been an important part of the Maison’s rebellious design language.

Divided across eight rooms, the exhibition takes visitors through different chapters of Westwood’s creative world, from its punk origins and Wonderland fantasies to DIY, cultural influences, 18th-century parures and the iconic Orb. Jewellery is displayed alongside runway looks, imagery, videos and graphic installations, creating a deeper look into the stories behind the pieces.
For fashion and jewellery lovers, this is a chance to see pieces from the Maison’s archives up close and experience a side of Vivienne Westwood that you don’t always get to see beyond the runway. 🤍

📍 Central Chidlom, Bangkok
📅 11 September – 23 October 2026
🕙 10 AM – 10 PM daily
🎟️ Early Bird tickets (10 – 25 August) are available at THB 160, with regular tickets at THB 200.
Bangkok Lushers, save the date. 🪐✨

Translation
Vivienne Westwood & Jewellery Exhibition က Bangkok ကို ရောက်လာပါပြီ။ ✨
Bangkok မှာရှိတဲ့ Lushers တို့ရေ ဒီ Exhibition လေးကိုတော့ မလွတ်သင့်ပါဘူး။ 👀
Shanghai၊ Chengdu နဲ့ Macau တို့မှာ ပြသခဲ့ပြီးတဲ့နောက် Vivienne Westwood & Jewellery – The Exhibition ကတော့ ဒီ September မှာ Bangkok ကို ပထမဆုံးအကြိမ် ရောက်ရှိလာတော့မှာပါ။ Exhibition ထဲမှာ Vivienne Westwood ရဲ့ ဆယ်စုနှစ်လေးခုစာ Archive နဲ့ Runway Jewellery တွေကို စုစည်းပြသထားပြီး Maison ရဲ့ Rebel ဆန်တဲ့ Design Language ထဲမှာ Jewellery တွေက ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့လဲဆိုတာကို အနီးကပ်လေ့လာနိုင်မှာပါ။ ✨
Exhibition ကို အခန်း ၈ ခန်းနဲ့ ခွဲခြားပြသထားပြီး Westwood ရဲ့ Creative World ထဲက မတူညီတဲ့ Chapter တွေကို ဖြတ်သန်းကြည့်ရှုနိုင်မှာပါ။ Punk ရဲ့အစပြုရာကနေ Wonderland ရဲ့ စိတ်ကူးယဉ်ကမ္ဘာ၊ DIY၊ Cultural Inspiration တွေ၊ 18th-century Parures နဲ့ အထင်ကရ Orb အထိ Westwood ရဲ့ ဖန်တီးမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Jewellery တွေကို Runway Looks၊ ဓာတ်ပုံတွေ၊ Videos နဲ့ Graphic Installations တွေနဲ့အတူ ပြသထားတာကြောင့် Jewellery တစ်ခုချင်းစီရဲ့ နောက်ကွယ်က Story တွေကိုပါ ပိုမိုနားလည်ခံစားနိုင်မှာပါ။
Fashion နဲ့ Jewellery ကို ချစ်မြတ်နိုးသူတွေအတွက်တော့ ဒီ Exhibition က Vivienne Westwood ရဲ့ Archive ထဲက ထူးခြားတဲ့ Pieces တွေကို အနီးကပ်ကြည့်ရှုခွင့်ရမယ့် အခွင့်အရေးတစ်ခုပါ။ Runway ပေါ်မှာ မြင်ရတာထက်ပိုတဲ့ Westwood ရဲ့ ဖန်တီးမှုကမ္ဘာတစ်ခုလုံးကို တစ်နေရာတည်းမှာ တွေ့နိုင်မှာပါ။ 🤍

📍 Central Chidlom, Bangkok
📅 11 September – 23 October 2026
🕙 10 AM – 10 PM daily
🎟️ Early Bird tickets (10 – 25 August) are available at THB 160, with regular tickets at THB 200.

Address

No 320, Ingyin Myaing 5th Lane, Thuwunna Bo Gyoke Ywar, Thingangyun Township
Yangon
11071

Alerts

Be the first to know and let us send you an email when LUSH Magazine Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LUSH Magazine Myanmar:

Shortcuts

Share

Category