LUSH Magazine Myanmar

LUSH Magazine Myanmar Connecting Myanmar to the world in the sense of fashion and lifestyle.

LUSH Myanmar will bring the audience to the world of fashion and the way of modern living by creating unique editorials with our blend of intelligent commentary and dynamic photography

𝐂𝐡𝐢𝐚𝐧𝐠 𝐑𝐚𝐢 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ဆိုတာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသရဲ့ ရိုးရာယဉ်ကျေးမှု၊ အထည်အလိပ်လုပ်ငန်းတွေန...
23/09/2025

𝐂𝐡𝐢𝐚𝐧𝐠 𝐑𝐚𝐢 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 ဆိုတာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသရဲ့ ရိုးရာယဉ်ကျေးမှု၊ အထည်အလိပ်လုပ်ငန်းတွေနဲ့ ခရီးသွားအတွေ့အကြုံကောင်းတွေကို သိရှိခံစားနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းရှင်အဖွဲ့များနဲ့ ပူးပေါင်းပြီး မြောက်ပိုင်းဒေသရဲ့ ရိုးရာအငွေ့အသက်နဲ့ ခေတ်ပြိုင်အငွေ့အသက်တို့ကို ပေါင်းစပ်ပြီး 𝐒𝐩𝐞𝐜𝐭𝐚𝐜𝐮𝐥𝐚𝐫 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐑𝐮𝐧𝐰𝐚𝐲 တစ်ခုအဖြစ် နှစ်စဉ်အောင်မြင်စွာကျင်းပပေးခဲ့တာ ခုဆို 𝐒𝐞𝐚𝐬𝐨𝐧 𝟑 အထိရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

𝐂𝐑𝐃𝐂 𝐅𝐚𝐬𝐡𝐢𝐨𝐧 𝐑𝐮𝐧𝐰𝐚𝐲 ကနေ ဒေသခံတို့အတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေများ ဖန်တီးပေးနိုင်ရန်နှင့် အဝတ်အထည်၊ ဖက်ရှင်နှင့် စားသောက်ဆိုင်များ ရောင်းချခြင်းဖြင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခြင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍအားလုံးတွင် ဝင်ငွေများ ဖန်တီးပေးခြင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ပရီမီယံအဆင့် ချင်းရိုင်အထည်လုပ်ငန်းနှင့် ချင်းရိုင်ထုတ်ကုန်များကို မြှင့်တင်ခြင်း၊ ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ပြုလုပ်ပေးနေတဲ့ Project တစ်ခုဖြစ်ပါတယ်။

𝐂𝐡𝐢𝐚𝐧𝐠 𝐑𝐚𝐢 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 𝟐𝟎𝟐𝟓 ပြိုင်ပွဲကြီးကိုလည်း ယခုနစ် အောက်တိုဘာ ၂၉ ရက် – နိုဝင်ဘာ ၂ ရက် ၂၀၂၅ ခုနှစ်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Event Date: 29 October – 2 November 2025

Fashion shows: 31 October – 2 November 2025

Androgenous: The Fluid Form[English Below]ဒီ Fluid Fashion Lookbook လေးကို‌တော့ Third Gen Empire Fashion & Design Academ...
02/09/2025

Androgenous: The Fluid Form
[English Below]

ဒီ Fluid Fashion Lookbook လေးကို‌တော့ Third Gen Empire Fashion & Design Academy မှ ကျောင်းသူ၊ ကျောင်းသားလေးများရဲ့ ဖန်တီးမှုကို LUSH Magazine Myanmar မှ ကူညီပံ့ပိုးပြီးတော့ ပူးပေါင်းတင်ဆက် ပေးထားတဲ့ Lookbook Project လေး ဖြစ်ပါတယ်။

TGE Academy က ကျောင်းသားလေးများရဲ့ Creation idea များကို ပုံစံကျကျ Art Direction နဲ့ Moodboard ချပေးပြီး ကျောင်းသားများ၏ ပင်ကိုယ်အယူအဆများကို ပြန်လည်တည်ဆောက်ကာ အလွယ်ကူဆုံး အရိုးရှင်းဆုံးနဲ့ Concepts သဘောတရားများကို နားလည်စေရန်လည်း ဖန်တီး ပေးထားသော Lookbook Shoot လေးတခုဖြစ်ပါတယ်။

အက်ဒရိုဂျီနပ်ဖက်ရှင် (Androgynous Fashion) ရဲ့သဘောသဘာဝအရ မိမိ၏ ကိုယ်ပိုင်ပုံစံသတ်မှတ်ချက် ကို သဘာဝအရ စည်းမျဉ်းဘောင်ထဲက မဟုတ်ဘဲ စိတ်ခံစားချက်များအား မိမိ၏ နေ့စဉ်ဝတ်ဆင်သောဖက်ရှင်မှ တစ်ဆင့် လူတိုင်းအတွင်းထဲရှိ နှစ်မျိုးဘက်ဆိုင် သဘာဝကို လက်ခံနိုင်စေရန် ပြသချက်ဟူ၍လည်းဆိုနိုင်သည် — ထက်မြက်သော အမျိုးသား၏ စိတ်ခံစားချက် မိမိကိုယ် မိမိ ယုံကြည်မှုရှိခြင်း သော်လည်းကောင်း၊ အလှအပချစ်မြတ်နိုးသောမိန်းကလေးတစ်ယောက်၏ စွမ်းဆောင်ရည် နှင့် ချစ်ခြင်းမေတ္တာပြန့်ပွါးမှု ဂရုစိုက်မှု ကြင်နာမှုတို့ကိုပါ တွဲ၍ဖော်ပြနိုင်သည့်ပုံစံမျိုးလို့ ပြောလို့ရနိုင်သည်။ အတိုချုံးပြောရရင် ကိုယ်ပြချင်တဲ့ ခံစားချက် အသွင်ပြင် အမူအရာ ဟန်ပန်အားလုံးကို တစ်စုတစ်စည်းထဲ ပြနိုင်တဲ့ အပြင်ဆင်မျိုးလို့ သတ်မှတ်လို့တော့ရပါသည်။

ဝတ်စုံတစ်စုံသည် ဆွဲဆောင်မှုအပြည့်အဝရှိနိုင်သကဲ့သို့၊ အင်္ကျီတစ်ထည်သည်လည်း Masculine energy နှင့် Feminine energy ဖြစ်အောင် Fashion ကဖန်တီးနိုင်သည်။

Androgynous fashion can express your mood or feeling from your wardrobes.

နောက်တမျိုးအနေဖြင့် Unisex Fashion သည် Androgynous Fashion နှင့်အတူ တင်ပြလေ့ရှိသော်လည်း တစ်ကယ်တန်းအားဖြင့် မတူပါ။ Unisex Fashion က အလေ့အကျင့်အဆန်းဆန်းတစ်ခုကို ကိုယ်စားပြုပြီး လူတိုင်း ဝတ်ဆင်နိုင်ရန် ဖန်တီးထားသော အဝတ်အစားပုံစံဖြစ်သည်။

Androgynous Fashion ရဲ့သတ်မှတ်ချက် ပုံစံက “သူ” နှင့် “သူမ” ဟူသော ကန့်သတ်ချက်များကို ဖယ်ရှားပစ်ကာ ပုံသဏ္ဌာန်၊ အဆင်ပြေမှု၊ ဖန်တီးနိုင်စွမ်းကိုသာ အဓိကထားသည်။

အခေါ်အဝေါ်အုပ်စုများ / သတ်မှတ်ချက်များမှ ထွက်ခွာပြီး လွတ်လပ်သည့် ကိုယ်ပိုင်ဖော်ပြမှု၊ မကြောက်မရွံ့မှု၊ အမြဲအသက်ဝင်မှု တို့ကို ဖန်တီးပေးနိုင်သည့် အဝတ်စားအပြင်ဆင်မှူနှစ်ခု အဖြစ်လည်း တည်ရှိနေကြောင်း ဗဟုသုတအဖြစ် ရေးသားရင်း LUSH Magazine Myanmar နဲ့ TGE Academy မှကျောင်းသားလေးများရဲ့ “ Androgynous: The Fluid Form “ လို့အမည်ရတဲ့ Fashion Lookbook လေးကို တင်ဆက်လိုက်ပါတယ်။

In today’s evolving fashion landscape, boundaries are no longer defined by labels of male or female. Androgynous fashion, often misunderstood, is not about rejecting identity but about widening the space for individuality. It celebrates the duality within us all — the soft-hearted nature of a brave man, and the strong, leading nature of a gorgeous woman.
This editorial, created in collaboration with LUSH Magazine Myanmar and students from TGE Fashion School, is a fresh exploration of this powerful concept. Guided by Art Direction, the project re-shaped the students’ early ideas into a refined vision that highlights balance, boldness, and elegance.
Androgynous fashion thrives on blending contrasts: sharp tailoring softened by fluid movement, bold makeup paired with minimalist styling, and silhouettes that speak to strength and sensitivity alike. It’s not about “crossing over” into another gender’s wardrobe — it’s about recognizing that fashion itself has no gender. A suit can be sensual, a blouse can be commanding, and the power of styling lies in how it’s worn, not who it was designed for.

Unisex fashion, often paired with androgyny, reflects a practical revolution: clothing designed to be worn by anyone, regardless of gender identity. It removes the restrictions of “his” and “hers,” focusing instead on form, comfort, and creative freedom. Together, unisex and androgynous fashion mark a cultural shift — away from rigid categories, and toward self-expression that is fluid, fearless, and timeless.

Staring - Nyoon Yee Ywal Nann, Khun Phone, Jared, Dabbie Lazum

Concept & On-Set Styling – TGE Fashion School Students

Studio – Love Space Photo Studio

Makeup Artists
• Austin Be for Cassidy & Khun Phone
• Pyae Pyae for Jared & Dabbie Lazum

Wardrobe Designer – Russell Oo

Fashion Director – Ariel Thi

Art Direction – Niki Roy

Arranged by - Thandar Zin

Supported by – LUSH Magazine Myanmar

Throwback: Finale Submission of Outfits Day!✨ Big CHEER to all our brilliant participant designers! ✨From bold ideas to ...
25/08/2025

Throwback: Finale Submission of Outfits Day!

✨ Big CHEER to all our brilliant participant designers! ✨
From bold ideas to stunning creations, your designs are the real inspiration behind this journey. 👏👏

Finale Submission Day က ဒီဇိုင်နာလေးတို့ အကောင်းဆုံး ဖန်တီးထားတဲ့ ဝတ်စုံလေးတွေအတွက် LUSH Myanmar Team မှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ CRDC SS3 စင်မြင့်ထက်မှာ အကောင်းဆုံးတောက်ပပြီး ဆုတံဆိပ်တွေ အတူယူကြမယ်နော်။

Keep creating. Keep inspiring. Keep shining. 🌈✨

🗓️ Event will be celebrated 29 October – 2 November 2025

👗 Fashion shows: 31 October – 2 November 2025

📢 Official Rescheduled Dates Announcement!!Chiang Rai Designer Competition Season 3 ၏ ဝတ်စုံတင်သွင်းခြင်းရက်နှင့် ပွဲအခမ...
11/08/2025

📢 Official Rescheduled Dates Announcement!!

Chiang Rai Designer Competition Season 3 ၏ ဝတ်စုံတင်သွင်းခြင်းရက်နှင့် ပွဲအခမ်းအနားနေ့ရက်ပြောင်းလဲသတ်မှတ်ခြင်း

📌မြန်မာကိုယ်စားပြု ဒီဇိုင်နာများအနေဖြင့် ပြိုင်ပွဲဝင်ဝတ်စုံများကို ဩဂုတ်လ ၁၇ ရက်နေ့တွင် LUSH Myanmar ရုံးသို့ ရုံးချိန်အတွင်းနောက်ဆုံးထား ပို့ဆောင်ပေးရမည်ဖြစ်ပါသည်။

📌ပြိုင်ပွဲစည်းကမ်းဖြစ်သည့် အချိန်မီဆောင်ရွက်နိုင်ခြင်းအား အမှတ်ပေးရာတွင် ထည့်သွင်းသတ်မှတ်မည်ဖြစ်ပါသည်။

📌Chiang Rai Designer Competition 2025 ပြိုင်ပွဲကြီးကိုလည်း ယခင် ၃ရက်ကျင်းပရာမှ ယခုအခါ ၅ ရက်တိတိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ သြဂုတ်လ မှ အောက်တိုဘာ ၂၉ ရက် – နိုဝင်ဘာ ၂ ရက် ၂၀၂၅ ခုနှစ်အထိ ပြောင်းလဲကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

🔔CRDCSS3ကို အချိန်ပြောင်းလဲသတ်မှတ်ရခြင်းမှာ မိုးလေဝသအခြေအနေကောင်းမွန်ခြင်း၊ လုံခြုံရေးနှင့် ပြည်နယ်တောင်းဆိုချက်များ အပေါ်မူတည်၍ ပိုမိုပြီးပြည့်စုံတဲ့ပွဲတော်အဖြစ် ကျင်းပသွားနိုင်ရန်ဖြစ်ပါတယ်။ Stay Tune To Enjoy!!

Chiang Rai Designer Competition SS3 မှာ Mentor တစ်ဦးအနေနဲ့ ထပ်မိတ်ဆက်ပေးချင်တဲ့ သူကတော့ Stylist Niki Roy ပဲ ဖြစ်ပါတယ်။St...
04/07/2025

Chiang Rai Designer Competition SS3 မှာ Mentor တစ်ဦးအနေနဲ့ ထပ်မိတ်ဆက်ပေးချင်တဲ့ သူကတော့ Stylist Niki Roy ပဲ ဖြစ်ပါတယ်။

Stylist Niki Roy က CRDC 2025 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီဇိုင်နာလေးတွေအတွက် ပြိုင်ပွဲနဲ့ပါတ်သက်တဲ့ Art Direction, Fashion Concept အကြောင်းတွေနဲ့ Color ရွေးချယ်မှု Color Theory အကြောင်းတွေကို အသေးစိတ် အကြံဉာဏ်တွေကို အကောင်းဆုံး မျှဝေပေးသွားမှာဖြစ်ပါတယ်။

17/06/2025

CRDC 2025 Designer Orientation Recap 🎬

Chiang Rai Designer Competition SS3 အတွက် LUSH Myanmar မှကျင်းပပြုလုပ်တဲ့ Designer Orientation နေ့က အမှတ်တရပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်။

Chiang Rai Designer Competition SS3 အတွက် LUSH Myanmar မှကျင်းပပြုလုပ်တဲ့ Designer Orientation နေ့က အမှတ်တရပုံရိပ်လေးတွေ...
11/06/2025

Chiang Rai Designer Competition SS3 အတွက် LUSH Myanmar မှကျင်းပပြုလုပ်တဲ့ Designer Orientation နေ့က အမှတ်တရပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်။

LUSH Myanmar မှ Chiang Rai Designer Competition SS3 မှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီဇိုင်နာလေးတွေအတွက် Designer Orientation အစ...
06/06/2025

LUSH Myanmar မှ Chiang Rai Designer Competition SS3 မှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီဇိုင်နာလေးတွေအတွက် Designer Orientation အစီအစဉ်ကို ဇွန်လ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်လို့ တက်ရောက်ကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

🗓Event Date: 9th June 2025 (Monday)

⏳Time: 1:00PM to 5:00PM

📍Location: Professional Business Services, G-103 & 105, Diamond Tower, Corner of Play Road and Nar Nat Taw Road, Kamaryut Township, Yangon, Myanmar.

🗺️Location Map: https://maps.app.goo.gl/4GyxoSNm4ifM4mp77?g_st=com.google.maps.preview.copy

Hello and a very warm welcome to all our participants! Chiang Rai Designer Competition SS3 မှာ ပါဝင်ပြီး လျှောက်လွှာတင်ပ...
02/06/2025

Hello and a very warm welcome to all our participants!

Chiang Rai Designer Competition SS3 မှာ ပါဝင်ပြီး လျှောက်လွှာတင်ပေးကြတဲ့ ဒီဇိုင်နာများအားလုံးကို LUSH Myanmar မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ အချိန်ပေးပြီး ပါဝင်ပေးတဲ့ ဒီဇိုင်နာလေးတို့ တစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ပါတယ်။

Chiang Rai Designer Competition SS3 Runway ကြီးမှာ LUSH Myanmar နဲ့အတူ ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုဖြစ်လာအောင် အားလုံးအတူ ကြိုးစားကြမယ်နော်။ LUSH Myanmar team နဲ့ Mentors တွေကလည်း အတွေ့အကြုံကောင်းတွေ ဝေမျှပေးဖို့ စိတ်လှုပ်ရှားနေပါပြီနော်။

LUSH Myanmar မှ Chiang Rai Designer Competition SS3 ပြိုင်ပွဲတွင် အသုံးပြုရန်အတွက် ထိုင်းရိုးရာအထည်အလိပ်နှင့် ချင်းရိုင်...
01/06/2025

LUSH Myanmar မှ Chiang Rai Designer Competition SS3 ပြိုင်ပွဲတွင် အသုံးပြုရန်အတွက် ထိုင်းရိုးရာအထည်အလိပ်နှင့် ချင်းရိုင်ဒေသရှိတိုင်းရင်းသားရိုးရာ အထည်အလိပ်များ ဖြန့်ချီရောင်းဝယ်‌နေသော မြန်မာနိုင်ငံမှ Supplier များကို ဖိတ်ခေါ်လိုက်ပါတယ်။

ပြိုင်ပွဲဝင်ဒီဇိုင်နာများ ဝတ်စုံဒီဇိုင်းများဖန်တီးချုပ်လုပ်ရာမှာ အသုံးပြုရမယ့် ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံအလယ်ပိုင်း အစရှိတဲ့ ဒေသလေးခုက ရိုးရာအဆင်ဒီဇိုင်းပိတ်စများနဲ့ ချင်းရိုင်တိုင်းရင်းသားရိုးရာပိတ်စများကို ဖြန့်ဖြူးရောင်းချလိုသော Supplier များအနေနဲ့ Market by LUSH page နဲ့ 09-420002827 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ချင်းရိုင်ဒေသရဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ပိတ်စတွေအကြောင်းကို CRFTW Website မှာ အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။ ⬇️⬇️
🌐 www.fashionchiangraitotheworld.com

Chiang Rai Designer Competition SS3 ပါဝင်နိုင်မယ့်အခွင့်အရေးကို ဆုပ်ကိုင်ဖို့ နောက်ဆုံးနေ့လေးရောက်လာပြီဆိုတော့ နောက်ဆုံး...
31/05/2025

Chiang Rai Designer Competition SS3 ပါဝင်နိုင်မယ့်အခွင့်အရေးကို ဆုပ်ကိုင်ဖို့ နောက်ဆုံးနေ့လေးရောက်လာပြီဆိုတော့ နောက်ဆုံးအခွင့်အရေးကို လက်လွတ်မခံပဲ အချိန်မကုန်ခင်အမြန်ဆုံးလျှောက်လွှာတင်ဖို့ ဖိတ်‌ခေါ်လိုက်ပါတယ်။

Online မှ‌ လျှောက်လွှာတင်ရန် - https://forms.gle/fuPp4YYnL4myPpjz5

Online မှ လျှောက်လွှာတင်ရန်အခက်အခဲရှိသူများအတွက် Market by LUSH pop-up stores တွေမှာလည်း လာရောက် form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။

Market by LUSH pop-up Stores Address:
Junction City Branch: Room No. (04-002), Junction City (Level 4)

Junction Mawtin Branch: Room No – 02-019, ပထမထပ်(စက်လှေကားအနီး)

ပြိုင်ပွဲနဲ့ပါတ်သက်ပြီး အသေးစိတ်သိလိုပါက 09-420002827 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြိုင်ပွဲဝင်ရမည့်စည်းမျဉ်းစည်းကမ်းများ
https://www.facebook.com/share/p/16nvTp5TfK/

Let’s take part Now.

Chiang Rai Designer Competition SS3 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် လျှောက်လွှာတင်ဖို့ အချိန် (၂) ရက်ပဲ က...
30/05/2025

Chiang Rai Designer Competition SS3 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် လျှောက်လွှာတင်ဖို့ အချိန် (၂) ရက်ပဲ ကျန်တော့တယ်နော်။

ကိုယ့်ရဲ့အကောင်းဆုံး ဖန်တီးမှုလက်ရာတွေကို နိုင်ငံတကာစင်မြင့်ပေါ်မှာ ချပြဖို့ အခွင့်အရေးကို လက်လွတ်မခံပဲ အမြန်ဆုံးလာရောက်လျှောက်ထားလိုက်တော့နော်။

Online မှ‌ လျှောက်လွှာတင်ရန် - https://forms.gle/fuPp4YYnL4myPpjz5

Online မှ လျှောက်လွှာတင်ရန်အခက်အခဲရှိသူများအတွက် Market by LUSH pop-up stores တွေမှာလည်း လာရောက် form ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။

Market by LUSH pop-up Stores Address:
Junction City Branch: Room No. (04-002), Junction City (Level 4)

Junction Mawtin Branch: Room No – 02-019, ပထမထပ်(စက်လှေကားအနီး)

ပြိုင်ပွဲနဲ့ပါတ်သက်ပြီး အသေးစိတ်သိလိုပါက 09-420002827 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြိုင်ပွဲဝင်ရမည့်စည်းမျဉ်းစည်းကမ်းများ
https://www.facebook.com/share/p/16nvTp5TfK/

Let’s take part Now.

Address

No 320, Ingyin Myaing 5th Lane, Thuwunna Bo Gyoke Ywar, Thingangyun Township
Yangon
11071

Alerts

Be the first to know and let us send you an email when LUSH Magazine Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LUSH Magazine Myanmar:

Share

Category