I Miss You

I Miss You မသေခင်မှာနောင်တတွေမရချင်ဘူး ကိုယ်နဲ့ဆုံခဲ့ဖူးသူတွေအပေါ် အကောင်းဆုံးချစ်ပေးချင်ပါတယ် 🙆‍♀️

🍀🍀🍀  ၁၅ .၃. ၂၀၂၄  🍀🍀🍀ကလိန်အောင်မြို့ပြည်သူ့စာကြည့်တိုက် ပုံပြင်မိတ်ဆက်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အတတ်နိုင်ဆု...
19/03/2024

🍀🍀🍀 ၁၅ .၃. ၂၀၂၄ 🍀🍀🍀

ကလိန်အောင်မြို့ပြည်သူ့စာကြည့်တိုက် ပုံပြင်မိတ်ဆက်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်

အတတ်နိုင်ဆုံး_စိတ်ကောင်းမွေးပါ (ပုံပြင်)
`°`°`°`°`°`°`°`°`°`°`°`°`°`°`°`°`°`°`°`
ရှေးရှေးတုန်းက အဘိုးအို တယောက်သည် တဦးတည်း နေကာ လယ်လုပ်ကိုင် စားသောက်သည်။ သူ့ထံတွင် နွား နှစ်ကောင် ရှိသည်။သူက မနက်တိုင်း နွားတွေကို ဆွဲကာ လယ်ထဲသို့ သွားလေ့ ရှိသည်။

လယ်ထွန်ရသည် ဖြစ်စေ မထွန်ရသည် ဖြစ်စေ သူ့နွားတွေကို လယ်ထဲ ခေါ်သွားတတ်သည်။တနေ့တွင် သူ့နွားတကောင် ပိုးထိသဖြင့် နွားတကောင်ပဲ ကျန်တော့သည်။ အဘိုးအိုတွင် လယ်ထွန်ချိန် နွားတကောင်တည်း ရှိသဖြင့် ဒုက္ခရောက် နေသည်။

အိမ် နီးချင်း ဘေးအိမ်က အဘိုး ကျွန်တော့် နွားတကောင် ယူသုံးနိုင်ပါတယ်။ အဘိုး အဆင်ပြေတဲ့ အထိယူထားပါ ခင်ဗျာဘာလဲကွ မင်းဆီက နွားရမှ ငါက အလုပ် ဖြစ်မှာလား။ ငါ့ကို လာပြီး သနားစရာ မလိုဘူး ဟု ပြောထုတ်သည်။

အဘိုးအို၏ မာနကို ကြောက်သဖြင့် အိမ်နီးချင်းက ကူညီချင်သော် လည်း မပြောဝံ့တော့။အဘိုးအိုသည် မာနသာ ရှိသည် ဆိုသော်လည်း လယ် ကွင်းထဲ ရောက်သည့်အခါ ငိုကြွေးရင်း ညည်းညူ နေမိသည်။အရှင် ကြှနျုပျအပေါျ ရက်စက် လွန်းလှသည်။

ကြှနျုပျ အသက်ကြီးပါပြီ။ အိုမင်းမစွမ်း ချိန်မှ နွားတကောင်ကို သတ်ပစ်လိုက် သည်မှာ မတရားပါ အရှင် ဟု ပြောပြောပြီး ငိုသည်။ထိုစဉ် အသံတသံ ပေါ်ထွက်လာသည်။အဘိုးအို သင့်မှာ နွားတကောင်ကြောင့် ဒုက္ခ ရောက်နေပြီ

အဘိုးအိုက ဟိုဟိုသည်သည် ကြည့်ပြီး အရှင်လား ကယ်တော်မူပါငါသည် သင်၏ ငိုကြွေးနေမှု အပေါ် စိတ်မကောင်းပါ။ ထို့ကြောင့် သင်လိုအပ်နေသော နွားတကောင်ကို ဖြည့်ဆည်း ပေးပါ့မယ်

ကျေးဇူး ကြီးလှပါသည် အရှင် သို့သော် ကြှနျုပျက နွားသုံးကောင် သင့်ကို ပေးလိုက်မည်။ ကြိုက်တဲ့ တကောင်ကို သင်ယူပါ။ ကျန်တဲ့ နှစ်ကောင်ကို သင့်အိမ်နီးချင်းအား ပေးလိုက်ပါ ကြှနျုပျ၏ အိမ်နီးချင်းကို အဘယ်ကြောင့် ပေးရမည်နည်း

သူက သင့်ထံတွင် လိုအပ်နေသည့် နွားတကောင် အတွက် သူတော်ကောင်း စိတ်ဖြင့် တကောင်လာပြီး ကူညီသည်။ လက်ခံခြင်း၊ လက်မခံခြင်းမှာ သင့်အပိုင်း ဖြစ်သည်။သို့သော် သူ၏ သူတော်ကောင်း စိတ်ဓာတ်၊ ကူညီချင်သော စိတ်ဓာတ်ကို သဘောကျ သောကြောင့်

သင် ဆုတောင်းသည်ထက် နှစ်ဆ သူ့ကို ပေးသနား လိုက်ခြင်း ဖြစ်သည်အဘိုးအိုက စိတ်ဆိုးမာန်ဆိုးဖြင့် အသင် ဘယ်သူမှန်း မသိ။ ကြှနျုပျကို နွားတကောင်မျှ ပေးစရာ မလို။ ကြှနျုပျက တကောင်သာ ရပြီး ဟိုဘက်အိမ်က နှစ်ကောင် ရသွားသည်ကို မလိုလား။

သင့် အကူ အညီကို လက်မခံ။ ထွက်သွား ဟု မောင်းထုတ်လိုက်သည်။ညနေတွင် အဘိုးအိုသည် နွားတကောင်နှင့် အိမ်ပြန်သည်။ အဲဒီ ကျန်သော နွားတကောင်ကို မိုးကြိုး မှန်သည်။

Credit_To_Original_Writer

️   စစ်မှန်တဲ့တန်ဖိုးဆိုတာလောကကြီးမှာကိုယ့်အပေါ်မကောင်းပြောနေလည်းကိုယ်ကပြန်မပြောမိပါစေနဲ့။ ကိုယ့်အပေါ်မဆီမဆိုင် မုန်းနေလ...
24/02/2024

️ စစ်မှန်တဲ့တန်ဖိုးဆိုတာ

လောကကြီးမှာ
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။

ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။

ကိုယ့်အပေါ် အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း ကိုယ်ကအမြင်မစောင်းတစ်မျိုး မထင်မိပါစေနဲ့။

ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း ကိုယ်က သူ့အပေါ်မေတ္တာ
မပျက်မိပါစေနဲ့။

သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး
လိုက်ပါ။


မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက်
အကောင်းဆုံး
ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီဘဝမြာ
အမုန်းတွေရှိရင်လည်း ကျေပါစေ။

အငြိုးတွေရှိရင်လည်း ကျေပါစေ။

ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင်
ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။

နောက်ဘဝတွေ အထိယူမသွားပါနဲ့။

မိတ်ဆွေ "သိထားရမည့်အရာက---

️ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နှာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...

ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .

Credit ; 🍀
✍️မူရင်းစာရေးသူကိုCrdပေးပါသည်

ကောင်းတဲ့စိတ်ထားတကယ့်ပျော်ရွှင်မှုပေးတာကမိမိရဲ့ ကောင်းတဲ့စိတ်ထားပါမိမိရဲ့ကောင်းတဲ့စိတ်ထားကသာမိမိအတွက် ကောင်းတဲ့အရာကိုပဲ ...
05/02/2024

ကောင်းတဲ့စိတ်ထား

တကယ့်ပျော်ရွှင်မှုပေးတာက
မိမိရဲ့ ကောင်းတဲ့စိတ်ထားပါ

မိမိရဲ့ကောင်းတဲ့စိတ်ထားကသာ
မိမိအတွက် ကောင်းတဲ့အရာကိုပဲ ပေးတယ်

မိမိရဲ့ကောင်းတဲ့စိတ်ထားက
မိမိအတွက်ဆို မွေးမြူထားရပါမယ်

ကောင်းတဲ့စိတ်ထားက ထားနိုင်လေ
မိမိဘဝအတွက် ပျော်ရွှင်မှုတွေ
ချမ်းသာမှုတွေ အေးချမ်းမှုတွေ ပိုပြီးရလေပါပဲ

27/01/2024

မင်းက သိပ်ချစ်ပြခဲ့တာကိုး ….

တောင်းဆိုစရာမလိုပဲ
ပေးတာများရင်
မဖြစ်မနေ ပေးရမယ်လို့ ထင်သွားတာများတယ်

အမှားတွေကို
အလိုက်တသိ ခွင့်လွှတ်ပါများရင်
ဘာပဲဖြစ်ဖြစ်‌ ခွင့်လွှတ်ပေးရမယ်လို့ ထင်သွားတတ်တာများတယ်

ဦးစားပေးလွန်းရင်
ကိုယ့်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို
ထည့်စဉ်းစားဖို့ မေ့သွားတာများတယ်

အလျှော့ပေးလွန်းရင်
ကိုယ့်ဖက်က တစ်ချက်လေးတင်းလိုက်တာနဲ
ပြတ်တောက်သွားဖို့ များတယ် ။

မင်းက …
သိပ်ချစ်ပြလွန်းခဲ့တာကိုး ။

အစစအရာရာမှာ
နေရာတကာမှာ
အရိပ်တကြည့်ကြည့်နဲ့
ချစ်ပြခဲ့တာကိုး

အလိုလိုက်လွန်းတဲ့ ကလေးက
ဆိုးတတ်သလိုပါပဲ
သိပ် အချစ်ခံရလွန်းတဲ့သူကလည်း
ပြန်ချစ်ဖို့ကို မေ့သွားတဲ့ထိကို
ဆိုးသွားတတ်ပါတယ် ။

အချိန်တွေ လွန်မှ
အရင်လို ငါ့ကို နားလည်ပေးရင်ကောင်းမှာဆိုပြီး
တွေးမနေပါနဲ့

ပိုပေးလိုက်မိတဲ့အချစ်က
တစ်ခါတစ်လေကျ
ကိုယ်တို့ဝေးဖို့ ဖြစ်လာတတ်တယ် ။

#ကျေးကို

🙏မင်္ဂလာညချမ်းလေးပါ🙏🙏🌹🌹🙏🌹🙏🌹မထီမဲ့မြင် မပြုအပ်သော အရာ  ၄ ပါး🔔 🔔 🔔 🔔 🔔 🔔 🔔 🔔 🔔၁။ မြွေကို ငယ်သည်ဟူ၍      မထီမဲ့မြင်ပြုသော် ...
17/01/2024

🙏မင်္ဂလာညချမ်းလေးပါ🙏
🙏🌹🌹🙏🌹🙏🌹
မထီမဲ့မြင် မပြုအပ်သော အရာ ၄ ပါး
🔔 🔔 🔔 🔔 🔔 🔔 🔔 🔔 🔔

၁။ မြွေကို ငယ်သည်ဟူ၍
မထီမဲ့မြင်ပြုသော် ထိုငယ်သော
မြွေသည် အဆိပ်သင့်စေတတ်သဖြင့်
အသက်အန္တရာယ် ပြုတတ်၏။

၂။ မင်းသားငယ်ကို ငယ်သည်ဟူ၍
မထီမဲ့မြင်ပြုသော် ထိုမင်းသားငယ်
မင်းဖြစ်လာသောအခါ ရာဇဒဏ်
သင့်တတ်၏။

၃။ မီးကို သေးငယ်သည်ဟူ၍
မထီမဲ့မြင်ပြုသော် ထိုမီးသည်

အိမ်ကိုလည်းကောင်း၊
ရွာကိုလည်းကောင်း၊
တောကိုလည်းကောင်း လောင်ကျွမ်း
ဖျက်ဆီးတတ်သဖြင့် ဘေးအန္တရာယ်
ကျရောက်တတ်၏။

၄။ အကျင့်သီလနှင့် ပြည့်စုံသော
ရဟန်းအား ငယ်သည်ဟူ၍
မထီမဲ့မြင်ပြုသော် ထိုပြုသောသူကို
သီလတည်းဟူသော တန်ခိုးဖြင့်
လောင်ကျွမ်းခြင်း ခံရတတ်၏။

ထိုသူအား စည်းစိမ်ဥစ္စာ လယ်ယာ ကျွဲနွားတို့ မဖြစ်ထွန်းကုန်။ သားသမီး အခြွေအရံတို့လည်း မဖြစ်ထွန်းကုန်။

ထို့ကြောင့် မိမိ၏ အကျိုးစီးပွားကို အလိုရှိသော ပညာရှိသူသည်

မြွေကိုလည်ကောင်း၊
မင်းကိုလည်းကောင်း၊
မီးကိုလည်းကောင်း၊
အကျင့်သီလနှင့် ပြည့်စုံသော
ရဟန်းကိုလည်ကောင်း မထီမဲ့မြင် မပြုရာ။

ကောင်းစွာသာလျှင် ပြုကျင့်ရာ၏။။

"...

[ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်
ကောသလသံယုတ် ဒဟရသုတ် ]

ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်က ရှင်သာရိပုတ္တရာ မထေရ်မြတ် ပရိနိဗ္ဗာန်စံတဲ့ အခါမှာ ရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကို အခုလို ...
10/01/2024

ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်က
ရှင်သာရိပုတ္တရာ မထေရ်မြတ် ပရိနိဗ္ဗာန်စံတဲ့ အခါမှာ ရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကို အခုလို လျှောက်ထားပါတယ် …

" အရှင် ဘုရား 🙏🙏🙏
အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံပြီ ကြားတော့ တပည့်တော် စိတ်မကောင်းလွန်းလို့ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ အရပ်တွေတောင် မသိတော့အောင် ဖြစ်ရပါတယ် ဘုရား " တဲ့ ...

မြတ်စွာဘုရားရှင်က ….
" နေပါဦး အာနန္ဒာ ... ရှင်သာရိပုတ္တရာ ပျံလွန်တာ သင့်ဆီကနေ သီလတွေ၊ ပညာတွေ ပါသွားလို့လား " ဆိုပြီး မေးတော် မူပါတယ် ...

" အာနန္ဒာ ...
သင်္ခါရတရား ဆိုတာ ဘယ်တော့မှ မမြဲဘူး။
ကိုယ့်ကိုယ်ကို အားကိုးရမှာ၊ ပုဂ္ဂိုလ်ကို အားမကိုးနဲ့၊ ပုဂ္ဂိုလ်ကို အားကိုးရင် ထိုပုဂ္ဂိုလ်က မကြာခင် ပျောက်ဆုံး သွားတတ်တယ်၊ အဲဒီအခါ အားကိုးစရာ မရှိတော့ဘူး " တဲ့ ...

မြတ်စွာဘုရား ရှိစဉ်က ဘုရားကို ကြည်ညိုလို့ အားထားကြတယ်၊ မကြာခင် ပရိနိဗ္ဗာန်စံ သွားတယ် ...

ရှင်သာရိပုတ္တရာကို အားကိုးကြတယ်၊
ရှင်သာရိပုတ္တရာလည်း ပရိနိဗ္ဗာန်စံ သွားတယ် ...

ရှင်အာနန္ဒာကို အားကိုး ကြပြန်တယ်၊
ရှင်အာနန္ဒာလည်း ပရိနိဗ္ဗာန်စံ သွားတာပဲ ...

ပုဂ္ဂိုလ် ဆိုတာ ထာဝရ အားကိုးလို့ မရဘူး။
အမြဲရှိနေတာ " ဓမ္မ " ပါပဲ။
ကိုယ်နဲ့အတူ သွားတာက " ဓမ္မ " သာ ဖြစ်တယ်။
ကိုယ်ကျင့်သုံးတဲ့ " ဓမ္မ " သာလျှင် ကိုယ့်ရဲ့ အားကိုးရာ ဖြစ်တယ် ...

မြတ်စွာဘုရားရှင်က …
" အတ္တာ ဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ။

မိမိသာလျှင် မိမိရဲ့ကိုးကွယ်ရာ ဖြစ်တယ်၊
မိမိမှတစ်ပါး အခြားပုဂ္ဂိုလ်သည် ကိုးကွယ်ရာ ဘယ်မှာ ဖြစ်နိုင်မလဲ " တဲ့ ... ။

#ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ_အရှင်နန္ဒမာလာဘိဝံသ

🌷🙏🙏🙏🙏🙏🌷

Credit...🙏🙏🙏

ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ပါကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ခြင်းသည်သူတပါးကိုလည်းစောင့်ရှောက်ရာရောက်တယ်ကိုယ့်ကြောင့်သာသူမျ...
10/01/2024

ကိုယ့်ကိုယ်ကိုယ်
စောင့်ရှောက်ပါ

ကိုယ့်ကိုယ်ကိုယ်
စောင့်ရှောက်ခြင်းသည်

သူတပါးကိုလည်း
စောင့်ရှောက်ရာရောက်တယ်

ကိုယ့်ကြောင့်သာ
သူများစိတ်ချမ်းသာပါစေ

ကိုယ့်ကြောင့်သာ
သူများအဆင်ပြေပါစေလို့

နူးညံ့တဲ့စိတ်ထားဖြင့်
ကိုယ့်ကိုယ်ကိုယ်လည်း
နှလုံးသွင်းရင်း

စားမလို့ ကောက်ကိုင် လိုက်မှဖရဲသီးက စကားထပြောတယ်မင်း နေပူလို့လား? ရင်ပူလို့လား?တဲ့။ခင်းဗျားလိုရဲရင့်ချင်လို့ပါဗျ လို့ပြန်...
10/01/2024

စားမလို့ ကောက်ကိုင် လိုက်မှ
ဖရဲသီးက စကားထပြောတယ်

မင်း နေပူလို့လား? ရင်ပူလို့လား?တဲ့။

ခင်းဗျားလိုရဲရင့်ချင်လို့ပါဗျ လို့ပြန်ပြောတော့

ငါလဲ အပြင်မှာ စိမ်းကားထားရသမျှ
အတွင်းထဲမှာ ရဲရင့်ပြရတာပဲ တဲ့။

ဟုက်ကဲ့ လူတွေနဲ့ ပြောင်းပြန်နော်လို့ ပြောလိုက်ရတယ်။

ဟ လူတွေကဘယ်လိုနေလို့လဲဟတဲ့။

လူတွေက
အတွင်းထဲက စိမ်းကားကြပြီး အပြင်မှာ အပြုံးချိုကြတယ်ဗျလို့ ပြောလိုက်တော့

မင်းတို့လူတွေက ခက်တယ်ကွာ
ငါ့ဆီက အစိမ်းတွေကိုတော့ အမှိုက်ပုံထဲ ပြစ်ကြပြီး
ငါ့ရဲ့ ရဲရင့်ခြင်းတွေ ချိုမြိန်ခြင်းတွေတော့ ဗိုက်ထဲထည့်ကြတယ်နော်တဲ့။

ဟုက်တယ်ဗျ
ကျွန်တော်တို့ လူသားတွေက ခက်တယ်
သူများဆီကသာ အကောင်းစားတွေလိုချင်ကြတာ
ပြန်ပေးရမယ်ဆို နှမြောတွန့်တိုကြတယ်။

အေးကွာ
ငါလဲ ဖရဲသီးမို့ပါ
လူသာဖြစ်ခဲ့ရင် မင်းတို့ကို အခွံတွေပဲ ကျွေးမှာတဲ့။

ဪဖရဲသီးနယ်
စားခါနီးမှစကားများလိုက်တာ
ရော့ကွာ တစ်ကိုက်စားလိုက်ဦးမယ်။

မင်းတို့လူတွေက ဒီတိုင်းပါပဲသူများအသားစားရတာ ချိုတယ်ဟတဲ့
ကိုယ့်အသားတော့ ခြင်ကိုက်တာကစ နာတယ်လို့ ငြီးကြသေးတယ်။

ငါက လူကိုးကွ။

Crd # # #

အောင် အရဟံ လာဘံ သိဒ္ဓိ အောင် အရဟံ  ပီယံ သိဒ္ဓိအောင် အရဟံ ဓနံသိဒ္ဓိငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။ဒီpostလေးကိုမနက်တိုင်းတင်မယ...
09/01/2024

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

ဒီpostလေးကိုမနက်တိုင်းတင်မယ်နော်တွေ့တာနဲ့တစ်ခေါက်လောက်ဖြစ်ဖြစ်ရွတ်ဖတ်ကြည့်ပါ🙏🙏🙏
ကောင်း မွန်တဲ့နေ့သစ်ကလေး နိုင်ကြပါစေ
စည်းစိမ် ဥစ္စာများ ပေါကြွယ်ဝပါစေ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပါစေ🙏🙏🙏

နှစ်တွေကပြောင်းသွားကြတယ်မိမိရဲ့အတွေးတွေကရောကောင်းတဲ့အတွေးဘက် ပြောင်းလာပြီလားမိမိရဲ့အပြောအဆိုတွေကရောကောင်းတဲ့အပြောအဆိုဘက်...
09/01/2024

နှစ်တွေက
ပြောင်းသွားကြတယ်

မိမိရဲ့အတွေးတွေကရော
ကောင်းတဲ့အတွေးဘက် ပြောင်းလာပြီလား

မိမိရဲ့အပြောအဆိုတွေကရော
ကောင်းတဲ့အပြောအဆိုဘက် ပြောင်းလာပြီလား

မိမိရဲ့အပြုအမူတွေကရော
ကောင်းတဲ့အပြုအမူဘက် ပြောင်းလာပြီလား

မိမိကိုယ်ကို
ဆန်းစစ်ကြည့်သင့်တယ်လေ

ယမန်နှစ်ကထက်
ယခုနှစ်က ဉာဏ်နှင့်ယှဥ်တဲ့စိတ်နှင့်
ပိုကောင်းအောင် ကြိုးစားရမယ်

09.01.2024

" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "🐓🐓🐓🐓🐓🐓🐓🐓🐓ကြက်ကလေးက ကြက်မကြီးကိုမေးတယ်။" မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှေ...
07/01/2024

" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "
🐓🐓🐓🐓🐓🐓🐓🐓🐓

ကြက်ကလေးက ကြက်မကြီးကိုမေးတယ်။

" မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. "

ကြက်မကြီးက -

"မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ် "

" ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ "
လို့ ကြက်ကလေးက ပြန်ပြောတယ် ။

ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်..

"အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ..ကလေးနင်မှတ်ထား ...."

အသက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊ သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊ အရင်ကလုပ်ခဲ့သမျှက အနာဂ္ဂါတ်နေရာမြဲဖို့ ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊ အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။

တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊
ဘယ်သူမှ လက်ခုပ်မတီးလည်း မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။

တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင်
ဘယ်သူမှ တန်ဖိုးလာမထားလည်း မင်းရှင်သန်ရမယ်။

တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင်
ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။

တကယ်လို့မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှုမရှိလည်း
မင်းရဲ့ဖန်တီးမှုကို အမြဲပြုလုပ်နေရမယ်။

အလုပ်လုပ်တာ လူတိုင်းအားပေးမှ မင်းအလုပ်လုပ်ရမှမဟုတ်ပါဘူး။ အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့သာ မင်းတာ၀န်ပါ။

အသက်ရှင်ရပ်တည်ဖို့ လူတိုင်းအချစ်ခံဖို့ မလိုပါဘူး ။
အရိုးရှင်းဆုံးနေသွားဖို့သာ မင်းတာ၀န်ပါ။

ကိုယ့်ရဲ့ရည်မှန်းချက်အတွက် တပါးသူရဲ့ပြက်ရယ်လှောင်ဖွဲ့ခြင်းကို
ခံရမယ်၊ အဲတော့ ဘာဖြစ်လဲ၊ သူတို့ပြက်ရယ်မှုကို အောင်မြင်မှုဆီတပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့၊

စိတ်အားကျနေစဉ် မျက်နှာမှာ မပေါ်လွင်နေစေပါနဲ့ ။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မမြင်ချင်လို့ပါ။

ဆင်းရဲကျပ်တည်းနေလည်း ပါးစပ်က ထုတ်မပြောပါနဲ့ ။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံမထုတ်ပေးပါ။

အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း ထုတ်ဖော်မညဉ်းညူလိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအစားထိုး မလုပ်ပေးပါ။

အသက်ကြာကြာမရှင်ရတော့လည်း မကောင်းမှုကိုမပြုပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင်လုပ်နိုင်စွမ်း မရှိလို့ပါ ။

အသက်ရှင်ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက်မသေဆုံးလိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်မနက်ဖြန်များစွာ ကျန်ရှိနေသေးလို့ဖြစ်တယ်။

မင်းဘယ်လောက်ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ရိုသေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းမှာလည်း အိုရမယ့်တစ်ရက် ရှိလို့ဖြစ်တယ်။

တပါးသူကျွန်တော်နောက်ကျော ဓားနဲ့ထိုးမှာမကြောက်ပါဘူး၊
အေး .. ထိုးတဲ့သူကမင်းအချစ်ဆုံးသူ မဖြစ်နေစေနဲ့။

ကျွန်တော်စိတ်ထဲရှိသမျှ အချစ်ဆုံးသူငယ်ချင်းကို ပြောဖို့၀န်မလေးပါဘူး၊ အေး... သူက မင်းကိစ္စကို သူများနဲ့ ဟာသတစ်ပုဒ်လို အပြောမခံမိစေနဲ့။

တကယ်လို့ ၀မ်းနည်းစရာ တစ်စုံတစ်ခုကိုကြုံတွေ့တိုင်း
ကောင်းကင်ကြီးကို မော့ကြည့်ပါ ။
သူ ဒီလောက်ကြီးတာ မင်းဝှက်ထားစရာ နေရာတစ်ခုတော့ရှိမှာပေါ့။

မင်းကိုကူညီခဲ့ဖူးတဲ့သူကို မင်းမမေ့နဲ့………
မင်းကိုချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာရအောင်မလုပ်နဲ့……။

မင်းကိုယုံကြည်ခဲ့ဖူးတဲ့သူကို မလိမ်ညာနဲ့။

အချိန်က အရာအားလုံးကို သက်သေပြနိုင်တယ်လို့……
ဘယ်သူမှ အာမ ,မခံနိုင်ဘူး။

ဒါပေမယ့် မင်း အရာအချို့ကို ………
နားလည်သဘောပေါက်နိုင်မယ်လို့ အာမခံ နိုင်တယ်။
---------
အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။

Jobs4U

Seize The Opportunities!
---------
Credit to Owner

ကုသိုလ် အမြဲလုပ်ပါ  -------------------------------ဘဝမှာ အဆင်မပြေတာတွေ ကြုံ တဲ့အခါတိုင်း ကုသိုလ်ကောင်းမှုကို ပိုပြီးပြု ...
07/01/2024

ကုသိုလ် အမြဲလုပ်ပါ
-------------------------------
ဘဝမှာ အဆင်မပြေတာတွေ ကြုံ တဲ့အခါတိုင်း
ကုသိုလ်ကောင်းမှုကို ပိုပြီးပြု လုပ်ပါ။

အဆင်မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။
သူတို့အပြောကတော့ ယတြာချေတာပေါ့။

ဘယ်ဆရာမှ အကုသိုလ်လုပ်ခိုင်းပြီး
ယတြာမချေ ခိုင်းဘူး။ ကုသိုလ်ပဲလုပ်ခိုင်းတာ။
အဲဒီလိုဆိုတော့ သူ့အားကိုးတာထက်
ကိုယ့်အားကိုယ်ကိုးပြီး ကုသိုလ်တရား
ကြိုးစားပွားရုံပေါ့။

အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက်ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက်ရှိရင်လည်း ကုသိုလ်လုပ်၊

ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။ ယုံကြည်မှုအပြည့်၊
ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်။ သေချာပေါက်ကို
ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။

#ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။

ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊အဆိုးတွေ အားနည်းသွားမှာပဲလေ။

သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။
ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊
ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။
ရေက များနေတာကိုး။

ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင်
အကုသိုလ်ဟာ အသေးအမွှားလေးပဲ
ဖြစ်သွားမှာပေါ့။

ဒါကြောင့် ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့။
အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

#ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

မေတ္တာဖြင့်,
မနာပဒါယီ အရှင်ဝိစိတ္တ
🙏🙏🙏

Credit.
ဖြူသဲ
ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေပါသည်။

Address

San Chaung No. (46)
Yangon
11111

Website

Alerts

Be the first to know and let us send you an email when I Miss You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category