06/08/2026
မိသားစုမှာ ဒီလိုလူမျိုးတွေ ရှိခြင်းက ကံကောင်းတယ်
၁။ ကျန်းမာရေး ကောင်းသူတွေ ရှိခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၂။ ငွေရှာနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၃။ အိမ်မှု့ကိစ္စ တာဝန်ယူနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၄။ အကြံဉာဏ်ပေးနိုင်သော သက်ကြီး ဝါကြီး ပုဂ္ဂိုလ်တွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၅။ တီတီတာတာနဲ့ စနောက်လို့ရတဲ့ ကလေးငယ်တွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၇။ ပန်းဥယျဉ်လေးတွေ ပျိုးထောင်ပေးနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၈။ မနက်မိုးလင်း တရားဘာဝနာ အားထုတ်တတ်သော သူများ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၉။ အဝေးရောက်ပေမယ့် အမြဲ သတိရကြောင်း ဆက်သွယ်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
၁၀။ မိသားစုကို အမြဲ ပျော်ရွှင်အောင် ထားနိုင်သူတွေ ရှိနေခြင်းက မိသားစုအတွက် ကံကောင်းပါတယ်။
ပစ်တိုင်းထောင်