Content Fist

Content Fist B2B,B2C များအားလုံး လှပသပ်ရပ်သော Content များ?

လုပ်ငန်းရှင်များ၏ Product & Service များနှင့် အထူးလိုက်ဖက်သင့်လျော်သော Content & Design များဖြင့် အမြန်ဆုံးဆောင်ရွက်ပေးနေပါသည်။

Happy New Year !ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ..💕အောင်မြင်ငြိမ်းချမ်းခြင်း၊ ဂုဏ်ကျက်သရေတိုးပွားခြင်းများနှင့်အတူ စိတ်ချမ်...
31/12/2021

Happy New Year !

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ..💕
အောင်မြင်ငြိမ်းချမ်းခြင်း၊ ဂုဏ်ကျက်သရေတိုးပွားခြင်းများနှင့်အတူ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆန်ရေစပါးပေါကြွယ်ဝသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Content Fist မှ နှစ်သစ်ဆုမွန်ပြုလိုက်ပါတယ် .. ❄️🎄


Happy Merry Christmas ! 🎄ဒီဇင်ဘာရဲ့နှင်းတွေနဲ့အတူ အောင်မြင်ပျော်ရွှင်သောသာယာငြိမ်းချမ်းသော အခါသမယလေးကိုပိုင်ဆိုင်နိုင်ပါ...
25/12/2021

Happy Merry Christmas ! 🎄

ဒီဇင်ဘာရဲ့နှင်းတွေနဲ့အတူ အောင်မြင်ပျော်ရွှင်သော
သာယာငြိမ်းချမ်းသော အခါသမယလေးကိုပိုင်ဆိုင်နိုင်ပါစေ...❄️

ကပ်ရောဂါဘေးအပေါင်းတို့မှလည်း ကင်းစင်လွတ်မြောက်ကြပါစေလို့
Content Fist မှ ခရစ္စမတ်ဆုမွန်ပြုလိုက်ပါတယ်...☃️👪



Google သုံးတတ်ပြီလား?ပြည်တွင်းရှိ ကျောင်းသားများ/ ရုံးပိုင်ဆိုင်ရာဝန်ထမ်းများအတွက် Google ဆိုတာ မရှိမဖြစ်အရာတစ်ခုအ‌နေနဲ့...
10/12/2021

Google သုံးတတ်ပြီလား?

ပြည်တွင်းရှိ ကျောင်းသားများ/ ရုံးပိုင်ဆိုင်ရာဝန်ထမ်းများအတွက် Google ဆိုတာ မရှိမဖြစ်အရာတစ်ခုအ‌နေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျောင်းသားအများစုက Google ကို မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိကြသေးပါ။ မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရပါတယ်။

ယင်းကဲ့သို့ အခြေအနေများရှိသည့်အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Google Web Search (Tips and Tricks)
၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်ပါတယ်။ ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေပါ။ ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေပါ။
ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုရှာဖွေပါ။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်ပါမယ်။ ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်ပါလိမ့်မယ်။ ဥပမာ။ cache:easydevboards.com

Advanced Google Web Search
ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားရန် လိုအပ်ပါတယ်။

စကားလုံးတိုင်းက ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရပါလိမ့်မယ်။ အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။

ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။

comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။ သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့် # သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုသင့်ပါတယ်။ ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါတယ်။

ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမှာပါ။ အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မှာဖြစ်ပြီး Search Bar ၏ အောက်ဘက်ရှိ Filter တွင် Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါတယ်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို ရွေးချယ်ပါ။

ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို မြင်တွေ့ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Advanced Searching
Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်ပါတယ်။

၁။ Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်ပါတယ်။

၂။ ဒုတိယ နည်းလမ်းတစ်ခုကတော့ Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်ပါတယ်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါတယ်။

စာအုပ်များ ရှာဖွေခြင်း မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါ။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်ပါတယ်။ နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမှာ ဖြစ်တယ်။ ယင်းစာအုပ်များ၏ လင့်ခ်တွင် “https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမှာဖြစ်ပါတယ်။

ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်တယ်။ အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

ISBN နံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မှာဖြစ်ပြီး စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ Google Account လိုအပ်မည်ဖြစ်သော်လည်း ကျောင်းသားအများစုက Gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပါလိမ့်မယ်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါတယ်။ အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို ဖော်ပြလိုက်ရပါတယ်။

တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Post Editing - Content Fist

TripAdvisor မှာ ဘယ်လိုစာရင်းသွင်းမလဲ ?ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတိုင်းအတွက် Website ဆိုတာ မရှိမဖြစ်တဲ့လိုအပ်ချက်တစ်ခုပ...
23/10/2021

TripAdvisor မှာ ဘယ်လိုစာရင်းသွင်းမလဲ ?

ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတိုင်းအတွက် Website ဆိုတာ မရှိမဖြစ်တဲ့လိုအပ်ချက်တစ်ခုပါ။

TripAdvisor ဆိုတာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး နေစဉ်လူသန်းပေါင်းများစွာ အသုံးပြုနေဆဲ Travel Booking Website တစ်ခုဖြစ်ပါတယ်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ ဟိုတယ်နှင့် Homestays အပြင် အခြား ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများလည်း TripAdvisor နဲ့ချိတ်ဆက်ထားကြပါတယ်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို TripAdvisor မှာ လုပ်ငန်းတစ်ခုအနေနဲ့စာရင်းသွင်းနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် အင်တာနက် အသုံးပြုသူတစ်ယောက်အတွက်တော့ စာရင်းသွင်းရာမှာ အဆင့်ပေါင်းများစွာ ဖြတ်သန်းရတဲ့အတွက် ခက်ခဲနိုင်ပါတယ်။

ပထမဆုံးလုပ်ဆောင်ရမယ့်အရာကတော့TripAdvisor မှထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အရင်ဆုံး နားလည်သဘောပေါက်အောင် သေချာစွာဖတ်ကြည့်ဖို့လိုပါမယ်။

စည်းမျဉ်းစည်းကမ်းများကို အောက်ပါ link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://tripadvisor.mediaroom.com/US-terms-of-use

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့ TripAdvisor မှ သတ်မှတ်ထားသော စံနှုန်းများနဲ့ကိုက်ညီမှသာ လုပ်ငန်းတစ်ခုအနေနဲ့စာရင်းသွင်းနိုင်မှာဖြစ်ပါတယ်။

TripAdvisor မှ သတ်မှတ်ထားတဲ့ အဓိကစံနှုန်းများမှာ ...

၁။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် Day Tours Package များကို အဓိကထည့်သွင်းဖော်ပြပေးရပါမယ်။
၂။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ကုမ္ပဏီလုပ်ငန်းလိုင်စင်(သို့) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ် ရှိထားဖို့လိုအပ်ပါမယ်။
၃။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် လုပ်ငန်းနှင့်ကိုက်ညီသော ဝဘ်ဆိုဒ် တစ်ခုရှိဖို့လိုအပ်ပါမယ်။
၄။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် Business Email ([email protected]), Office Address နှင့် Mobile Phone Number ကိုထည့်သွင်းဖော်ပြပေးရပါမယ်။

တကယ်လို့ မိတ်ဆွေရဲ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဖြင့် အထက်ပါအချက်အလက်များနှင့်ကိုက်ညီပြီး TripAdvisor မှာထည့်သွင်းစာရင်းပေးဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အောက်ဖော်ပြပါလင့်ခ်မှတဆင့် သွားရောက်နိုင်ပါတယ်။

https://www.tripadvisor.com/GetListedAttraction

အထူးသတိပြုသင့်တဲ့အရာကတော့ လုပ်ငန်းနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်တွေအားလုံးကို သေချာစွာထည့်သွင်းရပါမယ်။

တကယ်လို့ မိတ်ဆွေအနေနဲ့ TripAdvisor ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ကန့်သတ်ချက်တွေအကြား ရှုပ်ထွေးနေရင်း အခက်တွေ့နေမယ် ဆိုရင်ဖြင့် Digital Marketing Agency တစ်ခုခုရဲ့ ဝန်ဆောင်မှုကို အသုံးပြုသင့်ပါတယ်။


🪔 သီတင်းကျွတ်လပြည့်နေ့ 🪔သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ...
19/10/2021

🪔 သီတင်းကျွတ်လပြည့်နေ့ 🪔

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။


#သီတင်းကျွတ်လပြည့်နေ့

ကျွန်ုပ်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေတိုးတက်အောင်မြင်ဖို့အတွက် ဖောက်သည်တွေနဲ့တွေ့ဆုံရုံပဲဆိုတာထက် သူတို့ရဲ့ မျှော်မှန်းခ...
05/08/2021

ကျွန်ုပ်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ
တိုးတက်အောင်မြင်ဖို့အတွက် ဖောက်သည်တွေနဲ့
တွေ့ဆုံရုံပဲဆိုတာထက် သူတို့ရဲ့ မျှော်မှန်းချက်တွေ
ထက်ကိုကျော်လွန်ပြီး ဖြည့်ဆည်းပေးနိုင်ရမယ်..........

Brain Buffini


ပေါင်ရတော့မယ် 😅Photo crd
05/08/2021

ပေါင်ရတော့မယ် 😅

Photo crd

03/07/2021
KFC ရဲ့ ဖောင်ဒါဖြစ်သူ Colonel Sanders အကြောင်းသိကောင်းစရာKFC ရဲ့ Founder ဖြစ်လာမည့် Colonal Sanders ဟာ သူ့အသက် ၅ နှစ်မှာ...
19/06/2021

KFC ရဲ့ ဖောင်ဒါဖြစ်သူ Colonel Sanders အကြောင်းသိကောင်းစရာ

KFC ရဲ့ Founder ဖြစ်လာမည့် Colonal Sanders ဟာ သူ့အသက် ၅ နှစ်မှာ သူ့ဖခင် ဆုံးပါးသွားခဲ့ပါတယ်။

မိခင်မုဆိုးမ နှင့်အတူတူ မပြည့်စုံတဲ့ ဘဝကို ကြိုးစားရှင်သန်လာရင်း ငယ်ဘဝကိုကျော်ဖြတ်ခဲ့ရပါတယ်။ရွယ်တူကလေးတွေ ကျောင်းနေချိန် အသက် ၁၆ အရွယ် မှာ မိသားစုရဲ့ စားဝတ်နေရေးအဆင်မပြေတာမို့ သူ ကျောင်းထွက်ခဲ့ ရတယ်။တွေ့ရာမှီရာ အလုပ်လေးတွေ လိုက်လုပ်ရင်းသူ့ဝမ်းရေးအတွက် သူရှာဖွေစားသောက်ခဲ့ ရတယ်။

အသက် ၁၇ အရွယ်မှာ အလုပ် ၄ ခုလောက်ကနေ သူအထုတ်ခံရပြီပြီးဖြစ်တယ်။သူ့အသက် ၁၈ မှာတော့ သူဟာ မီးရထားလက်မှတ်ရုံမှာ လက်မှတ်ရောင်းခဲ့ ရတယ်။ထိုအချိန်မှာပဲ သူဟာ အိမ်ထောင်ကျခဲ့တယ်။

သူ့အသက် ၁၉ မှာ သူဟာ သမီးလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်လာခဲ့ပါတယ်။ငါရွယ်တဲ့ စိတ်နဲ့ လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးက မတည်မြဲခဲ့ပါဘူး။သူ့ အသက် ၂၀ အရွယ် မှာ သူ့ မိန်းမက သူ့ကို ထားခဲ့ပြီး သူတို့နှစ်ဦးရဲ့ ၁ နှစ်အရွယ်သမီးလေးကိုပါ ခေါ်သွားခဲ့ပါတယ်။

သူ့အသက် ၂၂ မှာ စစ်တပ်ထဲသူဝင်ခဲ့ပါတယ် ထို့အပြင် ဥပဒေရေးရာဆိုင်ရာကျောင်းဝင်ခွင့်တင်ခဲ့ပါတယ်။သို့ပေမဲ့ Colonal Sanders ကို မည်သည့် နေရာကမှ လက်ခံခြင်းမရှိခဲ့ပါ။

ဒါပေမဲ့ အာမခံ ဌာန တစ်ခုမှာ သူအလုပ်ရခဲ့ပါတယ်။သူအလုပ်လုပ်နေတဲ့ လုပ်ငန်းစုကြီးအရှုံးပေါ်လို့ သူအလုပ်ထွက်ခဲ့ရပြန်ပါတယ်။နောက်ဆုံးတော့ Colonal Sanders တစ်ယောက် စားသောက်ဆိုင်သေးသေးလေးတစ်ခုမှာ ဟင်းချက်နှင့်ပန်းကန်ဆေး သမားအဖြစ်အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

သူ့ဘဝတစ်ယောက်လုံး ထို စားသောက်ဆိုင် ဟင်းချက်သမား ၊ ပန်းကန်ဆေးသမားအဖြစ်သာ ကုန်ဆုံးခဲ့ပြီးသူ့ ဝင်ငွေဟာ သူစားစရိတ် သာသာပဲ ရှိခဲ့ တာပါ။သူ့အသက် ၆၅ နှစ်အရွယ်မှာ သူ ပင်စင်ယူခဲ့ပါတော့တယ်။သူ့ ပထမဆုံးပင်စင်ယူတဲ့နေ့မှာ အစိုးရထံမှ သူ့ ပင်စင်ကြေးငွေ ၁၀၅ ဒေါ်လာသာရရှိခဲ့ပါတယ်။

လစဉ်တိုင်း ၁၀၅ ဒေါ်လာ အစိုးရဆီက ရ ပေမဲ့ သူ့ အနေနဲ့ အသက် အရွယ်ကြီးရင့် နေပြီဖြစ်တာကြောင့် ဆေးဖိုး ကုန် ကျ စရိတ်က ရှိနေသေးတော့ သူအတော်အခက်တွေ့ခဲ့ပါတယ်။

Colonal Sanders အနေနှင့် စိတ်မကောင်းကြီးစွာခံစားရပြီး သူ့ကိုယ်သူ သေကြောင်းကျန်ဖို့ အထိတောင် စိတ်ဆုံးဖြတ်ချက်ချမိပြန်ပါတော့သည်။

ကောင်းတဲ့ နတ်က နှိုးဆော်တာမို့ သူဟာ သစ်ပင်အောက်မှာထိုင်ပြီး သေတမ်းစာ ရေးနေချိန် အတွေးတစ်ခု ဝင်လာပါတယ်။ထိုအတွေးက သူ ဒီ ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ သူ့ ဘဝကို သူ အစက ပြန်စနိုင်သေးတယ်ဆိုတာပါပဲ။

သူဟာ သူများတွေနဲ့ မတူပဲ အံမခန်းကြီးမားတဲ့ အရာတစ်ခုကိုလုပ်နိုင်ခဲ့ ရင်ဆိုပြီးသူတွေးခဲ့ပါတယ် ။သူဟာ သူ့ဘဝ တစ်ခုလုံးမှာ သူလုပ်နိုင်တာက ဟင်းချက်နိုင်တာတစ်ခုပဲရှိတာမို့ သူ့ ဟင်းချက် စကေးနဲ့ယခု KFC ဖြစ်လာမည့် ကြက်ကြော်ကိုစကြော်ပါတော့တယ်။

ထို ကြက်ကြော်ကို စကြော်ဖို့အကြော်အိုးနှင့် ဟင်းချက်ပစ္စည်းများဝယ်မှု့အတွက် သူဟာ ၈၇ ဒေါ်လာ ချေးခဲ့ရပါတယ်။သူဟာ Kentucky မှာ သူ့အိမ်နီးခြင်းတွေကို ကြက်ကြော်အိမ်ပို့စနစ်ဖြင့် ရောင်းချခဲ့ပါတယ်။ထို့အပြင်စားသောက်ဆိုင်တွေကိုလည်းလိုက်မိတ်ဆက်ခဲ့ပါတယ် သို့ပေမဲ့ စားသောက်ဆိုင်တိုင်းကသူ့ကိုငြင်းဆန်ခဲ့ပါတယ်။

နောက်ဆုံး အကြိမ်မြှောက်များစွာကြိုးစားပြီးချိန်နောက်ဆုံးမှာ သူ့ကို လက်ခံခဲ့ ပါတယ်။အဲ့ဒီမှာ KFC ဖြစ်ပေါ်လာတာပါ။သူ့ အသက် ၈၈ မှာ Colonal Sanders တစ်ယောက် ကမ္ဘာ့ အချမ်းသာဆုံး လူတစ်ဦးဖြစ်နေကာစားသောက်ကုန် လုပ်ငန်းပိုင်းဆိုင်ရာရဲ့ ဒုတိယ အကြီးဆုံး လုပ်ငန်းစုကြီးရဲ့ ပိုင်ရှင်ဖြစ်နေပါပြီ။

"finger lickin' good" ထိုစကားစုလေးကို သင်တို့ အနေနှင့် ကြားဖူးမှာပါ ဟုတ်ပါတယ် KFC ရဲ့ အမှတ်အသား စကားစုလေးပါ။KFC ရဲ့ "finger lickin' good" ကြော်ငြာ Campaign ကိုလည်း သဘောကျတဲ့ သူများစွာရှိပါတယ်။

KFC ဟာ 1966 တွင် တစ်ကမ္ဘာလုံးကြော်ငြာကြေးအတွက်သုံးစွဲငွေ အမေရိကန်ဒေါ်လာ ၄ မီလီယံ ရှိတယ်သိရပါတယ် 1968 တွင် ထိုကြော်ငြာ Campaign အတွက် သုံးစွဲငွေ အမေရိကန်ဒေါ်လာ ၄ မီလီယံ ထပ်မံ သုံးစွဲခဲ့တယ်သိရပါတယ်။
၁၉၆၉ မှာ ကြော်ငြာကိစ္စရေးရာပိုင်းများအတွက် National advertising agency ကိုဌားရမ်းခဲ့တယ်သိရပါတယ်။

Leo Burnett မှ ဦးဆောင်လုပ်ကိုင်ပြီး ၁၉၇၂ မှာ "Get a bucket of chicken, have a barrel of fun" ဆိုတဲ့ KFC ကြော်ငြာ Campaign က ခေတ်စားခဲ့ ပါတယ်။

၁၉၇၆ မှာ KFC ဟာ အမေရိကရဲ့ အကြီးမားဆုံး ကြော်ငြာလုပ်ငန်းရှင် ဖြစ်နေပါပြီ"It's nice to feel so good about a meal" ကြော်ငြာ Campaign ထွက်ရှိခဲ့ပြီး လူစိတ်ဝင်စားမှု့ပိုမိုရရှိခဲ့ပါတယ်လည်းထွက်ရှိခဲ့ပါတယ်။

နောက်ပိုင်းတွင် "We do chicken right" , "Everybody needs a little KFC" စတဲ့ ကြော်ငြာတွေ
၂၀၁၃ နှစ်ပိုင်းတွင် ကြော်ငြာကြေးအတွက် KFC မှ အမေရိကန်ဒေါ်လာ ၆၀ မီလီယံ အသုံးပြုခဲ့တယ်သိရပါတယ်။

KFC ရဲ့ ၁၉၆၀ ကျော်ကတည်းက ယခုအချိန်အထိ ကြော်ငြာများကို အမြဲ ကြည့်မယ်ဆိုလျှင် သင့် အနေနှင့် တွေ့ရမှာကတော့ စိတ်ဝင်စားဖွယ်ခေါင်းစည်း စာသားများပါ။ထို ခေါင်းစီးစာများက KFC ရဲ့ ကြော်ငြာတွေရဲ့ အသက်ပါ KFC ကြော်ငြာတွေကိုတစ်ခါ မျက်လုံးစုံမိယုံနဲ့ လူတွေ စိတ်ဝင်စားအောင်ရေးပြထားတာတွေ့ရပါတယ်။

Ref : History

🎂🎂🎂တစ်ချို့က အင်အားတော့ကြီးတယ် ဒါပေမဲ့ ေမြခွေးလိုလူတွေ.....🎂တစ်ချို့က တစ်ယောက်တည်းပေမယ့် ကြောက်သွေးကင်းလွန်းတဲ့ ခွပ်ဒေါင...
19/06/2021

🎂🎂🎂
တစ်ချို့က အင်အားတော့ကြီးတယ်
ဒါပေမဲ့ ေမြခွေးလိုလူတွေ.....
🎂
တစ်ချို့က တစ်ယောက်တည်း
ပေမယ့် ကြောက်သွေးကင်းလွန်းတဲ့
ခွပ်ဒေါင်းဘုရင်မလိုလူ......
🎂
ဘာမထီ ဇာမဏီသွေးဆိုတာ
အမှန်တရားအတွက်
ဘယ်တော့မှ ေနာက်မတွန့်ဘူး....
အမြဲတန်းပန်းပန်လျက်ပဲ......🎂🎂🎂
အမေစု၏ ယနေ့က​ျေရာက်သော
၇၆နှစ်ပြည့် မွေး​ေန့မင်္ဂလာရက်မြတ်
မှသည် နောင်ကာလများစွာထိ
မြန်မာပြည်သားများနှင့်အတူတူ
စိတ်၏ချမ်းသာခြင်း ကိုယ်၏
ကျန်းမာခြင်းစသော နှစ်ဖြာသော
သုခအပေါင်းနှင့် ပြည့်စုံနိုင်ပါစေ......
🎂🎂🎂

🎂🎂🎂
ကြုံတွေ့နေရသော အခက်အခဲ
ရန်စွယ်ဘေးအပေါင်းမှလည်း
အမြန်ဆုံးပြန​်လည်လွတ်မြောက်နိုင်ပါစေ.......🎂🎂🎂


Pic..crd

"ကွန်ဂိုမှာ ကွန်ဒုံး 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆင်းခြင်း"ကျွန်တော်တို့ရဲ့ Customers များအတွက်၊ ပစ္စည်းတစ်ခု၊ အမှတ်တံဆိပ်တစ်ခုကို စျေးကွက...
18/06/2021

"ကွန်ဂိုမှာ ကွန်ဒုံး 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆင်းခြင်း"

ကျွန်တော်တို့ရဲ့ Customers များအတွက်၊ ပစ္စည်းတစ်ခု၊ အမှတ်တံဆိပ်တစ်ခုကို စျေးကွက်အတွင်းထိုးဖေါက်ဘို့ ဘယ်အချက်တွေက အရေးကြီးတယ်လို့ ထင်ကြပါသလည်း!

(၁) ပစ္စည်းအမျိုးအစား အမှတ်တံဆိပ် (၂) စျေးကွက်ရှိခြင်း (၃) Target Consumers ရဲ့ အမူအကျင့် အတွေးအခေါ်ကိုနားလည်ခြင်း (၄) Taget Consumers ရဲ့ အမူအကျင့်အပေါ် လွှမ်းမိုးနိုင်မယ့် Message ပေးနိုင်ခြင်း... စတဲ့ အချက် လေးချက်ထဲမှ စဉ်းစားကြည့်ရမှာဖြစ်ပါတယ်။
Sales Distribution, Sales Channels, များကို တန်းတူ လုပ်ကိုင်နိုင်သည်ဟု ယူဆကာ Marketing ဘက်မှသာ အဓိကထားစဉ်းစားသွားမှာဖြစ်ပါတယ်။

အဲ့ဒီ့အတွက်.....
၂၀၁၀ ခုနှစ်အတွင်း Reformed Marketer တစ်ယောက်ဖြစ်တဲ့ "Amy Lockwood" ရဲ့ ၊ အတွေ့အကြုံတစ်ခုဖြစ်တဲ့ အာဖရိကတိုက် ကွန်ဂိုသမ္မတ နိုင်ငံအတွင်း "ကွန်ဒုံး" Marketing လုပ်ဆောင်ပုံနှင့် ယှဉ်ထိုး ပြောပြပါရစေ။

ကွန်ဂိုသမ္မတ နိုင်ငံမှာ၊ လိင်အလုပ်သမားအမျိုးသမီးများနှင့်၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုနှုန်းများ၍၊ HIV ရောဂါ ကူးစက်မှု နှုန်းထားဟာလည်း မြင့်တက်နေခဲ့ပါတယ်။ ကမ္ဘာ့ အဖွဲ့အစည်းများမှ စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်ရှိနေ၍၊ Donors များ၏ အကူအညီနှင့် "ကွန်ဒုံး" များကို စျေးသက်သာစွာဖြင့်သော် လည်ကောင်း၊ အခမဲ့ ဝေငှ၍ လည်းကောင်း ပညာပေး သုံးဆွဲစေ၍ HIV ပြန့်ပွားနှုန်းကို ထိန်းချုပ်နိုင်ရန်ဖြစ်ပါတယ်။
ဒါကို အထက်ဖေါ်ပြပါ အမှတ် (၁), (၂) တို့နှင့် နှိုင်းယှဉ်ကြည့်လျှင်၊ စျေးကွက်အတွက်လိုအပ်နေတဲ့ ပစ္စည်းအမျိုးအစားလည်းဖြစ်တယ်၊ Donors များရဲ့ အကူအညီနဲ့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းလည်း ဖြစ်စေခဲ့ပါတယ်။

အသုံးပြုမည့် လိင်လုပ်သားအမျိုးသမီးများ၊ အိမ်ထောင်ရှင်အမျိုးသားများ၊ လူငယ်လူရွယ်များကို "ကွန်ဒုံး" အသုံးပြုကာ HIV ပြန့်ပွားမှုထိန်းချုပ်ရန်၊ ပညာပေးအနေဖြင့်၊ "ကွန်ဒုံး" ဗူးများအပေါ်တွင်
- HIV ပညာပေး အမှတ်တံဆိပ် ဖြစ်သည့် "အနီရောင် Ribbon",
- အိမ်ထောင်ဘက် စုံတွဲပုံများဖြင့် မိမိ အိမ်ထောင်ဘက်အတွက် ကာကွယ်ပေးရန် သတိပေးပုံ၊
- Donors များမှ လှုဒန်းကြောင်း အသိပေးစာတန်းဖြင့် စျေးမကြီးကြောင်း Message ရစေခြင်း၊
စသည်တို့ကို ဗူးများပေါ်တွင် ရိုက်စေခဲ့ပါတယ်။

ဒါပေမယ့်... ကွန်ဂိုကတော့ "ကွန်ဒုံး" အသုံးပြုနှုန်းတက်မလာခဲ့ပါဘူး။

Reformed Marketer တစ်ယောက်အနေနှင့် Amy Lockwood ခေါင်းစားရပြီ။ အသုံးလိုတဲ့ Market ရှိတယ်၊ Brand ကောင်းတယ်၊ စျေး သက်သာတယ်... ဒါပေမယ့်... Market ကို မဖေါက်နိုင်ဘူး။

ဘာဖြစ်လို့လည်း! အဓိက Local Consumers' Insights ကို နားမလည်ခဲ့လို့ဘဲ။ သူတို့နဲ့ ကိုက်ညီတဲ့ Message မပေးနိုင်ခဲ့လိုဘဲ။
"ကွန်ဒုံး" အသုံးပြုရမယ့်အခြေအနေမှာ Consumers တွေက HIV တို့ မိသားစုတို့ စဉ်းစားနေကျင့်မရှိတာကို Amy နားလည်ခဲ့တယ်။ "ကွန်ဒုံး" ရောင်းတဲ့ Local Private ကုမ္ပဏီတွေက၊ သူတို့ Consumers ရဲ့ Insight ကို ကောင်းကောင်း နားလည်တဲ့အတွက်၊ ၎င်းတို့ရဲ့ "ကွန်ဒုံး" ဗူးများပေါ်မှာ
- ကျွဲရိုင်းပုံနှင့် aspiration ဖြစ်ပြီး ဝယ်သုံးစေခြင်း
- လိင် လုပ်သားအမျိုးသမီးငယ် ပုံလှလှ လေးများကိုပြ၍ "ကွန်ဒုံး" ဝယ်ယူအသုံးပြုစေခြင်း
စသည်တို့ကို သတိထားမိခဲ့ပါတယ်။

Donors Agencies များက Marketing ရဲ့ Key Aspects ဖြစ်တဲ့ "Consumers" ရဲ့ အမူအကျင့်၊ တွေးခေါ်ပုံကို Local Companies များလောက် နားမလည်ခဲ့တာကိုသတိပြုမိခဲ့ပါတယ်။

ဒါကြောင့် ဒီ Post ရဲ့ အစပိုင်း အချက် (၄) ချက်ကိုပြန်ကောက်ရလျှင်၊
ရောင်းမယ့်ပစ္စည်းအမျိုးအစား၊ အမှတ်တံဆိပ်၊ စျေးကွက် က အတိုင်းအတာတစ်ခုအထိအရေးပါနေသော်လည်း ....
“အဲ့ဒီ့ပစ္စည်းတွေကို အသုံးပြုမယ့် Consumers တွေရဲ့ Insight ကို ရင်ဘတ်ချင်းတူ နားလည်နိုင်ဘို့၊ သူတို့နဲ့ကိုက်ညီမယ့် "Message" ပေးပြီး ဖန်တီးနိုင်ဘို့"... စတာတွေက Marketing အတွက်ပိုမို အရေးပါနေတယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။
-------------------

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ယှဉ်ထိုးဖေါ်ပြရလျှင်၊
Product, Brand တစ်ခုချင်းစီရဲ့၊ ချထားလိုတဲ့ Positioning ပေါ်မူတည်ပြီး၊ Marketing လုပ်တဲ့ အခါတိုင်းမှာ၊
- campaign တစ်ခုလုံးအတွက် Theme,
- Content တစ်ခုချင်းစီရဲ့ Tone,
- Visual တစ်ခုချင်းစီရဲ့ Prominent Color Tone ရွေးချယ်ပုံ
- Logo အရောင် နှင့် Design ကအစ အသေးစိတ် စဉ်းစားပြုလုပ်လေ့ရှိပါတယ်။

ဥပမာ အနေဖြင့် ကျွန်တော်တို့ကိုင်တွယ်နေတဲ့ "Organic Farm" တစ်ခုကို မိသားစု အပန်းဖြေစရာ၊ ဓါတ်ပုံရိုက်စရာ ရှုခင်းကောင်းကောင်း၊ ဝန်ဆောင်မှုကောင်းကောင်း Theme နှင့် Tone ကို အမြဲအခြေခံထားပါတယ်။

"Computer Brand" အသစ်တစ်ခုအတွက်ဆိုလျှင်လည်း၊ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်၊ Trending ဖြစ်တဲ့ Design ပုံစံ၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Best in Class, Theme နှင့် Tone ကို ယူပြီး Positioning လုပ်ထားပါတယ်။

"Local Coffee" brand တစ်ခုကိုတော့၊ Local Strength ကိုအားယူပြီး၊ Visual Photo, Video တို့ကို မြင်တာနှင့် ကော်ဖီနံ့လေးမွှေးလာစေနိုင်သည့်အထိပြုလုပ်ထားပါတယ်။

အချုပ်အနေဖြင့်ဆိုရလျှင် Digital Marketing သည်၊ Content တစ်ခု ဖန်တီးနိုင်ရုံ၊ စာရေးတတ်ရုံ၊ ပုံလုပ်တတ်ရုံနှင့် အလွယ်တကူပြုလုပ်နိုင်သော်လည်း...
Marketing Sense အပြည့်အဝဖြင့်၊ Strategy ကျကျ လုပ်ဆောင်မည် ဆိုပါက "Back to back topics", Positioning ဂိုက်လိုင်းအခြေခံမှ မလွဲစေသည့် Theme, Tone, Visual, Target Audience ကို Pin Point ရွေးချယ်ခြင်းက အစ စနစ်တကျလုပ်ဆောင်၍၊ Local Consumers' Insight ကို နားလည်နိုင်မှသာ၊ ပိုမိုထိရောက်သော Digital Marketing ကို လုပ်ဆောင်နိုင်ကြောင်း ဖေါ်ပြလိုက်ရပါတယ်။



25/02/2021

Address

Yangon
11182

Telephone

+959768203324

Website

Alerts

Be the first to know and let us send you an email when Content Fist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Content Fist:

Share

Welcome to Content Fist

မင်္ဂလာပါဗျာ....

ယနေ့မြန်မာနိုင်ငံရဲ့ Active Facebook သုံးစွဲသူပေါင်းဟာ ၂၅.၅သန်းခန့် ရှိလာပြီဖြစ်ပါတယ်။ လူတွေအာရုံစိုက်ခံလာရတဲ့ Social Media တွေဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက်တစ်ခုဖြစ်လာခဲ့ပါပြီ။

စီးပွားရေးလုပ်ငန်းတွေကို Social Media (facebook) ပေါ်မှာ အချိန်တိုတိုနဲ့ ထိုးဖောက်နိုင်ဖို့ ကိုယ်ပိုင် Page တွေက မရှိမဖြစ် အရေးပါလာပါတယ်။ စီးပွားရေးလုပ်ငန်းတိုင်းအတွက် လှပသပ်ရပ်တဲ့ Brand ကို ထိထိမိမိပုံဖော်နိုင်တဲ့ Content & Design တွေက အသက်သွေးကြောတစ်ခုပါ။

Content တွေကို နေရာတိုင်းမှာ မရှိမဖြစ်သုံးစွဲနေကြပါတယ်။ Outdoor ads တွေမှာ၊ လမ်းမတွေပေါ်မှာ၊ ဘတ်စ်ကား၊ အခမ်းအနားပွဲတွေနဲ့ Online, Offline စတဲ့နယ်ပယ်စုံမှာ သုံးနေကြတာကို မြင်တွေ့ရမှာပါ။