Yarwana

Yarwana ဗဟုသုတ ရသ စာပေများကို နေ့စဉ် တင်ဆက်ပေးနိုင်ရန် ကြိုးစားလျှက်

မူစကူဒူး ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
26/12/2023

မူစကူဒူး ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဟုတ်တယ်.. အိပ်ရေးပျက်တာ မခံစားနိုင်ဘူး...
26/10/2022

ဟုတ်တယ်.. အိပ်ရေးပျက်တာ မခံစားနိုင်ဘူး...

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၂)==============================(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ  ၂၂ ရက်နေ့ မြန်မာစံတော်ချိန်...
22/10/2022

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၂)
==============================
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=====================================================
(က) မုန်တိုင်းငယ်အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ် ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun) ၏ အနောက်တောင်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယား မြို့(Port Blair)၏ အနောက်မြောက်ဘက် ရေမိုင် (၁၄၀)မိုင်ခန့်၊ ဆာဂါကျွန်း (Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၅၂၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘရာဆောမြို့(Barisal)၏ တောင်ဘက် ရေမိုင် (၅၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၃.၁၀.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ (၂၄.၁၀.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်ပြီး၊ (၂၅.၁၀.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၆.၁၀.၂၀၂၂)ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြားနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

(င) အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မန္တလေးမြို့သည်ကန်ကိုးကန် ၊ ကုန်းကိုးကုန်း ၊ တောင်ကိုးလုံး ၀န်းရံထားသည်ဟု ဆိုပါသည်။ကန်ကိုးကန်မှာ ၁ ကြာနီကန် ၊ ၂ နန္ဒာကန်...
18/10/2022

မန္တလေးမြို့သည်
ကန်ကိုးကန် ၊ ကုန်းကိုးကုန်း ၊ တောင်ကိုးလုံး ၀န်းရံထားသည်ဟု ဆိုပါသည်။
ကန်ကိုးကန်မှာ ၁ ကြာနီကန် ၊ ၂ နန္ဒာကန် ၊ ၃ အောင်ပင်လယ်ကန် ၊ ၄ ဇောင်းကလောကန် ၊ ၅ မင်းကန် ၊
၆ သရက်ကန် ၊ ၇ မဲနယ်ကန် ၊ ၈ ခတက်ကန် ၊
၉ ဆင်ဖြူကန်တို့ဖြစ်သည်။
ကုန်းကိုးကုန်းမှာ ၁ သစ်ချိုကုန်း ၊ ၂ ကျီတော်ကုန်း ၊
၃ သဇင်ကုန်း ၊ ၄ သမန်းကုန်း ၊ ၅ ဥသျှစ်ကုန်း ၊
၆ ဝါခင်းကုန်း ၊ ၇ ကုလားပျိုကုန်း ၊ ၈ ပုဏ္ဏားကုန်း ၊
၉ ဗောဓိကုန်းတို့ဖြစ်သည်။
တောင်ကိုးလုံးမှာ ၁ ဆားခါးတောင် ၊ ၂ ငါးမင်းတောင် ၊
၃ ဂန္ဓမာတောင် ၊ ၄ ရွှေလောင်းတောင် ၊ ၅ သခင်မတောင် ၊ ၆ ကုလားမတောင် ၊ ၇ ရန်ကင်းတောင် ၊ ၈ ကြက်ညီနောင်တောင် ၊ ၉ မန္တလေးတောင် ဟု တံတိုင်းသဏ္ဌာန်
တောင်ကိုးလုံး ကာရံစေကာ မြို့နန်းပန္နက်တော်
ရိုက်ယူခဲ့သည်ဟု ဆိုပါသည်။
မိတ်ဆွေများ ဗဟုသုတပွါးစေရန် မျှဝေပါသည်။

Credit: ကြာနီကန်ဆရာတော် ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ
ဦးကျော်ညွန့် (မြန်မာ့အလင်းအယ်ဒီတာ)

17/10/2022

#ဘုရားဂုဏ်တော်၉ပါး (အနက်)
🙏🙏🙏🙏🙏🙏🙏🙏🙏

ဣတိပိ သော ဘဂဝါ
အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော
သုဂေတာ
လောကဝိဒူ
အနုတ္တရောပုရိသဒမ္မသာရထိ
သတ်ထာဒဝေမနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ ။
🙏🙏🙏

"ဣတိပိ သော ဘဂဝါ" ၌ ဣတိပိ သည် မိမိ၏ ဉာဏ်ထဲမှာ ထင်လာသောအကြောင်းအရာ တစ်ခုခုကို ညွှန်ပြသော ပါဠိ၊ "သော ဘဂဝါ "ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း။ ထို့ကြောင့် ထိုပါဠိ ၂ ရပ်ကို ဂုဏ်တော် ၉ ပါးလုံးနှင့်တွဲစပ်ပါ။

၁။ #အရဟံ - ပူဇော် အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရား ။
ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ။
ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ။
🙏🙏🙏
၂။ #သမ္မာသမ္ဗုဒ္ဓေါ - သိမြင်စရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင် ဥာဏ် ဖြင့် မချွင်းမချန် သိမြင်တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၃။ #ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာတရား ( ၃) ပါး၊ ဝိဇ္ဇာ တရား (၈)ပါး၊ အကျင့်သီလ (၁၅) ပါး တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၎။ #သုဂတော - ကောင်းသောစကား (မှန်ကန်၍ အကျိုးရှိသော စကား)ကိုသာ ပြောဆို တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၅။ #လောကဝိဒူ - လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား
(သတ္တလောက ၊ ဩကာသ လောက၊ သင်္ခါရ လောက) ။
၊၊🙏🙏🙏
၆။ #အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော သတ္တဝါ တို့ကို အတုမရှိ ဆုံးမတတ်တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၇။ #သတ္ထာဒေဝမနုဿာနံ - နတ် လူ တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၈။ #ဗုဒ္ဓ - သစ္စာလေးပါးကို
ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား ။
🙏🙏🙏
၉။ #ဘဂဝါ - ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
( ဣဿရိယ ဘုန်းတော် ၊ ဓမ္မ ဘုန်းတော် ၊ ယသ ဘုန်းတော် ၊ သီရိ ဘုန်းတော် ၊ ကာမ ဘုန်းတော် ၊ပယတ္ထ ဘုန်းတော်)

တာချီလိတ်တွင် ပုံပါ ကော်ဖီမစ်ထုပ်အား သောက်မိပြီး လူ ၅ ဦး မူးလဲမှုဖြစ်ပွား17 October 2022 (09:48 AM) ၂၀၂၂ ခုနှစ်၊ အောက်တိ...
17/10/2022

တာချီလိတ်တွင် ပုံပါ ကော်ဖီမစ်ထုပ်အား သောက်မိပြီး လူ ၅ ဦး မူးလဲမှုဖြစ်ပွား
17 October 2022 (09:48 AM)
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ ယနေ့ နံနက်ပိုင်း (7:27) မိနစ်တွင် တာချီလိတ်မြို့နေ၊ ကျောက်တောင်ရပ်၊ နတ်မောက်ရွှေသဌေးကုန်းကျောင်းတိုက်တွင် (ပုံ) ပါ ကော်ဖီ ထုပ်များအား သောက်ပြီးနောက် ခဏအကြာတွင် (၅) ဦး ရုတ်တရက်မူးလဲသတိမေ့ပါသွားခဲ့ကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်းကတဆင့် သိရပါသည်။
ကျောင်းထိုင် ဆရာတော် ဥူးကေလာသ သက်တော် (54) နှစ်၊ ဦးပြုံးမောင် အသက် (53) နှစ်၊ ကိုနှင်းသန့်အောင် အသက် (32) နှစ်၊ ကိုရဲကိုမျိုး (19) နှစ်၊ ကိုထိန်လင်းဦး အသက် (27) နှစ်တို့ (၅) ဦးအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရသည်ဟု သိရပါသည်။
“အခြေအနေတော့ ကောင်းမလာကြသေးဘူး၊ ဖြစ်နိုင်တာက သူများတွေ (ဒကာဒကာမတွေ) လာလှူတဲ့ပစ္စည်းတွေ ဖြစ်လိမ့်မယ်ထင်တယ်” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းက တာဝန်ခံတဦးက ပြောပါသည်။
ယခုထိ ကျောင်းထိုင်ဆရာတော် ဥူးကေလာသ သက်တော် (၅၄) နှစ်နှင့် ကိုနှင်းသန့်အောင် အသက် (၃၂) နှစ်တို့သည် အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း ပြောပါသည်။ ဘုန်းကြီးကျောင်းဝန်းထဲမှ ဆောက်လုပ်ရေးလုပ်သား ၁ ဦးက ၁-၂ ငုံသာ သောက်လိုက်ရပြီး ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။
Via_HsanLi Voice

" ဂျူး "  နှင့်  " အကြည်တော်" ထိပ်တိုက် တွေ့ကြလေသော်....👨‍💼    #အကြည်တော် -ရင့်ကျက် တည်ငြိမ်တဲ့ အရွယ်ရှိတဲ့ မိန်းကလေး တစ...
16/10/2022

" ဂျူး " နှင့် " အကြည်တော်"
ထိပ်တိုက် တွေ့ကြလေသော်....
👨‍💼 #အကြည်တော် -
ရင့်ကျက် တည်ငြိမ်တဲ့ အရွယ်ရှိတဲ့
မိန်းကလေး တစ်ယောက်ရဲ့ အလှကို
မြင်လိုက် ရတာဟာ
🏜️ ညနေခင်း ဆည်းဆာ အလှကို
မြင်လိုက်ရသလိုပဲ။
ဘယ်လိုမှ ကြည့်မဝနိုင်ဘူး❗။
သိပ်အေးချမ်းပြီး ကျက်သရေ ရှိတာ။
လူတိုင်း တသသ နဲ့
တစိမ့်စိမ့် ကြည့်နေချင် ကြတယ်။
ဒါပေမယ့် •••
နှမျှောစရာ ကောင်းတာ က•••
မကြာခင် နေဝင်တော့မှာလေ...။။
😁😁
➖➖➖➖➖➖➖
🙍‍♀️ #ဂျူး -
ဒီမှာ... ဒီမှာ...
ကျွန်မ အမေ ပြောဖူးတာ ရှိတယ်။
သမီးတဲ့...
အမှား သေးသေးလေးတွေကို
မှားခွင့် ရှိပါတယ်••• တဲ့။
အချိန်တန်ရင် သမီး သိပြီး
ပြင်လာမှာ တဲ့။
တစ်ခုတော့ ရှိတယ် •••။
အဲဒီ အမှားက ပြင်မရတဲ့
အမှားဖြစ်သွားမှာကို
မေမေ စိတ်ပူတယ်••• တဲ့။
ဒါ့ကြောင့် •••
ကျွန်မက
အိမ်ထောင်ပြုဖို့ ဆိုရင်
No နိုး ပဲ။ 😔
➖➖➖➖➖➖➖
👨‍💼 #အကြည်တော် -
အဟား... ရှိတ် လိုက်စမ်းပါဗျာ။
ကျုပ်ကလဲ
အိမ်ထောင်ပြုချင်တဲ့ ကောင်
မဟုတ်ဘူး ❗ဗျ ။
အသက် ကြီးလာလို့
ခင်ဗျား စဉ်းစားကြည့်စမ်း❗။
ကျုပ် အဖိုးကြီး ဖြစ်လာမှာကို
စိတ်မပျက်ဘူး❗။
အေး...
အဘွားကြီး ယောင်္ကျား
ဖြစ်လာမှာ ကိုတော့ စိတ်အပျက်ဆုံးပဲ။
ဟား ဟား 😁😁😁
➖➖➖➖➖➖➖
🙍‍♀️ #ဂျူး -
အချစ် ဆိုတာ•••
ယောက်ျား အတ္တကို စိတ်ကျေနပ်
ရောင့်ရဲမှု ပေးနိုင်စရာ
အခိုက်အတန့် ကြားခံနယ် တစ်ခု
ဖြစ်ပေမယ့် •••
မိန်းမတစ်ယောက် အတွက် တော့
ခြေစုံ ပစ် ဝင်လိုက်ရတဲ့
နယ်ပယ်သစ် တစ်ခုသာ ဖြစ်တယ်ရှင့်။
ဒီလိုပါပဲ•••ရှင်။
ဆင်ခြေတွေပါ။
ယောက်ျားတွေက
ထက်မြတ်တဲ့ မိန်းမတွေကို
ချစ်နိုင် ပေမယ့်
ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်ဖို့
ဝန်လေး တတ်ကြတယ် ရှင့်။
အဟင်း... ဟင်း...
သိတယ် မဟုတ်လား❓။
➖➖➖➖➖➖
👨‍💼 #အကြည်တော် -
ဟားးးး.... အင်မတန် ရုပ်ချောပြီး...
အင်မတန် ဉာဏ်ကောင်းပြီး...
အင်မတန်မှလည်း ခေတ် အမြင် ရှိပြီး...
အင်မတန်မှ လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းကလေးတွေဟာ...
တကယ်တော့ •••
အင်မတန် မှ သနားစရာ ကောင်းတယ်။
ဘာလို့လဲ ဆိုတော့ •••
သူတို့ အတွက် ယောင်္ကျား
ဒီ ကမ္ဘာပေါ်မှာ မရှိဘူး လေ...။
ဒီမှာ...
ခင်ဗျား ကလေး အဖေ
ကလေး အမေ အခေါ် ခံရဖို့
တစ်နှစ် က နေ သုံးနှစ် ကြိုးစားရင်
ဖြစ်တယ်။
အေး... ဒါပေမယ့်
လူပျိုကြီး အပျိုကြီး အခေါ် ခံရဖို့အတွက်တော့ •••
နှစ် သုံးဆယ်ကျော် ကြိုးစားရတယ်ဗျ...
နားလည်လား❗။ 😉
➖➖➖➖➖➖
🙍‍♀️ #ဂျူး -
ရှင်တို့ ထက်
ကျွန်မတို့ မိန်းမတွေ သာတာ ရှိတယ်။
ရှင်တို့က အတွေ့ချစ် မှ ချစ်တတ် တယ်။
ကျွန်မတို့ မိန်းမတွေက
အငွေ့ချစ်နဲ့လည်း စွဲစွဲမြဲမြဲ ချစ်နိုင်တယ်။
➖➖➖➖➖➖
👨‍💼 #အကြည်တော် -
အတွေ့ ချစ်ကြောင့်
ကျုပ်တို့ ထောင်ကျ နေရတာကို
ထည့်ပြောလေ။
လူမိတဲ့ အခါ•••
ခိုးလာတဲ့ အပ်တစ်ချောင်း ဆိုရင်လဲ
ပြန်ပေးရတယ်။
ခိုးလာတဲ့ ငွေ ဆိုရင်လဲ ပြန်အပ် ရတယ်။
ခိုးလာတဲ့ မိန်းမကိုတော့ ပြန်ပေးရင် အမှုကြီးဖို့ပဲ ရှိတယ်။
အပ်တစ်ချောင်း ခိုးမှုက
ရက်တို အချုပ်လောက်ပဲ ကျပေမယ့်
ငွေခိုးမှုကျတော့ လ က နေ နှစ် အထိ ထောင်ကျတတ် တယ်။
မိန်းမ ခိုးမှု ကျတော့••• သွားရော ❗
အိမ်ထောင်ကျတော့
တစ်သက် တစ်ကျွန်း လွတ်ရက် မရှိ
ကျတာဗျား
😮😮
💓မေတ္တာဖြင့်ပြန်လည် မျှဝေပါသည်။
to HTET OO HLAING.

"ဒါပါပဲလေ"ရေဆာနေတဲ့သူဟာရေရှိရာကို သွားနိုင်တယ် သည်ပုံက ဘာကိုပြောပြသလဲ ? သူပေးချင်တာက ရေဟာ water လို့သာသိသူက H2Oဆိုတာဆီကိ...
13/10/2022

"ဒါပါပဲလေ"
ရေဆာနေတဲ့သူဟာရေရှိရာကို သွားနိုင်တယ်
သည်ပုံက ဘာကိုပြောပြသလဲ ?
သူပေးချင်တာက
ရေဟာ water လို့သာသိသူက
H2Oဆိုတာဆီကိုရောက်ဖို့ရာနီးပေမဲ့
H2O ဆိုတာလည်းရေပဲလို့ သူမသိရှာတော့
Water ဖက်ကိုသာ ဝေးပေမဲ့ သွားဖို့ရွေးချယ်လိုက်တယ်
သူသာ H2O ဆိုတာလည်းရေပါဘဲ လို့သိရင်
နီးတဲ့ဖက်ရွေးနိုင်မယ်ပေါ့
အသိပညာလိမ္မာကြွယ်ဝခြင်းဟာ စွမ်းအားတမျိုးလို့ပြောချင်တာပါ
သည်နေရာမှာ ဗာဟုသိပ္ပဥ္စ နဲ့
သုဘာသိတာစယာဝါစာ ကိုထင်ဟပ်လို့ရသပေါ့
သို့သော်
ပေးချင်တဲ့ Message ကို
​ကန့်လန့်တိုက်လိုသူကတော့ H2O ဟာရေဖြစ်ပေမယ့် သဘာဝ Mineral ဓါတ်တွေ မပါဘူး
ဒါ့ကြောင့် သူမရွေးခဲ့တာဖြစ်မယ် သည်လူတော်သဗျာ့ လို့ချီးမွမ်းပြန်တယ်
သဒ္ဓါအားဖြင့်
credit to Pi Lon

11/10/2022

မေမေက ပြောဖူးတယ်...
သားရေ တစ်က ပြန်စကြတာပေါ့တဲ့...။

ကျွန်တော်တို့မှာ တစ်ကပြန်စတဲ့ဘဝတွေ
အကြိမ်အရေအတွက် မနည်းတော့ပါဘူး...။

ငယ်ငယ်က
မုန့်မျိုးစုံလုပ်ငန်းလေး ပျက်သုဉ်းသွားတော့
မေမေက တစ်က ပြန်စကြတာပေါ့တဲ့... .။

လေမှုတ်အရုပ်တွေ ကျွန်တော်ရောင်းခဲ့ဖူးတဲ့
အချိန်တွေလဲ တစ်က ပြန်စနေတာပါဘဲ...။

ဒီလိုနဲ့ ...
ထီတွန်းလှည်းလေး သားအဖနှစ်ယောက်
တစ်ယောက်တစ်စီး တွန်းခဲ့တဲ့အချိန်တွေလဲ
ကျွန်တော်ထင်ပါတယ် တစ်ကပြန်စတဲ့အချိန်ပါဘဲ။

အတောင်လေး နည်းနည်းစုံတော့
အနုပညာလောကထဲ ၁၆နှစ်သားအရွယ်
တစ်ကပြန်စပြီး ဝင်ဖို့ကြိုးစားနေချိန်
နယ်မှာ ကျန်ခဲ့တဲ့ မိဘနှစ်ပါးကလဲ
တစ်ကပြန်စဖို့ အရှိန်ယူနေကြပါပြီ။

ကျွန်တော့်အသက် (၂၂) နှစ်လောက်မှာ
ဖေဖေနဲ့မေမေဟာ ပွဲဈေးလောကထဲ
တစ်ကပြန်စပြီး အရှိန်ရလာခဲ့တာပေါ့။

အရှိန်လေးကောင်းလာလို့ ဝမ်းသာနေချိန်
ရောဂါတွေ မြန်မာပြည်ကို စဝင်လာပြီဆိုတော့
ကျွန်တော့်ရဲ့ အနုပညာအလုပ်တွေ
မိဘတွေရဲ့ ပွဲဈေးလောကဟာ
Auto ရပ်သွားပါတော့တယ်။

အခုတော့ .....
ဖေဖေနဲ့မေမေလဲ တစ်ကပြန်စပြီး
ကုန်စုံဆိုင်လေးဖွင့်ထားတယ် ၊
ကျွန်တော်လဲ တစ်ကပြန်စပြီး
ပုရစ်ကြော်ရောင်းနေတယ်...။

သေချာတာတော့ ဖေဖေနဲ့မေမေက
တစ်ကပြန်စရမှာ မကြောက်ပါဘူး
သုညဘဝ ရောက်သွားမှာဘဲကြောက်တာ။

အလုပ်မရှိဘူး ထိုင် ငြီး နေကြမယ့်အစား
အလုပ်မရှိရှိတာ ရှာဖွေရင်း
တစ်က ပြန်စကြမယ်နော်...။💖

(2.10.2021) အမှတ်တရရေးစာ…

ိုးစက်

လူတစ်ယောက်ပြောဖူးတယ်တစ်ခါတလေ ဘာမှမသိတာက ပိုကောင်းတယ်တဲ့။သိလိုက်ရရင် စိတ်မချမ်းမြေ့စရာတွေက ပိုများနေလို့ အခုနောက်ပိုင်း ဘ...
05/10/2022

လူတစ်ယောက်ပြောဖူးတယ်
တစ်ခါတလေ ဘာမှမသိတာက ပိုကောင်းတယ်တဲ့။

သိလိုက်ရရင် စိတ်မချမ်းမြေ့စရာတွေက ပိုများနေလို့ အခုနောက်ပိုင်း ဘာဆိုဘာမှ မသိချင်တော့ဘူး။
သိချင်စိတ်ပေါ်လာရင်တောင် ရအောင် ဖြေဖျောက် ပစ်လိုက်တာမျိုး....

ငြိမ်းချမ်းမှု ဆိုတာကိုယ်ကိုယ်တိုင်ရှာဖွေမှ တွေ့တတ်တာမျိုးလေ။ ဘာမှမသိတာကလည်း ငြိမ်းချမ်းခြင်း တစ်မျိုးပဲပေါ့။

အစစအရာရာ အကုန်သိနေရင် ခေါင်းလည်းလေးတယ်။ သိထားတဲ့အလျောက် ကိုယ့်ကိစ္စဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဝင်ပါရတယ်။ ဖြေရှင်းရတယ်။ အဲ့လိုမဟုတ်တဲ့အကြောင်း ကိုယ်က ဝင်ပြောရတယ်။

အရင်ကတော့ တစ်ခုခုဆို သိချင်စိတ်အရမ်းပြင်းပြပေမယ့် ခုနောက်ပိုင်းတော့ သိစေချင်လို့ လာပြောရင် တောင် မသိချင်ယောင်ဆောင်ရတဲ့ အခြေအနေဖြစ်သွားပြီ။

မသိချင်တော့ဘူး။ လူတွေရဲ့ အကြောင်း၊ အဖြစ်အပျက်တွေရဲ့ အကြောင်း၊ အတိတ်က အကြောင်း ဘာဆို ဘာတစ်ခုမှ မသိချင်တော့ဘူး။ သိပြီးသွားရင်လည်း ကိုယ်ပျော်ရမှာ မဟုတ်ဘူးဆိုတာ သိနေလို့။

ဘာမှမသိတာပဲ ကောင်းပါတယ်...
သိချင်လည်း မသိချင်နဲ့။
မသိချင်လည်း မသိချင်နဲ့။
မသိတာကိုက တကယ်အေးချမ်းတာမို့
မသိအောင်ပဲ ကြိုးစားနေပါ။

ဘာမှမသိရင် ဘာမှစိတ်မညစ်ရတော့ဘူး။

Oak

03/10/2022

အချိန်ခဏလောက် ပေးပြီး ဖတ်ရှုပေးပါ ။အရမ်းတန်ဖိုးရှိတဲ့ စာလေးပါ ။

" ဆရာကြီး ...သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်"

"ကျေးဇူးပါ..သာဓုပါကွယ်...
အိမ်မှာ အဖေနဲ့အမေ ရှိသေးလား..
သူတို့ကိုရော ကန်တော့ပြီးပြီလား"

"ဟုတ်..ကန်တော့မှာပါ"

"သမီးလခ ဘယ်လောက်ရသလဲ"

"၃သိန်း -၄ သိန်းရပါတယ်"

"မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ"

" လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို
သီတင်းကျွတ် ..
သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်.."

" လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့..
တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ"

" လေးသောင်း/ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်"

" တစ်နှစ်မှာ နှစ်ခါ သုံးခါ ထားပါတော့ တစ်နှစ်ကို
၁သိန်း/၂ သိန်းပေါ့...
တစ်ရက်မှာ သမီး ၄၀၀/ ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့။
အင်း ..လဘက်ရည်တစ်ခွက် ဘယ်လောက်လဲ"

" ၅၀၀ လောက်ဖြစ်နေပြီဆရာ"

"သမီး မိဘကို တစ်ရက်ကို လဘက်ရည်တစ်ခွက် ဘိုး
ကန်တော့သလိုဖြစ်နေတာပေါ့။
သမီးကို ဒီအရွယ်အထိ ထမင်းမကျွေးခဲ့တဲ့နေ့ရှိလား။

ကျောင်းလည်းထား..အဝတ်အစားလည်းဆင်.နေမကောင်းလဲဆေးကုပေး ..
ထမင်းလဲကျွေး မုန့်လဲကျွေး ဟုတ်တယ်နော် အနှစ်၂၀ ကျော်နေပြီ...

သမီး သူတို့ကို ဘယ်နှစ်နှစ်များ ပြန်လုပ်ကျွေး
ရသေးလို့လဲ...လဘက်ရည်တစ်ခွက်ဖိုးလောက်
ပြန်လုပ်ကျွေးရတာကို တော်တော် ပင်ပန်းနေပြီ
ဟုတ်လား...ခက်ခဲနေပြီ ဟုတ်လား"

" သမီးက ပေးတယ်..အမေတို့က မယူတာ..
မုန့်တွေစားချင်တာတွေတော့ ဝယ်ပေးပါသေးတယ်"

"စိတ်မဆိုးနဲ့နော်..သမီးမိဘက ဘောစိလား"

"မဟုတ်ပါဘူးဆရာရယ်..မရှိလို့ အခုလို တနယ်တကျေး
မိဝေးဖဝေး အလုပ်လုပ်နေရတာပေါ့..သမီးလဲ
တစ်လတစ်လ မလောက်ဘူး"

"တစ်လ ၃သိန်း/၄ သိန်းဆိုတာ
ဆရာတို့ အိမ်မက်တောင်
မ မက်ခဲ့ဘူးတဲ့လစာ။
ဒါကို မလောက်ရင် လောက်အောင် သုံးနိုင်အောင်
ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ ရမယ်လေ..

မိဘက မလိုလို့မယူတာမဟုတ်ဘူး..
မယူရက်လို့မယူတာ..
လိုချင်တာ ဝယ်ပေးတာထက်
သမီး ပေးတဲ့ ပိုက်ဆံလေး ကိုင်ချင်တာပေါ့။

ပြောမထွက်ရက်လို့သာ။
သူလိုချင်တာ သူစားချင်တာ
သူသောက်ချင်တဲ့ဆေး သူ့ပိုက်ဆံနဲ့သူဝယ်ချင်တာ...

အိမ်ကိုကြွတဲ့ ဆွမ်းခံကိုယ်တော်ကို
သူ့ကိုယ်ပိုင်ငွေနဲ့ ဝတ္ထု ကပ်လှုချင်တာ..

ဘုရားကိုသူ့ငွေနဲ့သူ လှုချင်တာ။
သူ့မြေးတွေကို သူကိုယ်ပိုင်ပိုက်ဆံနဲ့ မုန့်ဖိုးပေးချင်တာ။

အဲဒါကြောင့် သူ့လက်ထဲကို ငွေ ထည့်ပေးထားပါ။ သမီး ဘာတွေဖြည့်ဆည်းပေးပေး
ငွေလဲ ကန်တော့ပါ။ သမီး တစ်လ ဖုန်းဘီလ်
ဘယ်လောက်ကုန်လဲ"

"၃သောင်း-၄ သောင်း။

" အဲဒီငွေထဲက တစ်လ ၁၀၀၀၀ လောက်
ပိုအောင်စုကြည့်ပါ။
မိဘကို လစဉ်ပုံမှန်ကန်တော့ကြည့်ပါ။

တခါတည်း တစ်သိန်းကန်တော့တာထက်
တစ်လတစ်ခါ ၁၀၀၀၀-၂၀၀၀၀ ကန်တော့ရတာ ကန်တော့ရတဲ့ သမီးလဲ ပေါ့ပါးတယ်။ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးပေါ့။

လစဉ်မှန်မှန် ကန်တော့တဲ့အတွက်
မိဘလဲ သမီးကန်တော့မဲ့ငွေ
၆လ တစ်နှစ် စောင့်စရာ မလိုပဲ အဆင်ပြေပြေရတယ်။

သုံးချင်တာလေးတွေလဲ သုံးချင်တဲ့အချိန် သုံးရတော့ကျေနပ်တာပေါ့"

"ဆရာ ရှင်းပြတော့မှ အမေတို့ကို သနားလိုက်တာ။ဟုတ်တယ်နော်။

သမီးကန်တော့တာ လဘက်ရည်တစ်ခွက်ဖိုးလောက်ပဲ
ရှိတာပါလား"
ကလေးမလေး မျက်ရည်တွေ ဝိုင်းလာသည်။

" သမီး နေ့တိုင်း အပြင်မှာ ထမင်းစားရတယ်ဟုတ်လား။
အနည်းဆုံးတစ်နပ် ကို တစ်ထောင် ထားပါ။
တစ်နေ့ ၂၀၀၀-၃၀၀၀ ပဲ ။

သမီးမှာ ချစ်သူရှိရင်ဆိုင်ကောင်းကောင်းစားရတာနဲ့
လည်ပတ်ရတာနဲ့ သူ့မွေးနေ့ကိုယ့်မွေးနေ့
လက်ဆောင်တွေပေးရတာနဲ့ valentine day ဆိုရင် လက်ဆောင်ပေးရတာနဲ့ နေ့တိုင်းညတိုင်း ဖုန်းတွေပြောရတာနဲ့ ...

အားပါးပါး ကုန်လိုက်တဲ့ပိုက်ဆံတွေ...
အဲဒီအချိန်မှာ သမီး မိဘက သမီးပေးတဲ့ လဘက်ရည်တစ်ခွက်ကို
နှစ်ယောက်ဆို တစ်ယောက်တစ်ဝက်
သောက်နေရတာနော်..
မုန့်မပါဘူး။
ထမင်း ဟင်းမပါသေးဘူး ..ဆိုတာလေး မျက်စိထဲ
မြင်ယောင်ကြည့်လိုက်ပါ။

သမီး တစ်လ ၃/၄ သိန်း ကုန်တယ်ဆို တစ်ရက် တစ်သောင်း နှုန်းလောက် သုံးနေတဲ့အထဲမှာ မိဘအတွက် ၄၀၀/၅၀၀ ပဲ ပါနေသေးတယ် လဘက်ရည်တစ်ခွက်ဖိုးပဲ ရှိသေးတယ်ဆိုတာ မြင်တွေးကြည့်လိုက်ပါ"

ကလေးမလေး မျက်ရည်တွေ ကျလာသည်။

" သမီးမိဘက အဆင်မပြေလို့ဆိုပြီး သမီးကို
တစ်ရက်ကလေး အငတ်ထားခဲ့ဘူးသလား"

ကလေးမလေး အသံမထွက်တော့။ခေါင်းခါပြသည်။

" သမီး ..အခု မိဘကို အငတ်ထားသလို ဖြစ်နေပြီနော်။
မိဘ ဆိုတာ မသေခင်လုပ်ကျွေးရတာ။ သေပြီးမှတော့
ငိုပြမနေတော့နဲ့။

ဖေ့ဘွတ်မှာ “ I love my mom “ “ I love my Dad “ လောက်ကို ကျေးဇူးဆပ်တယ်ထင်မနေနဲ့။

သူတို့မစားနိုင်အိပ်ယာပေါ်က မထနိုင်တော့တဲ့
အချိန်မှလည်း ကျွေးမနေတော့နဲ့။

ဆရာ့ရဲ့ သီတင်းကျွတ် လက်ဆောင်ကတော့
" မိဘကို အမြန်ဆုံး လုပ်ကျွေးပါ" လို့ပဲ ပြောချင်ပါတယ် သမီးရေ"

ကလေးမလေး ငိုချတော့သည်။

" ကဲ...အခုလို ဆရာ့ကို ကန်တော့ရသော
အကျိုးအားကြောင့်
မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာ
တစ်ဦး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်"

•မိဘက လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ
လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ။

•အမြန်ဆုံးလုပ်ကျွေးပါ။
တတ်နိုင်သမျှ များများ လုပ်ကျွေးပေးကြပါ။
•မလုပ်ကျွေးရသေးတဲ့လူတွေလဲ မြန်မြန် လုပ်ကျွေးကြပါ။
•လုပ်ကျွေးနေတဲ့ လူတွေလဲ ယခုထက်ပိုပြီး များများလုပ်ကျွေးကြပါ။

"ကျွန်တော် / ကျွန်မ တို့ အများကြီး ကြိုးစားရပါဦးမည်"

သင်ဖတ်ပြီးလို့ လက်ခံတယ်ဆိုရင်အများသူငှါ အသိတိုးစေဖို့မေတ္တာဖြင့် ဖြန့်ဝေပါအုံးနော် ။
#ကပ္ပိယကြီး

Address

Yangon
11051

Alerts

Be the first to know and let us send you an email when Yarwana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yarwana:

Share