Thar Nge Sarpay

Thar Nge Sarpay သုတ/ရသ စာပေအမျိုးမျိုးကိုထုတ်ဝေဖြန?

07/10/2019

ဒီpageကမသုံး​တော့ပါဘူး။
သားငယ်​pageအသစ်​က ​အောက်​ကLinkပါ​။
https://www.facebook.com/tharngebooks/

သုတ၊ ရသ စာအုပ်အမျိုးမျိုးထုတ်ဝေဖြန့်ချိရေး

11/09/2017

တမင်အပြစ်ရှာနေသူကို ကျိုးကြောင်းတွေပြပြီး ပြောနေလည်းအချည်းနှီးပဲ။ ဘယ်လောက်ယထာဘူတကျတဲ့ သဘောတရားတွေကို ပြောနေလည်း အချည်းနှီးအလကားပဲ။
ဘယ်လောက်ကောင်းတဲ့ အကျိုးရှိတဲ့စကားကိုပဲဆိုနေနေ အချည်းနှီးပဲဖြစ်ပါလိမ့်မယ်။

ဒါကြောင့် အဲဒီလူမျိုးကိုရှောင်ဖို့၊ဖယ်ရှားဖို့အတွက် လုံ့လထုတ်တဲ့အမှုကိုပြုခြင်းသာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။
အဲဒီလူမျိုးလက်ကလွတ်ဖို့ နည်းလမ်းရှာပြီး လွတ်အောင်ကြိုးပမ်းခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
-နန္ဒာသိန်းဇံ၏ မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ စာအုပ်မှ

#သားငယ်စာပေ

10/09/2017

တစ်ဘက်ဘက်ကို ကပျာကယာ
ပြေးကပ်တတ်သူဟာ အမြဲတမ်းအမိုက်အမဲဖြစ်ပါတယ်။
ဘယ်ဘက်ကိုမှ ဘယ်အကြောင်းရင်းနဲ့မှ
ဇောက်ချ ပုံမအောပါနဲ့။

တစ်ဘက်ဘက်ကို ကပ်ရင် အစေခံဖြစ်မယ်။
သင့်ကိုယ်သင်သာ ကပ်ထားပါ။
သင့်ကိုယ်သင်လွတ်လပ်ခြင်းထိန်းသိမ်းထားခြင်းဖြင့် အခြားသူတွေရဲ့ဆရာဖြစ်လာပါမယ်။
- Robert Greene ၏ The Concise 48 Laws of Power စာအုပ်မှ

#သားငယ်စာပေ

09/09/2017

အောင်မြင်သူတွေဟာ မိမိတို့လုပ်ကိုင်သမျှကို နှစ်သက်သဘောကျတတ်ပါတယ်။
မိမိရွေးချယ်လိုက်မှုဟာ မက်မောဖွယ်ကောင်းဖို့မလိုပါ။
ထင်ထင်ရှားရှားဖြစ်နေဖို့မလိုပါ။

ဘဝမှာ မိမိဘာကိုလိုချင်သလဲ။
ဖော်ထုတ်ကြည့်ပါ။ ကြိုးးစားလုပ်ကြည့်ပါ။
ရည်မှန်းချက်အတိုင်းမဆုတ်မနစ် ရောက်အောင်အားထုတ်ပါ။
-Henry O.Dormann ၏ Letters from Leaders စာအုပ်မှ

#သားငယ်စာပေ

08/09/2017

ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တော်ကြောင်း ပြသလိုစိတ်မပေါ်မိပါစေနဲ့။

ကိုယ့်လိမ္မာပါးနပ်မှုရဲ့ ယန္တရားကို ဖုံးကွယ်ထားတာက ပိုပြီးလိမ္မာပါးနပ်ရာကျပါတယ်။
-Robert Greene ၏ The Concise 48 Laws of Power စာအုပ်မှ

#သားငယ်စာပေ

07/09/2017

ရဲတိုက်နံရံမှာတောင် ကြားအဟတွေရှိတတ်သလို
လူတိုင်းမှာ အားနည်းချက်တစ်ခုစီရှိတတ်ကြတယ်။
အဲဒီအားနည်းချက်က အများအားဖြင့် မလုံခြုံမှုတွေဖြစ်နေတတ်တယ်။
ထိန်းချုပ်မရတဲ့ ခံစားချက်၊ ဒါမှမဟုတ် လိုအပ်ချက်ဖြစ်နေတတ်တယ်။

လူတွေအားလုံးဟာ ကိုယ့်အားနည်းချက်ကိုယ် အသီးသီးဖုံးကွယ်ဖို့ ကြိုးစားနေကြတာပဲဖြစ်လို့
လူတွေရဲ့သိစိတ်အရပြုမူတဲ့ အပြုအမူတွေထဲကနေ အနည်းအကျဉ်းပဲ လေ့လာသင်ယူလို့ရနိုင်ပါတယ်။
သင် တကယ်သိလိုတာတွေကိုတော့ သိစိတ်ပြင်ပ တစ်နည်း
မသိစိတ်ဆိုင်ရာအပြုအမူတွေကနေပဲ လေ့လာသိရှိနိုင်ပါတယ်။
-Robert Greene၏ The Concise 48 Laws of Power စာအုပ်မှ

#သားငယ်စာပေ

06/09/2017

`ဒီခေတ်ကြီးမှာ ရိုးရိုးသားသားလုပ်နေရင် ထမင်းငတ်သွားမှာပေါ့' ဟုပြောတတ်သော လူမျိုးကို ဘယ်တော့မှ အထင်မကြီးပါလေနှင့်။

ကလိန်ကျတတ်သော စရိုက်ကို အဖတ်ဆယ်သော စကားဖြစ်သည်။ မိမိမဟုတ်တမ်းတရားလုပ်နေသည်ကို ကိုယ့်ဘာသာ လိပ်ပြာသန့်အောင် ပြောသည့်စကားဖြစ်သည်။

လူကောင်းသူကောင်းတို့မည်သည် မဟုတ်တာတစ်ခုကို လုပ်လိုက်မိလျှင် ကိုယ့်ဘာသာ လိပ်ပြာမသန့်နိုင်အောင် ဖြစ်တတ်သည်မှာ သဘာဝဖြစ်သည်။

မဟုတ်တမ်းတရား လုပ်နေသည်ကိုပင်လျှင် လိပ်ပြာသန့်နေသော သူမျိုးကို ဘယ်လိုလူမျိုးက ယုံကြည်စိတ်ချနိုင်ပါမည်နည်း။
- ဆရာအောင်သင်း၏ စာရိတ္တမာနစာအုပ်မှ

#သားငယ်စာပေ

05/09/2017

နေ့စဉ်တွေ့နေကျ ဘဝပြဿနာကလေးများကို
တန်ဖိုးရှိစွာ ကိုယ်တွယ်ဖြေရှင်းတတ်ပြီး
စိတ်သာယာမှုကို အရယူနိုင်ခြင်းမှာ
စိတ်ဓာတ်ရင့်ကျက်မှု၏
အမှတ်လက္ခဏာဖြစ်ပါသည်။

ဘဝကို နောက်ပြန်မကြည့်ဘဲ၊
ပစ္စုပ္ပန်တွင် ညည်းညူမနေဘဲ
အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင်
စီစဉ်နိုင်သည့် စိတ်ဓာတ်သည်သာလျှင် ရင့်ကျက်သည်မည်ပေသည်။
-ဒေါက်တာအုန်းကျော်၏ စိတ်ရောဂါကုဆရာဝန်တစ်ဦး၏စိတ်အပေါ်အမြင်စာအုပ်မှ

#သားငယ်စာပေ

04/09/2017

လူတွေဟာ မိမိကြိုတင် နိမိတ်ဖတ်ထားတဲ့အတိုင်း လိုက်လုပ်ကြတဲ့ လူတွေထက် မိမိကိုယ်ကို အထက်တန်းကျတယ်လို့ ခံစားတတ်ကြမြဲဖြစ်ပါတယ်။

ဒါကြောင့် သူတို့မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ကို တမင်လုပ်ပြခြင်းဖြင့် ဘယ်သူကထိန်းချုပ်ထားကြောင်း ပြသနိုင်ရင် သူတို့ရဲ့ လေးစားမှုလည်းရ၊ သူတို့ရဲ့ဂရုစိုက်မှုကိုလည်း ခိုင်မာအောင်
သင် စုစည်းပေးနိုင်မှာ ဖြစ်ပါတယ်။
-Robert Greene ၏ The Concise 48 Laws of Power စာအုပ်မှ

#သားငယ်စာပေ

01/09/2017

သိစရာတွေက သိပ်များပါ့။ ဘဝကတိုတောင်းပါဘိ။
ဘဝဟူသည် ဗဟုသုတကင်းမဲ့သော
ဘဝတော့မဟုတ်ပေ။

သို့ဖြစ်ရာ လူတကာဆီမှ ဗဟုသုတရအောင် ယူတတ်ခြင်းသည် ထူးချွန်ပြောင်မြောက်သော ကိရိယာဖြစ်သည်။
ဤသို့ဖြင့် အခြားသူများ၏ မျက်ခုံးမှ
ချွေးထွက်လာခြင်းဖြင့် သင်သည် ဥာဏ်ကြီးရှင်ဖြစ်ရခြင်း၏ နာမည်ကျော်ကြားမှုကိုအောင်နိုင်တော့သည်။
-Robert Greene ၏ The Concise 48 Laws of Power စာအုပ်မှ

31/08/2017

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ကျဆင်းနေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အထင်ကြီးလေးစားစရာကောင်းသလိုလို၊
ဂုဏ်သိက္ခာရှိသလိုလို၊ အသိအမှတ်ပြုခံရသလိုလို ခံစားနိုင်တဲ့ အခြေအနေမျိုးမှာ သူတို့ကိုယ်သူတို့ ထားလေ့ရှိတာထုံးစံပဲ။

အဲဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတော့ အတွင်းပိုင်းမှာကျတော့ ကိုယ့်ကိုယ်ကိုယ် မလုံခြုံဘူး၊ တန်ဖိုးမရှိဘူးလို့ နက်နက်ရှိုင်းရှိုင်း ခံစားနေကြရလို့ပါ။

သူတို့ဟာ သူတို့ကိုယ်သူတို့ တန်ဖိုးရှိတဲ့အရာတစ်ခုလို ခံစားနိုင်အောင် သူတို့နားကလူတွေရဲ့ တန်ဖိုးထားမှုကိုအမြဲလိုချင်ကြတယ်။

ဒါပေမဲ့ သူတို့အနားကပ်သွားရင် အတွင်းပိုင်းဒဏ်ရာတွေ၊ စစ်မှန်တဲ့အကြောက်တရားတွေနဲ့ စစ်မှန်တဲ့ဆူးတွေ တွေ့မြင်ရလိမ့်မယ်။
-David Fischman ၏ The Secret of the Seven Seeds စာအုပ်မှ

30/08/2017

စကားလုံးတို့မည်သည် ပြောထွက်သွားပြီဆိုလျှင် ပြန်ရုတ်သိမ်း၍မရ။ မထွက်ခင်က ထိန်းချုပ်တတ်ရမည်။

သရော်လှောင်ပြောင်ရာ မကျအောင် သေချာစွာ သတိထားရမည်။ တဒင်္ဂမျှ နာကျည်းမှု အာသာပြေရုံ ခါးသီးစကားများ ပြောထွက်သွားခြင်းက သင်ပေးဆပ်ရသည့်တန်ဖိုး သိပ်ကြီးလေးသွားတတ်ပါသည်။
-Robert Greene ၏ The Concise 48 Laws of Power စာအုပ်မှ

#သားငယ်စာပေ


Address

Yangon

Telephone

09443085326

Website

Alerts

Be the first to know and let us send you an email when Thar Nge Sarpay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category