True Learning Books - ထူးထူးစာပေ

True Learning Books - ထူးထူးစာပေ Educate Children Through Stories - အသိပညာများ စုဝေးရာ ကလေးတို့ရဲ့ ပုံပြင်ကမ္ဘာ For a person, literacy is a foundation skill required to acquire advanced skills.

ကျွန်မရဲ့အရိုးသားဆုံး ရည်မှန်းချက်က မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေတိုင်း ပညာရေး သင်ထောက်ကူစာအုပ်လေးတွေကို သင့်တင့်မျှတတဲ့ စျေးနှုန်းလေးနဲ့ လေ့လာဖတ်ရှုခွင့် ရစေချင်တာပါပဲ။
ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံတွင်းက ကလေးတွေတော်တော်များများ စာဖတ်အားနည်းလာကြတာတွေ့ရတာ ဝမ်းနည်းစရာပါပဲ။ စာပေဆိုတာ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးဖို့အတွက်သာမက ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းမှ တိုင်းပြည်တစ်ခုလုံးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီ

းပွားရေး အဘက်ဘက်ကို ထောင့်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေခံအုတ်မြစ်ပဲလေ။
စာအုပ်စာပေကပေးတဲ့ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးမှ မှုခင်းတွေကျဆင်းလာမယ်၊ ကျန်းမာရေးဗဟုသုတတွေ ပိုများလာမယ်၊ စီးပွားရေး အမြင်တွေ ကျယ်ပြန့်လာပြီး အလုပ်အကိုင်အခွင့်အရေးတွေ များပြားလာမှာပါ။ အဲ့ဒါမို့ ကလေးတွေကို စာဖတ်ပြဖို့ စောသေးတယ်ဆိုတာ မရှိပါဘူး။ သူတို့လေးတွေရဲ့ မိဘတွေနဲ့ အနီးကပ်အုပ်ထိန်းသူတိုင်း ကလေးတွေ မှတ်ဉာဏ်မှတ်သားနိုင်တဲ့ အစောဆုံးအရွယ်တည်းက စာဖတ်ပြသင့်ပါတယ်။
ဒါမှသာ သူတို့လေးတွေ တစ်ခွန်းမှပြန်မပြောတတ်သေးရင်တောင် ဦးနှောက်က စတင်မှတ်သားတတ်တဲ့ အလေ့အထလေးဖြစ်လာပြီး စကားလုံးတွေကြွယ်ဝလာမယ်။ ပြီးတော့ စာဖတ်ရတာ ပျော်စရာဆိုတာလည်း သိလာကြမှာပါ။
မြန်မာနိုင်ငံမှာလည်း စျေးနှုန်းသင့်တင့်တဲ့ နိုင်ငံခြားသင်ထောက်ကူစာအုပ်တွေ ရှိပေမယ့် မြန်မာဘာသာစကားနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေက ရှားပါးနေပါသေးတယ်။ ကလေးတွေ တကယ်လိုအပ်တာက ဘာသာစကားတွေ၊ ပညာတွေ သင်ယူနိုင်ရုံတင်မက သူတို့လေးတွေရဲ့ ပြုမူပုံတွေ တွေးခေါ်ပုံတွေကို ပြောင်းလဲစေမယ့် စာအုပ်တွေပါ။
True Learning က ထုတ်တဲ့ စာအုပ်တွေကတော့ ကလေးငယ်တိုင်း နိုင်ငံကြီးသား ပီသစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်အုပ်ချင်းစီကို အတွေးအခေါ်ကောင်းကောင်းနဲ့ သေချာရေးသားထားတာ တွေ့ရမှာပါ။ နိုင်ငံကြီးသားဆိုတာ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးအကြောင်း သိရှိနားလည်ပြီး ပိုကောင်းမွန်ပြီး ပိုတရားမျှတတဲ့၊ ပိုတည်တံ့ရှည်ကြာတဲ့ အသိုင်းအဝိုင်းဖြစ်ဖို့ တစ်တတ်တအား ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိတဲ့လူငယ်တွေပါ။
နိုင်ငံကြီးသားပီသမှု ဆိုတာဟာလည်း ပိုကောင်းမွန်တဲ့ကမ္ဘာကြီးဖန်တီးဖို့ အသိပညာဗဟုသုတတွေ ဖြန့်ဖြူးပေးရင်း မတူကွဲပြားခြားနားမှုတွေကို ဖန်တီးမယ်ဆိုတဲ့ ယုံကြည်ချက်ပါပဲ။ ကျွန်မတို့နိုင်ငံအတွက် အနာဂတ်မှာ အဖိုးတန်လာမယ့် ရင်သွေးရတနာလေးတွေဟာ ပိုမျှတ လုံခြုံပြီး ပိုနွေးထွေးတဲ့ နိုင်ငံတစ်ခုဖန်တီးဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။
စာပေမြင့်မှ ဆွေမျိုးတင့်မယ်ဆိုသလို စာပေဖတ်ရှုအားများမှ ပိုကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်း၊ လူ့ဘောင်လောက ဖန်တီးနိုင်မှာမို့ နောင်တစ်ချိန် နိုင်ငံအတွက် အရေးပါတဲ့နေရာတွေမှာ ခေါင်းဆောင်ရမယ့် လူကြီးတွေဘဝမရောက်သေးခင် ငယ်ရွယ်စဉ်မှာပဲ စိတ်အား၊ ခွန်အား၊ ဉာဏအား သန်မာနေအောင် ကျွန်မတို့ သူတို့လေးတွေရဲ့ အနာဂတ်ကို အကောင်းဆုံးရင်းနှီးမြုပ်နှံပေးဖို့ လိုအပ်နေပါပြီ။
အကောင်းဆုံးကတော့ စာဖတ်ပေးခြင်းကနေ စတင်ဖို့ပါပဲ။ True Learning က သင်ထောက်ကူပုံပြင်စာအုပ်လေးတွေဟာ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ အသင့်တော်ဆုံးအထောက်အကူပါပဲ။ ဒါကပဲ ကျွန်မတို့ လူကြီးမိဘတွေ သူတို့လေးတွေကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပဲလေ။
My sincere intentions are to let every Myanmar children to have an access to educational books with affordable price. It is sad truth that a lot of our Myanmar children either can’t read or are not interested in reading. This is unfortunate because literacy has enormous benefits – both for the individual and society. Higher literacy rates are associated with healthier populations, populations, less crime, greater economic growth, and higher employment rates. It’s never too early to read to your children. Parents or caretakers should read to them so that children will be familiar with books. They may not be able to talk yet, but it will make them strong in vocabulary, and most importantly, to know that reading can be fun. When you start early, reading can become a habit. It is more cost-effective and easier to teach reading in earlier age. In Myanmar, foreign books that are available are pricey and there are just not enough Myanmar books dedicated to our children. We need books, which are not only educational but books, which will improve the way we think, and act. Every books published from True learning is well thought of and wrote with intentions to improve our children to be global citizens. Global citizen is someone who is aware of and understands the wider world and their place in it. They take an active role n community and work with others to make our planet more equal, fair and sustainable. Global citizenship is all about encouraging young people to develop the knowledge, skills and values they need to engage with the world. And it’s about the belief that we can all make a difference. Literacy and global citizenships are critical to economic development as well as individual and community well being. Our economy is enhanced when learners have higher literacy levels. I want to make a difference to my country. Myanmar children are the only hope. They are the future of our country. The world maybe changing fast, but they can make a positive difference and help build a fairer, safer, and more secure country. The emotional, social and physical development of young children has a direct effect on their over all development and on the adult they will become. That’s is why understanding the need to invest in very young children is so important so as to maximize their future well-being. Thus, let’s invest in our children by start reading to them. True Learning stories books catered to teach our children to become global citizens. This is the best gift we as adults can provide.

✅ကလေးတို့ရဲ့ ပညာရေးနဲ့ စိတ်ခံစားချက်အတွက် အထောက်အကူပေးတဲ့ 𝐒𝐭𝐢𝐜𝐤𝐞𝐫 များ..ကလေးအများစုက 𝐒𝐭𝐢𝐜𝐤𝐞𝐫 လေးတွေ ကပ်ရတာ အရမ်းကြိုက်ပါ...
25/08/2025

✅ကလေးတို့ရဲ့ ပညာရေးနဲ့ စိတ်ခံစားချက်အတွက် အထောက်အကူပေးတဲ့ 𝐒𝐭𝐢𝐜𝐤𝐞𝐫 များ..

ကလေးအများစုက 𝐒𝐭𝐢𝐜𝐤𝐞𝐫 လေးတွေ ကပ်ရတာ အရမ်းကြိုက်ပါတယ်။ 𝐒𝐭𝐢𝐜𝐤𝐞𝐫 ကပ်တဲ့အခါ အရောင်အသွေး၊ ရုပ်ပုံ၊ အရွယ်အစားလေးတွေကို ခွဲခြားသိမှတ်ပြီး သင်ယူနိုင်ကြပါတယ်။

𝐒𝐭𝐢𝐜𝐤𝐞𝐫 ကပ်ခြင်းဟာ ကလေးတွေကို စိတ်ငြိမ်စေပြီး အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။ သူတို့စိတ်တိုင်းကျ အရုပ်လေးတွေကို ကပ်ချင်တဲ့နေရာမှာ ကပ်ပြီးတဲ့အခါ စိတ်ပျော်ရွှင်မှုနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း တိုးစေပါတယ်။

ဈေးနှုန်း - 𝟏,𝟓𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

24/08/2025

ငါတို့တုန်းက အဲ့လိုမဟုတ်ပါဘူးအေ ဉာဉ်းတို့ကျမှ အဆန်းထွင်နေတယ်ဆိုတဲ့ စကားတွေကို အကောင်းမွန်ဆုံး ချေပပေးနိုင်ဖို့ မေမေတို့အတွက် လမ်းညွှန်စာအုပ်လေးများ..

#ထူးထူးစာပေ #ကလေးတို့အတွက်သင်ထောက်ကူ

⭐နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ ကောင်းမွန်တဲ့ အဆုံးအမတွေကို သင်ယူနိုင်မယ့် ဘာသာပြန်ပုံပြင်စာအုပ်လေးတွေ..ဒီစာအုပ်လေးတွေမှာဆိုရင...
24/08/2025

⭐နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ ကောင်းမွန်တဲ့ အဆုံးအမတွေကို သင်ယူနိုင်မယ့် ဘာသာပြန်ပုံပြင်စာအုပ်လေးတွေ..

ဒီစာအုပ်လေးတွေမှာဆိုရင် ကလေးတို့အတွက် သုတ၊ ရသ နှစ်မျိုးလုံး ပေးစွမ်းနိုင်မယ့်အပြင် ထူးထူးခြားခြား ပုံပြင်လေးတွေကြောင့် သားသားမီးမီးတို့ စိတ်ဝင်စားမှု ရှိစေမှာပါ။

ကလေးတို့အတွက် ပြင်ပဗဟုသုတရှိဖို့လည်း အရေးကြီးတာမို့ ဒီလိုပုံပြင်စာအုပ်လေးတွေ မကြာခဏ ဖတ်ပြပေးသင့်ပါတယ်နော်..

စာအုပ်လေးဖတ်ရင်း ကလေးတို့ရဲ့ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ✅𝐓𝐫𝐮𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 က ထုတ်ဝေပေးထားပါတယ်။

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

🌟💫လသားအရွယ်လေးတွေကို သင်ပေးစရာ မလိုသေးဘူးလို့ တွေးနေရင် မှားမယ်နော် မေမေတို့ရေ..လသားအရွယ်ကတည်းက 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝 လေးတွေ သင်ကြား...
24/08/2025

🌟💫လသားအရွယ်လေးတွေကို သင်ပေးစရာ မလိုသေးဘူးလို့ တွေးနေရင် မှားမယ်နော် မေမေတို့ရေ..

လသားအရွယ်ကတည်းက 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝 လေးတွေ သင်ကြားပေးတဲ့အခါ ကလေးတို့မှာ တိုးတက်ပြောင်းလဲခြင်းတွေ အများကြီးရှိပါတယ်။

✅မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်လာခြင်း။
✅အာရုံစူးစိုက်နိုင်စွမ်း တိုးတက်လာခြင်း။
✅စကားလုံး၊ ရုပ်ပုံ၊ အသံတို့နဲ့ တွဲဖက်သင်ကြားပေးနိုင်ခြင်းကြောင့် ဘာသာစကား သင်ယူနိုင်စွမ်း မြင့်မားလာခြင်း။
✅အမြင်အာရုံ၊ အကြားအာရုံ၊ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုများ ပိုကောင်းလာခြင်း။

တစ်နေ့ကို ▶️(၁၀-၁၅)◀️ မိနစ်ခန့်သာ သင်ကြားပေးရုံနဲ့တင် ကလေးတို့ရဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြင်တွေ့ရမှာပါ။

ဂိမ်းပုံစံသင်ကြားရခြင်းကြောင့် 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝 သင်ကြားမှုကို ကလေးတို့လည်း နှစ်ခြိုက်ပျော်ရွှင်စေမှာပါ။ ကလေးအသက်အရွယ်အလိုက် သင့်တော်တဲ့ 𝐅𝐥𝐚𝐬𝐡𝐜𝐚𝐫𝐝 လေးတွေကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်..

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

23/08/2025

ငယ်စဉ်ကတည်းက စာပေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ကောင်းမွန်တဲ့ အသိတရားတွေ ကိန်းအောင်စေဖို့ #ထူးထူးစာပေ က သုတ-ရသ ကြွယ်ဝတဲ့ စာအုပ်လေးတွေနဲ့ ကလေးတို့ကို သင်ကြားပေးနိုင်ပါတယ်..

#ထူးထူးစာပေ #ကလေးတို့အတွက်သင်ထောက်ကူ

🌟💫ကလေးတို့အတွက် အထိရောက်ဆုံး အခြေခံ အင်္ဂလိပ်စာ သင်ထောက်ကူ စာအုပ်များ..နှုတ်သွက်တဲ့အရွယ်မှာ အခြေခံအင်္ဂလိပ်စကား သင်ပေးခြ...
23/08/2025

🌟💫ကလေးတို့အတွက် အထိရောက်ဆုံး အခြေခံ အင်္ဂလိပ်စာ သင်ထောက်ကူ စာအုပ်များ..

နှုတ်သွက်တဲ့အရွယ်မှာ အခြေခံအင်္ဂလိပ်စကား သင်ပေးခြင်းဟာ ကလေးတို့ရဲ့ ဘာသာစကားစွမ်းရည်ကို ပိုတိုးတက်စေပါတယ်။

စာအုပ်လေးဖတ်ရင်း ကလေးတို့ရဲ့ ဘာသာစကားတိုးတက်စေဖို့ ရည်ရွယ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ✅𝐓𝐫𝐮𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 က ထုတ်ဝေပေးထားပါတယ်။

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

မူကြိုအရွယ် ကလေးတို့ သင်ယူမှု လွယ်ကူမြန်ဆန်စေဖို့ 📘𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐁𝐨𝐨𝐤..🧠ဉာဏ်စမ်းဂိမ်း (၄၈) မျိုးထိပါဝင်ပြီး မေမေ...
23/08/2025

မူကြိုအရွယ် ကလေးတို့ သင်ယူမှု လွယ်ကူမြန်ဆန်စေဖို့ 📘𝐏𝐫𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 𝐁𝐨𝐨𝐤..

🧠ဉာဏ်စမ်းဂိမ်း (၄၈) မျိုးထိပါဝင်ပြီး မေမေတို့ရဲ့ အိမ်တွင်းသင်ကြားမှုအတွက် အထိရောက်ဆုံးနဲ့ အကောင်းဆုံး ရလာဒ်တစ်ခုကို မြင်တွေ့ရမှာပါ။

👶အသက် (၃) နှစ်အရွယ်ကစပြီး လေ့ကျင့်ပေးနိုင်လို့ ကျောင်းမပို့ခင် အချိန်လေးမှာ ကလေးတို့ စာပေသင်ကြားမှုနဲ့ မစိမ်းစေဖို့အတွက် အခုပဲ လေ့ကျင့်ပေးလိုက်တော့နော်..

ဈေးနှုန်း - 𝟔𝟓𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

22/08/2025

စူးစမ့်လေ့လာတတ်ခြင်းနဲ့ အသိပညာ ဗဟုသုတ ကြွယ်ဝခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိစေနိုင်မယ့် EQ စာအုပ်လေး..

#ထူးထူးစာပေ #ကလေးတို့အတွက်သင်ထောက်ကူ

💫ကလေးတို့ လေ့လာစရာ ဉာဏ်စမ်းနှင့် အထွေထွေဗဟုသုတ သင်ထောက်ကူ စာအုပ်လေးများ..🌟တိရစ္ဆာန်လေးများရဲ့ အံ့ဖွယ်ထူးခြား အချက်များ🌟ပ...
22/08/2025

💫ကလေးတို့ လေ့လာစရာ ဉာဏ်စမ်းနှင့် အထွေထွေဗဟုသုတ သင်ထောက်ကူ စာအုပ်လေးများ..

🌟တိရစ္ဆာန်လေးများရဲ့ အံ့ဖွယ်ထူးခြား အချက်များ
🌟ပျော်ရွှင်စွာလေ့လာ ဗဟုသုတ အဖြာဖြာ
🌟ဖြတ်ထိုးဉာဏ်ကောင်းပြီး ဉာဏ်ရွှင်ဖို့ Brain Game (1+2)
🌟ဉာဏ်စမ်းမေးခွန်းပေါင်း (၉၀) ထိပါဝင်တဲ့ Learning Quest
🌟စိတ်ကူးဉာဏ်တွေ ကွန့်မြူးနိုင်ဖို့ စကားထာကမ္ဘာ

ဒီစာအုပ်လေးတွေက ကလေးတို့ရဲ့ ဉာဏ်ရည်ထက်မြက်မှုနဲ့ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးနိုင်သလို အခြေခံပညာရေးနဲ့ ပြင်ပဗဟုသုတတွေကိုပါ တစ်ပါတည်း လေ့လာမိစေမှာပါ..

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

🌟💫August လအတွင်း လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး Poster လေးများ..နံရံကပ် Poster တွေဟာ ကလေးတို့ အမြဲထိတွေ့ မြင်ကြားနေရပ...
22/08/2025

🌟💫August လအတွင်း လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး Poster လေးများ..

နံရံကပ် Poster တွေဟာ ကလေးတို့ အမြဲထိတွေ့ မြင်ကြားနေရပြီး အမြန်ဆုံး သင်ယူနိုင်တဲ့ ပညာရပ်တစ်ခုပါ..

ဒီပိုစတာလေးတွေကတော့ လတ်တလောမှာ ရောင်းအားအကောင်းဆုံးပဲမို့ မေမေတို့ ရွေးချယ်နိုင်ဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်နော်..

🖼️ပိုစတာ တစ်ခုချင်းစီတိုင်းမှာ 🔺မြန်မာ - အင်္ဂလိပ်🔺 ဘာသာစကား နှစ်မျိုးလုံး ပါဝင်ပြီး ရေစိုခံအသားနဲ့ ပြုလုပ်ထားတာကြောင့် အလွယ်တကူ မစုတ်ပြဲနိုင်တဲ့အပြင် ပိုစတာပေါ်မှာလည်း whiteboard marker pen ဖြင့် အလွယ်တကူ ရေးခြင်း၊ ဖျက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

‌ဈေးနှုန်း - 𝟐,𝟓𝟎𝟎ကျပ်✅

📩Messenger မှ မှာယူရန်
m.me/truesmyanmar

✅လက်ကားဝယ်ယူရန်
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟖
𝟎𝟗 𝟕𝟓𝟔𝟑𝟗𝟗𝟑𝟒𝟕
𝟎𝟗 𝟕𝟓𝟎𝟎𝟒𝟕𝟔𝟑𝟗
𝟎𝟗 𝟗𝟓𝟎𝟐𝟖𝟑𝟔𝟎𝟎

မှာယူလိုပါက ▶️တနင်္လာနေ့မှ သောကြာနေ့အထိ (𝟗:𝟎𝟎𝐀𝐌 𝐭𝐨 𝟓:𝟎𝟎𝐏𝐌)◀️ အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

အမြို့မြို့ အနယ်နယ်မှာရှိတဲ့ Baby Store, စာအုပ်ဆိုင်များ, Ocean, City Mart, Pro 1 တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

#ထူးထူးစာပေ #ကလေးတိုအတွက်သင်ထောက်ကူ #ပုံပြင်များ

ကလေး ကိုယ်ခံအားတက်စေမယ့် အစားစားများ...ကလေးတစ်ယောက် ကျန်းမာဖို့၊ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ဆိုတာ ကိုယ်ခံအား...
21/08/2025

ကလေး ကိုယ်ခံအားတက်စေမယ့် အစားစားများ...

ကလေးတစ်ယောက် ကျန်းမာဖို့၊ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ဆိုတာ ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ ဒီအတွက်လည်း လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ စားသုံးပေးဖို့ လိုပါတယ်။

၁) ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ
- သံပရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊စတော်ဘယ်ရီသီး၊ ကီဝီသီ စတာတွေကို အသီးအတိုင်း (သို့) ဖျော်ရည်လုပ်ပြီး တိုက်လို့ရပါတယ်။
- ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း (ကလေးအကြိုက် ဟင်းချိုလေးလုပ်ပြီး ချက်ကျွေးလို့ရပါတယ်)
ဗီတာမင်စီဟာ ခန္ဓာကိုယ်ထဲက ခုခံဆဲလ်တွေရဲ့ ထုတ်လုပ်မှုကို မြင့်တက်စေပြီး ရောဂါပိုး တိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

၂) ဗီတာမင် ဒီ ကြွယ်ဝသော အစားအစာများ
- ဆယ်လ်မွန်ငါး၊ တူနာငါးတွေမှာ Omega-3 fatty acid ပါတာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။
- ကြက်ဥအနှစ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ။
ဗီတာမင်ဒီဟာ ကိုယ်ခံအားစနစ်အတွက် အရမ်းကို အရေးပါပါတယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင် ဒီ ရရှိနိုင်ပါတယ်။

၃) ဇင့် (Zinc) ဓာတ်ကြွယ်ဝသော အစားအစာများ
- ဆီမပါတဲ့ အသားများ (ဥပမာ - ကြက်ရင်အုံသား)၊ ပဲအမျိုးမျိုး၊ အစေ့အဆံများ။
ဇင့် (Zinc) ဓာတ်ဟာ ခန္ဓာကိုယ် ခုခံဆဲလ်တွေ ဖွံ့ဖြိုးကြီးထွားဖို့နဲ့ လုပ်ဆောင်မှု ကောင်းမွန်စေဖို့အတွက် အဓိကလိုအပ်ပါတယ်။

၄) ပရိုဘိုင်အိုတစ် (Probiotics) နှင့် ပရီဘိုင်အိုတစ် (Prebiotics)
- သဘာဝဒိန်ချဉ်ကို သစ်သီးတွေထည့်ပြီး ကလေးတွေ ကြိုက်အောင် ပြင်ဆင်ပေးနိုင်ပါတယ်။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး - ဒါတွေကတော့ Prebiotics တွေဖြစ်ပြီး အူထဲက အကျိုးပြုဘက်တီးရီးယားတွေကို အားကောင်းစေပါတယ်။
အူနံရံကနေ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား ၇၀% လောက်ကို ထိန်းချုပ်ထားတာမို့ အူကျန်းမာရေးဟာ အရမ်းအရေးကြီးပါတယ်။

ဒါတွေအပြင် ✅ဟင်းသီးဟင်းရွက်များ ✅သစ်သီးအမျိုးမျိုးကို များများကျွေးပေးပါ။ အပြင်စာတွေနဲ့ အချိုကဲလွန်းတဲ့ အစားအစာတွေကို လျော့ကျွေးပါ။ ရေများများသောက်ခိုင်းပါ။

ကလေးရဲ့ အစားအသောက်ကို ဂရုစိုက်ပေးခြင်းဟာ သူတို့ရဲ့ ရေရှည်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။

အကောင်းဆုံးစာအုပ်များဝယ်ရန် >bit.ly/44AZzUf

ချစ်တဲ့ True Learning

#ထးထူးစာပေ
#ကလေးစာပေ #ကလေးစာအုပ်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959950283600

Alerts

Be the first to know and let us send you an email when True Learning Books - ထူးထူးစာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to True Learning Books - ထူးထူးစာပေ:

Share

Category

Our Story

ကျွန်မရဲ့အရိုးသားဆုံး ရည်မှန်းချက်က မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေတိုင်း ပညာရေး သင်ထောက်ကူစာအုပ်လေးတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းလေးနဲ့ လေ့လာဖတ်ရှုခွင့် ရစေချင်တာပါပဲ။

ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံတွင်းက ကလေးတွေတော်တော်များများ စာဖတ်အားနည်းလာကြတာတွေ့ရတာ ဝမ်းနည်းစရာပါပဲ။ စာပေဆိုတာ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးဖို့အတွက်သာမက ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းမှ တိုင်းပြည်တစ်ခုလုံးရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်ကို ထောင့်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေခံအုတ်မြစ်ပဲလေ။

စာအုပ်စာပေကပေးတဲ့ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးမှ မှုခင်းတွေကျဆင်းလာမယ်၊ ကျန်းမာရေးဗဟုသုတတွေ ပိုများလာမယ်၊ စီးပွားရေး အမြင်တွေ ကျယ်ပြန့်လာပြီး အလုပ်အကိုင်အခွင့်အရေးတွေ များပြားလာမှာပါ။ အဲ့ဒါမို့ ကလေးတွေကို စာဖတ်ပြဖို့ စောသေးတယ်ဆိုတာ မရှိပါဘူး။ သူတို့လေးတွေရဲ့ မိဘတွေနဲ့ အနီးကပ်အုပ်ထိန်းသူတိုင်း ကလေးတွေ မှတ်ဉာဏ်မှတ်သားနိုင်တဲ့ အစောဆုံးအရွယ်တည်းက စာဖတ်ပြသင့်ပါတယ်။

ဒါမှသာ သူတို့လေးတွေ တစ်ခွန်းမှပြန်မပြောတတ်သေးရင်တောင် ဦးနှောက်က စတင်မှတ်သားတတ်တဲ့ အလေ့အထလေးဖြစ်လာပြီး စကားလုံးတွေကြွယ်ဝလာမယ်။ ပြီးတော့ စာဖတ်ရတာ ပျော်စရာဆိုတာလည်း သိလာကြမှာပါ။