Myanmar News Online

Myanmar News Online သတင်းအမှန်ပြည်သူသိရှိစေရန်ရည်ရွယ်?

Mar 27ရန်ကုန်မြို့လယ်ခေါင်ရှိ Sule Square အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ အနည်းဆုံး (၅) ဦး ထိခိုက်ဒဏ်ရာပြင်းထန်======...
27/03/2024

Mar 27

ရန်ကုန်မြို့လယ်ခေါင်ရှိ Sule Square အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ အနည်းဆုံး (၅) ဦး ထိခိုက်ဒဏ်ရာပြင်းထန်
===========================

ယနေ့ မတ်လ (၂၇) ရက် ညဦးပိုင်းတွင် ရန်ကုန်မြို့လယ်ခေါင် အချက်အခြာကျသည့် နေရာဖြစ်သည့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ သန့်ရှင်းရေးဝန်ထမ်း အချို့နှင့် လမ်းသွားလမ်းလာလူငယ် အနည်းဆုံး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

" အနည်းဆုံးတော့ (၅) ယောက်လောက်ရှိမယ် လဲနေတာ။ ဒဏ်ရာတော်တော် ပြင်းပြင်းထန်ထန် ရထားတာတွေ့ရတယ်။ သန့်ရှင်းရေးဝန်ထမ်း (၂) ယောက်လည်းပါတယ်နဲ့တူတယ်။ ပြီးတော့ အဲဒီနား ကော်ရှူနေတဲ့ ကလေးတွေလည်း ထိထားတာ တွေ့တယ်။ ဘယ်လိုဖြစ်တယ် ဘာညာတော့ ကျွန်တော်တို့လည်းမသိဘူး။ ကားနဲ့ဖြတ်သွားနေတုန်း အုန်းဆို အသံအကျယ်ကြီးကြားလို့ ခဏရပ်ကြည့်လိုက်တာ" ဟု ဗုံးပေါက်ကွဲမှု ဖြစ်ပွား အနီးအနားမှ ဖြတ်သွားသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ည (၇) နာရီ မိနစ် (၄၀) ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းပိတ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသဖြင့်...
22/03/2024

အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်

နေပြည်တော် မတ် ၁၉

၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှစတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ကြပါသည်။ +) မြန်မာဒစ်ဂျစ်တယ်နယူးစ်

၂။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့် အလမ်း မဆုံးရှုံးစေရန်အတွက် လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ပံ့ပိုးကူညီပေးမှုအရ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ သို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။ ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

24/02/2024

နိုင်ငံသားစိစစ်ရေးကဒ်ပါအသက်ကို မရိုးမဖြောင့်ဘဲပြုပြင်ရန်ကြံစည်နေသူများသိစေရန်

ပြည်သူ့စစ်မှုထမ်းဥပဒေကို
ရှောင်ရှားရန်ရည်ရွယ်ချက်ဖြင့်

နိုင်ငံသားစိစစ်ရေးကဒ်တွင်ပါရှိသည့်မွေးနေ့ခုနှစ်သက္ကရာဇ်ကို မိမိဘာသာပြင်ဆင်ခြင်း

လဝက နှင့် အဂတိလိုက်စားပြင်ဆင်ခြင်းများအား

တပ်မတော်ဆေးစစ်ဆေးရေးအဖွဲ့က အရိုးဓတ်မှန်ရိုက်ကူးစစ်ဆေးခြင်းဖြင့်အသက်ကိုအတိကျဖော်ထုတ်စိစစ်သွားမည်ဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံသားများ၏အမည်စာရင်း၊အသက်၊မွေးနေ့သက္ကရာဇ်၊နေရပ်လိပ်စာများ၊အိမ်ထောင်စုစာရင်းများ၊မွေးစာရင်းများ၊သေဆုံးစာရင်းများအား တပ်မတော်နည်းပညာနှင့် ကွန်ပျူတာဌာနတွင် အားလုံးမှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။

မွေးနေ့သက္ကရာဇ်ကို မရိုးမဖြောင့်သောသဘောဖြင့် ပြုပြင်ပါက ထောင်ဒဏ် ၃ နှစ်ကျခံရမည့်အပြင် ထောင်မှလွတ်ပါကလည်း ပြည်သူ့စစ်မှုထမ်းရန် ၂ နှစ်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

လူကိုယ်တိုင် ဗီဇာလျှောက်ထားခွင့် ရက်ချိန်းယူတဲ့စနစ် ထိုင်းသံရုံးဖျက်သိမ်း=============================ဖေဖေါ်ဝါရီလ ၂၀ ရက်...
21/02/2024

လူကိုယ်တိုင် ဗီဇာလျှောက်ထားခွင့် ရက်ချိန်းယူတဲ့စနစ် ထိုင်းသံရုံးဖျက်သိမ်း
=============================
ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်း ထုတ်ပြန်တဲ့ ထိုင်းသံရုံးရဲ့ ကြေညာချက်မှာ လာရောက်လျှောက်ထားသူတွေအဆင်ပြေ ချောမွေ့စေဖို့၊ တပြိုင်နက်တည်းလူအများအပြား လာရောက်လျှောက်ထားမှုကို လျှော့ချပေးနိုင်ဖို့နဲ့ ရုံးလုပ်ငန်းစဉ်ဆိုင်ရာဘေးကင်း လုံခြုံရေးအတွက် လူကိုယ်တိုင်သံရုံးရှေ့ တန်းစီပြီး ဗီဇာ လျှောက်ဖို့အတွက် ရက်ချိန်းယူတဲ့စနစ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီစနစ်အစား အွန်လိုင်းကနေ ရက်ချိန်းယူတဲ့စနစ်ကို ပြောင်းလဲအစားထိုးသွားမှာဆိုပြီးတော့လည်း ရေးသားထားပါတယ်။ လာမယ့် ဖေဖော်ဝါရီလ(၂၂)ရက် ကြာသပတေးနေ့က စလို့ https://thaiconsularyangon.com/visa/ ကနေကရော ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်ပါ QRကုဒ်ကနေပါ လျှောက်ထားနိုင်ပါတယ်။ ထုတ်ပြန်ချက်အရ အွန်လိုင်းကလျှောက်တဲ့သူတွေက စလျှောက်တဲ့ရက်ကနေ တလအတွင်း သံရုံးဝင်ပြီး ဗီဇာလျှောက်ထားခွင့် ရက်ကို ရွေးယူနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားတာမှာ နာမည်၊ ဖုန်း၊ အီးမေးလ်၊ ပတ်စ်ပို့နံပါတ်နဲ့ ဗီဇာအမျိုးအစားတွေကို ဖြည့်သွင်းပြီး လျှောက်ထားရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဗီဇာယူတာ အွန်လိုင်းစနစ်ကိုပြောင်းလိုက်တာက မကြာသေးခင်ရက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ် ပတ်စ်ပို့ရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ တန်းစီသူတွေထဲ လူအုပ်ပိပြီး အသက်သေဆုံးမှုတွေ ရှိလာခဲ့တဲ့အပေါ်မှာထိုင်းသံရုံးဘက်က စိုးရိမ်မကင်းသံတွေ ရှိလာတာနဲ့ လုံခြုံရေးအတွက် ရည်ရွယ်ကာအခုလို ပြင်ဆင်တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံရေးသုံးသပ်သူတဦးကပြောပါတယ်။

"ကြည့်ရတာ သူတို့မှာလည်းဘယ်လောက်လုပ်ပေးနိုင်လဲဆိုတာရယ် နောက်ပြီး သံရုံးရှေ့မှာလူစုလူဝေးနဲ့လေ တိုးဝှေ့ညအိပ်ပြီးတော့ စောင့်ပြီးတုံကင်ယူရတာတွေကို မြန်မာပြည်ဘက်ကလုံခြုံရေးနဲ့ကော သူတို့ဘက်ကလုံခြုံရေးနဲ့ အဲအပေါ်မှာ အခုလိုတုန့်ပြန်တာလို့ အကြမ်းဖျင်းယူဆရမယ်။ လုံခြုံရေးနဲ့ပတ်သတ်တာတော့ဦးစားပေးထဲပါမှာပေါ့နော်။ ဒီဘက်ကစကစ ပြည်ထဲရေးတို့ လုံခြုံရေးတို့ကလည်း ထောက်ပြတာကန့်ကွက်တာရှိကောင်းလဲရှိမယ်။ အွန်လိုင်းနဲ့ပေးရင်အွန်လိုင်းအတိုင်းဘဲလာပေါ့။ "

တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာရင် အရေးယူသွားမယ်လို့ သတိပေးထားသလို တရားဝင် လာရောက်သူတွေကို ကြိုဆိုသွားမယ်လို့ ပြောဆိုတဲ့အကြောင်းလည်း Bangkok Post သတင်းစာမှာ မနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ရေးသားထားပါတယ်။ ထိုင်းနိုင်ငံဘက်က စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေအရမြန်မာတွေ သူတို့နိုင်ငံထဲအရှိန်အဟုန်နဲ့ဝင်လာမှာကို စိုးရိမ်ပူပန်နေကြသလို နယ်စပ်တလျှောက်လုံခြုံရေးတိုးမြင့်တာနဲ့ ဖမ်းဆီးမှုတွေပိုပြင်းထန်လာနိုင်တယ်လို့ လည်းသူကခုလိုသုံးသပ်လိုက်ပါတယ်။

"စိုးရိမ်စိတ်ကတော့သေချာပေါက်ရှိမယ်။ အထူးသဖြင့်ဒီအောက်လမ်းကနေ အများကြီးဝင်လာမှာ။ သူတို့စိုးရိမ်နိုင်တယ်။ ဒီဟာရိုက်ခတ်မှုမှာ စကစကိုဆန့်ကျင်တဲ့ အင်အားစုတွေတိုးလာပြီးတော့ တိုးလာရင် သူတို့နယ်စပ်မှာ မတည်မငြိမ် ဖြစ်မယ်လေ။ အဲဒါတွေစိုးရိမ်တယ် စိုးရိမ်စိတ်ကသေချာပေါက်ရှိပုံပေါ်တယ်။ ဒါကြောင့်မို့လဲ တရားဝင်လာကြပါ။ တရားမဝင်လာရင် အရေးယူမယ်ဆိုတာမျိုး ဝန်ကြီးချုပ်ကိုယ်တိုင်ထုတ်ပြောလာတာဆိုတော့ နယ်စပ်မှာဖိဖိစီးစီးတင်းတင်းကျပ်ကျပ်အရေးယူလာတာမျိုး တဖက်ကရှိလာနိုင်တယ်။ တဖက်ကလည်း ပိုပြီးအဆင်ပြေအောင် တရားဝင်ပိုဝင်လာနိုင်အောင် လုပ်လာတာမျိုးလဲ ရှိတတ်တယ်။"

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်းပြီးနောက် လူငယ်လူရွယ် အများအပြားဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့၊ ကျောင်းတက်ရောက်ကြဖို့ ပြင်ဆင်မှုတွေ ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာထိုင်းသံရုံးက ထိုင်းနိုင်ငံဘက်ကိုပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများပြားလာတဲ့အတွက် ဗီဇာရဖို့ လျှောက်ထားသူတွေကိုကြိုတင်ရက်ချိန်းရယူရတဲ့ တိုကင် တန်းစီစနစ်နဲ့ တရက်ကို လူ ၄၀၀ရာအတွက်သာလက်ခံပေးမယ်လို့ ကန့်သတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရက်ဆက်ဆိုသလို ဗီဇာရနိုင်ဖို့ သံရုံးရှေ့မှာတန်းဆီမှုတွေကတော်တော်လေးများလာတာပါ။ အဲဒီအခြေအနေတွေပြီးတဲ့နောက်မှာတော့ အခုလို အွန်လိုင်း‌ကလျှောက်ထားနိုင်အောင်စီစဉ်လိုက်တာဖြစ်ပါတယ်။

အင်တာနက်ကန့်သတ်မှု၊ နောက်နည်းပညာပိုင်း အားနည်းမှုတွေရှိနေတဲ့ မြန်မာပြည်အတွက် ဒီစနစ်က အခက်အခဲဖြစ်စေနိုင်သလို နည်းပညာ တတ်ကျွမ်းသူတွေအတွက်ကတော့ အတော်လေးအဆင်ပြေတယ်လို့ ယူဆတဲ့အကြောင်းဗီဇာတင်ဖို့ပြင်ဆင်နေသူ ကိုဂျိမ်းကခုလိုပြောပါတယ်။

"အင်တာနက်ကလည်းတက်တချက်မတက်တချက်တွေက နေ့စဉ်အကြိမ်ပေါင်းများစွာဖြစ်တာပေါ့နော်။ ကျနော်တို့အလုပ်တွေကအင်တာနက်မရှိလို့မရဘူးလေ။ လုပ်ရကိုင်ရတာမှာတော်တော်အခက်အခဲတွေကြုံရတာတွေ ရှိတယ်။သူတို့တွေတမင် လုပ်တယ်ဘဲယူဆတယ် အဆင်မပြေအောင်ပေါ့နော်။ ခုအင်တာနက်ကနေဗီဇာယူခိုင်းတယ် ကျနော်ကတော့နည်းပညာ ရင်းနှီးမှုရှိတော့ အခုက ဗီဇာရဖို့ဆိုရင်နေ့တိုင်းတန်းစီရတယ် တန်းကအရှည်ကြီးဘဲ။ တချို့ဆိုနာရီပေါင်းများစွာစောင့် ရတယ်။ လူပင်ပန်းတယ်အချိန်ကုန်တယ်။ အင်တာနက်ကနေလုပ်လို့ရတယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့သူအကူအညီယူမယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်ယူဆပါတယ်"

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို လာခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား အရေအတွက် သိသိသာသာတိုးလာတယ်လို့လည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisinက ပြောဆိုထားပါတယ်။

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်==========================ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို...
18/02/2024

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် ဆန္ဒဖော်ထုတ်
==========================
ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံမှ ပုံရိပ်များပဲ ဖြစ်ပါတယ်... နိုင်ငံတော်နဲ့ တပ်မတော်ကိုချစ်မြတ်နိုးတဲ့ ဒေသခံပြည်သူ ၆၀၀ ဦးခန့် တက်ရောက်ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်...

သန်လျင်မြို့ရှိ အ.ထ.က ရှိ ကျောင်းအုပ်ဆရာမကြီးအား အရေးယူဆောင်ရွတ်==========================သန်လျင်မြို့နယ်၊ ကျောက်ရေတွင်း...
17/02/2024

သန်လျင်မြို့ရှိ အ.ထ.က ရှိ ကျောင်းအုပ်ဆရာမကြီးအား အရေးယူဆောင်ရွတ်
==========================

သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းမြို့ရှိ အခြေခံပညာ အထက် တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းထက်မှ နာမည်ကျော် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌ အဖြစ်အရေးယူဆောင်ရွက်နေကြောင်း နစစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများထံ ပြန်လည် ဖြေကြားထားသည်။

ပြည်ထောင်စုနေ့ပြခန်းအတွက်ကျောင်း သားများ၏ လက်ရာကို ကျောင်းအုပ်ဆရာမကြီးမှ “နင်တို့ ပွဲကို ငါစိတ်မဝင်စားဘူး” ဟု ပြောဆိုခဲ့ရာ ကျောင်းမှ ဆရာမတစ်ဦးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်အကောင့်တွင် Video တင်ကာ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ Video ဖြန့်ဝေခဲ့ပြီးနောက် ရက်ပိုင်းအတွင်း Video ကိုအကောင့်မှ ဖြုတ်ချသွားခဲ့သော်လည်း အွန်လိုင်း အသုံးပြုသူ များအကြား ဝေဖန်မှုများရှိကာ လူစိတ်ဝင်စားခြင်းခံခဲ့ရသည့် ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နစကမှ မီဒီယာများကို ဖြေကြားရာတွင် အဆိုပါဖြစ်စဉ်အား သန်လျင်ခရိုင်ပညာရေးမှူးက ဥက္ကဋ္ဌအဖြစ် စိစစ်ဆေးအဖွဲ့ဖြင့် စိစစ်ခဲ့ရာ ဖြစ်စဉ်မှာမှန်ကန်နေခြင်းကြောင့်ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ဌာနဆိုင်ရာစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီး ဘတ် ၅ သန်း ပျောက်ဆုံး=================================ထိုင်းနိုင်ငံ၊ ဘန...
17/02/2024

ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီး ဘတ် ၅ သန်း ပျောက်ဆုံး
=================================
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒိုတစ်ခုတွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီးနောက် ပိုင်ဆိုင်သော ဘတ် ၅ သန်း ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ် ကျော်ဇေယျ (ထိုင်းဘာသာ) အမည်ရှိ မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘန်ကောက်သို့ မကြာမကြာ လာလည်တတ်သူဖြစ်သည်။

အလောင်းကို ဘန်ကောက်မြို့လယ် ခလောတိန်ဒေသ စူခူဗစ်ဧရိယာရှိ ကွန်ဒိုတိုက်ခန်း ၂၃လွှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်စောစောက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းကို အတူနေ မြန်မာအဒေါ်ကြီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအချိန်တွင် မျက်နှာ၊ နား၊ ဦးခေါင်းတွင် ဒဏ်ရာများစွာဖြင့် သွေးထွက်လွန်ကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် လူသတ်သမားဟု ယူဆရသော ကင်းမရွန်းနိုင်ငံသား နှစ်ဦးက သေဆုံးသူပိုင်ဆိုင်သော ဘတ် ၅ သန်းကို ယူဆောင်၍ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ကပြောကြားထားသည်။

၎င်းတို့နှစ်ဦးသည် စင်ကာပူနိုင်ငံသို့ လေကြောင်းဖြင့် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က သတင်းများတွင် ဖော်ပြထားသည်။

သံသယရှိသူနှစ်ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ ခရီးသွားများအဖြစ် လာရောက်ကြပြီး စထွန်းခရိုင်ရှိ ထင်မဟာမက်နယ်မြေရှိ တိုက်ခန်းတွင် နေခဲ့ကြဟုဆိုသည်။

မြန်မာလုပ်ငန်းရှင်အသတ်ခံရသော နံနက်စောစောက ၎င်းတို့နှစ်ဦးသည် အသတ်ခံရမှုဖြစ်ပွားခဲ့သော ကွန်ဒိုတိုက်ခန်းထဲမှ ထွက်လာကြပြီး ၎င်းတို့ နေထိုင်ရာ တိုက်ခန်းသို့ပြန်သွားကာ ထိုမှတစ်ဆင့် ဒွန်မောင်းလေဆိပ်သို့ တက်စ်စီငှား၍ နံနက် ၅ နာရီခန့်က စင်ကာပူသို့ လေကြောင်းဖြင့် ထွက်သွားခဲ့ကြောင်း သတင်းများတွင် ပါရှိသည်။

မျက်မြင်သက်သေ အဒေါ်ကြီးကိုလည်း သံသယရှိသူနှစ်ဦးက လည်ပစ်ညှစ်ခဲ့သေးကြောင်း အဒေါ်ကြီးက ပြောဆိုခဲ့သည်။

CCTV မှတ်တမ်းများအရ မြန်မာလုပ်ငန်းရှင်၊ မျက်မြင်သက်သေ အဒေါ်ကြီးနှင့် သံသယရှိသူ နှစ်ဦးသည် တိုက်ခန်းအတွင်းတွင် ၁၀ နာရီခွဲဝန်းကျင်ခန့်က ရှိနေခဲ့ကြောင်း စုံစမ်းမှုရလဒ်အရသိရသည်။

မျက်မြင်သက်သေအဒေါ်ကြီးသည် ၁၁ နာရီခန့်က ဓါတ်လှေကားထဲမှ ထွက်လာပြီး လုံခြုံရေးသို့ အကြောင်းကြားခဲ့ပြီးနောက် အသတ်ခံရသော မြန်မာလုပ်ငန်းရှင်ရှိရာ အခန်းထံသို့ ပြန်သွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းအရသိရကြောင်း သတင်းများတွင် ပါရှိသည်။

သေဆုံးသူသည် ထိုင်းသို့ မကြာမကြာလာတတ်သူဖြစ်ပြီး ဘန်ကောက်-ရန်ကုန်နှင့် ဘန်ကောက်-ဟန်နွိုင်း ခရီးစဉ် ၅၂ ခုအထိ သွားထားခဲ့ကြောင်း အဒေါ်ကြီး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

သေဆုံးသူက အဆိုပါကွန်ဒိုတိုက်ခန်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက နေထိုင်သူဖြစ်ပြီး မျက်မြင်သက်သေ အဒေါ်ကြီးက သေဆုံးသူနှင့် ဆွေမျိုးတော်စပ်မှု မရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် အဒေါ်ကြီးက ရရှိခဲ့သော ဒဏ်ရာများကြောင့် ဆေးကုသမှု ခံယူနေရဆဲဖြစ်ဟုသိရသည်။

လူသတ်သမားဟု သံသယရှိသူ ကင်းမရွန်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံဆောင်ရွက်သွားပြီး ပျောက်ဆုံးနေသော ဘတ် ၅ သန်းကိုလည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

လိုင်းပေါ်မှာ တွေ့တဲ့ CoVid 19 ကာကွယ် ဆေးဆိုပြီး ဝယ်မသောက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပြောဆိုပါပြီ Mya ...
01/10/2020

လိုင်းပေါ်မှာ တွေ့တဲ့ CoVid 19 ကာကွယ် ဆေးဆိုပြီး ဝယ်မသောက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပြောဆိုပါပြီ
Mya Wut Yee

အင်းစိန်ရှိ ဓမ္မဝါဒီစာသင်တိုက်မှ သီလ ရှင်အပါး ၃၀ တွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့=============================အင်းစိန်၊ စက်...
01/10/2020

အင်းစိန်ရှိ ဓမ္မဝါဒီစာသင်တိုက်မှ သီလ ရှင်အပါး ၃၀ တွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့
=============================
အင်းစိန်၊ စက်တင်ဘာ ၃၀။

အင်းစိန်မြို့နယ်အတွင်းရှိ ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးအပါး ၃၀အထိ ကိုဗစ်ရောဂါပိုး တွေ့ရှိထားတယ်လို့ စာသင်တိုက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

အဆိုပါဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးစုစုပေါင်း ၆၈ပါးကို ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာက သီလရှင်အပါး ၃၀မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည် စက်တင်ဘာလ ၂၇ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှာ ကိုဗစ်လူနာသစ် ၁၂ဦး တွေ့ရှိခဲ့ရာမှာ ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ ဆရာလေး ၆ပါး ပါဝင်ခဲ့ပါတယ်။

ထိုသို့ စာသင်တိုက်မှာ ကိုဗစ်ပိုးတွေ့မှုရှိသည့် ဆရာလေး ၆ပါးနဲ့ထိတွေ့ခဲ့သည့် သီလရှင်ဆရာလေးများကို ပိုး စစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့တယ်လို့ ယနေ့ နေ့လည်ပိုင်းအချိန်မှာ စာသင်တိုက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုအတွက်ကြောင့် ဓမ္မဝါဒီသီလရှင်စာသင်တိုက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် သီလရှင်ဆရာလေး စုစု ပေါင်း ၃၆ပါးအထိရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

MyanmaPlatform
အောင်ဇော်မြင့်

NLD အစိုးရလုပ်ချလိုက်ပြန်ပြီကွာ🚩🚩🚩🚩🚩🚩🚩🚩🚩🚩ရန်ကုန်မှာ အခု အကြီးအကျယ်စစ်မယ်ဆိုတဲ့ ဗျူဟာက....နံပါတ်တစ် ကျန်းမာရေးဝန်ထမ်းအားလ...
01/10/2020

NLD အစိုးရလုပ်ချလိုက်ပြန်ပြီကွာ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩

ရန်ကုန်မှာ အခု အကြီးအကျယ်စစ်မယ်ဆိုတဲ့ ဗျူဟာက....

နံပါတ်တစ် ကျန်းမာရေးဝန်ထမ်းအားလုံးကို စစ်မယ်...

နံပါတ်နှစ် ကိုဗစ်သံသယလူနာအားလုံးကို စစ်မယ်..

နံပါတ်သုံး ခွဲစိတ်ခန်းဝင်ရမယ့်သူအားလုံး(ကလေးမွေးတာ၊ အူအတက်ပေါက်တာ စသည်ဖြင့် ခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာအားလုံး)

နံပါတ်လေး ကိုဗစ်ပိုးရှိတဲ့သူနဲ့ ထိတွေ့တဲသူအားလုံးကို စစ်မှာပါ....

စစ်လိုက်လို့ ပိုးမတွေ့ရင် ကျန်းမာရေး ပညာပေးမယ်..

စစ်လိုက်လို့ ပိုးတွေ့ရင် အပိုင်းသုံးပိုင်းပြန်ခွဲမယ်...

နံပါတ်တစ်... ပိုးရှိနေပေမယ့် အနံမရတာမျိုး၊ တခြား ကိုဗစ် လက္ခဏာတွေ မရှိတဲ့သူတွေကို သီးသန့်နေရာတခုကို ပို့ပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးမယ်...

နံပါတ်နှစ်... ပိုးရှိနေပြီး ကိုဗစ်လက္ခဏာလေး နဲနဲပါးပါးပြနေတဲ့သူတွေကို သူတို့ရောက်နေတဲ့ ဆေးရုံ သို့မဟုတ် ကိုဗစ်ကုသရေးဌာနတွေကို ပို့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးပါမယ်....

နံပါတ်သုံး... ပိုးရှိနေပြီး ကိုဗစ်လက္ခဏာပြင်းထန်တဲ့သူတွေ၊ ကိုဗစ်ပိုးရှိနေပြီး တခြားရောဂါအခံတခုခုရှိနေတဲ့သူတွေကို

ရန်ကုန်ပြည်သူ့ဆေးရုံကြီး
မြောက်ဥက္ကလာဆေးရုံ
တောင်ဥက္ကလာဆေးရုံ
သင်္ကန်းကျွန်း ဆေးရုံ
အင်းစိန် ဆေးရုံ
ဖောင်ကြီး ဆေးရုံတို့ကို ပိုပြီး အထူးကြပ်မတ်ပြီး ကုသပါမယ်...

ဒီလောက်ဆို အားလုံးနားလည်ကြမယ်ထင်ပါတယ်....

ကျေးဇူးပါ....
Credit - Kyaw Thu Ya
Photo - internet

ကော့ကရိတ်-မြဝတီလမ်းဟောင်းရှိ ဆက်သွယ်ရေးစတေရှင်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ...
01/10/2020

ကော့ကရိတ်-မြဝတီလမ်းဟောင်းရှိ ဆက်သွယ်ရေးစတေရှင်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် တွင်ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ - ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဘိုတဲ ဆက်သွယ်ရေးစတေရှင်တွင်

တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားနှစ်ဦးအား ဩဂုတ်လ ၃၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ တပ်မတော်သားနှစ်ဦး ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများအားယူဆောင်သွားသည့် ဖြစ်စဉ်တွင်ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များမှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၂၈ ရက် နံနက် ၃ နာရီခန့်တွင် နောင်ကိုင်းကျေးရွာမှ ထီးဂလဲကျေးရွာဘက်သို့ ဦးတည်လာသည့် မသင်္ကာဖွယ် စောကျော်ဝါးဖော(၂၂)နှစ်၊(ဘ) ဦးနုတေး၊ နောင်ကိုင်း ကျေးရွာအုပ်စု၊ အရူးကျေးရွာနေသူနှင့် တစ်ရွာတည်းနေ ဝိဖလောထော(၁၆)နှစ်၊ (ဘ)ဦးမြင့်အောင်တို့နှစ်ဦးအား တွေ့ရှိသဖြင့်ရပ်တန့်ခိုင်းရာ ရပ်တန့်မှုမရှိဘဲ ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ စောကျော်ဝါးဖော၏ ညာတင်ပါးနှင့် ညာခြေဖနှောင့်တို့တွင် လက်နက်ငယ်ဒဏ်ရာရှိပြီး ၎င်းတို့နှင့်အတူ ဆက်သွယ်ရေးစခန်းမှယူဆောင်သွားသည့် ပုဆိုးဖြင့်ပတ်ထားသော လက်နက်ငယ် ၁ လက်၊ ဘေးလွယ်အိတ်အတွင်းမှ ကျည် ၉၅ တောင့်နှင့် ကျည်အိမ် ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ပဏာမထွက်ဆိုချက်များအရ စောကျော်ဝါးဖောသည် KKO (ခွဲထွက်)အဖွဲ့တွင် တပ်ဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်တွင် KNLA တပ်ရင်းတစ်ရင်း၌နေထိုင်ဖူးကာ ၂၀၁၈ ခုနှစ်တွင် ထီးဝါပလောစခန်းတွင် စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ဩဂုတ်လတွင် တပ်ရင်းတစ်ရင်းမှတပ်စုမှူးအဆင့်ရှိသူတစ်ဦးက ယခုကဲ့သို့ တပ်မတော်သားများအား ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ရန် စေခိုင်းခဲ့သဖြင့် တစ်ရွာတည်းနေသူငယ်ချင်း ဝိဖလောထောအား ခေါ်ဆောင်ကာ KNLA မှ အဖွဲ့ဝင်တစ်ဦးနှင့်အတူ တပ်မတော်သားနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး ဆက်သွယ်ရေးစက်ခန်းအား မီးရှိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ဆက်စပ်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသူနှစ်ဦးအား တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

Copy

01/10/2020

Cd:Bo Win

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myanmar News Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar News Online:

Share