23/10/2015
မကွေး - မင်းလှဘက်မှာရှိတဲ့ လက်လုပ်ရေနံတွင်းတူသမားတွေရဲ့ ဘ၀အကြောင်းရိုက်ကူးထားတဲ့ Documentary Video လေးပါ.
လယ်ကွင်း တစ်ကွင်းပိုင်တဲ့ ပိုင်ရှင်တစ်ယောက်ဆိုပါတော့ . .သူက လယ်ဆက်စိုက်ပြီးမစားချင်တော့ဘူးဗျာ. . သူ့လယ်ကွင်းကို ရေနံမြေပြောင်းချင်တယ်ဆိုရင် လက်လုပ်တွင်းတူးမဲ့ အဖွဲ့ တစ်ဖွဲ့ကိုခေါ်ပြီး တွင်းတစ်တွင်းကို အလကားပေးတူးလိုက်တယ် . . ဘယ်လို Survey အတတ်ပညာလည်းတော့မပြောတတ်ဘူး . . မြေကြီးလေးတွေဆွကြည့်တယ် . .အုန်းသီးငှက်ပြောသီးပွဲလေးတစ်ပွဲပေးပြီး . . . ထွက်မယ်ထင်တဲ့နေရာကို တူးလိုက်တယ် . .အောင်သွားပြီဆိုလို့ကတော့ တစ်ခြားအဖွဲ့တွေရောက်ချလာပြီး အဲ့တွင်း ပတ်ပတ်လည် ၁၀ ပေလောက်အကွာကနေ ဆက်တူးကြရော . .အဲ့မှာ လယ်ပိုင်ရှင်ကနေ ရေနံမှော်ပိုင်ရှင် ဘ၀ကိုချက်ခြင်းပြောင်းလဲသွားရော . . တစ်တွင်းကို လက်ရှိပေါက်ဈေးအတိုင်း ၁၀ သန်းဆိုဆယ်သိန်းပေးပြီးတူးကြရော . . တူးတဲ့သူတွေကတော့တစ်ကယ့် အံ့မခန်းတွေဗျာ . . Safety မရှိဘာမရှိနဲ့ တူးကြတာ . .ပြီးတော့ လောင်းကစားလုပ်နေကြတဲ့ အတိုင်းပဲ . . ရေနံထွက်တဲ့ဆိုတဲ့ တွင်းလေးဘေးမှာ ကပ်ပြီးဝင်တူးလိုက်တာပဲ . .တူးပြီဆိုရင်လည်း တောက်လျှောက်ကို နေ့မအား ညမအားတူးတော့တာပဲ . . ရေနံ တူးတဲ့နေရာမှာ မြန်မြန်တူး မြန်မြန်ထွက် မြန်မြန်ခပ်တဲ့ . . မထွက်တဲ့သူတွေကြတော့လည်း ရှုံးပေါ့ . . သူတို့သုံးတဲ့ ကိရိယာ တန်ဆာပလာတွေ အကုန်လုံးကလည်း မုံရွာက တွင်ခုံတွေကနေ တီထွင်ထုတ်လုပ်ထားတာတဲ့ . . . ထွက်လာတဲ့ဆီတွေကို ပြန်လည်သန့်စင်တဲ့ အပိုင်းကတော့ သူတို့သိကို မသိကြတာ . .ဆီတွေကို ဒီအတိုင်း ဒိုင်တွေဆီမှာ သွင်းလိုက်တာပဲ . .ဒါပေမဲ့ သူတို့တွေ တောက်လျှောက်သုံးနေရတဲ့ တစ်လုံးထိုး အင်ဂျင်တွေကိုတော့ အဲ့ဆီနဲ့တင် ထည့်သုံးလို့ရတယ်။
Directed by Linda Koeb
Camera _ Gabriel Streiff
ရုံးခန်းလေးထဲက Computer ရှေ့လေးမှာထိုင်ပြီး ကိုယ့်အလုပ်ကို စိတ်ပျက်လှချည်ရဲ့ ပင်ပန်းလှချည်ရဲ့လို့ ညည်းတွားနေတဲ့သူတွေကို ဒီ Video လေးကြည့်စေချင်လှတယ်လို့ Camera ရိုက်ကူးခဲ့တဲ့ Gabriel Streiff ကပြောသွားခဲ့ပါတယ်.
https://www.youtube.com/watch?v=ipXYNv_Nb5Q
Für die Erdölförderung in Myanmar geben die Bauern dort alles! Wir durften sie bei ihrer beeindruckenden, aber harten Arbeit begleiten. ►Galileo auf YouTube ...